Saturday, November 29, 2008

Planetary Defense

0 comments
Planetary Defense

အခုတပတ်တော့ ဘာရေးရမယ် စဉ်းစားရင်း အရင်တပတ်ပွဲဆူတုန်းက မသိလိုက်လို့ ဝင်မ ပါလိုက်ရတဲ့ အကြောင်းအရာကို ပြန်ဆွလိုက်တယ်ပဲဆိုပါတော့၊၊ တကယ်တော့ ဒီ blog လေးဟာ Myanmar Astonomy လို့ နာမည်ပေးထားပေမယ့် စ လုပ်တဲ့သူဟာ သက်ဆိုင်ရာ နယ်ပယ်က Specialist မ ဟုတ်ပါဘူး။ မိမိရဲ့ ဝါသနာအရ မအားလပ်တဲ့ကြားက အားလုံးအတွက် လုပ်ပေးတဲ့ ‘ခွန်း’ ကိုတော့ အတိုင်းအတာတခုထိတော့ အသိအမှတ်ပြုပါတယ်။ ကောင်းတဲ့ ဘက် ကတော့ တစ်ခုတော့ တွေးမိတယ်။ ‘ ကမ္ဘာပျက်မယ့်နေ့နဲ့ ပတ်သက်တဲ့ ကျွန်တော့် အမြင်’ လိုမျိုးတင်လိုက်တဲ့အတွက် လူသိပိုများသွားတာကတော့ အမြတ်တစ်ခုပေါ့။ ဒီနေ့တော့ အဲဒီ ပွဲဆူတုန်းက ဝင်ပါလိုက်ခဲ့ကြတဲ့ စာ ဖတ် သူအားလုံးကို ကျွန်တော့်ရဲ့ Suggestions လေးပေးလိုက်ပါတယ်။ ဆရာ ဝင်လုပ်တယ်လို့တော့ ထင် မ နေကြနဲ့အုံးနော်။ 1st year, 2nd year လောက်တုန်းက ကျွန်တော်တို့ရဲ့ မြန်မာစာ ဆရာကြီး တစ်ယောက် ပြောဖူးတဲ့စကားကိုတော့ အမှတ်ရမိတယ်။ အဲဒါကတော့ စကား ဝိုင်းတစ်ခုထဲကို မသေ ချာဘဲ ‘ခြင်းလူပျက်’ ဝင်မလုပ်မိဘို့ပါဘဲ။ ပိသာလေးနဲ့ မဟုတ်ဘဲ အချိန်တစ်ရာ အလေးနဲ့ ဘေးကို ပစ်ခံရဖို့က ဒီခေတ်ထဲမှာ အတော်နီးစပ်တယ် ဆိုတာဘဲ။ အဲ ကျွန်တော်ကတော့ ‘ခြင်းလူပျက်’ တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လဲ အားလုံးကို ပြောချင်တာလေးတွေကိုတော့ ဒီနေရာကနေ ပြောလိုက်ပါတယ်။

ပထမဆုံးအချက်ကတော့ Religiousness တော်တော်များများဟာ Astrology ကို မူတည် နေပါတယ်။ အဲဒီ Astrology ဆိုတာကလဲ Astronomy ကို မူတည်နေပါတယ်။ အဲတော့ အခြေခံ အ ကျဆုံး Astronomy အကြောင်းကိုတောင် သေသေချာချာ အရာအားလုံး သက်သေ မပြသေးနိုင်တဲ့ အချိန်မှာ အထက်က အကြောင်းအရာ နှစ်ခုနဲ့ မရောထွေးချင်တာကတော့ အမှန်ပါ။ ပထမဆုံးအနေနဲ့ ဆိုလိုသည်ကို မှန်ကန်သော နားလည်မှူ မျိုးရအောင်လို့ အရင်ကြိုးစားစေချင်ပါတယ်။ မှန်ကန်စွာ နားလည် ပြီးဆိုမှ ဒုတိယအနေနဲ့ ငြင်းချင်တယ် သို့တည်းမဟုတ် အကြံပေးချင်တယ် ဆိုရင်လဲ မှန်ကန်ကောင်းမွန် တဲ့ References တွေပေးပြီး ဆွေးနွေးငြင်းခုံ အကြံပြုမှူများ ပြုလုပ်စေချင်ပါတယ်။

ဒုတိယအချက်ကတော့ Science ကို Games တွေ စိတ်ကူးယဉ် ပုံပြင် ဇာတ်လမ်း တွေနဲ့ မရောထွေးစေဖို့ပါဘဲ။ တချို့သော စိတ်ကူးယဉ် ဇာတ်လမ်းတွေက တင်ပြပုံ အရမ်းကောင်းနေတဲ့ အတွက် ထင်ရောင်ထင်မှားဖြစ်ပြီး အမှတ်မှားတတ်ပါတယ်။ တခါတလေကျရင်တော့ အဲလိုစိတ်ကူးယဉ်မှူ တွေကဘဲ Advanced ဖြစ်တဲ့ missions တွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် စာဖတ်သူအနေနဲ့ လက်ရှိအခြေအ နေနဲ့ နှိုင်းယှဉ်ပြီး ချိန်ထိုးတွက်ဆ ယုံကြည်မှတ်ယူရပါမယ်။ ဒီနေရာမှာ ကြုံကြိုက်လို့ ဥပမာလေးတစ်ခု လောက်ပေးချင်ပါတယ်။ အဲဒါကတော့ ၂၀၀၅ ခုနှစ်လောက်တုန်းက မြန်မာပြည်မှာ ထုတ်တဲ့၈ျာနယ်တစ်ခု ရဲ့ အမေးအဖြေ တစ်ခုကို ပြောချင်ပါတယ်။ မေးခွန်းကတော့ လေယာဉ်တွေက ပြေးလမ်းကနေ စတင် ပျံတက်ပေမယ့် ဒုံးပျံတွေကျတော့ ထောင်တက်တာကို ၇ှင်းပြစေချင်ပါတယ် ဆိုတဲ့မေးခွန်းပါ။ ဖြေထားတဲ့ အချက်တွေကို ဖတ်ကြည့်၇င်တော့ Basic Theory တွေနဲ့ အတော်ကို နီးစပ်တာကို တွေ့၇ပါမယ်။ အဆုံး မှာ References ပေးထားတာကို ဖတ်ကြည့်ရင်တော့ ဟာသတစ်ခုလို ဖြစ်သွားပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူပေးထားတဲ့ Reference က ၁၉၆၀ လောက်က စိတ်ကူး ယဉ် စာအုပ် တစ်အုပ်ဖြစ်နေလို့ပါဘဲ။ဒီနေရာမှာ အားလုံးကို အကြံပေးချင်တာက သိချင် တတ်ချင် စိတ်ပါ ဝင်စားတဲ့ လူငယ်လေးတွေက မေး လာပြီဆိုရင် ပြန်လည်ဖြေကြားတဲ့ အခါမှာ မှန်ကန်တဲ့ References တွေကို ညွှန်ပြပေးဖို့ပါဘဲ။ အဒါမှ သူတို့အနေနဲ့ further study ကို မှန်မှန်ကန်ကန်ဆက်လက် လုပ် ဆောင်နိုင်မှာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ ‘ ကမ္ဘာ ပျက်မယ့်နေ့နဲ့ ပတ်သက်တဲ့ ကျွန်တော့် အမြင်’ topic နဲ့ ပတ်သက်ပြီးတော့ ပြောချင်ပါတယ်။ ကျွန်တော်ကတော့ ခေါင်းစဉ်တပ်မှားတယ်လို့ဘဲမြင်ပါတယ်။ အချို့ သူတွေကျတော့လဲ အထဲမှာ ဘာရေးထားတယ်ဆိုတာ သေချာမဖတ်တော့ဘဲ ခေါင်းစဉ်ကိုကြည့်ပြီး ပြော ချင်တာတွေ လျှောက်ပြောတော့တာပါဘဲ။ ဒုတိယအချက်အနေနဲ့ ဝါသနာရှင်တစ်ယောက်အနေနဲ့ ဖတ်မိ တဲ့စာအုပ် မှားသွားတာမျိုးတွေ အမြဲဖြစ်တတ်ပါတယ်ဆိုတာ သတိထားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သက်ဆိုင်ရာ scientific advisor မျိုးရဲ့ လမ်းညွှန်မှုမျိုးမှမရတာ။ ခေါင်းစဉ်တပ် မှားတယ်ဆိုတာနဲ့ ဥပမာ လေး တစ်ခုပေးချင်ပါတယ်။ လွန်ခဲ့တဲ့လက ကျွန်တော် အစိုးရစရိတ်နဲ့ အခြားမြို့ကြီးတစ်ခုကို presentation လုပ်ဖို့ သွားတယ်။ အားလုံးပြီးတော့ နောက်တစ်ရက်ထပ်နေတယ်။ အဲဒီအတွက်လဲ ပိုက်ဆံတင်တောင်း တာခွင့်ပြုတယ်။ အမှန်တကယ်ကတော့ အဲဒီမြို့ထဲ လျှောက်လည်တာပါဘဲ။ ခေါင်းစဉ်တပ်တော့ ‘ _____ မြို့ပြ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း အစဉ်အလာနှင့် ဖွံ့ဖြိုး တိုးတက်မှုများအား လေ့လာခြင်း’ ဆိုပြီးတပ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ဆိုလိုတာက ခေါင်းစဉ်တစ်ခု ရွေးချယ်ပြီးတပ်တော့မယ်ဆိုရင် စည်းကမ်းတွေ၊ ဥပဒေတွေ၊ လူ့ယဉ်ကျေးမှုတွေ၊ ယုံကြည်ကိုးကွယ်မှုတွေ၊ စတာတွေနဲ့ မဆန့်ကျင်ဖို့ အရေးကြီးပါတယ်။ ကိုရေးချင်တဲ့ အကြောင်းအရာတစ်ခုဟာ အထက်ပါအချက်တွေနဲ့ ဆန့်ကျင်နေမယ်ဆို ရင်တောင် မဆန့်ကျင်မယ့် ခေါင်းစဉ်မျိုးရွေးချယ်ပြီး အထဲမှာမှ ကိုလိုရာကို အရောက်အောင် ရေးယူရမှာ ပါ။

ကျွန်တော့်အနေနဲ့ အဲဒီတုန်းက ဆွေးနွေးပြောဆိုခဲ့ကြတဲ့ စာဖတ်သူအားလုံးကို ကျွန်တော်တပ်တဲ့ ခေါင်းစဉ်အောက်မှာ ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ Invite လုပ်ပါတယ်။ ကျွန်တော်တပ်မယ့်ခေါင်းစဉ်က planetary defense ဆိုတာပါဘဲ။ ခွန်းကို ဝိုင်းပြီး မှန်ကန်စွာ (ငြင်းကြမယ်) ဝေဖန်ကြမယ်ဆိုရင် ဒီဝေါ ဟာရ ကိုတော့ သိရမယ်ပေါ့။ Astronomy လောကမှာတော့ ဒီဝေါဟာရဟာ ခေတ်စားလာခဲ့တာလဲ ကြာ ခဲ့ပါပြီ။ ဆိုလိုတာက ကမ္ဘာ ကြီးကို Asteroids, comets and large meteoroids တို့ ဝင်တိုက်မယ့် ရန်ကနေ ဘယ်လိုကာကွယ်မလဲဆိုတာက စ တာပါ။ ဒီစာကြောင်းလေးကို ဖတ်ကြည့်ပါ။ ‘ If a large asteroid or comet impacts the Earth, such an impact event might bring about the end of civilization.’ ဗမာလိုတော့ မပြန် တော့ပါဘူးနော်။ စဉ်းစားကြတာပါ။ ဘေးဆိုးကြီးတစ်ခု မကျရောက်ခင် မှာ ဘယ်လို ကာကွယ်ရမယ်ဆိုတာကို ကြိုတင် စဉ်းစားလို့ ရအောင်လို့ပါ။ ကမ္ဘာ့မြေ၊ ရေပြင် တွေပေါ် ကို အာကာသထဲက အစိုင်အခဲ တွေကျရောက်ခဲ့တဲ့ အထောက်အထားတွေကလဲ ရှိခဲ့တာကိုး။ ဒါနဲ့ပတ် သက်ပြီးတော့ပဲ ဒီနေ့ Astronomy လောကမှာ Planetary defense ဆိုတဲ့ ဝေါဟာရက နေရာတစ်ခု ရလာတာပေါ့။ Planetary defense နဲ့ ပတ်သက်ပြီးတော့ တစ်ကမ်ဘာလုံးရဲ့ သဘောထားက အတူတူ ပါဘဲ။ ဒီနေရာမှာ ဥပမာအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေကို နမူနာ အဖြစ် ပြလိုက်ပါတယ်။



The U.S. Congress has declared that the general welfare and security

of the United States require that the unique competence of NASA be

directed to detecting, tracking, cataloguing, and characterizing

near-Earth asteroids and comets in order to provide warning and

mitigation of the potential hazard of such near-Earth objects to the

Earth.

The NASA Administrator shall plan, develop, and implement a Near-Earth

Object Survey program to detect, track, catalogue, and characterize

the physical characteristics of near- Earth objects equal to or

greater than 140 meters in diameter in order to assess the threat of

such near-Earth objects to the Earth. It shall be the goal of the

Survey program to achieve 90% completion of its near-Earth object

catalogue (based on statistically predicted populations of near-Earth

objects) within 15 years after the date of enactment of this Act.

The NASA Administrator shall transmit to Congress not later than 1

year after the date of enactment of this Act an initial report that

provides the following:

(A) An analysis of possible alternatives that NASA may employ to carry

out the Survey program, including ground-based and space-based

alternatives with technical descriptions.

(B) A recommended option and proposed budget to carry out the Survey

program pursuant to the recommended option.

(C) Analysis of possible alternatives that NASA could employ to divert

an object on a likely collision course with Earth.



၂၀၀၄ ခုနှစ်မှာ Planetary Defense Conference: Protecting Earth from Asteroids ဆိုပြီး AIAA က စပွန်ဆာ လုပ်ပြီး ကျင်းပခဲ့ပါတယ်။ ပွဲဆူတုန်းက ဝင်ပါခဲ့ကြတဲ့ သူတွေအားလုံး အဲဒီတုန်းက ဘာတွေဆွေးနွေးခဲ့ကြတယ် ဘာတွေကြေငြာသွားတယ်ဆိုတာတော့ သိထားသင့်ကြတယ်လို့ အကြံပေး လိုက်ပါတယ်။ အချိန်ရရင် ဝါသနာလဲ ပါမယ်ဆိုရင်တော့ http://www.planetarydefense.info ကိုဝင်ကြည့်ကြပါ။ အနည်းဆုံးတော့ white paper လောက်တော့ ဖတ်ကြပါ။ အထဲက papers တွေ presentations တွေ မကြည့်နိုင်ရင်တောင်မှ။ အဲလိုပဲ ၂၀၀၇ ခုနှစ်မှာ George Washington University မှာ Planetary Defense Conference လုပ်ခဲ့ပါသေးတယ်။ အဲဒီ Conference အပြီး ထုတ်တဲ့ကြေငြာ ချက် ကိုလဲ အောက်ပါ Internet web page မှာ ရနိုင်ပါတယ်။

http:// www.aero.org/conferences/planetarydefense/

အဲလိုပဲ ၂၀၀၉ ခုနှစ်မှာ IAA က ကြီးမှူးပြီး တော့ Spain က Granada မြို့မှာ 1st IAA Planetary Defense : Protecting Earth from Asteroids ဆိုတာကို ကျင်းပအုံးမှာပါ။ စာဖတ်သူတို့ အနေနဲ့ မှန်ကန်တဲ့ ပြောဆိုမှုတွေ၊ ဆွေးနွေးမှုတွေ၊ ငြင်းခုန်မှုတွေကို ( ကျွန်တော်ပေးတဲ့ links တွေ ဖတ်ပြီးသွား မယ်ဆိုရင်) ပြုလုပ်လာနိုင်မယ်လို့လဲ ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီ Myanmar Astronomy blog လေးထဲမှာ ဆွေးနွေးရင်းမှတဆင့် တနေ့ကျရင် အဒီ International Conference လိုမျိုး အထိ တက်ရောက်ဆွေးနွေးနိုင်သည်အထိ ထက်မြက်ပေါက်ရောက်တဲ့ ပညာရှင်တစ်ဦးထက်မနည်း ထွက်ပေါ် လာပါစေလို့ ဆုမွန်ကောင်း တောင်းရင်း အဆုံးသတ်လိုက်ပါတယ်။ ။

