Saturday, November 29, 2008

Planetary Defense

0 comments
Planetary Defense

အခုတပတ်တော့ ဘာရေးရမယ် စဉ်းစားရင်း အရင်တပတ်ပွဲဆူတုန်းက မသိလိုက်လို့ ဝင်မ ပါလိုက်ရတဲ့ အကြောင်းအရာကို ပြန်ဆွလိုက်တယ်ပဲဆိုပါတော့၊၊ တကယ်တော့ ဒီ blog လေးဟာ Myanmar Astonomy လို့ နာမည်ပေးထားပေမယ့် စ လုပ်တဲ့သူဟာ သက်ဆိုင်ရာ နယ်ပယ်က Specialist မ ဟုတ်ပါဘူး။ မိမိရဲ့ ဝါသနာအရ မအားလပ်တဲ့ကြားက အားလုံးအတွက် လုပ်ပေးတဲ့ ‘ခွန်း’ ကိုတော့ အတိုင်းအတာတခုထိတော့ အသိအမှတ်ပြုပါတယ်။ ကောင်းတဲ့ ဘက် ကတော့ တစ်ခုတော့ တွေးမိတယ်။ ‘ ကမ္ဘာပျက်မယ့်နေ့နဲ့ ပတ်သက်တဲ့ ကျွန်တော့် အမြင်’ လိုမျိုးတင်လိုက်တဲ့အတွက် လူသိပိုများသွားတာကတော့ အမြတ်တစ်ခုပေါ့။ ဒီနေ့တော့ အဲဒီ ပွဲဆူတုန်းက ဝင်ပါလိုက်ခဲ့ကြတဲ့ စာ ဖတ် သူအားလုံးကို ကျွန်တော့်ရဲ့ Suggestions လေးပေးလိုက်ပါတယ်။ ဆရာ ဝင်လုပ်တယ်လို့တော့ ထင် မ နေကြနဲ့အုံးနော်။ 1st year, 2nd year လောက်တုန်းက ကျွန်တော်တို့ရဲ့ မြန်မာစာ ဆရာကြီး တစ်ယောက် ပြောဖူးတဲ့စကားကိုတော့ အမှတ်ရမိတယ်။ အဲဒါကတော့ စကား ဝိုင်းတစ်ခုထဲကို မသေ ချာဘဲ ‘ခြင်းလူပျက်’ ဝင်မလုပ်မိဘို့ပါဘဲ။ ပိသာလေးနဲ့ မဟုတ်ဘဲ အချိန်တစ်ရာ အလေးနဲ့ ဘေးကို ပစ်ခံရဖို့က ဒီခေတ်ထဲမှာ အတော်နီးစပ်တယ် ဆိုတာဘဲ။ အဲ ကျွန်တော်ကတော့ ‘ခြင်းလူပျက်’ တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လဲ အားလုံးကို ပြောချင်တာလေးတွေကိုတော့ ဒီနေရာကနေ ပြောလိုက်ပါတယ်။

ပထမဆုံးအချက်ကတော့ Religiousness တော်တော်များများဟာ Astrology ကို မူတည် နေပါတယ်။ အဲဒီ Astrology ဆိုတာကလဲ Astronomy ကို မူတည်နေပါတယ်။ အဲတော့ အခြေခံ အ ကျဆုံး Astronomy အကြောင်းကိုတောင် သေသေချာချာ အရာအားလုံး သက်သေ မပြသေးနိုင်တဲ့ အချိန်မှာ အထက်က အကြောင်းအရာ နှစ်ခုနဲ့ မရောထွေးချင်တာကတော့ အမှန်ပါ။ ပထမဆုံးအနေနဲ့ ဆိုလိုသည်ကို မှန်ကန်သော နားလည်မှူ မျိုးရအောင်လို့ အရင်ကြိုးစားစေချင်ပါတယ်။ မှန်ကန်စွာ နားလည် ပြီးဆိုမှ ဒုတိယအနေနဲ့ ငြင်းချင်တယ် သို့တည်းမဟုတ် အကြံပေးချင်တယ် ဆိုရင်လဲ မှန်ကန်ကောင်းမွန် တဲ့ References တွေပေးပြီး ဆွေးနွေးငြင်းခုံ အကြံပြုမှူများ ပြုလုပ်စေချင်ပါတယ်။

