မင်္ဂလာပါခင်ဗျာ….
မနေ့က တစ်ရက်တည်းမှာ ဒီဘလောဂ့် လေးကို အလည်လာကြသူတွေ စံချိန်တင်အောင် များပြား ခဲ့ပါတယ်။ အဲလို အများကြီး လာဖတ်ကြတာကို ကျနော် အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။ comment တွေနဲ့ cbox မှာ ရေးသွားကြတာတွေ အရ အကြောင်း အရာတစ်ခုတည်းကိုပဲ ဦးတည်ပြီး ဖတ်သွားကြတာကို တွေ့ရပါတယ်။ အဲဒီ ကိစ္စနဲ့ ပါတ်သတ်ပြီး ရေးသားသွားကြတာတွေ အများကြီးကို ကျနော် ပြန်လည် ရှင်းပြဖို့ လိုအပ်ပေမယ့် တစ်ဦးချင်း မရှင်းပြ နိုင်လို့ ဒီပို့စ်လေး တင်လိုက်တာပါ။ ၂၀၁၂ ကိစ္စနဲ့ ပါတ်သတ်ပြီး Youtube video ကို ဘာသာ ပြန်ပေးထားတာကိုသာ ဖတ်မိ ကြပြီးတော့ ကျနော်ပြန် ရှင်းပြထားတဲ့ ပို့စ်ကိုတော့ ဖတ်မိကြဟန် မတူဘူးလို့ ကို အလှတရား သတိပေး တဲ့ အတွက် ဒီပို့စ် တင်ကို တင်မှ ရတော့မယ်လို့ ဆုံးဖြတ်လိုက်တာပါ။ သတိပေးတဲ့ ကို အလှတရားကို အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။ စာဖတ်သူတွေ ဝင်ဆွေးနွေး ကြတဲ့ အကြောင်း အရာတွေကို အများ သုံးသပ်နိုင်အောင် ပြန်လည် တင်ပြလိုက်ပါတယ်။ သူတို့ ဆွေးနွေးချက် တွေနဲ့ အတူ ကျနော် ပြန်လည် ရှင်းပြတဲ့ အချက်တွေကိုပါ ဖတ်ပြီးတော့ ဝေဖန် အကြံပြု ပေးစေလို ပါတယ်ခင်ဗျာ။
တင်နွယ်မောင် said...
ဟုတ်ပါတယ် ကျွန်တော်ကတော့ မယုံနိုင်ပါဘူး ဘာလို့လဲဆိုတော့ မနက်ဖြန်ဆိုတာတောင် မယုံနိုင်စရာ အကြောင်း၇ှိနေလို့ပါ.. ကမ္ဘာပျက် မယ့်အကြောင်း စုံလင်စွာ သိရှိလိုပါက မြတ်စွာဘုရားရှင် ကိုယ်တော် တိုင် ဟောကြား ထားသော စက္က၀တ္တိသုတ် မှာရှင်းလင်း စွာ မှတ်သား နားယူ နိုင်ပါတယ် ခင်ဗျာ ကိုယ့် အတွေးနဲ့ ကိုယ့်ဆိုရင်တော့ အချိန်ကုန်တာ လွဲလို့ အကျိုး ရလာမည့် မဟုတ် ဟု ဆိုချင် ပါတယ် ခင်ဗျာ
November 10, 2008 12:48 PM
min said...