mtssnrty

Sunday, November 23, 2008

My Presentation

2 comments
Presentation for Shanghai

ခေတ်သစ် ဂြိုဟ်တုလွှတ်တင်မှုဆိုင်ရာ လမ်းကြောင်း တွက်ချက်ခြင်း

0 comments
နောက်တစ်ခုအနေနဲ့က အရင်ပို့စ်မှာ ပြောခဲ့တဲ့ အလုပ်ရှုပ်နေတယ် ဆိုတာနဲ့ ဆက်စပ်တဲ့ The 3rd CSA - IAA conference on Advanced Space Systems and Applications, Shanghai မှာ စာရေးသူ ပြုလုပ်ခဲ့တဲ့ Presentation ကို မျှဝေပေးလိုက်ပါတယ်။ ခေါင်းစဉ်ကတော့ ‘Trajectory design for geostationary satellite insertion with the use of chemical upper stage and electric propulsion’ ပါ။ စိတ်ပါဝင်စားသူများနဲ့ လေ့လာလိုသူများ အသုံးတည့်စေဖို့ မျှဝေပေးလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ geostationary satellite တစ်လုံးကို ကုန်ကျစရိတ် ပိုမို သက်သာစွာနဲ့ ပစ်လွှတ်နိုင်ရန်အတွက် chemical rocket နဲ့ electric propulsion ကို ပေါင်းစပ် အသုံးပြုထားတဲ့ trajectory ကို design လုပ်ပြုလုပ်ရန် ဖြစ်ပါတယ်။ Satellites တွေ ပစ်လွှတ် ရာမှာ chemical rocket တွေ အသုံးပြုပြီး အောင်အောင်မြင်မြင် ပစ်လွှတ် နိုင်ခဲ့တာကတော့ ကြာပါပြီ။ Electric Propulsion ကိုတော့ Advanced ဖြစ်တဲ့ mission တွေမှာ စတင်အသုံးပြု လာကြပါတယ်။ ESA, NASA တို့ကတော့ စမ်းသပ် ပစ်လွှတ်ထားတဲ mission တွေ ရှိပါတယ်။ Electric Propulsion က Chemical Rockets တွေလို Thrust force များများ မရနိုင်တဲ့ အတွက် transfer time က ကြာပြီး ကမ္ဘာကို အပါတ်ပေါင်းများစွာ ပါတ်ပြီးမှ mission ပြီးမြောက်မှာ ဖြစ်တဲ့ အတွက် အဲဒီ trajectory ကို design လုပ်ရာမှာ ခက်ခဲမှာတော့ အမှန်ပါပဲ။ တစ်ကမ္ဘာလုံးမှာ Electric Propulsion mission design ကို numerical results တွေနဲ့ ချပြနိုင်တဲ့ specialists က ရာဂဏန်း မရှိသေးဘူးလို့တော့ ပြောကြတာပါပဲ။ စာရေးသူ အနေနဲ့ CSA-IAA conference မှာ I’m Min Thein, Ph.D student of Moscow Aviation Institute, from Myanmar လို့ အစချီပြီး Presentation လုပ်တော့ အားလုံးရဲ့ reaction က amazing ဆိုတာပါပဲ။ Italy က Professor တစ်ယောက်က မြန်မာနိုင်ငံသား တစ်ယောက်က ဒီလိုမျိုး trajectory design ကို ချပြ ဆွေးနွေး နိုင်တာကို amazing ဖြစ်ရပါတယ် ဆိုပြီး နှုတ်ကကို ထုတ်ဖော် ပြောဆိုသွားပါတယ်။ စာဖတ်သူတွေ အနေနဲ့ Presentation ကို ဖတ်ပြီး နားလည်ဖို့ ခက်ခဲမယ် ဆိုတာတော့ သိပါတယ်။ ဒီနေရာမှာ ခွန်းကိုတော့ ပြောထားဘူးပါတယ်။ Astronomy နဲ့ ပါတ်သတ်တဲ့ အခြေခံ သီအိုရီတွေ orbital mechanics နဲ့ ပါတ်သတ်တဲ့ အခြေခံတွေ၊ planetary mission design တွေ အကြောင်း ရေးချင်တယ် လို့ပါ။ planetary mission ဆိုလို့ စာရေးသူ အရူးထပြီး Mars mission နဲပ ပါတ်သတ်တဲ့ calculation တွေ algorithm တွေ အများကြီး လုပ်ဖူးပါတယ်။ ရယ်တော့ ရယ်ရတယ်။ မြန်မာပြည်က လူတစ်ယောက်က Mars ကို ကိုလိုနီ လုပ်နိုင်မယ့် trajectory design တွေကို လိုက်ပြီး တွက်နေတာ ဆိုတော့။ ဒါနဲ့ပဲ ပိုပြီးတော့ actual ဆန်တဲ့ direction တစ်ခုကို ရွေးပြီးတော့ လုပ်လာခဲ့တာ အခုလို presentation မျိုးကို ကမ္ဘာ့ ပညာရှင်တွေ အရှေ့မှာ ချပြ ဆွေးနွေး နိုင်ခဲ့ပါပြီ။ ဒီစာတမ်းမှာ Modified equinoctial orbital elements ကို သုံးထားပါတယ်။ equations တွေ မနှစ်သက်တဲ့ သူအတွက်တော့ မလွယ်ပါဘူး။ Optimal control theory နဲ့ ပါတ်သတ်ပြီး Pontryajin’s maximum principle ကို သုံးထားပြီးတော့ Boundary Value Problem ကိုတော့ Analytical Approach နဲ့ 3 unknowns and 3 equations ပုံစံရအောင် တွက်ယူထားပါတယ်။ Algorithm ရဲ့ structure နဲ့ ရရှိတဲ့ Numerical results တွေကိုလဲ ချပြထားပါတယ်။ စိတ်ပါဝင်စားလို့ further discussion အတွက် ဆိုရင် minnntheino@gmail.com ကို ဆက်သွယ်နိုင်ကြပါတယ်။
ဝါသနာရှင်များ အားလုံးကို ဖိတ်ခေါ်ပါတယ်။ Myanmar Society of Astronomy ဖြစ်လာဖို့ အတွက် စတင် လိုက်ကြရအောင်။
mtssnrty
28.11.08

Presentation အတွက် Download link

1 comments
အရင်ရက်က တင်ခဲ့တဲ့ ပို့စ်မှာ Dr. Takashi Mariyama ရဲ့ presentation ကို တင်မပေးခဲ့ မိပါဘူး။ အဲဒီ presentation ကို Embed လုပ်ပြီး ဒီမှာ တစ်ခါထဲ ပြဖို့ ကျိုးစားပေမယ့် အဆင်မပြေတဲ့ အတွက် Download link ကိုပဲ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ပြီး လေ့လာနိုင်ပါတယ်ခင်ဗျာ။ အသေအချာ ပြင်ဆင်ပြီး ရင်တော့ ဒီမှာ တခါတည်း ပြနိုင်မယ် ထင်ပါတယ်။ အောက်က လင့်တွေမှာ Download ချနိုင်ပါတယ်။

ifile.it (power point) 2.3 MB

docs.google.com (pdf) 9.2 MB

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

mtssntry

National Disasters Reduction and Relief ( Satellites applications points of view )

0 comments
အားလုံးပဲ မင်္ဂလာပါ။ Contributors Lists ထဲမှာ ထိပ်ဆုံးက ပါနေပေမယ့် ဘာမှ မရေးဖြစ်တာကို အားတော့ နာမိပါတယ်။ ခွန်းက invite လုပ်ပြီး ပို့စ် တင်ပေးဖို့ ပြောပြီးကတည်းက အလုပ်ကလည်း ရှုပ်နေလို့ ဘာမှ မရေးဖြစ်တာပါ။ Engineer4myanmar.com မှာတော့ posts နှစ်ခု တင်ဖြစ်ပါတယ်။ ပထမတစ်ခုက One method for boundary value solving နဲ့ ကျွန်တော့်ရဲ့ ရာသက်ပန် ဆိုတဲ့ ပို့စ် တွေပါ။ ခွန်းကိုတော့ ဘာအကြောင်းတွေ ရေးချင်တယ် ဆိုတာတော့ ပြောထားဘူးတယ်။ အခုတော့ သူ့ဆီမှာလည်း ဒီရေ အကြောင်းတွေ ရေးနေတာ ဆိုတော့ အဲဒါတွေနဲ့လည်း နည်းနည်း ဆက်စပ်လို့ ရ အောင် စာဖတ်သူများကိုလည်း မျှဝေချင်တာလေး တစ်ခုကို တင်ပေးလိုက်ပါတယ်။ အဲဒါကတော့ Chinese Society of Aeronautics နဲ့ International Academy of Astronautics တို့ ပူးပေါင်းကျင်းပတဲ့ The 3rd CSA – IAA conference on Advanced Space Systems and Applications မှာ စာတမ်းဖတ်ခဲ့စဉ်က ရခဲ့တဲ့ Japan Aerospace Exploration Agency (JAXA) က Dr. Takashi Mariyama ရဲ့ presentation ကို မျှဝေပေးချင်လို့ပါ။ အဲဒီ Conference ရဲ့ Round table section မှာ National Disasters Reduction and Relief ဆိုတဲ့ တော့ပစ် ကို Satellites applications points of view ကနေ ဆွေးနွေးကြတာပါ။ တရုတ်က professors တွေဟာ တရုပ်ပြည်မှာ မြေ ငလျှင်ကြီး လှုပ်ခဲ့စဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အသေအချာ ရှင်းပြသွားကြပါတယ်။ ဆိုလိုရင်းကတော့ Satellites တွေသုံးပြီးတော့

၁ ။ National disaster မျိုး ဖြစ်လာမယ့် အခြေအနေမျိုးကို ကြိုတင် warning ပေးရန်။ (ဒီနေရာမှာ Cyclone တို့ Tsunami တို့လိုမျိုးကိုတော့ metrological satellites တွေကနေ warning ပေးနိုင်မယ်။ အနာဂတ် plan တွေ systems တွေ အကြောင်း ချပြ ဆွေးနွေးသွားကြပါတယ်။
၂။ National disaster မျိုးဖြစ်လာပြီဆိုရင် satellites တွေသုံးပြီး damage Area, damage conditions တွေကို တွက်ချက်ရန်။ (ဒီနေရာမှာ damage area၊ damage conditions တွေပေါ်မူတည်ပြီး လိုအပ်ရင် လိုအပ်သလို 3 dimensional ပုံဖော်ခြင်း၊ high resolution images များ ရယူခြင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
၃။ Satellites တွေရဲ့ အကူအညီနဲ့ National disaster နဲ့ ပါတ်သတ်တဲ့ information တွေကို Government body နဲ့ other NGO တွေကို report လုပ်ခြင်းတွေကို ချပြ ဆွေးနွေး သွားကြပါတယ်။

ဒီနေရာမှာ Government body နဲ့ other NGO တွေ အနေနဲ့ disaster နဲ့ ပါတ်သတ်တဲ့ information ကို အတိအကျ အသေးစိပ် သိရှိနိုင်မှာ ဖြစ်တဲ့ အတွက် မှန်ကန်တဲ့ decisions တွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ Disaster ဖြစ်လာပြီ ဆိုရင်တော့ အောက်ပါ အစီအစဉ် တွေက မလွဲမသွေ ချမှတ်ရမှာ ဖြစ်ပါတယ်။

(၁) ကယ်ဆယ်ခြင်း
(၂) ပြောင်းရွှေ့နေရာချထားခြင်း
(၃) ကူညီထောက်ပံ့ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း
(၄) ဒေသပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း

အဲလိုမျိုး Emergency အခြေအနေမျိုးမှာ ကောင်းမွန်မှန်ကန် မြန်ဆန်တဲ့ decisions တွေ ချမှတ်လုပ်ဆောင်ဖို့က ခက်ခဲမှာတော့ အမှန်ပါပဲ။ အဲလို decisions တွေ ချဖို့ အတွက် လိုအပ်တဲ့ information ကို satellites တွေရဲ့ အကူအညီနဲ့ ရယူပြီး တရုပ်ငလျှင်တို့၊ New Olean ရေကြီးတာတွေမှာ ဖြေရှင်းခဲ့တာတွေကို conference မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေရာမှာ ဂျပန်က ပရော်ဖက်ဆာက သူ့ရဲ့ presentation မှာ Nagis ဖြတ်သန်းအပြီး ဧရာဝတီ ဒေသ ရဲ့ အခြေအနေကို ဆွေးနွေးသွားလို့ conference အပြီးမှာ အဲဒီ ပရော်ဖက်ဆာဆီ ချဉ်းကပ်ပြီး သူ့ရဲ့ presentation ကို တောင်းယူခဲ့တာကို စာဖတ်သူများကို မျှဝေပေးလိုက်တာပါ။ ဖတ်ကြည့်ပါ။ The disaster risk management cycle လိုမျိုးက သိထားမယ်ဆိုရင် အကျိုးများနိုင်ပါတယ်။
နောက်ဆုံး အနေနဲ့ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ လက်ရှိအခြေအနေမှာ satellites တွေ အသုံးမပြုနိုင် သေးပေမယ့် နောက်နောင် အချိန်တွေမှာ Disaster တွေနဲ့ ပါတ်သတ်ပြီး warning ပေးနိုင်ဖို့ ၊ ဖြစ်လာခဲ့လို့ ရှိရင်လည်း ကယ်ဆယ်ခြင်း၊ ပြောင်းရွှေ့နေရာချထားခြင်း၊ လိုအပ်သော အထောက်အပံ့ပစ္စည်းများကို ပို့ဆောင်ခြင်း ၊ ပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း အစီအစဉ်တွေကို လုပ်ဆောင်နိုင်ဖို့ အတွက် လိုအပ်တဲ့ information တွေကို အချိန်တို အတွင်း ရနိုင်မယ့် ကိုယ်ပိုင် satellites များ ရှိလာနိုင်ရေး အတွက် ဝိုင်းဝန်း ကြိုးပမ်းကြ စေလိုကြောင်းပါ။

mtssntry
21.11.2008

Thursday, November 20, 2008

diurnal and semi-diurnal tide (amplified discussion for Ko Ah Hlatayarr)

1 comments

diurnal နဲ့ semi-diurnal tide တွေဘယ်လိုကြောင့် ကွဲလွဲဖြစ်ပေါ်ရတယ် ဆိုတာကို ဒီပို့စ်မှာ ရှင်းပြလိုခြင်း ပဲဖြစ် ပါတယ်။ ကျွန်တော် ဒီရေဘယ်လိုဖြစ်ပေါ်လဲ (၂) ကပုံကိုပဲ ပြန်သုံးပြီးရှင်းလင်းထားပါတယ်။ (ဒီထက်ပိုမိုရှင်းလင်းအောင် ဆွေးနွေးပေးနိုင်တဲ့ ပုံရှာမ တွေ့ပါ)။

ပုံမှာ ကျွန်တော်တို့ကြည့်မယ်ဆိုရင် လရဲ့ declination က ၂၀ဒီဂရီ ဖြစ်ပြီးတော့ သူ့ရဲ့ co-declination ကတော့ (၉၀-၂၀) ၇၀ဒီဂရီဖြစ်ပါတယ်။ လရဲ့ အမြင့်ဆုံး declination ဟာ၂၈ ဒီဂရီ ၄၇ မိနစ်ခန့်ဖြစ်ပါတယ်။ (လဟာ နေပတ်လမ်း ecliptic ကနေအမြင့်ဆုံးဖြစ်နိုင်တဲ့ declination က ၅ ဒီဂရီ ၁၇.၅ မိနစ် ဖြစ်ပြီး၊ ecliptic ကတော့ကမ္ဘာ့အီကွေတာ ကနေ ၂၃.၅ မိနစ် declination ရှိနေပါတယ်။ အဲဒီတော့ လဟာ အီကွေတာကနေဆိုရင် အမြင့်ဆုံး declination ၂၈ ဒီဂရီ ၄၇ မိနစ် ဖြစ်နိုင်တယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။) အဲဒီ အမြင့်ဆုံး declination ရဲ့ co-declination ကတော့ (၉၀-၂၈.၈ = ၆၁.၂ ဒီဂရီ) ဖြစ်ပါတယ်။ လရဲ့ အမြင့်ဆုံး declination နဲ့ co-declination ကိုဒီမှာ ခနလောက်မှတ် ထားလိုက်ကြရအောင်။ ကျွန်တော်တို့ ပုံကိုပြန်သွား ကြည့်ကြမယ်။

ဖော်ပြပါပုံမှာ HGF ဆိုတဲ့ Line ကိုတွေ့ကြရမှာဖြစ်ပါတယ်။ HGF line ဟာ လရဲ့ co-declination ဖြစ်တဲ့ EDC line ၇၀ ဒီဂရီ ရဲ့အပေါ် လတ်တီကျုအမြင့်ကို ရောက်နေ တာတွေ့ ရမှာဖြစ် ပါတယ်။ HGF line ကိုကြည့်မယ်ဆိုရင်၊ H အမှတ်နေရာ ဒေသဟာ ရေကျ ဖြစ်တဲ့ A A’ line နဲ့ နီးကပ်နေပြီး၊ သူလည်း ရေကျချိန်ဖြစ်နေတာကို တွေ့ရမှာပါ။ ကမ္ဘာဟာလည်နေတဲ့ အတွက် ၆ နာရီကြာတဲ့အချိန်မှာ H အမှတ်နေရာဒေသဟာ NS line ပေါ်ကိုရောက်လာပါတယ်။ ဒါပေမယ့် ရေပြည့် (ရေတက်) ဖြစ်ပြီလားဆိုတော့ မဖြစ်သေး ပါဘူး။ နောက်ထပ် ၆ နာရီကြာထပ်ပြီး လှည့်ပတ်ပြီးတဲ့ အခါမှာတော့ H အမှတ်ရှိ တဲ့နေရာ ဒေသဟာ F အမှတ်ရှိတဲ့ နေရာကိုရောက်လာပါတယ်။ အဲဒီတော့မှာသာ ရေပြည့် (ရေတက်) ဖြစ်ပါတယ်။ အဲဒီတော့ ရေကျ ကနေ ဒီရေအတက်ကိုရောက်ဖို့ ၁၂ နာရီကြာပါ တယ်။ အဲဒီလိုပဲ F အမှတ်ကနေ H အမှတ်ကိုပြန်ရောက်ဖို့လည်း ၁၂ နာရီ ကြာပါတယ်။ အဲဒီတော့ တစ်နေ့ (၂၄ နာရီ) မှာ ရေတက်တစ်ကြိမ်၊ ရေကျ တစ်ကြိမ်သာဖြစ်တာကို တွေ့ ရမှာဖြစ်ပါတယ်။ အဲဒီ tide အမျိုးအစားကို diurnal tide လို့ခေါ်ပါတယ်။

နောက်ထပ်ကျွန်တော်တို့ co-declination အောက်နိမ့်တဲ့ လတ်တီကျုဒေသတွေကိုလေ့ လာကြည့်ရအောင်။ အမြင်သာဆုံး ဥပမာ အဖြစ်ကျွန်တော် အီကွေတာတစ်လျှောက်ကို ပေပါ့မယ်။ အီကွေတာတစ်လျှောက်ကို ပုံမှာကြည့်မယ်ဆိုရင် K ဆိုတဲ့ အ မှတ် မှာ ရေတက် ဖြစ်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ နောက် ထပ် ၆ နာရီ ကြာပြီးတဲ့အချိန်မှာ အဲဒီ K အ မှတ်နေရာဒေသဟာ NS line ပေါ်ကိုရောက်လာပါတယ်။ ဒီပုံမှာ တော့ A A line လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီတော့ A A’ line ဟာဒီရေ အကျဆုံး ဖြစ်တဲအတွက် အဲဒီအချိန်မှာ ရေ စစ်ချိန် (ရေကျချိန်) ဖြစ်နေပါတယ်။ နောက်ထပ် ၆ နာရီထပ်ကြာပြီးတဲ့ အချိန်မှာ တော့ I အမှတ်ကိုရောက်ပြီး ရေတက်ပြန်ဖြစ်ပြန်ပါတယ်။ ဒါကြောင့် ရေတက်၊ ရေကျ ဟာ ၆နာရီ တစ်ကြိမ်စီဖြစ်နေပြီး တစ်ရက် (၂၄ နာရီ) မှာ နှစ်ကြိမ်စီဖြစ်ပါတယ်။ အဲဒီလို tide ကို semi-diurnal tide လို့ခေါ်ပါတယ်။