ဒုတိယအချက်ကတော့ Science ကို Games တွေ စိတ်ကူးယဉ် ပုံပြင် ဇာတ်လမ်း တွေနဲ့ မရောထွေးစေဖို့ပါဘဲ။ တချို့သော စိတ်ကူးယဉ် ဇာတ်လမ်းတွေက တင်ပြပုံ အရမ်းကောင်းနေတဲ့ အတွက် ထင်ရောင်ထင်မှားဖြစ်ပြီး အမှတ်မှားတတ်ပါတယ်။ တခါတလေကျရင်တော့ အဲလိုစိတ်ကူးယဉ်မှူ တွေကဘဲ Advanced ဖြစ်တဲ့ missions တွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် စာဖတ်သူအနေနဲ့ လက်ရှိအခြေအ နေနဲ့ နှိုင်းယှဉ်ပြီး ချိန်ထိုးတွက်ဆ ယုံကြည်မှတ်ယူရပါမယ်။ ဒီနေရာမှာ ကြုံကြိုက်လို့ ဥပမာလေးတစ်ခု လောက်ပေးချင်ပါတယ်။ အဲဒါကတော့ ၂၀၀၅ ခုနှစ်လောက်တုန်းက မြန်မာပြည်မှာ ထုတ်တဲ့၈ျာနယ်တစ်ခု ရဲ့ အမေးအဖြေ တစ်ခုကို ပြောချင်ပါတယ်။ မေးခွန်းကတော့ လေယာဉ်တွေက ပြေးလမ်းကနေ စတင် ပျံတက်ပေမယ့် ဒုံးပျံတွေကျတော့ ထောင်တက်တာကို ၇ှင်းပြစေချင်ပါတယ် ဆိုတဲ့မေးခွန်းပါ။ ဖြေထားတဲ့ အချက်တွေကို ဖတ်ကြည့်၇င်တော့ Basic Theory တွေနဲ့ အတော်ကို နီးစပ်တာကို တွေ့၇ပါမယ်။ အဆုံး မှာ References ပေးထားတာကို ဖတ်ကြည့်ရင်တော့ ဟာသတစ်ခုလို ဖြစ်သွားပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူပေးထားတဲ့ Reference က ၁၉၆၀ လောက်က စိတ်ကူး ယဉ် စာအုပ် တစ်အုပ်ဖြစ်နေလို့ပါဘဲ။ဒီနေရာမှာ အားလုံးကို အကြံပေးချင်တာက သိချင် တတ်ချင် စိတ်ပါ ဝင်စားတဲ့ လူငယ်လေးတွေက မေး လာပြီဆိုရင် ပြန်လည်ဖြေကြားတဲ့ အခါမှာ မှန်ကန်တဲ့ References တွေကို ညွှန်ပြပေးဖို့ပါဘဲ။ အဒါမှ သူတို့အနေနဲ့ further study ကို မှန်မှန်ကန်ကန်ဆက်လက် လုပ် ဆောင်နိုင်မှာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ ‘ ကမ္ဘာ ပျက်မယ့်နေ့နဲ့ ပတ်သက်တဲ့ ကျွန်တော့် အမြင်’ topic နဲ့ ပတ်သက်ပြီးတော့ ပြောချင်ပါတယ်။ ကျွန်တော်ကတော့ ခေါင်းစဉ်တပ်မှားတယ်လို့ဘဲမြင်ပါတယ်။ အချို့ သူတွေကျတော့လဲ အထဲမှာ ဘာရေးထားတယ်ဆိုတာ သေချာမဖတ်တော့ဘဲ ခေါင်းစဉ်ကိုကြည့်ပြီး ပြော ချင်တာတွေ လျှောက်ပြောတော့တာပါဘဲ။ ဒုတိယအချက်အနေနဲ့ ဝါသနာရှင်တစ်ယောက်အနေနဲ့ ဖတ်မိ တဲ့စာအုပ် မှားသွားတာမျိုးတွေ အမြဲဖြစ်တတ်ပါတယ်ဆိုတာ သတိထားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သက်ဆိုင်ရာ scientific advisor မျိုးရဲ့ လမ်းညွှန်မှုမျိုးမှမရတာ။ ခေါင်းစဉ်တပ် မှားတယ်ဆိုတာနဲ့ ဥပမာ လေး တစ်ခုပေးချင်ပါတယ်။ လွန်ခဲ့တဲ့လက ကျွန်တော် အစိုးရစရိတ်နဲ့ အခြားမြို့ကြီးတစ်ခုကို presentation လုပ်ဖို့ သွားတယ်။ အားလုံးပြီးတော့ နောက်တစ်ရက်ထပ်နေတယ်။ အဲဒီအတွက်လဲ ပိုက်ဆံတင်တောင်း တာခွင့်ပြုတယ်။ အမှန်တကယ်ကတော့ အဲဒီမြို့ထဲ လျှောက်လည်တာပါဘဲ။ ခေါင်းစဉ်တပ်တော့ ‘ _____ မြို့ပြ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း အစဉ်အလာနှင့် ဖွံ့ဖြိုး တိုးတက်မှုများအား လေ့လာခြင်း’ ဆိုပြီးတပ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ဆိုလိုတာက ခေါင်းစဉ်တစ်ခု ရွေးချယ်ပြီးတပ်တော့မယ်ဆိုရင် စည်းကမ်းတွေ၊ ဥပဒေတွေ၊ လူ့ယဉ်ကျေးမှုတွေ၊ ယုံကြည်ကိုးကွယ်မှုတွေ၊ စတာတွေနဲ့ မဆန့်ကျင်ဖို့ အရေးကြီးပါတယ်။ ကိုရေးချင်တဲ့ အကြောင်းအရာတစ်ခုဟာ အထက်ပါအချက်တွေနဲ့ ဆန့်ကျင်နေမယ်ဆို ရင်တောင် မဆန့်ကျင်မယ့် ခေါင်းစဉ်မျိုးရွေးချယ်ပြီး အထဲမှာမှ ကိုလိုရာကို အရောက်အောင် ရေးယူရမှာ ပါ။

