Wednesday, December 8, 2010

အိပ်မက်စေတန်

2 comments
ဒီ blog အတွက် စာမရေးဖြစ်တာတောင် တော်တော်ကြာသွားပြီ။ အန်တီဆောင်းကိုလဲ post တစ်ခုလောက်တော့ မကြာခင်ရေးပေးပါမယ်လို့ ကတိကလဲ ပေးထားတော့ ဘယ်လို အကြောင်းအရာမျိုးကိုရေးရရင် ကောင်းမလဲဆိုပြီးစဉ်းစားနေတာနဲ့တင် အချိန်က ကုန်ရော။ ဒီလိုနဲဘဲ အန်တီဆောင်းကို Saturn ဂြိုလ် ကိုပို့လိုက်မယ်လို့ ဆုံးဖြတ် လိုက်တယ်။ ဒီလိုဘာလို့ ဆုံးဖြတ်ရတာလဲ ဆိုတာ နည်းနည်းလောက်တော့ ရှင်းပြချင်ပါ တယ်။ ပထမအချက်က အန်တီဆောင်း ကမ္ဘာ မှာရှိနေရင် ပူညံပူညံနဲ့ နောက်ထပ် post တွေ ထပ်ရေးခိုင်း နေမှာစိုးလို့။(နောက်တာပါ)။ ဒုတိယအချက်ကတော့ ဒီ blog မှာ ကျွန်တော်အရင်ကရေးဖူးတဲ့ Asteroid တစ်ခုရဲ့ လမ်းကြောင်းကို ပြောင်းယူခြင်း ဆိုတဲ့ ခေါင်းစဉ် နဲ့ အခုရေးမယ့်အကြောင်းအရာနဲ့ theoretically ချိတ်ဆက်လို့ ရနေတာရယ် ကြောင့်ပါ။ ကျွန်တော်အဲဒီ post ကိုရေးတုန်းကတော့ တကယ်တမ်း asteroid တစ်ခုရဲ့ လမ်းကြောင်း ကို ပြောင်း လို့ရလောက်မယ့် trajectory design ကို ကိုယ်တိုင် မတွက်နိုင် သေးပါဘူး။ အခုတော့ အဲလို trajectory design မျိုး လိုအပ်ရင် တွက်နိုင်မယ့် algorithms တွေ programs တွေ ရေးသင့်သလောက် ရေးပြီးပြီဆို တော့ စမ်းကြည့်ချင် တာနဲ့ဘဲ အန်တီဆောင်းကို Saturn ကို ပို့ ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ အဓိက ကတော့ စာဖတ်ပရိတ်သတ်အတွက် ထူးခြားတဲ့ Interplanetary trajectory design တွေနဲ့ မိတ် ဆက်ပေးချင်လို့ပါ။ ဒီနေရာမှာ European Space Agency က ၁၉၉၇ ခုနှစ်မှာ စ လွတ်ပြီး ၂၀၀၄ ခုနှစ်မှာ Saturn ဂြိုလ်ကို ရောက်တဲ့ Cassini Spacecraft ရဲ့ trajectory ကို ပြောပြ ချင်ပါတယ်။ Saturn ဂြိုလ်ကိုရောက်ဖို့ဆိုရင် ကမ္ဘာကနေ တိုက်ရိုက်ပစ်နိုင်ဖို့ လုံလောက် တဲ့ Velocity Impulse ကို ပေးနိုင်ဖို့ဆိုရင် ထည့်ရမယ့် လောင်စာနဲ့တင် ဘာပစ္စည်း မှ စေတန်ကို ရောက်မှာမဟုတ်ပါဘူး။ ဒီနေရာမှာ ESA က အသုံးပြုခဲ့တဲ့ Trajectory က တော့ အောက်ပါအတိုင်းပါ။ Idaea ကတော့ ကမ္ဘာကနေ စေတန်ဂြိုလ်ကို တိုက်ရိုက်ပစ် မယ့်အစား လိုအပ်တဲ့ Velocity ကို Venus ဂြိုလ်ရဲ့ ဆွဲအားကို လွဲအား အဖြစ် အသုံးပြုပြီး ပြန်ထွက်လာမယ့် Spacecraft ရဲ့ လမ်းကြောင်းကို ကမ္ဘာရဲ့ဆွဲအား ဂျူပီတာ တို့ရဲ့ ဆွဲအားတွေနဲ့ ထိမ်းပြီး စေတန်ဂြိုလ်ကို အရောက် သွားဖို့ပါဘဲ။ အဲလိုသာ သွားနိုင်မယ်ဆို ရင် အသုံးပြုရမယ့် Energy က Venus ကိုသွားလို့ရမယ့် Energyသာသာဘဲကုန်ပါလိမ့်မယ်။