ပြီးရင် ကျွန်တော် အပေါ်မှာရှင်းထားခဲ့တဲ့ လရဲ့ အမြင့်ဆုံး declination နဲ့ co-declination ကိုပြန်ကြည့်ရအောင်။ လရဲ့ အမြင့်ဆုံး co-declination ဟာ ၆၁ ဒီဂရီခန့်ဖြစ်တဲ့ အတွက် ကမ္ဘာ့ လတ်တီကျု အမြင့်ပိုင်း ၆၀ ဒီဂရီနဲ့ အထက်နေရာဒေသ တွေမှာ diurnal tide ဖြစ်ပါ တယ်။ အမြင့်ဆုံး co-declination ဖြစ်တဲ့ ၆၀ ဒီဂရီ နဲ့ အီကွေတာကြားဒေသတွေမှာတော့ semi-diurnal tide ကိုကြုံတွေ့ရပါတယ်။ (ချွင်းချက်။ အချို့သော အီကွေတာနဲ့ အနီးဒေသ တွေမှာ လည်းသာမာန်နဲ့ သွေဖယ်ပြီး diurnal tide ကိုတွေ့ရတတ်ပါတယ်။ ဒါကတော့ resonant of water body လို့ခေါ်တဲ့ ရေကိုဝန်းရံထားသော ကုန်းမြေ အနေအထား (coastline shape and sea bed morphology) ပေါ်မူတည်ပြီး သာမန်ကနေသွေဖယ် သွားခြင်းပဲဖြစ်ပါတယ်။ resonant of water body ကတော့ astronomy နဲ့ မဆိုင်တဲ့ အတွက် ကျွန်တော် amplification မလုပ်လိုတော့ပါ။)

ကျွန်တော် diurnal tide နဲ့ semi-diurnal tide ကိုအတတ် နိုင်ဆုံး ရှင်းလင်းအောင်ကြိုးစားပြီးရေး ထားပါတယ်။ ကျွန်တော့် ရေးသားချက်ရှုပ်ထွေးသွားတဲ့ အတွက်နားမလည်တာ များ ရှိရင် အပြန်အလှန်ဆွေးနွေးပေးရန် ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
လေးစားလျှက်

Tuesday, November 18, 2008

နေ၊လ ကမ္ဘာတို့ကြားမှာ ဒီရေဘယ်လိုဖြစ်လာလဲ (၂)

2 comments
ကျွန်တော် ဒီအကြောင်းအရာရဲ့ ခေါင်းစဉ် (၁) မှာတော့ simple tide theory လို့ခေါ်တဲ့ ဒီရေဘယ်လိုဖြစ်လာရတယ်ဆိုတာကို ဖော်ပြပြီးပါပြီ။ ဒီရေဖြစ်ပေါ်စေတဲ့ အဓိက reason ကတော့ celestial bodies တွေကြားက ဆွဲအားတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့်အဲဒီ ဆွဲအားတွေကို tide producing force လို့ခေါ်ပါတယ်။ အခုကျွန်တော် (၂) မှာ dynamic tide theory ကိုပါဆက်လက် ဖော်ပြသွားပါ့မယ်။ simple tide theory မှာတော့ astronomical tide လို့ခေါ်တဲ့ နေ၊လ ကမ္ဘာတို့ကြောင့် ဖြစ်သော ဒီရေကို assumption များနဲ့ဖော်ထုတ်ထားပါတယ်။ အဲဒါတွေကတော့
(၁) နေ၊လ ကမ္ဘာတို့ဟာ ပြင်ညီ (plain) တစ်ခုထဲမှာပဲ လှည့်ပတ်နေကြတယ်။
(၂) နေ နဲ့ လမှာ မြင့်ထောင့် declination မရှိဘူး။
(၃) ကမ္ဘာ့ မျက်နှာပြင်ကြီးတစ်ခုလုံးကို ရေတွေနဲ့ ပဲဖုံးလွှမ်းထားတယ်


သို့သော် တကယ့်လက်တွေ့မှာတော့ အဲဒီလို မဟုတ်ပါဘူး။ နေ၊လ ဟာကမ္ဘာကို မြင့်ထောင့် declination တွေနဲ့ လှည့်ပတ်နေကြတာပါ။ ကမ္ဘာကြီးမှာလဲ ရေတွေကြီးပဲ ဖုံးလွှမ်းထားတာမဟုတ်ပါဘူး။ အဲဒီ simple tide theory က assumptions တွေကိုဖယ်လိုက်ပြီး နေ နဲ့ လ ဟာ declination အမျိုးမျိုးနဲ့ ကမ္ဘာကိုလှည့်ပတ်နေတယ်။ ပြီးတော့ ကမ္ဘာကြီးမှာ လည်း ကုန်းမြေတွေက ရေတွေကို ကန့်သတ်ထား တဲ့အတွက် simple tide theory ဟာ လက်တွေ့မကျတော့ပါဘူး။ ဒီတော့ အဲဒီအချက်တွေကို ထည့်သွင်းစဉ်းစားပြီး ဒီရေ ကိုလေ့လာ ခန့်မှန်းတွက်ချက်ကြည့်ရအောင်။ အဲဒါကို Dynamic tide thoery လို့ခေါ်ပါတယ်။ (နေနဲ့ လရဲ့ ကမ္ဘာကိုလှည့်ပတ် နေသော ပတ်လမ်းများ နဲ့ declination များအကြောင်း ကိုကျွန်တော် နေ၊လ ကမ္ဘာတို့ရဲ့ လှည့်ပတ်လှုပ်ရှားမှုများ အကြောင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေး ခဲ့ ပြီးဖြစ် ပါတယ်။


အခုကျွန်တော် နေနဲ့ လကို dynamic tide theory ဖြစ်ဖို့အတွက် မြင့်ထောင့်တွေ ပေးပါ့မယ်။ (၁) မှာတုန်းက ကျွန်တော်ဖော်ပြထားခဲ့ တဲ့ simple tide theory မှာ တစ်နေရာထဲမှာပဲ ဒီရေကမြင့်နေတယ်လို့ထင်စရာရှိပါတယ်။ ခုဒီခေါင်းစဉ်အောက်မှာ dynamic tide theory ကိုဆွေးနွေးတဲ့ အခါမှာတော့ ဒီရေကကမ္ဘာ ပေါ်မှာဘယ်လို ပြောင်းလဲနေတယ်။ အတက်အကျတွေ ဘယ်လိုဖြစ်နေတယ်ဆိုတာကို ဖော်ပြသွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့အရင်ဆုံး လရဲ့ declination အပြောင်းအလဲ ကြောင့် ဒီရေဘယ်လိုပြောင်းလဲ တယ်ဆိုတာကို အရင်လေ့လာ ကြည့်ရအောင်။ အောက်မှာ ကျွန်တော် BASIC TIDE THEORY ကိုပုံလေးနဲ့ အကြမ်းဖျင်းဖြော်ပပါထားပါတယ်။




ဒီအပေါ်ကပုံလေးကို လေ့လာကြည့် မယ်ဆိုရင် လတစ်ခုထဲကိုပဲ အရင်ဆုံးစဉ်းစားထားပါတယ်။ လဟာ assumption တစ်ခုဖြစ်တဲ့ ကမ္ဘာနဲ့ပြင်ညီမျက်နှာပြင်တစ်ခုထဲ ကပဲကမ္ဘာကို လှည့်ပတ်နေတယ် လို့ဖန်းဆင်းချက်ပေးထားတဲ့ အတွက် ဒီရေအမြင့် (ရေတက်) ဟာ လလှည့်ပတ်ရာပတ်လမ်း အတိုင်း ဖြစ်တဲ့ equator တစ်လျှောက်မှာပဲဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ရေကျ (ဒီရေကျခြင်း) ဟာလဲဝင်ရိုးစွန်း ဒေသတွေ မှာပဲ ပုံသေဖြစ်နေတာကို တွေ့ရမှာပါ။ ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ လဟာကမ္ဘာနဲ့ ပြင်ညီ မျက်နှာပြင် (equatorial plain) တစ်လျှောက်မှာပဲလှည့်ပတ် နေတာ မဟုတ်ပါဘူး။ အီကွေတာကနေ မြင့်ထောင့် declination ခံဆောင်ပြီးလှည့်ပတ်နေပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ကမ္ဘာ့မျက် နှာပြင်ပေါ်မှာ ဒီရေ အနိမ့်အမြင့်တွေဘယ်လို ပြောင်းလဲတယ် ဆိုတာကိုအောက်မှာ ကျွန်တော်တို့ ဆက်ကြည့် လိုက်ရအောင်။




အပေါ်မှာဖော်ပြထားတဲ့ ပုံမှာကြည့်ရင် လဟာကမ္ဘာရဲ့ အီကွေတာကနေ ၂၀ ဒီဂရီ မြင့် ထောင့်ခံဆောင်ထားတဲ့ နေရာမှာ ရောက်နေတယ်လို့ ဥပမာပေးထားပါတယ်။ လရဲ့ မြင့် ထောင့် (declination) ဟာ နေပတ်လမ်း(ecliptic) ကနေ ၅ ဒီဂရီ မှ ၅ဒီဂရီ ၁၇.၅ မိနစ်ကြားမှာ အပြောင်းအလဲ ရှိနေပါတယ်။ သူ့ရဲ့ လပတ်လမ်း တစ်လမ်းတိုင်းမှာ နေရာတစ်ခုကို declination တစ်မျိုးနဲ့ ဖြတ်ပါတယ်။ အဲဒီဖြစ်စဉ်ဟာ regression of nodes လို့ခေါ်တဲ့ ဖြစ်စဉ်ကြောင့် ဖြစ်ရတယ်ဆိုတာကို ကျွန်တော် နေ၊လ ကမ္ဘာတို့ရဲ့ လှုပ်ရှားလှည့်ပတ်မှုများ အကြောင်းဆိုတဲ့ ခေါင်းစဉ်အောက် မှာဆွေးနွေးထားခဲ့ပါတယ်။ အဲဒီတော့ လဟာကမ္ဘာ့နေရာဒေသ တစ်ခုကို မြင့်ထောင့်တူနဲ့ ပြန်ရောက်ဖို့ ၁၈.၆၁ နှစ်ကြာပါတယ်။ အဲဒါကတော့ regression of nodes တစ်ပတ်ပြည့် လို့မူလ Node နေရာကိုပြန်ရောက်ခြင်း ပဲဖြစ်ပါတယ်။ လဟာကမ္ဘာကို ပတ်နေတဲ့ orbit တစ်ခုပြည့်ဖို့ အကြမ်းဖျင်းတစ်လ ၂၉ ရက်ကြာပါတယ်။ တစ်နှစ်မှာတော့ သူ့ရဲ့ ပတ်လမ်း ၁၃ ပတ်လှည့်ပတ်ပါတယ်။
အခုဒီဥပမာမှာတော့ လဟာကမ္ဘာ့ အီကွေတာကနေ ၂၀ ဒီဂရီ မြင့်ထောင့်ခံဆောင်ထားတဲ့ နေရာကိုရောက်ရှိနေပါတယ်။ ဒါဆိုရင် ဒီရေ ဖြစ်စဉ်ကို normal tide theory ကနေဘယ် လိုပြောင်းလဲသွား စေလဲ ဆိုတာကိုလေ့လာကြည့်ရအောင်။ ပုံမှာ ၂၀ ဒီဂရီ လတ်တီကျုအ ရပ်မှာရှိတဲ့ ကမ္ဘာ့နေရာတွေမှာ ရေမြင့် (ဒီရေတက်ချိန်) ဖြစ်နေတာကိုတွေ့ ရမှာပါ။ မြောက် လတ်တီကျု ၂၀ ဒီဂရီ နဲ့ တောင်လတ်တီကျု ၂၀ ဒီဂရီအရပ်ဒေသ တွေမှာ (ဒီရေတက်ချိန်) ဖြစ်နေတာကိုတွေ့ ရမှာပါ။ ပုံမှာတော့ Y နဲ့ C အမှတ်ပြထားတဲ့ နေရာတွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ၂၀ ဒီဂရီ declination ရဲ့ co-declination ဖြစ်တဲ့ A-A’ မျဉ်းတစ် လျှောက်မှာ ဒီရေကျချိန် ဖြစ်နေတာကိုတွေ့ ရမှာဖြစ်ပါတယ်။ နောက်တစ်ခါ ပုံမှာ F – H မျဉ်းတစ်လျှောက်ရှိတဲ့ လတ်တီကျု ဒေသတွေကိုကြည့်မယ်ဆိုရင် F အမှတ်နဲ့ H အမှတ် ဟာလတ်တီကျု တစ်လိုင်းထဲပေါ်မှာ ရှိပြီးဒီရေတက်ချိန် ဖြစ်သော်လည်း ဒီရေ အမြင့်ချင်း မတူတော့တာကို တွေ့ရ မှာဖြစ်ပါတယ်။ ၀င်ရိုးစွန်းနေရာတွေမှာတော့ ဒီရေအပြောင်း အလဲဟာ ရေတက်ချိန်နဲ့ ရေကျချိန် သိပ်ထူးထူးခြားခြား ပြောင်းလဲမှုမရှိတာကို တွေ့နိုင် ပါတယ်။ ၆၀ ဒီဂရီ ထက်အပေါ်ရောက်သောလတ်တီကျု အမြင့်ပိုင်းနေရာတွေမှာ ဒီရေ အတက်အကျဟာ တစ်နေ့(၂၄) နာရီကို အတက် တစ်ကြိမ် (၁၂နာရီ)၊ အကျတစ်ကြိမ် (၁၂နာရီစီ)ပဲ ဖြစ်တာကို တွေ့ရမှာ ဖြစ်ပြီး ဒါကို diurnal tide လို့ခေါ်ပါတယ်။ လတ်တီကျု အနိမ့်ပိုင်း ဒေသတွေနဲ့ equator တစ်လျှောက်မှာတော့ ဒီရေ အတက် အကျဟာ တစ်ရက် (၂၄) နာရီမှာ အတက် ၂ ကြိမ် အကျ ၂ ကြိမ် (၆ နာရီစီ) ဖြစ်ပါတယ်။ ဒါကိုတော့ semi-diurnal tide လို့ခေါ်ဆိုပါ တယ်။
ဒီပုံမှာလေ့လာကြည့်မယ်ဆိုရင် ရေတက် ရေပြည့်ချိန်ချင်း တူသော်လည်း တစ်နေရာနဲ့ တစ်နေရာ ဒီရေ အမြင့်ချင်းမတူ တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော် နောက်ထပ်အ သေးစိတ် ချဲ့ကားဆွေးနွေးစရာတွေ ရှိသော်လည်း ဘာသာရပ် ပိုင်းဆိုင်ရာကြီး လုံးလုံးလျား လျားဖြစ်သွားပြီး ငြီးငွေ့စရာဖြစ် သွားမှာစိုးတဲ့အတွက် ဒီ diurnal tide၊ semi-diurnal tide၊ range of tide (ဒီရေအမြင့်) တွေကိုဒီလောက်နဲ့ ပဲရပ်ထားလိုက်ပါတယ်။ ဆက်လက်ပြီး မေးမြန်းခြင်း၊ အပြန် အလှန်ဆွေးနွေးချင်း များရှိရန်လည်း ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန် တော်နောက်ထပ် ပို့စ်မှာတော့ နေ၊ လ တို့ ရဲ့ combination effect နဲ့ phases of Moon (လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်) စတာတွေကိုဖော်ပြသွားပါ့မယ်။
ကျေးဇူးတင်ပါတယ်။

နေ၊လ၊ကမ္ဘာတို့ ကြားမှာ ဒီရေဘယ်လိုဖြစ်လာလဲ (၁)

6 comments
နေ၊လ နဲ့ ကမ္ဘာတို့ရဲ့ လှည့်ပတ်လှုပ်ရှား မှုများကို ကျွန်တော် ရှေ့က ပို့စ်မှာဆွေးနွေးပြီး သွားပါပြီ။ အချို့သောအသေး စိတ်အချိန်ကာလသတ်မှတ်ချက်များ၊ အရေးပါမှုနဲသောလှည့် ပတ်မှုများ မှအပကျွန်တော် အသေးစိတ်ဖော်ပြခဲ့ပါတယ်။ အခုဒီ ခေါင်းစဉ် အောက်မှာတော့ ကျွန်တော် နေ၊လ ကမ္ဘာတို့ ရဲ့လှည့်ပတ်လှုပ်ရှားမှု တွေကြောင့်ကမ္ဘာမှာ ဖြစ်ပေါ်လာရတဲ့ အကျိုးဆက် တွေထဲက..... ဒီရေ ဆိုတဲ့ ဖြစ်စဉ်လေးကို တင်ပြသွားပါ့မယ်။