ကျွန်တော့်အနေနဲ့ အဲဒီတုန်းက ဆွေးနွေးပြောဆိုခဲ့ကြတဲ့ စာဖတ်သူအားလုံးကို ကျွန်တော်တပ်တဲ့ ခေါင်းစဉ်အောက်မှာ ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ Invite လုပ်ပါတယ်။ ကျွန်တော်တပ်မယ့်ခေါင်းစဉ်က planetary defense ဆိုတာပါဘဲ။ ခွန်းကို ဝိုင်းပြီး မှန်ကန်စွာ (ငြင်းကြမယ်) ဝေဖန်ကြမယ်ဆိုရင် ဒီဝေါ ဟာရ ကိုတော့ သိရမယ်ပေါ့။ Astronomy လောကမှာတော့ ဒီဝေါဟာရဟာ ခေတ်စားလာခဲ့တာလဲ ကြာ ခဲ့ပါပြီ။ ဆိုလိုတာက ကမ္ဘာ ကြီးကို Asteroids, comets and large meteoroids တို့ ဝင်တိုက်မယ့် ရန်ကနေ ဘယ်လိုကာကွယ်မလဲဆိုတာက စ တာပါ။ ဒီစာကြောင်းလေးကို ဖတ်ကြည့်ပါ။ ‘ If a large asteroid or comet impacts the Earth, such an impact event might bring about the end of civilization.’ ဗမာလိုတော့ မပြန် တော့ပါဘူးနော်။ စဉ်းစားကြတာပါ။ ဘေးဆိုးကြီးတစ်ခု မကျရောက်ခင် မှာ ဘယ်လို ကာကွယ်ရမယ်ဆိုတာကို ကြိုတင် စဉ်းစားလို့ ရအောင်လို့ပါ။ ကမ္ဘာ့မြေ၊ ရေပြင် တွေပေါ် ကို အာကာသထဲက အစိုင်အခဲ တွေကျရောက်ခဲ့တဲ့ အထောက်အထားတွေကလဲ ရှိခဲ့တာကိုး။ ဒါနဲ့ပတ် သက်ပြီးတော့ပဲ ဒီနေ့ Astronomy လောကမှာ Planetary defense ဆိုတဲ့ ဝေါဟာရက နေရာတစ်ခု ရလာတာပေါ့။ Planetary defense နဲ့ ပတ်သက်ပြီးတော့ တစ်ကမ်ဘာလုံးရဲ့ သဘောထားက အတူတူ ပါဘဲ။ ဒီနေရာမှာ ဥပမာအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေကို နမူနာ အဖြစ် ပြလိုက်ပါတယ်။