မင်းတို့ ဗုဒ္ဓ က တော်တော် စွမ်းတဲ့ ပုံပဲနော် ဒါပေမယ့် သူများတွေ ဘုရားလို ပြန်ရှင်သန် မြောက်တဲ့နေ့ တွေဘာတွေ ရှိပုံ မပေါ်ဘူး မင်းတို့ အရိမေတ္တယ ကရော ဘယ်တော့ လာမှာလဲ အဆက်အသွယ် ရှိရင် ပြောလိုက်အုံး အမှီ လာပါတော့လို့ ဒါမှမဟုတ်လဲ မြန်မြန် တရားကျင့် ခိုင်းလိုက်ကွာ ငါကြည့်ရတာ အခုခေတ် လူတွေ ဘုန်းကြီးတွေ တရားကျင့် ပုံမျိုးဆို ရင်တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး
November 11, 2008 9:42 PM
11 Nov 08, 01:21
မြင့်မြတ်: ကမ္ဘာမပျက်ခင် နှစ်တစ်သိန်းတမ်းအလိုမှာ စ၍ ကောလဟာလမျိုး ၅-ပါး ပေါ်ပေါက်ပါတယ်။ အဲဒါတွေကတော့- ခုဒ္ဒကပါဌအဋ္ဌကထာ။ ၁၀၁။ သုတ္တနိပါတ်။ ဋ္ဌ။ ဒု-အုပ်။ ၃-တို့၌ ပါရှိသည်မှာ တစ်စုံတစ်ခုသောသတင်းစကား၏ ရှေ့ပြေးနိမိတ် နောက်ခါ
11 Nov 08, 01:22
မြင့်မြတ်: (၁) ဗုဒ္ဓ ကောလာဟလ- ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်က ကျော်ကြားသောပဲ့တင်သံ၊ (၂) ကပ္ပ ကောလာဟလ- ကမ္ဘာမပျက်မီ နှစ်ပေါင်းတစ်သိန်းက ကျော်ကြားသောပဲ့တင်သံ၊ (၃) စက္က၀တ္တိကောလာဟလ- စကြာမင်းမပေါ်မီ နှစ်ပေါင်းတစ်ရာက ကျေ
11 Nov 08, 01:22
မြင့်မြတ်: လောကကြီးတလွဲတချော်ဖြစ်အောင် ပြောသေားစကားမျိုး မဖြစ်သင့်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် မြတ်ဗုဒ္ဓဟောကြားသော ဒေသနာတော်တို့မှာ တစ်ပါး အခြားသော ကောလဟာလများသည် ယုံနိုင်ဖွယ်ရာမရှိပါ။ အခြားဘာသာဝင်ဖြစ်ပါက မပြေ
12 Nov 08, 09:13
ဟေး:ဟေးကောင်သိပ်ပြီးတော့မကဲနေနဲ့..လောကမှာမဖြစ်နိုင်တာမရှိဘူးကွ..မဖြစ်သေးတာပဲရှိတယ်..မင်းကိုမင်းလူတတ်လုပ်ပြီးမစည်းရုံးနေနဲ့
12 Nov 08, 09:17
ငါ: ငါ ပြောမယ် မင်းတခြားဘာသာတွေကို တည့်တည့်ပဲဖြစ်ဖြစ် ကွေ့ကာဝိုက်ကာပဲ ဖြစ်ဖြစ် ဘာမှစော်ကားစရာမလိုဘူး
အပေါ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေ ရေးသွားကြတဲ့ စာဖတ်သူတွေကို ကျနော် ရှင်းပြလိုပါတယ်။ ပထမဆုံး အချက်အနေနဲ့ ကျနော်ဟာ သိပ္ပံပညာကို ဘာသာတရားနဲ့ ဘယ်တော့မှ ရောယှက်မယ် မဟုတ်ဘူး ဆိုတာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ သိပ္ပံပညာ ဟာ အပေါ်ရံပါ။ ဘာသာတရား က အနှစ်သာရပါ။ သိပ္ပံပညာ ဖြင့် လူသားတွေအကျိုးရှိ သည်များကို ဖန်တီးနိုင်၊ အကျိုးယုတ်စေသည် များကို ကာကွယ် နိုင်တာတွေ ရှိသော်လည်း တကယ့်ချမ်းသာ အစစ်ကိုတော့ မပေးနိုင်ပါဘူး။ ဘာသာတရားတွေရဲ့ ဟောကြားချက်များကို သိပ္ပံ ပေတံ နဲ့ လိုက်လံ တိုင်းတာနေခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သိပ္ပံ ပညာနဲ့ ရှင်းပြလို့ မရနိုင်တဲ့ ကိစ္စတွေ အများကြီး ရှိနေလို့ပါ။ အဲဒီလိုပဲ သိပ္ပံတွေ့ရှိချက်များကို ဘာသာတရားနဲ့ ညီမညီ ချိန်ညှိနေခြင်းဟာလည်း မမှန်နိုင် လို့ မြင်ပါတယ်။ ကျနော် ဘယ်ဘာသာ တရားကိုမှ ပုတ်ခတ်လိုသော ဆန္ဒ မရှိပါ။ အချို့သော သူတွေဟာ လူအများရဲ့ မသိနားမလည်မှုကို အသုံးချပြီး ကိုယ်ယုံကြည်သော အရာကို အများ လက်ခံလာစေဖို့ ဖိအား ပေးတတ်ကြပါတယ်။ အဲဒီလို လုပ်လာတဲ့ အခါ မူလ ရှိရင်းစွဲ ဘာသာတရားရဲ့ အနှစ်သာရ တွေ ပျောက်ဆုံးကုန်ပါတယ်။ အဲဒီလို လူမျိုးတွေကို စိတ်ထဲက မနှစ်မြို့ကြောင်း ဝန်ခံ ပါတယ်။ ၂၀၁၂ ခုနှစ် ကိစ္စမှာ ကျနော်ဟာ အကြောင်း အရာကို တင်ပြခြင်းသာ ဖြစ်ပါတယ်။ မည်သည့် ဘာသာတရား ကိုမှ မှားသည် မှန်သည် မဝေဖန်ခဲ့ပါ။ သိပ္ပံဆိုင်ရာ အကြောင်း အရာ တစ်ရပ်ကို ပြောချင်ရင် သိပ္ပံ နည်းကျ ပြောမှ လက်ခံ နိုင်ပါမယ်။ သိပ္ပံ မဟုတ်သော ယုံကြည်ချက်များကို လက် မခံနိုင်ပါ။ အဲလို လက်မခံခြင်းဟာ သိပ္ပံ နှင့် ဘာသာတရားကို သီးခြား ထားလိုတဲ့ ကျနော့် စိတ်ကြောင့်သာ ဖြစ်ပြီးတော့ ဘယ်ဘာသာ ကိုမှ စော်ကား ခြင်းမဟုတ်ကြောင်း အလေးအနက် ပြောပါရစေ။ လာဖတ်တဲ့ အတွက်ရော ထင်မြင်ချက်လေးတွေ ရေးပေးသွားတဲ့ အတွက် ရော အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။
Hot said...
ဟားဟား မကြောက်ဘူးဗျို့  ယုံလည်း မယုံကြည်ဘူး ဖြစ်လာခဲ့၇င်လည်း အေးဆေးပါ ကိုယ်တယောက် ထဲမှ မဟုတ်တာ သေစမ်းပါစေ အကုန်လုံး သေလို့ ကတော့ ကျွန်တော် ပြောချင်တာ ကတော့ လာမယ့် ဘေးကို တွေးကြောက်နေမယ့်အစား လုပ်စရာရှိတာသာ ပုံမှန်လုပ် နေထိုင်စားသောက်စမ်းပါ ခင်ဗျားတို့ ပြောသလို ကမ္ဘာတောင် ပျက်မယ် ဆိုမှတော့ ဘာမှ စုဆောင်း ထားစရာ လည်းမရှိဘူး ကာကွယ် စရာလည်း မလိုဘူး လွှတ်ရာ လွှတ်ကြောင်းလည်း စဉ်းစား တွေးပူမနေနဲ့ သေစမ်း ပါစေဗျာ အင်း စောစော သေတော့လည်း နောက်ဘ၀ တခုမြန်မြန် ရောက်တာဘဲ ကျွန်တော် ကတော့ လုံးဝ မကြောက် သလို လုံးဝ အယုံအကြည်လည်းမရှိပါ
November 11, 2008 11:01 AM
10 Nov 08, 22:50
ဖိုးအောင်: ဟာ အဲ ဒီ အချိန် မိန်းမတောင် မရသေး ဘူး ... စာအုပ်လေး ၀ယ် ဖတ် ပီးနည်းလမ်း ရှာထားဦးမ
11 Nov 08, 01:25
ရင်ခွင်ရိုင်း: ဘုရား တရားလေး လုပ်ထားကြဗျို့..