နေ၊လ နဲ့ကမ္ဘာတို့ကြားမှာ ဒီရေဘယ်လိုဖြစ် ပေါ်လာတယ် ဆိုတာကိုလေ့လာမယ်ဆိုရင် ပထမဆုံးကျွန်တော်တို့ ပြန်ကြည့်ရ မှာက အရာဝတ္ထုတွေ ကြားကဆွဲအား (gravitational force) အကြောင်းပဲဖြစ်ပါတယ်။ နေ၊လ နဲ့ ကမ္ဘာတို့ဟာအပြန်အလှန် လှည့်ပတ်နေကြရင်း အချင်းချင်းဆွဲငင်ကြပါတယ်။ ဒီနေရာမှာ နယူတန်နိယာမ သဘောတရားအရ အရာဝတ္ထုနှစ်ခုကြား ကဆွဲငင်အားဟာ အဲဒီအရာဝတ္ထု နှစ်ခုရဲ့ အလယ်ဗဟိုသို့ ဦးတည်ဆွဲငင်ခြင်းဖြစ်ပါတယ်။ (gravitational force) လို့ပြော လိုက် ပြီဆိုရင် centrifugal force လို့ခေါ်တဲ့ တန်ပြန်ဗဟို ခွာအားဆိုတာလည်းရှိလာပါပြီ။ အဲဒီတော့ celestial body တွေဖြစ်တဲ့ နေ၊ လ နဲ့ကမ္ဘာတို့ ကြားမှာအဲဒီ force တွေဘယ်လို သက်ရောက်နေလဲဆိုတာ ကျွန်တော်တို့လေ့လာကြရပါမယ်။ ဒီအားတွေရဲ့သက်ရောက်မှုဟာ နေနဲ့ကမ္ဘာကြား၊ လနဲ့ ကမ္ဘာ ကြားမှာ အပြန်အလှန်သက်ရောက်နေပါတယ်။ ဒါပေမယ့် လဟာကမ္ဘာ နဲ့ အနီးကပ်ဆုံး celestial body ဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ဆွဲအားတွေနဲ့ပတ်သတ်ရင်နေနဲ့ ကမ္ဘာကြားက ဆွဲအားတွေထက် လနဲ့ ကမ္ဘာကြားကဆွဲအားတွေကိုပိုပြီး ဂရုထားစရာဖြစ်လာပါတယ်။


ဒါကတော့ကမ္ဘာနဲ့ လကြား မှာဖြစ် ပေါ်တဲ့ gravitational force ကိုရှင်းလင်းပြ ထား တဲ့ပုံပဲဖြစ်ပါတယ်။ ပုံမှာဖော်ပြထားသလိုပဲ ကမ္ဘာ့မျက်နှာပြင်မှာရှိနေတဲ့ ရေမျက်နှာ ပြင်ထုဟာ လရဲ့ဆွဲအင်အားကြောင့်လ ရှိရာဘက်သို့ကြွတက် လာပါတယ်။ အဲဒီလားရာလမ်းကြောင်းကတော့ ပုံမှာပြထားသလို လရဲ့အလယ်ဗဟိုနဲ့ ကမ္ဘာရဲ့အလယ်ဗဟိုကို ဦးတည်သက် ရောက်ပါတယ်။ နောက်ထပ်ကျွန်တော် centrifugal force ကိုဆက် ရေးပါမယ်။


ပုံမှာဖော်ပြထားသလိုပဲ လနဲ့ ကမ္ဘာကြားက ဗဟိုခွာအားဟာ လရဲ့မူလဆွဲငင်ရာလမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်အရပ်ကို ကန်တွက် ပါတယ်။ ဒြပ်ဝတ္ထုနှစ်ခုရဲ့ဗဟိုကိုဦးတည် ပြီးသက် ရောက်ပါတယ်။ အဲဒီတော့လရဲ့ဆွဲအားကြောင့်ကြွတက်လာတဲ့ ကမ္ဘာ့မျက်နှာပြင်ကရေထုဟာ လ ဘက်သို့ဦးတည်သလို ဆန့်ကျင် ရာတစ်ဘက်သို့လည်း ဦးတည်ပြီး ကန်ထွက်တာ ကိုတွေ့ရမှာဖြစ်ပါ တယ်။ ဒါကြောင့် ဒီဆွဲအား၂ခုရဲ့သက် ရောက်မှုကြောင့်လ နဲ့ကမ္ဘာရဲ့ ဗဟို ၀င်ရိုးကြောင်းတစ် လျှောက်က ကမ္ဘာ့နေရာတွေမှာ ရေမျက်နှာ ပြင်မြင့်တက်လာပြီး ရေတက် (high tide) ဖြစ်ပေါ်လာပါတယ်။


ဒီပုံမှာတော့ gravitational force နဲ့ centrifugal force ကိုတချိန်ထဲမှာပဲ ဖြစ်နေတယ်လို့နားလည်ထားရပါမယ်။ နေမှာ လည်းအလား တူဆွဲငင်မှုမျိုးကမ္ဘာကိုသက်ရောက်စေပါတယ်။ ဒါပေမယ့် နေနဲ့ ကမ္ဘာရဲ့ အကွာအဝေးဟာ လနဲ့ ကမ္ဘာရဲ့အကွာအ ဝေးနဲ့ နှိုင်းယှဉ်ရင် ဝေးကွာတဲ့အတွက် နေကြောင့်ဖြစ်တဲ့ ဒီရေ ဖြစ်ပေါ်စေမှုဆွဲငင်အားဟာ လနဲ့ ယှဉ်ရင် ၁၁း၅ ရှိပါတယ်။ လရဲ့ဆွဲငင်အား က ၁၁ ဆဖြစ်ပြီး၊ နေရဲ့ဆွဲငင်အားကတော့ ၅ ဆဖြစ်ပါတယ်။ အကွာအဝေးပေါ်မူတည်ပြီး ဒြပ်ဝတ္ထု နှစ်ခုကြားကဆွဲငင်အားပြောင်းလဲ မှုဟာ F = M/D3 ဆိုတဲ့ formula ကြောင့်ဖြစ်ပါတယ်။ F ကအရာဝတ္ထုများကြားမှရှိသော ဆွဲငင်အား၊ M ကတော့အဲဒီအရာဝတ္ထုရဲ့ ဒြပ်ထု နဲ့ D ကတော့ အဲဒီအရာဝတ္ထု နှစ်ခု ကြားက အကွာအဝေးဖြစ်ပါတယ်။ အကွာအဝေးနဲ့ ဆွဲငင်အား ပြောင်းပြန်အချိုးကျတဲ့အတွက် အကွာအဝေး ပိုဝေးလေ ဆွဲအားနဲလေဖြစ်ပါတယ်။ ဒါဟာ အခြေခံနယူတန်နိယာမပါ။ အဲဒီတော့ ဒီထိ ကျွန်တော်တို့ ဒီရေဟာ ဆွဲအားတွေ ကြောင့်ဘယ်လိုဖြစ်လာ ရတယ် ဆိုတာလေ့လာပြီးသွားပြီ။ ဒါပေမယ့် ကမ္ဘာနဲ့ လဟာတစ်နေရာ ထဲမှာ ရပ်တန့်နေတာမဟုတ် ပါဘူး။ အပြန်အလှန်လှည့်ပတ် နေပါတယ်။ ဒါဆိုရင် ကမ္ဘာကို ပုံသေထားကြည့်ရင် လဟာကမ္ဘာကို နေရာအမျိုးမျိုးကလှည့်ပတ်နေ တယ်ဆိုတာသိ သာလာမှာပေါ့။ ဒါဆိုရင်လရဲ့နေရာပေါ်ကိုမူတည်ပြီး ဒီရေမြင့် တာ၊ ကျတာတွေဘယ်လိုဖြစ်လာလဲလေ့လာရတော့မှာ ပေါ့။ ပြီးတော့ နေကလည်း လလိုပဲ ကမ္ဘာကိုသက်ရောက်စေတော့ လရယ် နေရယ် ပေါင်းပြီး ကမ္ဘာကိုဘယ်လိုသက်ရောက် လဲဆိုတာ ကိုလေ့လာဖို့လိုလာပါပြီ။ ဒီနေရာမှာ လပြည့်တွေ၊ လကွယ်တွေ။ လဆန်း၊ လဆုတ် အဲဒါတွေကဘယ်လိုဖြစ် လာတာပါလဲ။ အဲဒီသက်ဆိုင် ရာရက်တွေမှာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဒီရေကရော ဘယ်လိုပြောင်းလဲသက်ရောက်ပါသလဲ။ လူတွေ ပြောပြောနေတဲ့ ရေထရက်၊ ရေသေရက် အဲဒါတွေကရော ဘယ်လိုဖြစ် လာပါသလဲ။ ကျွန်တော်နောက်ပို့စ်မှာ ဆက်လက် ဖော်ပြသွားပါ့မယ်။ (မြန်မာလို လက်ကွက်သိပ်မမြန်တဲ့ အတွက် တော်တော်အချိန်ယူရိုက်ရလို့ ပို့စ်တိုသွားရင်ခွင့်လွှတ်စေ ချင်ပါ တယ်။)
ကျေးဇူးတင်ပါတယ်။

Monday, November 17, 2008

ကြယ်တံခွန်များ (Comets) - ၁

သူတို့ဟာ ကျနော်တို့ နေအဖွဲ့အစည်းရဲ့ ဂျစ်ပစီ တွေပေါ့။ ကျနော် တို့ မြင်သာတဲ့ နေရာကို ရောက်လာကြတယ်၊ ပြီးတော့ ကျနော်တို့ မမြင်နိုင်တဲ့ အဝေးဆုံးကို ပြန်ထွက်သွားကြတယ်။ တခါတရံ မှ လာတတ်ကြတဲ့ ဧည့်သည် တွေ ဆိုပေမယ့် သူတို့လာရင် ဂရုမစိုက်ပဲ မနေနိုင် ကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ တောက်ပတဲ့ အမြီးတန်း ရှည်ကြီး နဲ့ သိပ်ကို လှပ တဲ့ အရာတွေ ဖြစ်နေလို့ပါပဲ။ ပြီးတော့ တစ်သက်မှာ တစ်ခါလို့ ဆိုရလောက် အောင် သူတို့ တစ်ခုစီဟာ နှစ်တွေ အကြာကြီး နေမှ တစ်ကြိမ် ရောက် လာတတ်ကြလို့ပါ။ ဟုတ်ပါတယ်။ သူတို့ ဟာ comet တွေပါ။ သူတို့ဟာ တောက်ပတဲ့ အမြီးတန်း ရှည်ကြီးနဲ့ ကျနော်တို့ မြင်သာတဲ့ နေရာကနေ မဲမှောင် နက်ရှိုင်းတဲ့ ဟင်းလင်းပြင် ကြီးဆီကို ပြန်လည် ထွက်ခွါ သွားကြတယ်။ ဘယ် နေရာ ကို ပြန်သွား ကြတာပါလဲ ။ သူတို့ရဲ့ ဇာတိ ချက်ကြွေ ကရော ဘယ်နေရာ မှာပါလဲ။ အဲဒီ အကြောင်း တွေကို ပြောဖို့ ဆိုရင် လက်ရှိ နေအဖွဲ့ အစည်းရဲ့ အဝေးဆုံး ဂြိုဟ် အဖြစ် သတ်မှတ် ထားတဲ့ နက်ပကျွန်း ဂြိုဟ် အလွန် အရာဝတ္ထုတွေ အကြောင်း ပြော ဖို့ လိုပါလိမ့်မယ်။ ပလူတို ကို ဘာကြောင့် ဂြိုဟ်သိမ် အဖြစ် အဆင့် လျှော့ချရသလဲ ဆိုတဲ့ ပို့စ် ကို မှတ်မိ ကြမယ် ထင်ပါတယ်။ အဲဒီ ပို့စ် ထဲမှာ ပါဝင်တဲ့ ကွေပါ ခါးပါတ် (Kuiper belt) ဆိုတာ က စရမှာပါ။ နက်ပကျွန်းဂြိုဟ် ရဲ့ အပြင်ဘက် ပိုင်းမှာ ကွေပါခါးပါတ် ရှိနေတာပါ။ ပလူတို လိုပဲ ဂြိုဟ်သိမ်တွေ အများကြီး ရှိသလို ဥက္ကာ ပျံ အစအန တွေလည်း အဲဒီ ခါးပါတ် ထဲမှာ ရှိနေပါတယ်။ အဲဒီ ကွေပါခါးပါတ်ရဲ့ အပြင်ဘက်မှာ တော့ Scattered Disc နဲ့ Oort comet cloud ရှိပါတယ်။ Scattered Disc ကတော့ ကွေပါခါးပါတ်ရဲ့ အပြင်ပိုင်းမှာ ရှိတာ ဖြစ်ပေမယ့် Oort cloud ကတော့ နေကနေ တွက် ရင် အင်မတန် ဝေးကွာတဲ့ အပြင်ပိုင်း အလွှာမှာပါ။ နေကနေ အလင်းနှစ် တစ်နှစ် လောက် ကွာဝေးပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။ Oort cloud မှာ အပြင်ပိုင်း စက်လုံးပုံ အလွှာနဲ့ အတွင်းပိုင်းက Hills cloud လို့ ခေါ်တဲ့ စက်ဝိုင်း ပြားပုံ အတွင်းပိုင်း အလွှာတို့ ရှိကြ ပါတယ်။ Oort cloud objects တွေမှာ ပါဝင်တာတွေကတော့ ရေခဲ၊ ရေ၊ အမိုးနီးယား နဲ့ မီသိန်း ဒြပ်တွေ ပါဝင်မယ်လို့ ခန့်မှန်း ကြပါတယ်။ နက္ခတ် ပညာရှင်တွေ ယုံကြည် ကြတာက စကြာဝဠာ ထဲက ပြန့်ကြဲ နေတဲ့ အရာ တွေဟာ နေအဖွဲ့ အစည်း ထဲက ဂျူပီတာ အပါအဝင် အခြား ဂြိုဟ်ကြီး များရဲ့ ဆွဲငင် မှုကြောင့် စုဝေး လာကြ တာပါတဲ့။ မည်သို့ပင် ဖြစ်စေ အင်မတန် ဝေးကွာတဲ့ နေရာ မှာ ရှိတဲ့ အတွက် နေအဖွဲ့ အစည်းရဲ့ အင်မတန် နည်းပါး လှတဲ့ ဆွဲငင် အားသာ သက်ရောက် တာ ဖြစ်တဲ့ အတွက် Oort cloud objects တွေဟာ အခြား ကြယ်များနဲ့ နဂါးငွေ့တန်း ဂလက်ဆီ တစ်ခုလုံးရဲ့ သက်ရောက်မှုကို အလွယ်တကူ ခံရပါတယ်။ အဲဒီ ဆွဲငင်အားတွေရဲ့ သက်ရောက်မှုဟာ အရာဝတ္ထုတွေရဲ့ မူလ လမ်းကြောင်းကို သွေဖယ်စေပြီးတော့ အချို့ကတော့ နေအဖွဲ့ အစည်းရဲ့ အတွင်း ဖက်ကို တွန်းပို့ခြင်း ခံရပါတယ်။ အဲဒီ အရာဝတ္ထု တွေကတော့ comet ဖြစ်လာကြမဲ့ အရာတွေ ပါပဲ။ Comet တွေမှာ အမျိုးအစား နှစ်ခု ခွဲခြား လို့ ရပါတယ်။ သူတို့ရဲ့ orbital periods တွေ ပေါ်မှာ မူတည်ပြီးတော့ Short-period comets နဲ့ Long-period comets ဆိုပြီး ခွဲတာပါ။ Oort cloud ကနေ စတင်တဲ့ comet တွေဟာ Long-period comet အမျိုးအစား ဖြစ်ပြီးတော့ သူတို့ရဲ့ orbital period ဟာ နှစ် ၂၀၀ ကနေ နှစ် သန်းဂဏန်း အထိ ရှိပါတယ်။ ဒါပေမယ့် နှစ် သန်းနဲ့ ချီမှ တစ်ခေါက်ရောက်မယ့် ကြယ်တံခွန်ဟာ နောက်တစ်ကြိမ် နေဆီကို ပြန်လာတော့မယ် မဟုတ်ပဲ အခြားကြယ် တစ်ခုဆီကို ရောက်သွားဖို့ ရှိပါတယ်။ နောက်တစ်မျိုးကတော့ Short-period comets ဖြစ်ပါတယ်။ သူတို့ကတော့ ကွေပါခါးပါတ် နဲ့ Scattered Disc မှာ အစပြုပြီးတော့ ဂြိုဟ်ကြီးတွေရဲ့ ဆွဲငင် အားကြောင့် အတွင်း ဘက်ကို ရောက်လာကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ orbital period ကတော့ နှစ် ၂၀၀ ထက် နည်းပါတယ်။ Long-period comets တွေထဲမှာ လူသိများတာက Hale-Bopp comet ဖြစ်ပြီးတော့ Short-period comet တွေထဲမှာ လူသိများတာကတော့ Halley’s comet ဖြစ်ပါတယ်။ (သူတို့အကြောင်းကို ပြီးမှ သက်သက် ရေးပြပါ့မယ်) ။ comet တွေဟာ ပုံစံတကျ မရှိတတ်ပဲ ကီလိုမီတာ အနည်းငယ်လောက် အကျယ်အဝန်း ရှိတတ် ပါတယ်။ comet တွေမှာ ရေခဲ အတုံးအတစ်တွေ၊ အေးခဲနေတဲ့ ဓါတ်ငွေ့တွေ၊ ရေခဲထဲမှာ မြုပ်နှံထားတဲ့ ကျောက်သား အစအန တွေ ပါဝင်ပါတယ်။ အလယ်ဗဟိုမှာ rocky core ရှိတတ်ပါတယ်။ မသန့်ရှင်းတဲ့ snowball တွေလို့ ပြောနိုင်ပါတယ်။ comet တစ်ခုဟာ နေဆီကို ချဉ်းကပ်လာတဲ့ အခါမှာ သူ့ရဲ့ အေးခဲနေတဲ့ ဓါတ်ငွေ့တွေဟာ အခဲ အငွေ့ပျံခြင်း ဖြစ်ပါတယ်။ အဲဒီအငွေ့တွေက အပြင်ကို ပန်းထွက်ပါတယ်။ အဲဒီ ဖြစ်စဉ်ကနေ ပြီးတော့ သူ့ရဲ့ features တွေ ဖြစ်ပေါ်လာတာပါ။ အဲဒီ features တွေကတော့ ရေငွေ့၊ CO2 နဲ့ အခြား ဓါတ်ငွေ့တွေရဲ့ အလင်းပြန် တိမ်တိုက် ဖြစ်တဲ့ coma ၊ အချင်း ကီလိုမီတာ သန်းချီတဲ့ hydrogen cloud ၊ မီးခိုးငွေ့ သာသာ အမှုန် တွေ ပါဝင်ပြီး ကီလိုမီတာ ဆယ် သန်းလောက် ရှည်တဲ့ dust tail နဲ့ ကီလိုမီတာ သန်းရာ နဲချီ ရှည်လျှားပြီး plasma နဲ့ ဓါတ်ငွေ့တွေကို solar wind သက်ရောက်လို့ ဖြစ်ပေါ်လာတဲ့ Ion tail တို့ ပါဝင်ပါတယ်။ ကြည်တံခွန် တစ်ခုရဲ့ ဖွဲ့စည်းပုံကို ပုံမှာ တွေ့နိုင်ပါတယ်။ Ion tail ဟာ အမြဲတမ်း နေနဲ့ ဆန့်ကျင်ရာ ဘက်ကို ဦးတည်ပြီးတော့ dust tail ကတော့ ကြယ်တံခွန်ဟာ မျဉ်းဖြောင့် အတိုင်း ရွေ့လျှားတာ မဟုတ်တဲ့ အတွက် အနည်းငယ် တိမ်းစောင်း ပါတယ်။ အောက်ကပုံမှာ တွေ့နိုင်ပါတယ်။ comet တွေဟာ သူတို့ရဲ့ ကျောက်သား ပါဝင်မှုက လွဲရင် အဓိက ဖွဲ့စည်းထားတဲ့ အရာဟာ ရေနဲ့ ရေခဲ တွေပဲ ဖြစ်ပါတယ်။ အခြား ပါဝင်တဲ့ အရာ တွေကတော့ မီသိန်း၊ အမိုးနီးယား၊ ကာဗွန်ဒိုင် အောက်ဆိုဒ် နဲ့ ကာဗွန် မိုနော့ဆိုဒ် တွေပဲ ဖြစ်ပါတယ်။ စိတ်ဝင်စား စရာ ကောင်းတဲ့ အခြား ပါဝင်မှု တွေကတော့ အော်ဂဲနစ် ဒြပ်ပေါင်း တွေ ပါပဲ။ methanal ( H2CO) ၊ hydrogen cyanide (HCN) ၊ methyl cyanide ( CH3CN) တို့ ဖြစ်ကြ ပါတယ်။ အဲဒီ အရာတွေဟာ astrochemists တွေကို စိတ်ဝင် စားစေ သလို astrobiologists တွေ အတွက်လည်း အကြီး အကျယ် စိတ်ဝင် စားစေ ပါတယ်။ ကမ္ဘာပေါ်မှာ အသက်ဇီဝ ဟာ ဘယ်ကနေ စပြီး ပေါ်လာတာလည်း ဆိုတာကို စဉ်းစားရင် comet တွေဟာ အရေးကြီး တဲ့ အခန်းမှာ ပါဝင်နေ ပါတယ်။ ကလိုရိုဖီးလ် ပါဝင်လို့ အပင်ရဲ့ အရွက်က စိမ်းပြီးတော့ ဟေမိုကလိုဗင် ပါဝင်လို့ သတ္တဝါတွေရဲ့ သွေးက နီပါတယ်။ ဒီကွဲလွဲချက်လေးက လွဲရင် အပင်နဲ့ သတ္တဝါ ရဲ့ အခြေခံ တည်ဆောက်မှုဟာ အော်ဂဲနစ် ဒြပ်ပေါင်း ဆိုတဲ့ ဟိုက်ဒရို ကာဗွန် တွေ ချည့်ပါပဲ။ အဲဒီလို အရေးကြီး တဲ့ ဒြပ်ပေါင်းတွေ ကြယ်တံခွန် မှာ ပါနေခြင်းဟာ ကြယ်တံခွန် တွေက ကမ္ဘာမြေကြီးကို အသက်ဇီဝ သယ်ဆောင် လာပေးခဲ့တာ ဆိုတဲ့ အဆိုကို အများကြီး အထောက် အကူ ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၅၀၀ နဲ့ ၄၅၀၀ အကြားမှာ ကြယ်တံခွန်တွေနဲ့ ဥက္ကာပျံတွေ ကမ္ဘာမြေကြီးကို ဝင်တိုက်ခဲ့ နိုင်ပါတယ်။ အဲဒီကနေ ရေနဲ့ အော်ဂဲနစ် ဒြပ်ပေါင်းတွေ ရောက် ရှိ ခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ (ကမ္ဘာဟာ နေအဖွဲ့ အစည်းရဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ အတွက် လေးလံတဲ့ ပစ္စည်းများနဲ့သာ ဖွဲ့စည်းနိုင်ပြီးတော့ ရေလို ပေါ့ပါးတဲ့ အရာဟာ မူလက ရှိ မနေနိုင် လို့ ယူဆမိပါတယ်)။ Fred Hoyle နဲ့ Chandra Wickramasinghe တို့လို researchers တွေရဲ့ အမြင် အရ ကမ္ဘာကို ကြယ်တံခွန်တွေ ဝင် ရောက် တိုက်မိခြင်းဟာ အသက်ဇီဝကို မျိုးစေ့ ချပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အခု အချိန်မှာတောင် ကြယ်တံခွန်ရဲ့ အမြီးကို ကမ္ဘာက ဖြတ်သန်းမိတဲ့ အခါ ကမ္ဘာမှာ ကူးစက်ရောဂါ ပိုမို ဖြစ်ပွား ခြင်း ဟာ ကြယ်တံခွန် တွေရဲ့ သက်ရှိများ အပေါ်မှာ သက်ရောက်ခြင်းကို သက်သေပြတာ လို့ ဆိုပါတယ်။ အဲဒီလိုသာ အသက်ဇီဝဟာ ကြယ်တံခွန် တွေက သယ်လာပေးခဲ့တာ ဆိုရင် ကျနော်တို့ အသက်ဇီဝ တွေရဲ့ မူလ အစက ဘယ်မှာပါလဲ။ အဲဒီလို စဉ်းစား လိုက်ရင် ကြယ်တံခွန် တွေရဲ့ အကြောင်းက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ဆက်ပြီး ဆွေးနွေးပါမယ် ခင်ဗျာ။