The U.S. Congress has declared that the general welfare and security

of the United States require that the unique competence of NASA be

directed to detecting, tracking, cataloguing, and characterizing

near-Earth asteroids and comets in order to provide warning and

mitigation of the potential hazard of such near-Earth objects to the

Earth.

The NASA Administrator shall plan, develop, and implement a Near-Earth

Object Survey program to detect, track, catalogue, and characterize

the physical characteristics of near- Earth objects equal to or

greater than 140 meters in diameter in order to assess the threat of

such near-Earth objects to the Earth. It shall be the goal of the

Survey program to achieve 90% completion of its near-Earth object

catalogue (based on statistically predicted populations of near-Earth

objects) within 15 years after the date of enactment of this Act.

The NASA Administrator shall transmit to Congress not later than 1

year after the date of enactment of this Act an initial report that

provides the following:

(A) An analysis of possible alternatives that NASA may employ to carry

out the Survey program, including ground-based and space-based

alternatives with technical descriptions.

(B) A recommended option and proposed budget to carry out the Survey

program pursuant to the recommended option.

(C) Analysis of possible alternatives that NASA could employ to divert

an object on a likely collision course with Earth.



၂၀၀၄ ခုနှစ်မှာ Planetary Defense Conference: Protecting Earth from Asteroids ဆိုပြီး AIAA က စပွန်ဆာ လုပ်ပြီး ကျင်းပခဲ့ပါတယ်။ ပွဲဆူတုန်းက ဝင်ပါခဲ့ကြတဲ့ သူတွေအားလုံး အဲဒီတုန်းက ဘာတွေဆွေးနွေးခဲ့ကြတယ် ဘာတွေကြေငြာသွားတယ်ဆိုတာတော့ သိထားသင့်ကြတယ်လို့ အကြံပေး လိုက်ပါတယ်။ အချိန်ရရင် ဝါသနာလဲ ပါမယ်ဆိုရင်တော့ http://www.planetarydefense.info ကိုဝင်ကြည့်ကြပါ။ အနည်းဆုံးတော့ white paper လောက်တော့ ဖတ်ကြပါ။ အထဲက papers တွေ presentations တွေ မကြည့်နိုင်ရင်တောင်မှ။ အဲလိုပဲ ၂၀၀၇ ခုနှစ်မှာ George Washington University မှာ Planetary Defense Conference လုပ်ခဲ့ပါသေးတယ်။ အဲဒီ Conference အပြီး ထုတ်တဲ့ကြေငြာ ချက် ကိုလဲ အောက်ပါ Internet web page မှာ ရနိုင်ပါတယ်။