11 Nov 08, 01:58
ကောင်းကောင်း: ဟာာ အဲလိုကြီးဆိုရင်တော့ မိန်းမအခုယူ တော့မယ်ဗျာ..ဟီးးးးးးးးးးးး
11 Nov 08, 02:43
ဟားဟား: ဗေဒင်က ပြောတယ် နက်ဖြန်တောင်မင်းသေနိုင်တယ်တဲ့
11 Nov 08, 02:44
ဟားဟား: ကဲဘယ်သူစကားကို ယုံရမှာလ
11 Nov 08, 02:44
ဟားဟား: ဟားဟားတို့ ကတော့ဟားတိုက်ပြီးတော့ကို ရည်လိုက
11 Nov 08, 02:45
ဟားဟား: အုံးမယ်ဗျို့
11 Nov 08, 02:45
ဟားဟား: ဟားဟား
အပေါ်က စာတွေ ရေးထားကြသူများကိုလည်း ကျနော် ရှင်းပြချင်ပါတယ်။ ၂၀၁၂ ကိစ္စကို တင်တာဟာ အဲဒီလို တကယ် ဖြစ်လာမယ်လို့ ပြောနေခြင်း မဟုတ်ပါ။ ပို့စ် မှာလဲ သေချာ ရှင်းပြထားပါတယ်။ နိုင်ငံတကာမှာ astronomy နဲ့ ပါတ်သတ်ပြီး hot ဖြစ်တဲ့ အကြောင်းအရာတစ်ခုကို astronomy blog တစ်ခု အနေနဲ့ ဖော်ပြ သင့်တယ်၊ မြန်မာတွေ သိအောင် ရေးပြ ပေးသင့်တယ်လို့ ခံယူလို့ ရေးပြခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေ ဒီလို ပြောလို့ ဒီလို ဖြစ်လာလိမ့် မယ်လို့ ပြောလို့ မရပါဘူး။ ကျနော်တို့ဟာ သူတို့လို အချက်အလက် တွေနဲ့ မပြောနိုင် ပေမယ့် ကျနော်တို့ဟာ စဉ်းစား တွေးခေါ်တတ်ကြပါတယ်။ အဲဒီ ကိစ္စနဲ့ ပါတ်သတ်ပြီး စိတ်ဝင်စား သူတွေ အတွက် ပို့စ် တစ်ခုကို ထပ်ပြီး တင်ပေးခဲ့ ပါတယ်။ အဲဒီပို့စ်မှာ ကျနော် လက်လှမ်းမှီသလောက် အကြောင်း အရာ အချက် အလက် တွေ တင်ပြခဲ့ပါတယ်။ ဖြစ်နိုင်ချေ မဖြစ်နိုင်ချေတွေကို ကျနော် ဥာဏ်မှီသလောက် သုံးသပ် ပြခဲ့ပါတယ်။ မဖတ်ရသေးဘူး ဆိုရင် အောက်က ပို့စ်မှာ ဝင်ဖတ်ပေးပါ ခင်ဗျာ။ ပြီးရင် အဲကိစ္စနဲ့ ပါတ်သတ်တဲ့ အမြင်ကိုလည်း ရေးပေးစေချင်ပါတယ်။
http://myanmarastronomy.blogspot.com/2008/10/blog-post.html
11 Nov 08, 11:53
ဇော်ကြီး: ဘာတွေလျှောက်ပြောနေတာလဲ ဦးနှောက်တောင်ကောင်းသေးလားမသိဘူး .. သူ ကို သူ များ အိုင်းစတိုင်း မှတ်နေလားမသိဘူး ..ဟဟဟဟဟ
အပေါ်ကစာကို ရေးသွားတဲ့ ကိုဇော်ကြီး ဆိုသူကို ကျနော် တစ်ခု တောင်းဆိုပါရစေ။ ကျနော့် ရေးသားချက် တွေနဲ့ ပါတ်သတ်ပြီး မနှစ်သက် ကြောင်း သိရပါတယ်။ အဲလို မနှစ်သက် သူတွေ ရှိနေကြောင်း သိရတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျနော် ရေးသားချက်တွေနဲ့ ပါတ်သတ်ပြီး ဘာတွေ မနှစ်သက် ဘူးလဲ၊ ဘာတွေ ပြုပြင်သင့်လဲ.. အပြုသဘော ဆောင်တဲ့ ဝေဖန်မှုမျိုး ပေးပါလို့ တောင်းဆိုပါရစေ။
စာလာဖတ်သူများ အားလုံးကိုရော ကျနော့်ဘလော့ဂ်လင့် လေးကို အများထံ ဝေငှ ပေးကြသူများကို ရော အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ယခု ကျနော် ရေးလိုက်တဲ့ ပို့စ်ဟာ တစ်စုံတစ်ယောက်ကို ထိခိုက် စေမယ် ဆိုရင် ရှင်းပြလိုတဲ့ စေတနာ အမှား ကြောင့်သာ ဖြစ်ကြောင်း ကြိုတင်တောင်းပန် ပါရစေ။
အားလုံးပဲ.. ချမ်းမြေ့ပါစေခင်ဗျာ။
11/12/08 6:54 AM