Tuesday, November 11, 2008

တွင်းနက် (Black Hole) - ၎

3 comments

Quasar

Quasar တွေဟာ စကြာဝဠာထဲမှာ အပူပြင်းဆုံး၊ အတောက်ပဆုံး အရာတွေဖြစ်တယ်လို့ ဆိုပါတယ်..။ ကွေဆာ တွေရဲ့ တောက်ပမှုဟာ နဂါးငွေ့တန်း ဂလက်ဆီတစ်ခုလုံး ထက် အဆပေါင်း ၃၀၀၀၀ ခန့်ပိုပါတယ်..။ သူတို့ဟာ ကျနော်တို့နဲ့ ဝေးလံလွန်းတဲ့ နေရာတွေမှာ ရှိနေကြပြီးတော့ ကျနော်တို့နဲ့ ဝေးရာကို အလွန်လျှင်မြန်တဲ့ နှုန်းထားနဲ့ ရွေ့လျှား နေကြပါတယ်..။ ပညာရှင် တွေရဲ့ ခန့်မှန်းချက် အရ ကွေဆာ တွေဟာ ကျနော် တို့နဲ့ အလင်းနှစ် 12 billion လောက် အကွာမှာ ရှိကြ ပါတယ်တဲ့..။ အဲဒီလောက် အကွာ အဝေးက အလင်း ကို ကျနော်တို့ ဆီကနေ ရနိုင်တာ ဟာ သူတို့ဟာ သိပ်ကို တောက်ပ လွန်းလို့ ဖြစ်ပါတယ်..။ ဘာကြောင့် ဒီလောက် တောက်ပ နေရတာလဲ လို့ အဖြေရှာ တဲ့ အခါ သူတို့ဟာ ဂလက်ဆီ တစ်ခုလုံးစာလောက် ရှိတဲ့ ကြယ်တွေကို ကျနော်တို့ နေ အဖွဲ့ အစည်း ထက် သေးတဲ့ ဧရိယာ အတွင်းမှာ စုဝေး နေလို့ ဖြစ်ပါ တယ်တဲ့။ ဒီလောက်တောင် ဝေးတဲ့ နေရာက အရာဝတ္ထု တစ်ခုကို အဲလောက် အရွယ်အစားပဲ ရှိတယ်လို့ ဘယ်လိုများ ဆုံးဖြတ် လိုက်ကြ တာပါလဲ။ ပညာရှင် တွေက အဲလို ဝေးကွာလှတဲ့ အလင်းလွှတ် ဝတ္ထု တစ်ခု ရဲ့ အရွယ်အစားကို သူတို့ရဲ့ flash duration နဲ့ တိုင်းတာ ပါတယ်တဲ့။ သူတို့ရဲ့ အလင်းတွေ ကျနော် တို့ဆီကို လာတဲ့အခါ တစ်ချိန် တည်းမှာ ထွက်လာတာ ပေမယ့် မတူညီတဲ့ အချိန်တွေနဲ့ ရောက်လာ တာပါ။ ပုံမှာ ပြထား သလို အလင်း ထွက်လာတဲ့ အခါ ရှေ့ မျက်နှာပြင်၊ အလယ် ဗဟို နဲ့ နောက် မျက်နှာပြင် တွေက အလင်းတွေ ကျနော်တို့ ဆီကို ရောက်လာ ဖို့ဟာ တစ်ခုနဲ့ တစ်ခု one week စီလောက် ခြားပြီးမှ ရောက်ပါတယ်။ ကျနော်တို့နဲ အနီးဆုံး မျက်နှာပြင် အလင်းက အတောက်ပ ဆုံးဖြစ်ပြီး ဝေးရင် မှိန်သွားပါတယ်။ တစ်ချိန်ထဲမှာ ထွက်လာတဲ့ အလင်းတွေက နှစ်ပါတ်လောက် ကာလ အတွင်းမှာ ဖြန့်ပြီး ရောက်လာတဲ့ အတွက် အဲဒီ အရာဝတ္ထုရဲ့ flash duration ဟာ နှစ်ပါတ် ဖြစ်ပါတယ်တဲ့။ အလင်းနှစ်ပါတ်စာ သွားတဲ့ အကွာအဝေးဟာ သူ့ရဲ့ အချင်းပါပဲတဲ့။ ၂၀၀၆ ခုနှစ် မေလ ၂၄ ရက်နေ့က Hubble space telescope ကနေ ကွေဆာ ငါးခုတွဲ မြင်ခဲ့ ရပါတယ်။ Hubble telescope ကနေ ရိုက်ကူးခဲ့တဲ့ ပုံကို ဘေးမှာ ပြထား ပါတယ်။ တကယ်တော့ ကွေဆာက တစ်ခုတည်းပါ။ ငါးမွှာ မြင်ရတဲ့ ကိစ္စက ကြားထဲမှာ Gravitational Lens တစ်ခု ခံသွားလို့ ဖြစ်ပါတယ်တဲ့။ ဘယ်လို Lens မျိုးပါလဲ။ အဖြေ ရှာကြတဲ့ အခါ black hole ရှိကြောင်း သက်သေ ပြစရာ ဖြစ်လာ ပါတယ်..။

အောက်မှာ ပြထားတဲ့ ပုံကို ကြည့်မယ် ဆိုရင် ကွေဆာ တစ်ခုတည်းကို ဘာကြောင့် အစုလိုက် မြင်ရတယ် ဆိုတာ ရှင်းသွားမှာပါ။
ပုံ နံပါတ် ၁ မှာ ကွေဆာဆီက အလင်းရောင် ကို ကမ္ဘာက ရတဲ့ပုံပါ..။ အဲဒီကွေဆာနဲ့ ကမ္ဘာနဲ့ ကြားကို ကြီးမားတဲ့ အရာဝတ္ထုတစ်ခု ၀င်လာတဲ့ အချိန်မှာ အလင်းဟာ ကွေ့ယိုင်သွားပါတယ် (ပုံ နံပါတ်၂ ) ။ အလင်းဟာ ဒီအရ၀တ္ထုကို ဖောက်ထွင်းမသွားနိုင်ပေမယ့် normal မဟုတ်တဲ့ magnetic field တွေကြောင့် အဲဒီအရာဝတ္ထုရဲ့ ဘေးကနေ လျှံပြီး ကျနော်တို့ဆီက မြင်ရပါတယ် (ပုံ နံပါတ်၃)။ အရာဝတ္ထုမှာ အတွင်းဘက်ကို ၀ဲလှည့်နေတဲ့ အားလမ်းကြောင်းတွေရှိပါတယ် (ပုံ နံပါတ်၎) ။ အဲဒီအရာဝတ္ထုရဲ့ ကြီးမားလှတဲ့ gravity နဲ့ electromagnetic field တွေကြောင့် အလင်းရောင် ဟာ အဲဒီ ဆွဲငင်အားတွေရဲ့ သက်ရောက်မှုတွေနဲ့ လမ်းကြောင်းတွေခွဲပြီး ကမ္ဘာပေါ်ကို ကျရောက်ပါတယ် (ပုံနံပါတ် ၅)။ ရလာဒ်အနေနဲ့ ကတော့ ကွေဆာတစ်ခုထဲ ကွေဆာ အစုလိုက် အဖြစ်မြင်ခဲ့ရတာပါပဲံ.။ အောက်မှာ ပြထားတာက ကျနော်တို့ ကမ္ဘာကနေ မြင်ရတဲ့ ပုံပါ (ပုံနံပါတ် ၆)။ အဲဒီလို ကြားထဲက ဝင်လာတဲ့ အရာဟာ black hole ဖြစ်ပါတယ်တဲ့ ခင်ဗျာ။

ကျမ်းကိုး

၁။ http://www.daviddarling.info/encylopedia
၂။ http://cass.ucsd.edu
၃။ http://www.cosmiclight.com
၎။ http://www.nasa.gov
၅။ BBC Discovery, Space
၆။ http://www.wikipedia.org
၇။ Encarta Encyclopedia premium 2006

Sunday, November 9, 2008

၂၀၁၂ တွင် အသက်ရှင် ကျန်ရစ်ရေး နည်းလမ်းများ စာအုပ်

7 comments
ပို့စ် အသစ်လဲ မတင်နိုင် အတူတူ ၂၀၁၂ ကိစ္စ စိတ်ဝင်စားသူတွေ အတွက် စာအုပ်လေး တစ်အုပ် ကြေငြာ ပေးလိုက်ပါတယ်။ amazon အတွက် အခမဲ့ ကြေငြာ ပေးလိုက်ရသလိုပဲ။ :P
ဒီစာအုပ် အလကား ရနိုင်မယ့် နေရာ ကျနော် ရှာတွေ့ ရင် ထပ်တင် ပေးပါ့မယ်။ သူတို့ကတော့ အတည်ပေါက် ကြီးနဲ့ လုပ်ကုန်ကြပြီဗျို့..။ ဝယ်ဖတ်ထား ရကောင်းမလား မသိဘူး။ :P


Planet X Forecast and 2012 Survival Guide

by Jacco van der Worp (Author), Marshall Masters (Author), Janice Manning (Editor) );
See all 22 customer reviews

List Price
: $19.95
Price: $17.95 & eligible for FREE Super Saver Shipping on orders over $25. Details
You Save: $2.00 (10%)
Special Offers Available

In Stock.
Ships from and sold by Amazon.com. Gift-wrap available.