http:// www.aero.org/conferences/planetarydefense/

အဲလိုပဲ ၂၀၀၉ ခုနှစ်မှာ IAA က ကြီးမှူးပြီး တော့ Spain က Granada မြို့မှာ 1st IAA Planetary Defense : Protecting Earth from Asteroids ဆိုတာကို ကျင်းပအုံးမှာပါ။ စာဖတ်သူတို့ အနေနဲ့ မှန်ကန်တဲ့ ပြောဆိုမှုတွေ၊ ဆွေးနွေးမှုတွေ၊ ငြင်းခုန်မှုတွေကို ( ကျွန်တော်ပေးတဲ့ links တွေ ဖတ်ပြီးသွား မယ်ဆိုရင်) ပြုလုပ်လာနိုင်မယ်လို့လဲ ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီ Myanmar Astronomy blog လေးထဲမှာ ဆွေးနွေးရင်းမှတဆင့် တနေ့ကျရင် အဒီ International Conference လိုမျိုး အထိ တက်ရောက်ဆွေးနွေးနိုင်သည်အထိ ထက်မြက်ပေါက်ရောက်တဲ့ ပညာရှင်တစ်ဦးထက်မနည်း ထွက်ပေါ် လာပါစေလို့ ဆုမွန်ကောင်း တောင်းရင်း အဆုံးသတ်လိုက်ပါတယ်။ ။