ဒီ Trajectory ရဲ့ အဓိက အားနည်းချက်ကတော့ ဒီလို Trajectory မျိုး realize လုပ်ဖို့ နှစ်တွေအများကြီးထပ်ထပ် ပြီး စောင့်ရမှာမို့လို့ပါ။ အဓိကကတော့ ဗီးနပ်စ်၊ကမ္ဘာ၊ ဂျူပီတာ နဲ့ စေတန်တို့ရဲ့ အနေအထားပါဘဲ။ ဒီနေရာမှာ အရေးအကြီးဆုံးကတော့ ဂျူပီတာ နဲ့ စေတန်တို့ရဲ့ အနေအထားက ပုံမှာပြထားတဲ့အတိုင်း အလိုက်သင့်ရှိဖို့ပါဘဲ။ ဒီလိုမျိုး နောက်တစ်ကြိမ်ဖြစ်ဖို့ဆို၇င် ဂျူပီတာက နေကို တစ်ပတ်ပတ်ပြီး နောက်တစ်ကြိမ် စေတန် ကို လိုက်မီခါနီး အချိန်ပါ။ ဗီးနပ်စ်နဲ့ ကမ္ဘာ ရဲ့ အနေအထားကတော့ လိုအပ်သလို ကစားလို့ လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗီးနပ်စ်နဲ့ ကမ္ဘာ တို့ဟာ ဂျူပီတာတို့ စေတန်တို့ နေကို ပတ်နေတဲ့ velocity နဲ့ ပိုပြီးမြန်တဲ့ velocity တွေနဲ့ ပတ်နေလို့ပါဘဲ။
ဒီနေရာမှာ အဲဒီ trajectory ရဲ့ အသေးစိတ်အချက်အလက်တွေကို ရဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ထို့အတူဘဲ ရလာတဲ့ trajectory အတိုင်း သွားနိုင်မယ့် Spacecrft ကို
တည်ဆောက်ဖို့လဲမလွယ်ပါဘူး။ trajectory design လုပ်ရာမှာတော့ အောက်ပါ theories
တွေကို ပိုင်ပိုင်နိုင်နိုင် ပေါင်းစပ်အသုံးပြုနိုင်မှအဆင်ပြေမှာပါ။ အဒါတွေကတော့
1. Solving Lambert’s problem
2. Gravity assist trajectory design
3. Deep space maneuvers
4. Lowden’s Primer theory and their application တို့ပဲဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ အဲဒီ trajectory ကို အောက်ပါအတိုင်း အပိုင်းလိုက် ခွဲခြားလို့ရပါတယ်။
1. Earth-Venus
2. Venus-Venus
3. Venus-Earth
4. Earth-Jupiter
5. Jupiter-Saturn တို့ပဲဖြစ်ပါတယ်။
အဲဒီတစ်ပိုင်းစီကို ရှင်းဖို့ sub program တွေရေးရာမှာ အထက်မှာဖော်ပြထားတဲ့ theories တွေကို ပေါင်းစပ်အသုံးပြုရမှာဖြစ်ပါတယ်။ ပထမတော့ ဒီလမ်းကြောင်းတစ်လျှောက် ပါဝင် မယ့် အချိန်အလိုက် တည်နေရာ၊ အလျှင်တွေကို သိနိုင်မယ့် planetary နဲ့ပတ်သက်တဲ့ background programs တွေ ရှိရမယ်။ ပြီးရင် အထက်မှာဖော်ပြထားတဲ့ theories တွေ ကိုသုံးမယ့် subprograms တွေရှိရမယ်။ ပြီးရင် trajectory အပိုင်းတစ်ခုစီအတွက် subprograms တွေရှိရမယ်။ ပြီးရင်တော့ Earth-Saturn သွားဖို့အတွက် အထက်ပါ subprograms တွေကိုသုံးပြီး global optimization problem တစ်ခုကို formulate လုပ်ပြီး ရှင်းရမှာပေါ့။ ဒီနေရာမှာ အောက်ဖော်ပြပါ objective function ကို minimize လုပ်ရမှာပေါ့။