Want it delivered Tuesday, November 11? Order it in the next 30 hours and 26 minutes, and choose One-Day Shipping at checkout. See details

14 new from $17.95 5 used from $23.52

Friday, November 7, 2008

တွင်းနက် (Black Hole) - ၃

6 comments
black hole နဲ့ပါတ်သတ်ပြီး စိတ်ဝင်စားလာကြတာကတော့.. Big Bang and Big Crunch Theory ကစမယ်လို့ ထင်ပါတယ်..။ စကြာဝဠာကြီးရှိနေတာကို သိခဲ့ကြပါပြီ..။ ဒီစကြာဝဠာကြီး ဘယ်လို အစပြုခဲ့တယ်.၊ ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို ပညာရှင်တွေက ဖြေရှင်းဖို့ ကြိုးစားကြပါတယ်..။ သူတို့ရဲ့ ကြိုးစားမှုတွေဟာ How? ဆိုတဲ့ မေးခွန်းကို ဖြေနိုင် ကောင်း ဖြေနိုင် ကြပေမယ့် Why? ဆိုတဲ့ မေးခွန်း ကိုတော့ ဘယ်သူမှ မဖြေနိုင် ကြပါဘူး..။ How? ဆိုတဲ့ မေးခွန်းကို ဖြေကြတဲ့ အဖြေ တွေမှာတော့ အများဆုံး လက်ခံကြတာ Big Bang Theory ပါ..။ အဲဒီ သီအိုရီက ယုတ္တိ တန်တဲ့ သက်သေ ပြချက်တွေ ပေးနိုင်လို့ ဖြစ်ပါတယ်..။ တယ်လီစကုပ် တွေနဲ့ ကျနော်တို့ မြင်နေ ကြရတဲ့ ကြယ်စုတိုင်း လိုလိုဟာ သူ့တို့ အချင်းချင်း ဝေးကွာ နေကြ သလို ကျနော်တို့ ဆီကလည်း ဝေးရာကို သွားနေ ကြပါတယ်..။ (အင်ဒရိုမီးဒါး ကြယ်စု ကတော့ ကျနော် တို့ဆီကို လာနေ ပါတယ်)..။ မေးစရာ မေးခွန်း တစ်ခု ရှိပါတယ်..။ သူတို့ဆီက အလင်းရောင် ကျနော်တို့ ဆီ ရောက်ဖို့ နှစ် သန်းချီ ကြာတဲ့ ကြယ်စုတွေ ကျနော်တို့ ဆီကနေ ဝေးကွာ သွားတယ်လို့ ဘယ်လို လုပ်ပြီး သိနိုင်တာပါလဲ..။ ပညာရှင် တွေက ဒီလို ဖြေရှင်းတာပါ..။ ကျနော်တို့ ဆီကနေ ဝေးသွားတဲ့ ကြယ်စု တွေ ဆီက လာတဲ့ အလင်းတွေ အတွက် လမ်းကြောင်းက သူတို့ လာနေရင်း ကိုပဲ ရှည်.. ရှည် သွားပါတယ်..။ သူတို့ စထွက်တဲ့ အချိန်နဲ့ ကျနော်တို့ဆီ ရောက်လာတဲ့ အချိန်အတွင်း ကြားမှာ အကွာအဝေးက အများကြီး ပြောင်းလဲ သွားပြီကိုး..။ အဲလိုဆိုတော့ အလင်းရောင်ဟာ ဆွဲဆန့်ခြင်း ခံရပါတယ်..။ အလင်းရဲ့ လှိုင်းအလျှား ပိုရှည် သွားတာပါ..။ လှိုင်းအလျှား 600 nano meter ရှိရမယ့် အလင်းက 700 nm နီးပါး ဖြစ်ပြီး အနီရောင် သမ်း သွားပါတယ်..။ ( အလင်းဖြူ (day light) ထက် အနီရောင်က လှိုင်းအလျှား ပိုရှည်ပါတယ်။) အဲဒီဖြစ်စဉ်ကို အနီဘက် အရွေ့ (red shift) လို့ ခေါ်ပါတယ်..။ တကယ်လို့ ကြယ်စု တွေက ကျနော်တို့ ဆီကို လာနေတယ် ဆိုရင် အချိန်နဲ့ အမျှ အကွာ အဝေးက တိုသွားမှာ ဖြစ်တော့ ကြားထဲက အလင်း ရောင်ဟာ compress လုပ်ခြင်း ခံရ ပါမယ်။ အဲဒါ ဆိုရင် နဂို ကထက် လှိုင်းအလျှား ပိုတို သွားပြီး အပြာရောင် သန်းသွား ပါမယ်..။ အပြာဘက် အရွေ့ (blue shift) လို့ သတ်မှတ် ပါတယ်..။ Doppler effect ဖြစ်ပါတယ်။ ဘေးက ပုံကို ကြည့်လိုက် ရင် ရှင်းသွားမယ် ထင်ပါတယ်။ မရှင်းရင် comment ရေးပြီး မေးစေ ချင်ပါတယ်။ ကြယ်စု အားလုံးလိုလို ရဲ့ အလင်း တွေဟာ အနီဘက်အရွေ့ (red shift) ဖြစ်နေကြပါတယ်တဲ့..။ ဆိုလိုတာ ကတော့ ကျနော်တို့ စကြာဝဠာ ကြီးဟာ ပြန့်ကား နေပါတယ် တဲ့ဗျာ..။ ကျယ်ပြန့်လာနေတဲ့ အချက်ကနေ စဉ်းစားလိုက်ရင် အရင်က တစ်စုတစ်ဝေးထဲ ရှိနေပြီး ပေါက်ကွဲမှု ကြီးတစ်ခု ကြောင့် အဘက်ဘက် ကို လွင့်ထွက် လာကြ ခြင်းလို့ ကောက်ချက်ဆွဲလို့ ရပါတယ်..။ (အမှန်တော့ ဒီထက်ပိုတဲ့ သက်သေပြချက်တွေ ရှိပါတယ်..။ ကျနော် စာအုပ် ပြန်ဖတ်ရမှာ ပျင်းနေလို့.. :P ) ဆိုပါတော့.. မဟာပေါက်ကွဲမှုကြီး ကနေစတယ်ပေါ့..။ ဒါဆိုရင် ကျနော်တို့ စကြာဝဠာကြီးဟာ ဒီလိုပဲ အဆုံး အစမရှိ ပြန့်ကား သွားတော့ မှာလား..။ နောက်ဆုံးမှာ ဘာဖြစ်မလဲ..။ ဒီလို မေးခွန်းတွေ ပေါ်လာ ပါတယ်..။ ဖြစ်နိုင်ခြေက သုံးခု ရှိပါတယ်..။ တစ်ခုက အဆုံး အစမရှိ ပြန့်ကား သွားပြီး တဖြည်းဖြည်း ဝေးကွာ လာကြ ပြီးတော့ စွမ်းအင် တွေလည်း လျှော့ပါး ပျောက်ဆုံး ပြီးတော့ မဲမှောင်နေတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ အေးစက်စက်နဲ့ အသက်မရှိတဲ့ အစိုင်အခဲ တွေအဖြစ်နဲ့ အဆုံးသတ် ပါလိမ့်မယ်..။ နောက်တစ်မျိုး ကတော့ မမြင်နိုင်တဲ့ dark energy တွေရဲ့ သက်ရောက် မှုကြောင့် ဂလက်ဆီ တွေဟာ တခုနဲ့ တခု အကွာအဝေး ကို မထိမ်း သိမ်းနိုင်ပဲ တစ်ခုနဲ့ တစ်ခု ဝေးကွာ သွားသလို ဂလက်ဆီ ကိုယ်တိုင်မှာ လဲ သူ့ကိုယ်သူ ဆက်ပြီး တည်မြဲအောင် မထိမ်းသိမ်းနိုင်ပဲ ကြယ်တွေ ဂြိုဟ်တွေ တစ်စစီ ကွဲထွက်ပြီး အက်တမ် တွေတောင် ပြိုပျက်ပြီး ဘာမှ မကျန်တော့တဲ့ အထိ ကွဲပျက် ပျောက်ကွယ်သွားပါ လိမ့်မယ်တဲ့ (၂၀၀၃ ခုနှစ်မှ ထွက်တဲ့ hypothesis ပါ)။ တစ်ခြား ဖြစ်နိုင်ချေ တစ်ခုကတော့ အခုလို ပြန့်ကားနေတဲ့ အရှိန်ဟာ ဒြပ်ဆွဲအားကြောင့် တဖြည်းဖြည်း အရှိန်သေပြီး နောက်ဆုံး ရပ်တန့် သွားပါ လိမ့်မယ်..။ အဲလို ရပ်တန့် သွားပြီးနောက် တဖြည်း ဖြည်းချင်း ပြန်လည် ဆွဲငင်ပြီး နောက်ဆုံးမှာ black hole ရဲ့ core လိုပဲ singularity အဖြစ် ပြန်လည် ပူးပေါင်းပါလိမ့်မယ်..။ အဲဒီနောက် မဟာပေါက်ကွဲမှုကြီး တစ်ဖန်ပြန်ဖြစ်ပါလိမ့်မယ်..။ အဲဒီလို မဟာ စုစည်းမှုကြီးကို Big Crunch လို့ ခေါ်ပါတယ်။ အပေါ်က ပြောထား သလို ယူဆချက် သုံးမျိုး ရှိပါတယ်။ Big Crunch, Indefinite Expension (Big Freeze) နဲ့ Big Rip တို့ ဖြစ်ပြီး ပုံမှာ ပြထားပါတယ်။ Big Crunch က သဘာဝ ကျတယ်လို့ အများက စဉ်းစား ကြပါတယ်..။ ဒါပေမယ့် အဲဒီလို မဟာ စုစည်း မှုကြီး ဖြစ်ဖို့က လုံလောက်တဲ့ matter မရှိပါဘူး..။ ကြယ်စု တွေဟာ တစ်ခုနဲ့ တစ်ခု ဝေးကွာ လွန်းပြီး ကြယ်စု ထဲက ဂြိုဟ်တွေ ကြယ်တွေရဲ့ ဒြပ်သား စုစုပေါင်း ဟာလည်း နည်းလွန်း ပါတယ်။ စတီဖင် ဟော့ဖ်ကင်းက ဆိုပါတယ်။ စကြာဝဠာ ထဲက ဒြပ်သား အားလုံးရဲ့ ၉၀% ဟာ မမြင်နိုင်တဲ့ dark matter တွေလို့ ဆိုပါ တယ်ဗျာ..။ အဲလို ဆိုရင်တော့ မဟာ စုစည်းမှု ကြီးဖြစ်ဖို့ လုံလောက်တဲ့ ပမာဏပါပဲ..။ black hole ဆိုတာလဲ dark matter ထဲမှာ ပါတော့ ၀ိုင်းပြီး စိတ်ဝင်စား ခံရတယ်လို့ ထင်ပါတယ်..။
black hole တွေ ရှိနေတယ်ဆိုတာကတော့ ဟုတ်ပါပြီ..။ ဒီ black hole တွေ ရှိနေကြောင်း ဘယ်လို သက်သေ ပြကြသလဲ..။ သူ့ဆီကနေ အလင်းရောင် တောင် လွတ်ထွက် မလာနိုင်လို့ မမြင်ရတဲ့ မဲမှောင်မှောင် အရာဝတ္ထု ကြီး ရှိနေကြောင်း သက်သေ ပြကြ တာလည်း စိတ်ဝင်စား စရာပါ..။ ပညာရှင်တွေက x-rays telescope တွေနဲ့ သက်သေ ပြကြပါတယ်..။ စကြာဝဠာ ထဲမှာ x-rays emitter object တွေ အများအပြား ရှိကြပါတယ်..။ ဒါပေမယ့် အင်အား ပျော့တော့ တခြား ဂလက်ဆီ တွေက x-rays တွေကို detect မလုပ်နိုင် ပါဘူး..။ တခြား ဂလက်ဆီက x-rays တွေကို detect လုပ်လို့ ရခဲ့ ရင်တော့ ဒါဟာ အင်မတန် အင်အား ကောင်းတဲ့ source ဖြစ်နေ လို့ပါတဲ့..။ တခြား ဂလက်ဆီက x-rays တွေကို detect လုပ်လို့ ရကြ ပါတယ်..။ ပညာရှင် တွေ ရှင်းပြ တာကတော့ အဲဒီ ဂလက်ဆီ တွေမှာ ရှိနေတဲ့ galatic black hole တွေကြောင့် ဖြစ်ပါ တယ်တဲ့..။ (galactic black hole ဆိုတာ galaxy အလယ်က အင်မတန် ကြီးမားတဲ့ black hole ကြီး တွေဖြစ်ပါတယ်..။ ဒီအကြောင်းကို ပြီးရင် သက်သက် ရှင်းပြပါ့မယ်..)။ အဲဒီ black hole ကြီးတွေဟာ ကျနော်တို့ နေထက် အဆပေါင်း သန်းရာ၊ ထောင် ချီပြီး သိပ်သည်း ကြပါတယ်..။ အင်မတန် ကြီးမား ပြင်းထန်တဲ့ gravitational နဲ့ magnetic fields တွေရှိကြပါတယ်..။ ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာဝတ္ထု တွေဟာ အတွင်းဘက်ကို လျှင်မြန်တဲ့ နှုန်းနဲ့ ၀ဲလှဲ့ပြီး ၀င်နေ ကြပါတယ်..။ အဲဒီ အရာဝတ္ထုတွေက ဓါတ်ငွေ့နဲ့ ဖုန်တိုက် တွေရဲ့ ပွတ်တိုက် မှု ကြောင့် ထွက်လာတဲ့ အပူဟာ x-rays ကို ဖြစ်စေ ပါတယ်..။ နောက်ပြီး တော့ ပွတ်တိုက်မှု ကြောင့် အက်တမ် တွေကနေ ဖဲ့ခြွေ ခံရတဲ့ electron တွေဟာလည်း ၀ဲလှဲ့ တဲ့ ထဲမှာ ပါဝင် ပါတယ်..။ ဒီelectron တွေရဲ့ ရွေ့လျှားမှု က နေပြီး တော့လည်း ပြင်းထန်တဲ့ x-rays ကို ရရှိ စေပါတယ်..။ x-rays telecope ကနေ အဲဒီ x-rays တွေကို ခြေရာ ခံပြီး black hole တွေ ရှိကြောင်း ကို သက်သေ ပြပါတယ်တဲ့..။ နောက်တစ်ခု က Quasar ပါ..။ ဝေးလံတဲ့ နေရာမှာ ရှိနေပေမယ့် အင်မတန် တောက်ပတဲ့ အရာဝတ္ထု တွေ ဖြစ်ပါတယ်..။ သူတို့ကို သုံးပြီး black hole ကို သက်သေ ပြတာလည်း ရှိပါတယ်..။ ဆက်လက် ဆွေးနွေး ပါ့မယ်..။

Wednesday, November 5, 2008

ကို အလှတရားသို့ (black hole အကြောင်း ရှင်းလင်းချက်)

5 comments

comment မှာ ကို အလှတရား မေးထားတာကို comment အနေနဲ့ ပြန်ရှင်းပြဖို့ အဆင် မပြေတဲ့ အတွက် ပို့စ် တင်လိုက်တာပါ။ အခြား စာဖတ်သူတွေပါ မြင်နိုင်ဖို့ ဖြစ်ပါတယ်။ ကို အလှတရား မေးထားတာလေးတွေကို အရင် ဖတ်ပြီး ကျနော် ဖြေထားတာလေးတွေကို ဝေဖန်ပေးပါ၊ ဘဝင်မကျတာ၊ မှားနေတာ လေးတွေကို ထောက်ပြပေးပါဗျာ။ စာဖတ်သူများ အားလုံး ကျနော် ဖြေပေးထားတာကို ဝေဖန်ပေးစေ လိုပါတယ်။

ကိုခွန်းရေ ၁) နူကလီးယား ပေါက်ကွဲမှုဖြစ်စဉ်တွေကနေ နောက်ဆုံး တွင်းနက် ဖြစ်တယ်လို့ နားလည်ပါတယ်။ ၂)နူကလီးယား ဖြစ်စဉ်ဆိုတာကို ကျနော် သိတာက e=mc2(square)ပါ။ အီလက်ထရွန်တွေ ထုတ်လွှတ်တဲ့ အတွက် (mass )နဲ့ (acceleration နှစ်ထပ်ကိန်း) မြှောက်တဲ့ စွမ်းအင်ပဲလို့ သဘောပေါက် ထားပါတယ်။ (ဒီလိုနားလည်ထားတဲ့ အတွက်ပဲ နံပါတ်၎ မေးခွန်းက ဖြစ်လာရတာပါ။ ဒါကြောင့် ဒီနံပါတ်၂ မှာ ကျနော်သိထားတဲ့ အသိဟာ မလုံလောက်ဘူး လား လို့ စဉ်းစားမိပါတယ်။) ၃)fate of supergiant ဟာ supernova ။ fate of supernova ကတော့ neutron star or black hole/လို့နားလည်ရပါတယ်။ ၄) တွင်းနက် (black hole) တွေမှာ နူထရွန် အဆင့်ထက် ကျော်လွန်တဲ့ ဖြစ်စဉ်တွေရှိတာ ကို မမှန်းဆ တတ်ပါဘူး။ (နူထရွန် (neutron star) အဆင့်မှာ ကတည်းက နူကလီးယား ဖြစ်စဉ် ဘယ်လို ဆက်ဖြစ်သလဲ ဆိုတာကို သဘော မပေါက်တာပါ။နူထရွန်နဲ့ ဟို equation ကို မဆက်စပ်တော့ပဲ ခေါင်းရှူပ် သွားပါတယ်။ ၂ မှာရေးခဲ့သလို ပါပဲ။ equation ပြောင်းလဲမှု ရှိလား ဒီတိုင်းပဲလား သဘော မပေါက်တာပါ) ၅)ဒီနေရာမှာ စကြာဝဠာဟာ မျဉ်းကွေး အတိုင်း ရှိသည် ဆိုတဲ့ ရီလေတီဗီတီနဲ့ တွင်းနက် ခရီး သွားလာရေးကို နည်းနည်း ထပ်ရှင်း ပေးပါဦး။ ပုံထဲမှာ အချုပ်လောက် ပြထားတော့ စိတ် ၀င်စား မိပါတယ်။ ၆)တွင်းနက် သဘောတရားဟာ ခိုင်ခိုင်မာမာ မသိရသေးတဲ့ သီအိုရီတစ်ခုများလား? ဒါကတော့ မေးခွန်း မဟုတ်ပါဘူး။ တွေးမိတာပါ။ ကိုခွန်းရေ ကျနော့်ရဲ့ နားလည်မှုမလုံလောက်တဲ့ အတွက် မေးခွန်းတွေမေးသွားတာကို စိတ်မရှိပါနဲ့။ (မေးခွန်းတွေက ရယ်စရာများ ဖြစ်နေမလားပဲ) အားထုတ်မှုကို အမြဲ အသိအမှတ်ပြုပါတယ်။ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီလိုရေးသားဖို့ ဆိုတာ။ သပ်သပ်ရပ်ရပ်နဲ့လည်း ရေးတတ်တယ်။ ပိုစ့်တိုတိုလေးမှာ ခြုံ့ရေးရတာ မလွယ်ပါဘူး။ ဒီ့ထက် ပိုပြည့်ပြည့် စုံစုံလေး ရေးနိုင်ရင် (အခြေခံ လေးတွေကို နည်းနည်းပါးပါး သာမန် လူနားလည် အောင် ပိုပြီးရေးနိုင်ရင်) ကျနော့် အတွက်တော့ ပိုကောင်းမယ်ဗျ။ ဒါပေမဲ့ ခုအတိုင်းလဲ ကောင်းတဲ့ ပိုစ့် ဆိုတာကို ငြင်းလို့ မရပါဘူး။ အဆင်ပြေပါစေဗျာ။