mtssnrty

Sunday, November 23, 2008

My Presentation

2 comments
Presentation for Shanghai

ခေတ်သစ် ဂြိုဟ်တုလွှတ်တင်မှုဆိုင်ရာ လမ်းကြောင်း တွက်ချက်ခြင်း

0 comments
နောက်တစ်ခုအနေနဲ့က အရင်ပို့စ်မှာ ပြောခဲ့တဲ့ အလုပ်ရှုပ်နေတယ် ဆိုတာနဲ့ ဆက်စပ်တဲ့ The 3rd CSA - IAA conference on Advanced Space Systems and Applications, Shanghai မှာ စာရေးသူ ပြုလုပ်ခဲ့တဲ့ Presentation ကို မျှဝေပေးလိုက်ပါတယ်။ ခေါင်းစဉ်ကတော့ ‘Trajectory design for geostationary satellite insertion with the use of chemical upper stage and electric propulsion’ ပါ။ စိတ်ပါဝင်စားသူများနဲ့ လေ့လာလိုသူများ အသုံးတည့်စေဖို့ မျှဝေပေးလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ geostationary satellite တစ်လုံးကို ကုန်ကျစရိတ် ပိုမို သက်သာစွာနဲ့ ပစ်လွှတ်နိုင်ရန်အတွက် chemical rocket နဲ့ electric propulsion ကို ပေါင်းစပ် အသုံးပြုထားတဲ့ trajectory ကို design လုပ်ပြုလုပ်ရန် ဖြစ်ပါတယ်။ Satellites တွေ ပစ်လွှတ် ရာမှာ chemical rocket တွေ အသုံးပြုပြီး အောင်အောင်မြင်မြင် ပစ်လွှတ် နိုင်ခဲ့တာကတော့ ကြာပါပြီ။ Electric Propulsion ကိုတော့ Advanced ဖြစ်တဲ့ mission တွေမှာ စတင်အသုံးပြု လာကြပါတယ်။ ESA, NASA တို့ကတော့ စမ်းသပ် ပစ်လွှတ်ထားတဲ mission တွေ ရှိပါတယ်။ Electric Propulsion က Chemical Rockets တွေလို Thrust force များများ မရနိုင်တဲ့ အတွက် transfer time က ကြာပြီး ကမ္ဘာကို အပါတ်ပေါင်းများစွာ ပါတ်ပြီးမှ mission ပြီးမြောက်မှာ ဖြစ်တဲ့ အတွက် အဲဒီ trajectory ကို design လုပ်ရာမှာ ခက်ခဲမှာတော့ အမှန်ပါပဲ။ တစ်ကမ္ဘာလုံးမှာ Electric Propulsion mission design ကို numerical results တွေနဲ့ ချပြနိုင်တဲ့ specialists က ရာဂဏန်း မရှိသေးဘူးလို့တော့ ပြောကြတာပါပဲ။ စာရေးသူ အနေနဲ့ CSA-IAA conference မှာ I’m Min Thein, Ph.D student of Moscow Aviation Institute, from Myanmar လို့ အစချီပြီး Presentation လုပ်တော့ အားလုံးရဲ့ reaction က amazing ဆိုတာပါပဲ။ Italy က Professor တစ်ယောက်က မြန်မာနိုင်ငံသား တစ်ယောက်က ဒီလိုမျိုး trajectory design ကို ချပြ ဆွေးနွေး နိုင်တာကို amazing ဖြစ်ရပါတယ် ဆိုပြီး နှုတ်ကကို ထုတ်ဖော် ပြောဆိုသွားပါတယ်။ စာဖတ်သူတွေ အနေနဲ့ Presentation ကို ဖတ်ပြီး နားလည်ဖို့ ခက်ခဲမယ် ဆိုတာတော့ သိပါတယ်။ ဒီနေရာမှာ ခွန်းကိုတော့ ပြောထားဘူးပါတယ်။ Astronomy နဲ့ ပါတ်သတ်တဲ့ အခြေခံ သီအိုရီတွေ orbital mechanics နဲ့ ပါတ်သတ်တဲ့ အခြေခံတွေ၊ planetary mission design တွေ အကြောင်း ရေးချင်တယ် လို့ပါ။ planetary mission ဆိုလို့ စာရေးသူ အရူးထပြီး Mars mission နဲပ ပါတ်သတ်တဲ့ calculation တွေ algorithm တွေ အများကြီး လုပ်ဖူးပါတယ်။ ရယ်တော့ ရယ်ရတယ်။ မြန်မာပြည်က လူတစ်ယောက်က Mars ကို ကိုလိုနီ လုပ်နိုင်မယ့် trajectory design တွေကို လိုက်ပြီး တွက်နေတာ ဆိုတော့။ ဒါနဲ့ပဲ ပိုပြီးတော့ actual ဆန်တဲ့ direction တစ်ခုကို ရွေးပြီးတော့ လုပ်လာခဲ့တာ အခုလို presentation မျိုးကို ကမ္ဘာ့ ပညာရှင်တွေ အရှေ့မှာ ချပြ ဆွေးနွေး နိုင်ခဲ့ပါပြီ။ ဒီစာတမ်းမှာ Modified equinoctial orbital elements ကို သုံးထားပါတယ်။ equations တွေ မနှစ်သက်တဲ့ သူအတွက်တော့ မလွယ်ပါဘူး။ Optimal control theory နဲ့ ပါတ်သတ်ပြီး Pontryajin’s maximum principle ကို သုံးထားပြီးတော့ Boundary Value Problem ကိုတော့ Analytical Approach နဲ့ 3 unknowns and 3 equations ပုံစံရအောင် တွက်ယူထားပါတယ်။ Algorithm ရဲ့ structure နဲ့ ရရှိတဲ့ Numerical results တွေကိုလဲ ချပြထားပါတယ်။ စိတ်ပါဝင်စားလို့ further discussion အတွက် ဆိုရင် minnntheino@gmail.com ကို ဆက်သွယ်နိုင်ကြပါတယ်။
ဝါသနာရှင်များ အားလုံးကို ဖိတ်ခေါ်ပါတယ်။ Myanmar Society of Astronomy ဖြစ်လာဖို့ အတွက် စတင် လိုက်ကြရအောင်။
mtssnrty
28.11.08