ဒီ function ကတော့ vector X အပေါ်မူတည်တဲ့ velocities impulses စုစုပေါင်းပါဘဲ။ vector X ကတော့အောက်ပါအတိုင်း ပါ။

အဒီ vector X မှာပါဝင်တဲ့ အချက်တွေကတော့ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ ကမ္ဘာ ကနေ velocity ဘယ်လောက်နဲ့ စထွက်ရမယ်၊ ပြီးရင် လမ်းကြောင်းမှာ ဘယ်အချိန် ဘယ်နေရာမှာ DSM ဘယ်လောက်ကို ဗီးနပ်စ်မရောက်ခင် ပေးမယ်၊ဗီးနပ်စ်ကို အချိန် ဘယ်လောက်ကြာကြာ ပျံသန်းမယ်၊ ဗီးနပ်စ်နားက ဘယ်လောက်အကွာအဝေးကနေ ဘယ်လောက်အလျှင်နဲ့ ဖြတ် ပျံမယ် စသည်ဖြင့် အပိုင်းတစ်ခုချင်းစီအလိုက်အဒီအချက် တွေအကုန်အပြင် နောက်ဆုံး စေတန်ရောက်ရင် ဘယ်လောက် Velocity နဲ့ break လုပ်ရ မယ်ဆိုတဲ့အချက်တွေပါ။ အခုစေတန်သွားမယ့် trajectory မှာဆိုရင် အဲလိုအချက်မျိုး (26) ချက်အပေါ် မူတည်နေပါတယ်။ maths စကားနဲ့ ပြောရမယ်ဆိုရင်တော့ decision vector ရဲ့ length က အရမ်းရှည်နေတော့ objective function ကို minimize လုပ်ရမှာ မလွယ်ဘူးပေါ့။ local minimum ပေါင်း အများကြီးရှိနိုင်ပြီး အဲဒီအထဲကမှ global minimum ရှာရမှာကတော့ mathematical super challenge တစ်ခုပါဘဲ။ ယနေ့ခေတ် မှာတော့ global optimization နဲ့ ပတ်သက်တဲ့ methods တွေကတော့ အများကြီးပေါ့။ ဥပမာအားဖြင့်ဆိုရရင်တော့
1. Genetic algorithms
2. Differential evolution algorithms
3. Particle swarm optimization စသည်ဖြင့်ပေါ့လေ။ ခက်တာက အဲဒီ method
တွေက ကျွန်တော်တို့ formulate လုပ်ထားတဲ့ objective function ရဲ့ global minimum point ကို ရှာတွေ့မယ်ဆိုတဲ့ warranty မရှိတာဘဲ။ ကျွန်တော်တို့ ရှင်းရမယ့် ပုစ္ဆာကလဲ သူ့ maths စာအုပ်တွေထဲမှာ ရှင်းပြထားတဲ့ example မျိုးမှမဟုတ်တာ။ ရှည်လျားထွေပြား တဲ့ equations ပေါင်းမြောက်များစွာကို အပတ်ပေါင်းများစွာပတ်ထားတဲ့ subprograms ပေါင်း များစွာကို ပေါင်းစပ်ပြီးရေးထားတဲ့ function ကို minimize လုပ်ရတာဆိုတော့လဲ ဘယ်လွယ်ပါ့မလဲ။ theory အရ အဖြစ်နိုင်ဆုံး Initial guess ကိုပေးနိုင်ရင်တော့ အဖြေ
ကောင်းလေးတွေရနိုင်တာပေါ့။
ဒီနေရာမှာ ကျွန်တော်ပြောချင်တာက အဲဒီ ခက်ခဲပါတယ်ဆိုတဲ့ Interplanetary trajectory optimization problem တစ်ခုကို ကျွန်တော်လဲ တည်ကြည့်ပြီး ရှင်းလို့ရလာ တဲ့ results ကောင်းလေးတွေအကြောင်းပါ။ အဲဒါကတော့ Saturn ကို ESA က သွားတဲ့လမ်းကြောင်းလိုမျိုး ဘယ်တော့ ဘယ် လို ထပ်သွားရင် ရမယ်ဆိုတာပါဘဲ။ *****(အန်တီဆောင်းရေ အခုကျွန်တော် အောက်မှာ ရေးပြမယ့် အချိန်ကန့်သတ် ချက်တွေ လမ်းကြောင်းတွေအတိုင်း စေတန်ဂြိုလ်ကို သွားရမယ်။ အထုပ်ပြင်ထား။ ပြီးရင်တော့ တိုက်တန် လ ပေါ်က titanium ပျော်ရည်တွေ ယူပြီး ကမ္ဘာ ကိုပြန်လာ လို့ရမယ့် လမ်းကြောင်းကို ဆက်တွက်ပြီးရင် ပြန်လာခေါ်မယ်။)*****
စေတန်ကိုသွားရမယ့် အချိန်ဇယားကတော့အောက်ပါအတိုင်းပါ။ ၂၀၁၈ ခုနှစ်၊ စက် တင်ဘာလ၊ (၂) ရက်နေ့မှာ ကမ္ဘာ ကနေစထွက်ပါမယ်။ နောက်ထပ် ရက်ပေါင်း (၁၄၃.၈) ရက် မှာတော့ ဗီးနပ်စ်နားက ဖြတ်ပျံပါမယ်။ နောက်ထပ်ရက်ပေါင်း (၃၉၇.၂) ရက်မှာ ဗီးနပ်စ်နားက နောက်တစ်ကြိမ်ဖြတ်ပျံပါမယ်။ အဲဒီဗီးနပ်စ်နားက ဖြတ်ပျံလာမယ့် ယာဉ်ဟာ ရက်ပေါင်း (၆၀.၄) အကြာမှာ ကမ္ဘာ နားကဖြတ်ပျံပြီး နောက်ထပ်ရက်ပေါင်း (၄၃၅.၄) ရက်မှာ ဂျူပီတာဂြိုလ်နားကို ဖြတ်ပျံပြီး နောက်ထပ်ရက်ပေါင်း (၁၃၈၈.၄) ရက်မှာတော့ စေတန်ဂြိုလ် ကို ရောက်မှာပါ။ အစအဆုံးဆိုရင်တော့ ရက်ပေါင်း (၂၄၂၅.၂) ရက်ကြာမှာ
ပါ။
ကမ္ဘာနဲ့ တခြားဂြိုလ်တွေရှိရမယ့် နေရာတွေက အောက်ဖော်ပြပါ အတိုင်းပါ။