မင်္ဂလာပါ ကိုအလှတရား ရေ။ ကွန့်ပေးသွားတာ အများကြီး ကျေးဇူး တင်ပါတယ်။
မေးသွားတာ လေးတွေ အရမ်း ကောင်းပါတယ်။ အများစု စိတ်ထဲမှာ မရှင်းပဲ ဖြစ်နေနိုင်တဲ့ အချက် လေးတွေ ကို ရွေးပြီး မေးသွားတာ ဖြစ်တဲ့ အတွက် တော်တော် ကောင်းပါတယ်။
မေးခွန်းတွေကို ဖြေရမယ် ဆိုရင်
(၁) nuclear ပေါက်ကွဲမှု ဖြစ်စဉ် ဆိုတာ ထက် nuclear fusion ဖြစ်စဉ် လို့ ပြောရမှာပါ။ fission နဲ့ fusion က မတူပါဘူး။ atomic number ကြီးတဲ့ ဒြပ်စဉ် ( ရေဒီယံ၊ ယူရေနီယံ) တို့လို ဟာတွေ ကွဲ ထွက်ပြီး စွမ်းအင် ထွက်တာက fission ဖြစ် ပြီးတော့ atomic number ငယ်တဲ့ ဒြပ်စဉ် (ဟိုက်ဒရိုဂျင်) တွေ ပေါင်းစပ် ပြီး စွမ်းအင် ထွက်လာ တာက fusion ပါ။ ကြယ်တွေ စွမ်းအင် ပေးတဲ့ နည်းလမ်းက fusion ပါ။ အဲဒီ တော့ black hole ဖြစ်စဉ် တစ်လျှောက် လုံးမှာ fusion ဖြစ်စဉ် တွေပဲ ဖြစ်ပါတယ်။ အီကွေးရှင်းက တော့ အရင် ပို့စ် မှာ ပြထားပါတယ်ဗျာ။
(၂) e = mc2 က ဒြပ်နဲ့ စွမ်းအင်ရဲ့ ဆက်စပ်ချက်ပါ။ ဒြပ်ကို စွမ်းအင် အဖြစ် ပြောင်းရင် ရနိုင်မယ့် စွမ်းအင် ပမာဏကို အဲပုံသေ နည်းနဲ့ ရှာယူ နိုင်ပါတယ်။
(၃) ကို အလှတရား ပြော တဲ့ အတိုင်း မှန်ပါတယ်။ အရင်ပို့စ်က ပုံမှာ ကြည့် လိုက်ရင် ပိုပြီး ရှင်းသွားပါ လိမ့်မယ်။
(၄) အမှန်တော့ neutron အဆင့်မှာ ကတည်းက nuclear fusion မဟုတ်တော့ပါဘူး။ ဒြပ်ဆွဲအားပါ။ proton က + ၊ electron က - charge ဆောင်ပါတယ်။ ပါတ်ဝန်းကျင်က အက်တမ်တွေ အားလုံးရဲ့ ဆွဲငင်အား မျှခြေ မှာ အက်တမ် အဖြစ် တည်မြဲ နေနိုင်ပေမယ့် ကြယ်ရဲ့ ဗဟိုက ကြီးမားတဲ့ ဆွဲငင်အား သက်ရောက်လာရင်တော့ ခုနက မျှခြေ ပျက်သွားပါတယ်။ အလယ်ဗဟိုမှာပဲ ပြွတ်သိပ်ပြီး ဒြပ်တွေစုကြ၊ ဒြပ်တွေ များလာလေလေ ဆွဲငင်အား ကောင်းလေလေ၊ အဲဒီအချိန်မှာ အက်တမ် မှာ အပြင်က ပါတ်နေတဲ့ electron ရော ၊ အထဲက ရှိနေတဲ့ proton ရော ခုနက ပြင်းထန်လှတဲ့ ဆွဲငင် အား ရှိတဲ့ နေရာကို ပြေးပြီး ကပ်ပါတယ်။ ဥပမာ ကျနော်တို့ နေအဖွဲ့အစည်း နားကို နေထက် အဆ ၁၀၀ လောက် ကြီးတဲ့ ကြယ်ကြီး တစ်လုံး ရောက်လာ ခဲ့မယ် ဆိုရင် ဂြိုဟ်တွေက နေကို ပါတ်နေတဲ့ စံနစ် ပျက်သွား ပါလိမ့်မယ်။ ဂြိုဟ်တွေရော နေရော အဲဒီ ကြယ်ကြီးထဲကို အကုန် ကျသွားမှာ မို့လို့ပါ။ အဲဒီလိုမျိုး အက်တမ်တွေ ပြိုကျကုန်တဲ့ အခါ neutron star မှာ ဘာ အက်တမ်မှ မရှိတော့ပဲ neutron သီးသန့် နီးပါးလောက်ပဲ ကျန်ပါတော့ တယ်။ အချို့သော protons နဲ့ electron တွေဟာ မတူညီတဲ့ charge တွေကြောင့် neutron အဖြစ် ပေါင်းစည်းပြီး no charge ဖြစ်သွားပါတယ်။ (ဒါက ကျနော့် အယူ အဆပါ။ proton နဲ့ electron အများစု ဘယ်ရောက် သွားလဲ ဆိုတာ ဘယ် မှာမှ ရေးပြ မထားတဲ့ အတွက် ကိုယ့်ဟာကိုယ် ယူဆ လိုက်တာပါ။ မှားနိုင် ပါတယ် ) ။ အဲဒီလိုနဲ့ ကျန်ရှိတဲ့ electron ၊ proton ၊ nuclei နဲ့ neutron တွေရဲ့ ဖွဲ့ စည်းပုံကို ပုံမှာ တွေ့နိုင် ပါတယ်။ အဲဒီ အခြေ အနေကို ရောက်ရင်တော့ ဗဟိုကနေ ဆွဲတဲ့အားနဲ့ သူ့အချင်းချင်း ပြန်ဆွဲတဲ့ အားက မျှခြေကို ပြန်ရောက် သွားတဲ့ အတွက် ဒီအတိုင်း ဆက်ပြီး တည်မြဲ နိုင်ပါတယ်။ တကယ်လို့ ကြယ်ရဲ့ ဒြပ်ထုက သိပ်ကို ကြီးနေခဲ့ရင်တော့ အဲဒီ မျှခြေ မှာ မရှိတော့ပါဘူး။ အကုန်လုံး ဖိသိပ်ပူးကပ်ပြီး တသားတည်း ဖြစ်ကုန်မှာပါ။ ကြံရိုးက လက်နဲ့ညှစ်ရင် ဘာမှ မဖြစ် ပေမယ့် ကြံကြိတ် စက်ထဲ ထည့်ကြိတ် လိုက်ရင် ပြားသွား တာပဲ မဟုတ်လား။ အဲဒီလို တသားတည်း ဖြစ်သွားတာကို singularity လို့ ခေါ်ပြီးတော့ ဒါဟာ black hole ရဲ့ core ပါပဲ။ ဒါတွေနားလည်ဖို့က ရူပဗေဒ အခြေခံတော့ လိုပါတယ်။ ကျနော်လည်း မမှီမကမ်း လိုက်ရှင်းနေရတာဗျို့။ ဝါးတားတားပဲဗျ။ :P
(၅) ဒီကိစ္စက ကျနော်လည်း ရေရေရာရာ မသိဘူးဗျ။ black hole ဆိုတာ ရှိသလို ကြယ်စု အသစ်တွေ ပေါ်ပေါ်လာတဲ့ white hole ဆိုတာလည်း ရှိတယ် လို့ အယူအဆတွေ ရှိပါတယ်။ black hole က စုပ်၊ white hole မှာ ပြန်ပေါ်ပေါ့။ အဲဒီ နှစ်ခုကို ဆက်စပ်ပေးတာက wormhole ပါတဲ့။ သူတို့ hypothesis တွေမှာကျတော့ ကြယ်စုတွေက အဲဒီ လည်ကျဉ်းလေး ထဲကပဲ ဖြတ်ထွက် သလိုလို။ ဒါပေမယ့် လက်ရှိ ရူပဗေဒ စံနဲ့ကျတော့ သိပ်ပြီး ယုတ္တိ မတန်တော့ အများစုက မယုံကြည်ပါဘူး။ စကြာဝဠာက ကွေးနေတယ် ဆိုတဲ့ ကိစ္စကလည်း hypothesis အနေနဲ့ ရှိပါတယ်။ သုံးဖက်တိုင်း Dimension ထဲကနေ ထွက်ပြီး စဉ်းစား ရမယ် ထင်တယ်။ သူတို့ ချထားတဲ့ hypothesis ကို ဘေးကပုံမှာ ပိုပြီး မြင်သာမှာပါ။ ကျနော်တို့ဆီကနေ အလင်းနှစ် သန်းပေါင်းများစွာ ဝေးတယ်ဆိုတဲ့ ကြယ်တွေဆီက အလင်းတွေက ပုံမှာ ပြထားသလို ခေါက်ပြီးတော့ ရောက်လာတယ် လို့ ဆိုပါတယ်။ အဲဒါကြောင့် အလင်းရောင် နဲ့ တိုင်းတာ တဲ့ အခါ နှစ်သန်း ပေါင်း များစွာ ဝေးနေတာ ဖြစ်ပြီး တော့ တကယ် တမ်းက ပုံမှာ ပြထား သလို နီးနီးလေး လို့ ဆိုပါတယ်။ ဘာလို့ ဖြတ်လမ်း ကနေ အဖြောင့် မလာပဲနဲ့ အဲလို ရှည်ရှည် ဝေးဝေး ခေါက်ပြီး လာနေရလဲ ဆိုတာတော့ ဖြေရှင်းချက် မတွေ့မိပါဘူး။ အဲဒီမှာ အလင်းလို မဟုတ်ပဲနဲ့ ဖြတ်လမ်း အနေနဲ့ wormhole ရဲ့ လည်ကျဉ်း ထဲကနေ ဟိုဘက်ကို ချက်ချင်း ရောက်သွား နိုင်တယ်လို့ ဆိုပါတယ်။ ဝက်ဘ်ဆိုဒ် တွေမှာရော စာအုပ်တွေ ထဲမှာရော ရေလည်အောင် ရှင်းပြ ထားတာ မတွေ့မိပါဘူး။ ပရော်ဖက်ဆာ တစ်ယောက်ယောက်ကို မေးမယ် ဆိုရင်လည်း ကျနော် နားမလည်တဲ့ 6 dimension တွေ 8 dimension တွေနဲ့ ရှင်းမှာ ဆိုတော့ ဘာမှ ထူးပြီး သိလာမယ် မထင်ပါ။ လေ့လာလို့ သိလာရင် ချက်ချင်း ပို့စ်တင်ပေးပါ့မယ်ဗျာ။
(၆) အဲဒီ မေးခွန်းနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာကို နောက်ထပ်တင်မယ့် တွင်းနက် (black hole) - ၃ မှာ လာဖတ်ပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

Monday, November 3, 2008

တွင်းနက် (Black Hole) - ၂

5 comments
supergiant တွေ ပြိုပျက်တဲ့ အချိန်မှာ ဖြစ်ပေါ် လာတာ ကတော့ supernova ပါ..။ supernova နဲ့ ပါတ်သတ်ပြီး စိတ်ဝင်စားရင် ကြည့်နိုင်တဲ့ animation ကို ဒီနေရာ ကို click ပြီး ကြည့်နိုင်ပါတယ်။ ကျနော်တို့ နေ ထက် အနည်းဆုံး ၈ ဆ လောက်ကြီးတဲ့ ကြယ်ကြီး တွေ ပြိုပျက်လို့ ဖြစ်လာတဲ့ supergiant တွေက စပါတယ်..။ supergiant တွေမှာ အပြင်ဘက် ပိုင်းတွေမှာ ဖြစ်နေ တဲ့ nuclear reaction ဟာ atomic number ငယ်တဲ့ ဒြပ်တွေကို ကြီးတဲ့ ဒြပ်တွေ ဖြစ်လာ အောင် ပြောင်းလဲ ပစ်နေ ပါတယ်..။ nuclear fusion ဖြစ်စဉ် ပါ..။ ဟီလီယမ် ကနေ ကာဗွန်၊ အောက်ဆီဂျင်၊ အိုင်ရွန်း စသည် ဖြင့်ပေါ့..။ သာမာန် redgiant တွေမှာတော့ ကာဗွန် မှာပဲ အဆုံး သတ်တဲ့ အတွက် ကာဗွန်ပဲ ကျန်ပါ တယ်..။ supergiant ကြယ်ကြီး တွေ မှာတော့ iron အဆင့် ရောက်မှ stable ဖြစ်ပါတယ်..။ fusion ဖြစ်စဉ်ဟာ iron ထက်ပိုလေးတဲ့ ဒြပ်တော့ မလုပ်ပေး နိုင်တော့ပါဘူး..။ ဒါနဲ့ iron တွေ ဖြစ်လာတာ များလာ တဲ့အခါ.. သူ့ရဲ့ ဒြပ်ထုကို သူ မနိုင် တော့ပဲ အတွင်း ကို ပြိုကျ ပါတယ်..။ အဲဒီပြိုကျတဲ့ အရှိန်နဲ့ ပေါက်ကွဲ ပါတယ်..။ ပေါက်ကွဲမှု အ ရှိန်ကြောင့် ဖြစ်ပေါ် လာတဲ့ shock wave ဟာ material shell နဲ့အတူ စကြာဝဠာ ထဲကို ပျံ့လွင့် သွားပါတယ်..။ အဲဒီလို ဖြစ်နေတဲ့ ကြယ်ပျက်ကြီးကို supernova လို့ခေါ်ပါတယ်..။ ပေါက်ကွဲမှု တွေကြောင့် အပြင်ကို မှုတ်ထုတ် ခံလိုက်ရတဲ့ ဒြပ်ပစ္စည်း တွေဟာ နောက်ထပ် ကြယ်သစ် တစ်လုံး.. ဒါမှမဟုတ် ဂြိုဟ် တစ်လုံး အဖြစ် ပေါင်းစည်း ကြပါတယ်...။ ဘေးမှာ ပြထား တဲ့ ပုံကတော့ ၁၉၉၄ ခုနှစ်မှ Hubble Space Telescope က တွေ့ခဲ့တဲ့ Supernova 1987 A ရဲ့ ပုံ ဖြစ်ပါ တယ်..။ supernova တစ်ခုဟာ သူ့ရဲ့ အပြင်လွှာ တွေ အတွင်း ဘက်ကို ပြိုပြို ကျရာ ကနေ နောက်ဆုံး မှာ အလယ်က core မှာ အင်အား ကောင်းတဲ့ ဆွဲငင်အားကို ဖြစ်စေ ပါတယ်..။ mass က ပိုပို ကြီးလာ တဲ့အခါ gravity က ပိုပို များလာတဲ့ သဘော ပါ..။ ဒီလို အနေအထား ရှိလာတဲ့ supernova မှာ ဆက်ဖြစ် လာနိုင်စရာ အလားအလာ နှစ်ခု ရှိပါတယ်..။


Neutron star

neutron star ဖြစ်လာမယ့်ကြယ်ဟာ အစက supernova ရဲ့ core ဖြစ်ခဲ့ပါတယ်..။ အပြင်လွှာတွေဟာ nuclear fusion ဖြစ်စဉ် ကြောင့် လေးလံတဲ့ matreial တွေ အဖြစ်ကို ပြောင်းလဲ ပြီးတော့ အတွင်းဘက် ကို ပြိုပြို ကျရာ ကနေ တဖြည်းဖြည်း ပိုမို သိပ်သည်း လာပါ တယ်..။ သိပ်သည်း မှုကြောင့် ဆွဲငင်အား ပိုကြီး လာပြီး တော့ သူ့မှာရှိတဲ့ အက်တမ် တွေဟာ အက်တမ် အဖြစ် မတည်မြဲ နိုင်တော့ပဲ.. ပရိုတွန် နဲ့ အီလက်ထရွန် တွေအဖြစ် ပြိုကွဲ ကုန်ပါတယ်..။ ဒါတင်မရပ်သေးပဲ အဲဒီ ပရိုတွန် နဲ့ အီလက်ထရွန် တွေကို ပေါင်းစပ် ပြီး နယူထရွန် ဘ၀ကို ပြောင်း ပစ်လိုက်ပါတယ်..။ အဲဒီကြယ်မှာ နောက်ဆုံး ကျန်ခဲ့ တာ ကတော့ neutron တွေပဲ ဖြစ်ပါ တယ်..။ သိပ်သည်း ဆ အရမ်း ကြီးလွန်း လို့ အဲဒီကြယ်က material လက်ဖက်ရည် တစ်ဇွန်းစာ ဟာ ကမ္ဘာပေါ်မှာ တန်ပေါင်း များစွာလေးပါ လိမ့်မယ်တဲ့..။ ကမ္ဘာက တစ်ပါတ် လည်ဖို့ ၂၄နာရီ ကြာပေမယ့် neutron star တွေကတော့ တစက္ကန့် မှာကိုပဲ အပါတ်ပေါင်း ၃၀ လောက် လည်ပစ် နေတာပါ..။ အရမ်း မြန်လွန်း တော့ သူ့ဆီ ကနေ signal တွေ ထွက်ပါတယ်..။ ဒါကြောင့် neutron star ကို pulsar လို့လည်း ခေါ်ကြ ပါတယ်..။ ဘေးမှာ ပြထား တဲ့ ပုံက neutron star တစ်လုံးရဲ့ ဖွဲ့စည်း တည်ဆောက် ပုံ ဖြစ်ပါတယ်။ အဲထက် အသေး စိတ်စွာ ခွဲခြား ထားတဲ့ ပုံတွေ ရှိပါ သေးတယ်။ ပို့စ် အရမ်း ရှည်နေမှာ စိုးလို့ ချန်ခဲ့ပါတယ်။