Presentation အတွက် Download link

1 comments
အရင်ရက်က တင်ခဲ့တဲ့ ပို့စ်မှာ Dr. Takashi Mariyama ရဲ့ presentation ကို တင်မပေးခဲ့ မိပါဘူး။ အဲဒီ presentation ကို Embed လုပ်ပြီး ဒီမှာ တစ်ခါထဲ ပြဖို့ ကျိုးစားပေမယ့် အဆင်မပြေတဲ့ အတွက် Download link ကိုပဲ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ပြီး လေ့လာနိုင်ပါတယ်ခင်ဗျာ။ အသေအချာ ပြင်ဆင်ပြီး ရင်တော့ ဒီမှာ တခါတည်း ပြနိုင်မယ် ထင်ပါတယ်။ အောက်က လင့်တွေမှာ Download ချနိုင်ပါတယ်။

ifile.it (power point) 2.3 MB

docs.google.com (pdf) 9.2 MB

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

mtssntry

National Disasters Reduction and Relief ( Satellites applications points of view )

0 comments
အားလုံးပဲ မင်္ဂလာပါ။ Contributors Lists ထဲမှာ ထိပ်ဆုံးက ပါနေပေမယ့် ဘာမှ မရေးဖြစ်တာကို အားတော့ နာမိပါတယ်။ ခွန်းက invite လုပ်ပြီး ပို့စ် တင်ပေးဖို့ ပြောပြီးကတည်းက အလုပ်ကလည်း ရှုပ်နေလို့ ဘာမှ မရေးဖြစ်တာပါ။ Engineer4myanmar.com မှာတော့ posts နှစ်ခု တင်ဖြစ်ပါတယ်။ ပထမတစ်ခုက One method for boundary value solving နဲ့ ကျွန်တော့်ရဲ့ ရာသက်ပန် ဆိုတဲ့ ပို့စ် တွေပါ။ ခွန်းကိုတော့ ဘာအကြောင်းတွေ ရေးချင်တယ် ဆိုတာတော့ ပြောထားဘူးတယ်။ အခုတော့ သူ့ဆီမှာလည်း ဒီရေ အကြောင်းတွေ ရေးနေတာ ဆိုတော့ အဲဒါတွေနဲ့လည်း နည်းနည်း ဆက်စပ်လို့ ရ အောင် စာဖတ်သူများကိုလည်း မျှဝေချင်တာလေး တစ်ခုကို တင်ပေးလိုက်ပါတယ်။ အဲဒါကတော့ Chinese Society of Aeronautics နဲ့ International Academy of Astronautics တို့ ပူးပေါင်းကျင်းပတဲ့ The 3rd CSA – IAA conference on Advanced Space Systems and Applications မှာ စာတမ်းဖတ်ခဲ့စဉ်က ရခဲ့တဲ့ Japan Aerospace Exploration Agency (JAXA) က Dr. Takashi Mariyama ရဲ့ presentation ကို မျှဝေပေးချင်လို့ပါ။ အဲဒီ Conference ရဲ့ Round table section မှာ National Disasters Reduction and Relief ဆိုတဲ့ တော့ပစ် ကို Satellites applications points of view ကနေ ဆွေးနွေးကြတာပါ။ တရုတ်က professors တွေဟာ တရုပ်ပြည်မှာ မြေ ငလျှင်ကြီး လှုပ်ခဲ့စဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အသေအချာ ရှင်းပြသွားကြပါတယ်။ ဆိုလိုရင်းကတော့ Satellites တွေသုံးပြီးတော့

၁ ။ National disaster မျိုး ဖြစ်လာမယ့် အခြေအနေမျိုးကို ကြိုတင် warning ပေးရန်။ (ဒီနေရာမှာ Cyclone တို့ Tsunami တို့လိုမျိုးကိုတော့ metrological satellites တွေကနေ warning ပေးနိုင်မယ်။ အနာဂတ် plan တွေ systems တွေ အကြောင်း ချပြ ဆွေးနွေးသွားကြပါတယ်။
၂။ National disaster မျိုးဖြစ်လာပြီဆိုရင် satellites တွေသုံးပြီး damage Area, damage conditions တွေကို တွက်ချက်ရန်။ (ဒီနေရာမှာ damage area၊ damage conditions တွေပေါ်မူတည်ပြီး လိုအပ်ရင် လိုအပ်သလို 3 dimensional ပုံဖော်ခြင်း၊ high resolution images များ ရယူခြင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
၃။ Satellites တွေရဲ့ အကူအညီနဲ့ National disaster နဲ့ ပါတ်သတ်တဲ့ information တွေကို Government body နဲ့ other NGO တွေကို report လုပ်ခြင်းတွေကို ချပြ ဆွေးနွေး သွားကြပါတယ်။