ဒီနေရာမှာ Rpl1AU ဆိုတာကတော့ ကမ္ဘာကနေ စထွက်တဲ့ အချိန် ကမ္ဘာရှိရမယ့် နေရာပါ။ heliocentric ecliptic coordinate system မှာရေးထားတာပါ။ unit ကတော့ Astronomical unit ဖြစ်ပါတယ်။ 1 AU ကို ၁၄၉၅၉၈၀၀ ကီလိုမီတာရှိပါတယ်။ Rpl2AU က ဗီးနပ်စ်နားကို ပထမအကြိမ် ဖြတ်တဲ့အခါ ဗီးနပ်စ် ရှိရမယ့်နေရာပါ။ Rpl3AU က ဗီးနပ်စ်နားကို ဒုတိယအကြိမ် ဖြတ်တဲ့အခါ ဗီးနပ်စ် ရှိရမယ့်နေရာပါ။ Rpl4AU က ဗီးနပ်စ် ကနေအပြန် ကမ္ဘာနားက ဖြတ်တဲ့အခါ ကမ္ဘာ ရှိရမယ့်နေရာပါ။ Rpl5AU ကတော့ ဂျူပီတာ နားက ဖြတ်တဲ့အခါ ဂျူပီတာ ရှိရမယ့်နေရာဖြစ်ပြီးတော့ Rpl6AU ကတော့ ကျွန်တော်တို့ စေတန်ကို ရောက်တဲ့ အချိန်မှာ စေတန်ရှိရမယ့်နေရာပါ။
အဲဒီလို ဂြိုလ်တွေနားက ဖြတ်ပျံတဲ့အခါ ဂြိုလ်နဲ့ အနီးဆုံးကပ်ရမယ့် အကွာအဝေး တွေကတော့ အောက်ပါအတိုင်းပါ။
*1000 ကီလိုမီတာ
ဗီးနပ်စ်(၁) 9.40426
ဗီးနပ်စ်(၂) 6.251800
ကမ္ဘာ 8.249881
ဂျူပီတာ 52678.53764129530
အောက်ဖော်ပြပါဇယားကတော့ ဂြိုလ်တစ်ခုနဲ့ တစ်ခုကြား velocity impulse (Deep Space Maneuver) ပေးရမယ့် နေရာ၊ အချိန် နဲ့ ပမာဏ ပါ။

