Tuesday, January 20, 2009

About "With IMAGINARY Spaceship"


ကျွန်မရဲ့ အတွေးယာဉ်လေးနဲ့ အတူ ဆိုတဲ့ အခန်းဆက်ပို့စ် လေးဟာ နည်းပညာ တွေကို စိတ်ဝင်စားစရာ ဇတ်လမ်းတွေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေရော မကျွမ်းကျင်သူတွေပါ နားလည်လွယ်အောင် ကျွန်မ ဖြစ်ချင်ခဲ့တာတွေနဲ့ ရောစပ် ရေးသား ထားခြင်းဖြစ်ပါတယ်။

နည်းပညာရပ်တွေဟာ စိတ်ကူးယဉ်သိပံဇတ်လမ်းပညာအတု မဟုတ်ပါဘူး။ ကျွန်မ ရေးထားတဲ့ တချို့ အချက်တွေဟာ ဇတ်လမ်းအရ နိုင်ငံနဲ့ နေရာ အစစ်အမှန်ကို ညွှန်ရေးလို့ မရတဲ့ အတွက် မြန်မာနိုင်ငံအဖြစ် အစားထိုးရေးသားခြင်း သာ ဖြစ်ပါတယ်။ သို့သော် မူရင်း စာများကို စာမှီးအဖြစ် ညွှန်ထားသဖြင့် ကိုယ်တိုင် ဖတ်ယူနိုင်ပါတယ်။

စာဖတ်သူများ အနေဖြင့် ကျွန်မပို့စ်မှာ ပါသော နည်းပညာ တချို့ကို ကန့်ကွက်လို ဆွေးနွေးလို အကြံပေးလို အသေးစိတ်သိလို ပါက saundoo@gmail.com ဆီသို့ စာရေး မေးမြန်းငြင်းခုံနိုင်ပါတယ်။


ကျေးဇူးတင်စွာဖြင့်

ဆောင်း
www.saundoo.blogspot.com
www.myanmarastronomy.blogspot.com

0 comments:

Related Posts Plugin for WordPress, Blogger...