ဒီနေရာမှာ Government body နဲ့ other NGO တွေ အနေနဲ့ disaster နဲ့ ပါတ်သတ်တဲ့ information ကို အတိအကျ အသေးစိပ် သိရှိနိုင်မှာ ဖြစ်တဲ့ အတွက် မှန်ကန်တဲ့ decisions တွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ Disaster ဖြစ်လာပြီ ဆိုရင်တော့ အောက်ပါ အစီအစဉ် တွေက မလွဲမသွေ ချမှတ်ရမှာ ဖြစ်ပါတယ်။

(၁) ကယ်ဆယ်ခြင်း
(၂) ပြောင်းရွှေ့နေရာချထားခြင်း
(၃) ကူညီထောက်ပံ့ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း
(၄) ဒေသပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း

အဲလိုမျိုး Emergency အခြေအနေမျိုးမှာ ကောင်းမွန်မှန်ကန် မြန်ဆန်တဲ့ decisions တွေ ချမှတ်လုပ်ဆောင်ဖို့က ခက်ခဲမှာတော့ အမှန်ပါပဲ။ အဲလို decisions တွေ ချဖို့ အတွက် လိုအပ်တဲ့ information ကို satellites တွေရဲ့ အကူအညီနဲ့ ရယူပြီး တရုပ်ငလျှင်တို့၊ New Olean ရေကြီးတာတွေမှာ ဖြေရှင်းခဲ့တာတွေကို conference မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေရာမှာ ဂျပန်က ပရော်ဖက်ဆာက သူ့ရဲ့ presentation မှာ Nagis ဖြတ်သန်းအပြီး ဧရာဝတီ ဒေသ ရဲ့ အခြေအနေကို ဆွေးနွေးသွားလို့ conference အပြီးမှာ အဲဒီ ပရော်ဖက်ဆာဆီ ချဉ်းကပ်ပြီး သူ့ရဲ့ presentation ကို တောင်းယူခဲ့တာကို စာဖတ်သူများကို မျှဝေပေးလိုက်တာပါ။ ဖတ်ကြည့်ပါ။ The disaster risk management cycle လိုမျိုးက သိထားမယ်ဆိုရင် အကျိုးများနိုင်ပါတယ်။
နောက်ဆုံး အနေနဲ့ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ လက်ရှိအခြေအနေမှာ satellites တွေ အသုံးမပြုနိုင် သေးပေမယ့် နောက်နောင် အချိန်တွေမှာ Disaster တွေနဲ့ ပါတ်သတ်ပြီး warning ပေးနိုင်ဖို့ ၊ ဖြစ်လာခဲ့လို့ ရှိရင်လည်း ကယ်ဆယ်ခြင်း၊ ပြောင်းရွှေ့နေရာချထားခြင်း၊ လိုအပ်သော အထောက်အပံ့ပစ္စည်းများကို ပို့ဆောင်ခြင်း ၊ ပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း အစီအစဉ်တွေကို လုပ်ဆောင်နိုင်ဖို့ အတွက် လိုအပ်တဲ့ information တွေကို အချိန်တို အတွင်း ရနိုင်မယ့် ကိုယ်ပိုင် satellites များ ရှိလာနိုင်ရေး အတွက် ဝိုင်းဝန်း ကြိုးပမ်းကြ စေလိုကြောင်းပါ။

mtssntry
21.11.2008
Related Posts Plugin for WordPress, Blogger...