ကမ္ဘာ့ဆွဲအားထဲကနေ လွတ်သွားဖို့ ပထမဦးဆုံး 4.064920 km/sec velocity impulse ပေးရမှာဖြစ်ပြီးတော့ နောက်ဆုံး စေတန်ဂြိုလ်ရဲ့ ပတ်လမ်းထဲကို ရောက်ဖို့ 0.5329656 km/sec velocity impulse ပေးရမှာဖြစ်ပါတယ်။ တခြား trajectory နဲ့ ပတ်သက်တဲ့ အချက်အလက်တွေတော့ စာဖတ်သူတို့ အာရုံနောက်ကုန်မှာစိုးလို့ ထပ်ပြီး မရေးပြတော့ပါဘူး။
နောက်ဆုံးအနေနဲ့ ဒီ trajectory ရဲ့ အားသာချက်ကိုပြောချင်ပါတယ်။ အဲဒါကတော့ ဒီ mission တစ်ခုလုံးစာအတွက်ကို total velocity impulse 5.68047932 km/sec ပဲ ပေးရမှာ ဖြစ်ပါတယ်။ အဲဒီပမာဏဟာ ကျွန်တော်တို့ ကမ္ဘာမှာ လက်ရှိအသုံးပြုနေတဲ့ rocket တွေနဲ့ အထောက်အပံ့ပေးလို့ ရနိုင်မှာဖြစ်ပါတယ်။ အဲတော့ လက်ရှိကမ္ဘာမှာ ရှိတဲ့ rocket တွေရဲ့ performance အရ စေတန်ဂြိုလ်ကို တိုက်ရိုက်သွားဖို့ မလွယ်သေးတဲ့ အချိန်မှာ ဒီလမ်းကြောင်း (trajectory) သာလျင် စေတန်ဂြိုလ်ကို သွားဖို့ အကောင်းဆုံးပါ လို့ပြောချင်ပါတယ်။ အဲဒါကြောင့်မို့လို့လဲ ESA က ဒီလမ်းကြောင်းမျိုးကို တွက်ပြီး လက် တွေ့စမ်းသပ်ကြည့်ပြီးပါပြီ။ စေတန်ဂြိုလ်ကို နောက် တစ်ကြိမ် ထပ်သွား လို့ရနိုင်မယ့် ကျွန်တော် တွက်ချက်ရှာဖွေ ဒီဇိုင်းလုပ်ထားတဲ့ လမ်းကြောင်းကတော့ အောက်ပါအတိုင်း ပါလို့ပြောရင်း ဒီ post ကို နိဂုံးချုပ်လိုက်ပါတယ်။

ဆက်လက်ကြိုးစားပါဦးမည်။
MTSSNRTY

Monday, October 11, 2010

၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်ခြင်း ပြဿနာ၏ နောက်ဆုံးအဖြေ

2 comments

၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလားဆိုတဲ့ မေးခွန်းရဲ့အဖြေ

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတလွှားက အင်တာနက် သုံးစွဲသူတွေဆီကို Forward Mailအနေနဲ့ ပျံနှံ့ရောက်ရှိနေခဲ့တဲ့ မေးခွန်းကတော “၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းပါ။ နီဘီရူယှဉ်တွဲမှုဖြစ်ရပ် (Nibiru Collision)လို့ ခေါ်ကြတဲ့ အဲဒီကိစ္စဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးလို့ NASA (အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ)က ပညာရှင် တစ်ဦးက ပြောသွားခဲ့ပါတယ်။ နီဘီရူကိစ္စဟာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု ကမ္ဘာမြေကို (၂၁)ရာစု အစောပိုင်းမှာ တိုက်ရိုက်ထိမှန်မယ် (ဒါမှမဟုတ်) ကမ္ဘာနားက ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။ ဒီအကြောင်းကို (၁၉၉၅)ခုနှစ်က zetatalk၀က်ဘ်ဆိုက် တည်ထောင်သူ အမျိုးသမီး နန်စီလေဒါက စပြီးတော့ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်စီဟာ သူ့ကိုယ်သူ စိတ်ဝိဥာဉ် ပေါင်းကူးနိုင်စွမ်းရှိတယ်လို့ ကြေညာထားပြီး Zeta Reticuli ကြယ်စင်ကြီးက တခြားသက်ရှိတွေနဲ့ စိတ်ချင်းစကားပြောနိုင်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ သူဟာ ပထမဆုံး မေလ(၂၀၀၃)ခုနှစ်မှာ ကမ္ဘာရှိတဲ့ နေစကြာဝဠာ တစ်ခုလုံး ပျက်သုဉ်းတော့မယ်လို့ သူ့ကိုမိတ်ဆွေဂြိုဟ်သားတွေက အသိပေးတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ တကယ်တမ်း ကမ္ဘာပျက်မှာ (၂၀၁၀)ခုနှစ်ဝန်းကျင်လို့ ပြောင်းပြီးပြောပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀င်ရိုးစွန်းနေရာ ရွေ့သွားတာကြောင့်မို့လို့ပါဆိုပြီး နန်စီက ပြောခဲ့သလို အဲဒီနောက်မှာတော့ လူသားမျိုးပြုတ်မယ့် ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့မယ့် ကမ္ဘာပျက်သောနေ့ (Doomsday)ကို ကြုံရတော့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။



ဒီအတွေးအခေါ်အရ ကမ္ဘာနဲ့ရွယ်တူလောက်ရှိတဲ့ ဂြိုဟ်ပဲ့ကြီးတစ်ခုဟာ (၂၀၁၂)ခုနှစ်လောက်မှာ လူသားတွေနေတဲ့ ကမ္ဘာကို ဦးတည်ရောက်ရှိလာမှာပါတဲ့။ တိုက်ရိုက်တိုက်မိခဲ့ရင် ကမ္ဘာတစ်ခုလုံး ပျက်စီးသွားမှာဖြစ်သလို ကပ်ပြီးဖြတ်သွားရင်တောင် အရှိန်ပြင်းလွန်းတာကြောင့် လူသားမျိုးနွယ် ပြုတ်ပြုတ်ပြုန်းလုနီးပါး ဖြစ်သွားမယ်လို့ ဆိုပါတယ်။ နန်စီရဲ့ လက်တွေ့မကျတဲ့ အယူအဆဟာ အစွန်းရောက် ဘာသာရေး အဖွဲ့တွေရဲ့ ၀ါဒဖြန့်မှုနဲ့အတူ ကြီးထွားလာပြီး “(၂၀၁၂)မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းကို လူပြောများလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့လို့ ခန့်မှန်းထားတဲ့ အဲဒီဖြစ်ရပ်ကြီးကို Code Nameအနေနဲ့ ပေးထားတဲ့ နီဘီရူဆိုတာ ရှေးဟောင်း ဘေဘီလုံ လူမျိုးစုတွေရဲ့ နက္ခဗေဒ ပညာရပ်ထဲက ဆိုးရွားကြမ်းကြုတ်တဲ့ အချိန်ကာလတစ်ခုရဲ့နာမည်ကို မှည့်ခေါ်ထားတာပါ။ နောက်ပြီးတော့ “ကောင်းကင်ဘုံရဲ့အလွန်”လို့လည်း အဓိပ္ပါယ် သတ်မှတ်နိုင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့ဆိုတဲ့ အခြေအမြစ်မရှိ ခန့်မှန်းအတွေးအခေါ်တွေအရ Xဂြိုဟ် (ဒါမှမဟုတ်) နီဘီရူလို့ နာမည်ပေးထားတဲ့ စကြာဝဠာ ဂြိုဟ်ပဲ့ကြီးတစ်လုံးဟာ ကမ္ဘာကို (၂၀၁၂)ခုနှစ်မှာ တိုက်ရိုက်ဝင်တိုက်တော့မှာလို့ ယုံကြည်နိုင်ပါတယ်။



NASAရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေးဗစ်မော်ရစ်ဆန်ကတော့ ဒီကိစ္စကို ရယ်စရာ အိပ်ယာဝင် ပုံပြင်ကောင်းတစ်ခုလို့ ယူဆထားတာပါ။ “နီဘီရူဆိုတာ ကျွန်တော်တို့ရဲ့ လက်တွေ့လေ့လာမှုထဲမှာ လုံးဝမရှိတဲ့အရာဆိုတာ ခင်ဗျားတို့ သိဖို့တော့ လိုမှာပါ”လို့ မော်ရစ်ဆန်က Washington Post သတင်းစာကြီးနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာနဲ့ Xဂြိုဟ်ဝင်တိုက်လို့ ကမ္ဘာကြီး ပျက်တော့မယ်ဆိုတာဟာ လူ့သမိုင်းခေတ်သစ်တစ်ခုကို စတော့မယ်လို့ စိတ်ကူးယဉ်ဇာတ်ကားကောင်းကောင်း ရိုက်ချင်နေတဲ့ ဟောလီးဝုဒ် ကုမ္ပဏီတွေအတွက် အခွင့်အရေးကောင်းတစ်ခုထက် ဘာမှမပိုဘူးလို့ မော်ရစ်ဆန်က ဆိုပါတယ်။ ရှေးဟောင်းဆူမားရီးယန်း မျိုးနွယ်စုတွေရဲ့ မှတ်တမ်းထဲမှာ Zenchriaဆိုတဲ့ ခေတ်တစ်ခုတုန်းက နီဘီရူဆိုတဲ့ ကြယ်ကြီးကို မြင်လိုက်ရတဲ့အကြောင်း မှတ်တမ်းကလွဲပြီး သမိုင်းတလျှောက် ဘယ်သူမှ နီဘီရူဆိုတဲ့ စကြာဝဠာထဲက ဂြိုဟ်ပဲ့ကြီးအကြောင်း ပြောခဲ့၊ ရေးခဲ့တာ မရှိပါဘူး။ တကယ်တော့ဒါဟာ လူ့သမိုင်းကို အခြေခံ ခုတုံးလုပ်ပြီး လုပ်ကြံထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်လို့ မော်ရစ်ဆန်က ပြောပြခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မာယာလူမျိုးစုတွေရဲ့ ကာလရှည်ကြာ ပြက္ခဒိန်ကလည်း (၂၀၁၂)ခုနှစ် ကျရောက်တဲ့အချိန်မှာ ကမ္ဘာပျက်မယ်လို့ ဇာတ်လမ်းကောင်းကောင်းလေးတစ်ခု ဖန်တီးထားခဲ့တာကလည်း ရှိနေတာမို့ပါ။


မာယာတွေ ယုံကြည်ထားတာအရ Batun 13ဆိုတဲ့ အချိန်ယန္တယားစက်ဝိုင်း ကုန်ဆုံးသွားပြီးတဲ့အချိန်ဖြစ်တဲ့ (၂၀၁၂)ခုနှစ်လောက် ကာလမှာ Batun 14ဆိုတဲ့ အချိန်စက်ဝိုင်း နောက်တစ်ခု စပါလိမ့်မယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ခါပျက်မယ်လို့ ဆိုထားတာကိုး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာကြီးကို ဘယ်အာကာသ တိုက်ခိုက်မှုမှ ရောက်လာမှာ မဟုတ်ဘူးလို့ အာမခံထားပါတယ်။ ကမ္ဘာပျက်မယ့်နေ့ကို အတိအကျ မသိနိုင်ပေမယ့် (၂၀၁၂)ခုနှစ်ထိတော့ ကမ္ဘာဟာ အကောင်းအတိုင်း ရှိနေမှာပါ။ တကယ်တော့ အရင်ကလည်း ခုလိုမျိုး ကမ္ဘာပျက်မယ်ဆိုတဲ့ စိတ်ကူးယဉ် ကောလဟာလတွေ ရှိခဲ့တဲ့ ဥပမာတွေ အများကြီးပါ။ ထင်ထင်ရှားရှား တစ်ခုအနေနဲ့ အက်ပေါ့ဟစ် (Apophis)ဆိုတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး တစ်ခုဟာ ကမ္ဘာနားက (၂၀၂၉)၊ (၂၀၃၆)နဲ့ (၂၀၆၈)ခုနှစ်တွေမှာ (၃)ခါဖြတ်သွားပြီး အဲဒီအချိန်ကျရင် လူတွေသောက်သောက်လဲ သေကြမယ်လို့ သတင်းကြီးခဲ့ပါသေးတယ်။ ဒါပေမယ့် တိုင်းတာမှုတွေအရ အဲဒီဂြိုဟ်သိမ်ကြီး ကမ္ဘာနားက ဖြတ်သွားချိန်မှာ အနည်းဆုံး မိုင်(၁၈၀၀၀)လောက် ဝေးနေမှာဖြစ်ပြီး ဒါဟာလုံးဝလုံခြုံ စိတ်ချရတဲ့ အကွာအဝေးပါလို့ ပညာရှင်တွေက အတိအလင် ခိုင်ခိုင်မာမာ ပြောကြားထားပါတယ်။ ဘာပဲဖြစ်ဖြစ် (၂၀၂၉)ခုနှစ်နား နီးလာရင် “အက်ပေါ့ဟစ်ကြီး ကမ္ဘာကို ၀င်တိုက်ရင် ဘယ်လိုလုပ်မလဲ”ဆိုတာ တွေ့ရကြုံရ၊ ဗျာများရအုံးမယ့် မေးခွန်းပါ။ “အဲဒီအခါကျတော့လည်း ကျွန်တော်တို့က ပြည်နယ်တစ်ခုစာလောက်တော့ ပြာကျသွားမှာပေါ့လို့ ဖြေလိုက်ကြတာပေါ့”လို့ မော်ရစ်ဆန်က ရယ်ရယ်မောမော ပြောသွားခဲ့ပါတယ်။





Dooms Day
















Source: planet, Wikipedia, tgdaily

Thursday, October 7, 2010

၂၀၁၂ ပြဿနာ

0 comments
၂၀၁၂ နှင့်ပတ်သတ်၍ ဆရာနျူမာန် ရေးသားပြုစုထားသည်ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါကြောင်း အကြံပေးပါရစေခင်ဗျာ။

http://celestial.technohalo.com/search/label/2012

အထက်ပါလင့်မှာ စာရေးသူ ဆရာနျူမာန်၏ အောက်ပါစာအုပ်မှ အကြောင်းအရာများကို ဆရာ့ခွင့်ပြုချက်ဖြင့် စာစီထားခြင်းဖြစ်ပါတယ်။


တစိပို့ချင်း ခွဲဖတ်မယ်ဆိုရင်တော့ အောက်ပါလင့်များအတိုင်း ဖတ်ရှုနိုင်ပါတယ်။

  • 2012?
  • ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေခင်ဗျ။

    ကိုပခန်း
    Related Posts Plugin for WordPress, Blogger...