Black Hole

အဓိက အကြောင်းအရာ black hole ဖြစ်လာရတဲ့ အကြောင်းကို ရောက်ပါပြီ..။
တကယ်လို့ supernova ဟာ တော်တော် ကြီးနေခဲ့မယ် ဆိုရင်တော့ neutron star အဆင့်နဲ့ မရပ်တော့ပါ..။ အပြင်လွှာတွေ ပြိုကျ၊ သိပ်သည်းဆ ကြီးသည်ထက် ကြီးပြီးတော့ နောက်ဆုံး နယူထရွန် ဖြစ်ပါမယ်..။ ဒါပေမယ့် ဒြပ်ထုက အင်မတန် ကြီးနေ ရင်တော့ နယူထရွန် လည်း ချမ်းသာရာ မရတော့ပါ..။ နယူထရွန် အဖြစ် ဆက်လက် တည်မြဲ နိုင်ခြင်း မရှိပဲ ဘာ လို့ နာမည်တပ်လို့ မရနိုင်တဲ့ ဒြပ်သား သန့်သန့် ဖြစ်သွား ပါတော့တယ်..။ နယူထရွန် တွေ အများကြီး စုဝေး နေတာမျိုး မဟုတ်ပဲ တဆက်ထဲ၊ တသား ထဲ ရှိနေတဲ့ object တစ်ခုတည်း ဖြစ်သွား ပါတယ်..။ သူ့ရဲ့ အရွယ် အစား ဟာ ကမ္ဘာပေါ်က မြို့ကြီး တစ်မြို့ထက် သေးပါ လိမ့်မယ်တဲ့..။ ဒါပေမယ့် သူ့ရဲ့ mass ကတော့ ကျနော် တို့ရဲ့ နေထက် ၁၀ ဆမက ကြီးလိမ့်မယ် လို့ဆိုပါတယ်..။ ပါတ်ဝန်းကျင် မှာ ရှိရှိသမျှ အရာ အားလုံး ကို မလွတ်တန်း ဆွဲငင်ပါ တော့တယ်..။ အလင်းရောင် တောင် သူ့ဆွဲငင်အား ထဲက မလွတ်ပါဘူး..။ ဆွဲငင်ခံရတဲ့ အရာ အားလုံး ဟာ သူ့ အလယ်မှာ ရှိနေတဲ့ singularity မှာ သွားပြီး ပူးပေါင်း ပါတယ်..။ တချို့ ပညာရှင် တွေကတော့ black hole ရဲ့ အလယ်မှာ worm whole လို့ခေါ်တဲ့ အပ်တစ်ဖျားစာ အပေါက် သေးသေးလေး ရှိတယ်လို့ ယုံကြည် ကြပါတယ်..။ အဲဒီ အပေါက်လေးကို ဖြတ်ပြီး သွားရင် အလင်းနှစ်သန်းပေါင်း များစွာ ဝေးတဲ့ အခြား ဂလက်ဆီ တွေကို ရောက်သွား ပါလိမ့် မယ်တဲ့..။ အဲဒီလို နည်းနဲ့ လူတွေဟာ စိတ်ကူးနဲ့ မမှန်းဆ နိုင်တဲ့ နေရာ တွေကို ခရီး နှင်ဖို့ ကြံစည် ကြတာ ပါ..။ အခြား စကြာဝဠာ တွေကို ခရီးနှင်တဲ့ နေရာမှာ အဝေးကြီး ကို ခဏနဲ့ သွားလို့ ရနိုင်တဲ့ ဆိုတဲ့ စကြာဝဠာ အကွေး သီအိုရီ ဆိုတာနဲ့ ဆက်စပ် ပါတယ်။ ဘေးက ပုံမှာ ပြထားတဲ့ အနီရောင် လမ်းကြောင်း က ကျနော် တို့ နားလည် တဲ့ dimension နဲ့ ကြည့် ရင် အဖြောင့် လို့ ထင်နေတဲ့ အတွက် plane A နဲ့ plane B တွေမှာ ရှိတဲ့ ဂလက်ဆီ တွေဟာ အလင်းနှစ် သန်းပေါင်း များစွာ ဝေးနေတာ ဖြစ်ပြီး တကယ်တမ်းက အဝါရောင် လမ်းကြောင်း အတိုင်း ဆိုရင် နီးနီးလေးပါတဲ့။ ဆက်ပြီး လေ့လာရပါဦးမယ် ခင်ဗျာ။

Sunday, November 2, 2008

နေ၊လ၊ကမ္ဘာတို့ရဲ့ လှည့်ပတ်လှုပ်ရှားမှုတွေအကြောင်း

0 comments










ဒီခေါင်းစဉ် အောက်မှာ ရေးစရာတွေ ကအများကြီး ရှိနေပါတယ်။ ကျွန်တော် အချိန်ရတဲ့ အပေါ် မူတည်ပြီးတော့ ရေးသား သွားမှာ ဖြစ်ပါတယ်။ အရင်ဆုံး ကျွန်တော်တို့ နေရဲ့ လှုပ်ရှား လည်ပတ်ပုံ အကြောင်းကို လေ့လာကြည့် ရအောင်


နေ

နေဟာ ကမ္ဘာကို အရှေ့ဘက် ဦးတည်လားရာအတိုင်း သူ့ရဲ့ပတ်လမ်းနဲ့ လှည့်ပတ်ပါ တယ်။ နေက ကမ္ဘာကို လှည့်ပတ်နေတဲ့ ပတ်လမ်းကို တော့ ecliptic လို့ခေါ်ပါ တယ်။ ကျွန်တော် တင်ပြထားတဲ့ ပုံကို ကြည့်မယ်ဆိုရင် ecliptic (နေပတ်လမ်း ကြောင်း) ကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်ထပ် ကြည့်မယ်ဆိုရင် vernal equinox ဆိုတဲ့ point လေးမှာနေဟာ ကမ္ဘာ့ equator ကိုတောင်ဘက်ကနေ မြောက် ဘက်ကိုဖြတ် ပါတယ်။ အဲဒီနေရာလေးကိုတော့ vernal equinox လို့ခေါ်တာပေါ့။ ဒီလိုပဲ သူနဲ့ ၁၈၀ ဒီဂရီဆန့်ကျင်ဘက်မှာ နေဟာ ကမ္ဘာ့ equatorကိုမြောက်ဘက် က နေ တောင် ဘက် ကိုရွေ့လျားဖြတ်သန်းပါတယ်။ အဲဒီ point လေးကိုတော့ autumnal equinox လို့ ခေါ်ပြန်ပါတယ်။ နောက်တစ်ခုကနေပတ်လမ်းကြောင်းနဲ့ ကမ္ဘာ့ဝင်ရိုးကိုပြန် ကြည့် ရင် ecliptic ဟာ equator ကနေ ၂၃.၅ ဒီဂရီ declination (မြင့်ထောင့်) ရှိနေပါ တယ်။ ဒီဖော်ပြပါပုံမှာတော့ ကျွန်တော်တို့ ကနေပတ်လမ်းကို စက်ဝိုင်းပုံစံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ orbit က ဘဲဥပုံပတ်လမ်းဖြစ်ပါတယ်။ ဘဲဥပုံပတ်လမ်းဖြစ်တဲ့ အပြင်ကမ္ဘာဟာ နေပတ်လမ်းရဲ့အလယ်တည့်တည့်မှာ ရှိနေ တာမဟုတ်ပါဘူး။ ဒါကြောင့်နေဟာ ကမ္ဘာနဲ့ အနီးဆုံးနေရာကိုရောက်နိုင်တဲ့ အချိန်ရှိသလို၊ အဝေးဆုံးနေ ရာကိုရောက် နိုင် တဲ့ အချိန်လည်း ရှိတာပေါ့။ နေဟာ ကမ္ဘာနဲ့အနီးဆုံးရောက်တဲ့ နေရာကို aphelion လို့မှတ်သားပြီးတော့၊ အဝေးဆုံး ရောက်တဲ့နေရာကိုတော့ perihelion လို့မှတ်သားရပါတယ်။

နေဟာ သူ့ရဲ့ပတ်လမ်း ecliptic ကို တစ်ပတ် ပြည့်အောင်ပတ်ဖို့ ၃၆၅.၂၅ ရက်ကြာပါ တယ်။ အဲဒီ ပတ်လမ်း တစ်ကြိမ် ပတ်နေတဲ့ အတွင်းမှာ နေဟာ ကမ္ဘာနဲ့ အနီးဆုံး၊ အ ဝေးဆုံးနေရာတွေကို တစ်ကြိမ်စီ ရောက်ပါတယ်။

နေရဲ့ declination(ပတ်လမ်းမြင့်ထောင့်) အမြင့်ဆုံး မြောက်ဘက်မှာ ရောက်တဲ့ အ ချိန်ကို summer solstices လို့ခေါ်ပြီးတော့ တောင်ဘက် အမြင့်ဆုံးရောက်တဲ့ အချိန်ကိုတော့ winter solstices လို့ခေါ်ပြန်ပါတယ်။ (ဒီအခေါ်အဝေါ်တွေ ဟာ အင်္ဂလိပ်တွေက စခဲ့တာဖြစ်တဲ့ အတွက်နေ အမြင့်ဆုံး သူတို့ရှိရာ ကမ္ဘာ မြောက်ဘက်ခြမ်း ကို ရောက်တဲ့အချိန်မှာ နေကို နီးကပ်စွာ တွေ့ရပြီး အပူပြင်းတဲ့အတွက် summer solstices လို့ သတ်မှတ်ခဲ့တာ ဖြစ်ပြီး၊ နေ တောင်ကမ္ဘာခြမ်းအမြင့်ဆုံး declinationမှာ ရောက်နေတဲ့ အချိန်မှာတော့ သူတို့အတွက် ပိုပြီး ချမ်းအေးလို့ နေတာကြောင့် winter solstices လို့ ခေါ်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။) နောက်ထပ် မှတ်သားစရာ တစ်ခုကတော့ လဒ်တီကျု အမြင့်ပိုင်း နိုင်ငံတွေမှာ နေ့စဉ် နေမ၀င်ပါဘူး။ ၆လမှာ နေဟာမြောက် ကမ္ဘာခြမ်းမှာ ရှိတဲ့အတွက် သူတို့လို လဒ်တီကျု အမြင့်ပိုင်း နိုင်ငံတွေမှာ ၆လနေမ၀င် ပဲ နေ တောင်ကမ္ဘာခြမ်းကို ရောက်သွားတဲ့ အချိန်ကျမှ သူတို့တွေနေကို ၆လ မမြင်ရ ပြန်ပါဘူး။

နေဟာ ကမ္ဘာ့ equator vernal equinox မှာ March 21 ရက်နေ့မှာဖြတ်ပါတယ်။ အဲဒီတော့ အဲဒီ equator တ၀ိုက်မှာရှိတဲ့ နိုင်ငံတွေအတွက် နှစ်တစ်နှစ်ရဲ့အပူဆုံး အချိန်အဖြစ်သတ်မှတ်နိုင်ပါတယ်။ အဲဒီလိုပဲ နေဟာ autumnal equinox ကိုနှစ် စဉ် September 23 ရက်နေ့မှာဖြတ်ပါတယ်။ summer solstice ကိုတော့ June 22 ရက်နေ့မှာဖြတ်ပြီး၊ winter solstice ကိုတော့ December 22 ရက်နေ့မှာဖြတ်ပါ တယ်။

နောက်တစ်ခု မှတ်သားစရာကတော့ နေပတ်လမ်း ecliptic ဟာကမ္ဘာကို 23.5 ဒီဂ ရီ ကမ္ဘာ့ equator ကနေခံဆောင်ထားပေမယ့် တစ်နှစ် (၃၆၅.၂၅) ရက်ကြာပြီးလို့ ecliptic တစ်ပတ်ပြည့်တိုင်းမှာ သူ့ရဲ့မူလ equinox ကိုပြန်မရောက်ပါဘူး။ ပုံမှာ ကျွန်တော် blue line လေးနဲ့မညီမညာဆွဲပြထားသလို အနောက်ဘက် direction နဲ့ vernal equinox ကရွေ့လျားသွားပါတယ်။ အဲဒီလိုရွေ့လျားသွားတဲ့ movement ကို precession of equinoxes လို့ခေါ်ပါတယ်။ အဲဒီလို equinox point လေးက တစ်နှစ်နဲ့ တစ်နှစ်မတူပဲအနောက်ဘက် direction နဲ့ရွေ့သွားတဲ့ အတွက် နေရဲ့ ပတ်လမ်း declination ဟာလည်း 23.5 ဒီဂရီကနေ အပြောင်းအလဲရှိနေပါတယ်။ ဒါပေမယ့် ၂၃.၅ ဒီဂရီဟာ နေရဲ့အမြင့်ဆုံးမြင့်ထောင့်လို့မှတ်သားရပါမယ်။ အဲဒီ equinox point လေးဟာ equator အတိုင်း အနောက်ဘက် direction နဲ့ရွေ့သွား ပြီး သူ့ရဲ့မူလ equinox နေရာကိုပြန်ရောက်ဖို့ နှစ်ပေါင်း ၂၆၀၀၀ ကြာပါတယ်။ အဲဒီလို နေရဲ့ declination (မြင့်ထောင့်) ဟာတစ်နှစ်နဲ့တစ်နှစ်မတူတဲ့အတွက် နေဟာ ကမ္ဘာနဲ့ အနီးဆုံး ရောက်မယ့် perihelion point ကိုနှစ်စဉ် January 2 ရက် နေ့မှာရောက်ပေမယ့် တစ်နှစ်နဲ့တစ်နှစ် အနီးဆုံးရောက်တဲ့ အနေအထားဟာ မတူ ပြန်ပါဘူး။

ကျွန်တော် အခု တင်ပြထားတာကတော့ နေရဲ့လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ နောက်ထပ် ကျွန်တော် လဟာ ဘယ်လို လှုပ်ရှားလည်ပတ်လဲ ဆိုတာကို အချိန်သင့်သလို ဆက်လက် ဖော်ပြသွားပါ့မယ်။ နေနဲ့ လ ရဲ့ ကမ္ဘာနဲ့ ပတ်သတ် လှည့်ပတ်မှုကို သိသွားပြီဆို ရင် အဲဒီလို ဖြစ်ပျက်မှုတွေကြောင့် ကမ္ဘာမှာ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာတယ် ဆိုတာကို ဆက်လက် တင်ပြပေးသွားပါမယ်။

ကျေးဇူးတင်ပါတယ်။

ငရဲ




ကျွန်တော် လရဲ့ အကြောင်းဆက်ရေးပါ့မယ်။ လဟာ ကမ္ဘာကို ဘယ်လိုများလှည့် ပတ်ပါသလဲ။ (ကျွန်တော် ကိုယ်တိုင်မအားတဲ့ ကြားကဆွဲထားတဲ့ ပုံလေးတွေနဲ့ပဲ ဖော်ပြသွားပါ့မယ်။





အခုဖော်ပြထားတဲ့ ပုံလေးကို ကြည့်မယ်ဆိုရင် ကမ္ဘာကို လှည့်ပတ်နေတဲ့ နေရဲ့ပတ်လမ်း ecliptic နဲ့ လရဲ့ပတ်လမ်း lunar orbit ကိုတွေ့ ရမှာဖြစ်ပါတယ်။ lunar orbit ကိုတော့ကျွန်တော် ecliptic ပေါ်မူတည်ပြီးတော့ပဲ ဖော်ပြသွားမှာဖြစ်ပါတယ်။ lunar orbit ဟာ ecliptic က နေ ၅ ဒီဂရီ ၀၉ မိနစ် ထောင့်ခံဆောင်ထားပါတယ်။ (ပုံတွင်ဖော်ပြပါအတိုင်း) ပြီးတော့ လဟာပုံမှာဖော်ပြထားတဲ့ lunar orbit အတိုင်းပဲ ကမ္ဘာကို eastward direction နဲ့လှည့်ပတ်ပါတယ်။ point G မှာ လ ဟာ ecliptic ကိုတောင်ကမ္ဘာခြမ်းကနေ မြောက်ကမ္ဘာခြမ်းလားရာ direction နဲ့ဖြတ်သန်းသွားပါတယ်။ အဲဒီ point G လေးကို Ascending node လို့ခေါ်ကြပါတယ်။ အဲလိုပဲတခြားတစ်ဘက်မှာတော့ လ ဟာ ecliptic ကိုမြောက်ကမ္ဘာခြမ်းကနေ တောင်ကမ္ဘာခြမ်းလားရာ direction နဲ့ဖြတ်သန်းသွားပါတယ်။ အဲဒီအမှတ်လေးကိုတော့ပုံမှာ တွေ့ရတဲ့အတိုင်း Descending node လို့မှတ်သားရပါတယ်။ လ ရဲ့ Ascending node လေးဟာ lunar orbit တစ်ပတ်ပြည့်သွားတဲ့အ ချိန်မှာ မူလ Ascending node နေရာကိုပြန်ရောက်မလာပါဘူး။ ပုံမှာပြထားသလို elicptic တစ်လျှောက် အနောက်ဘက် direction နဲ့နေ ရာရွေ့သွားပါတယ်။( ပုံမှာ K နဲ့ဖော်ပြထားပါတယ်။) အဲဒီ node လေးဟာမူလ Ascending node G နေရာကိုပြန်ရောက်ဖို့ ၁၈.၆၁ နှစ် ကြာပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ regression of node လို့ခေါ်ပါတယ်။ လဟာသူ့ ရဲ့ lunar orbit ကိုတစ်ပတ်ပြည့်အောင် လှည့်ပတ်ဖို့ ၂၇ ၁/၃ ရက်ကြာပါတယ်။ နောက်တစ်ခုကတော့ lunar day ဆိုတာနဲ့ solar day ဆိုတာကိုပြောချင်ပါတယ်။ မြန်မာလိုဆီလျော်အောင် ဘာသာပြန်ရရင်တော့ လပေါ်မူတည်ပြီးသတ်မှတ် တဲ့တစ်ရက်တာကာလ နဲ့ နေပေါ်မူတည်ပြီးသတ်မှတ်တဲ့ တစ်နေ့တာကလလို့ဘာသာ ပြန်နိုင်ပါတယ်။ lunar day ဆိုတာကတော့ ဆိုကြပါတော့လူတစ်ယောက်ဟာကမ္ဘာပေါ်က point တစ်ခုမှာရပ်နေပါတယ်။ အဲဒီလူရပ် နေတဲ့ Point ရှိတဲ့ longitude ပေါ်ကိုလဖြတ် သွားပြီးတော့ နောက်တစ်ကြိမ်အဲဒီ longitude ပေါ်ကိုပဲလပြန်ရောက်လာဖို့ကြာတဲ့အချိန်ကို လပေါ်မူတည်သတ်မှတ်သော တစ်ရက် တာကာလ (lunar day) လို့ခေါ်ပါတယ်။ lunar day ရဲ့ ရက်တစ်ရက်ကြာချိန်ကတော့ ၂၄ နာရီနဲ့ ၅၀ မိနစ်ဖြစ်ပါတယ်။ slolar day ဆိုတာ ကတော့ နေပေါ် မူတည်ပြီး သတ်မှတ်သော တစ်နေ့တာ အ ချိန် လို့ မှတ်သား ရပါတယ်။ solar day ရဲ့ ကြာချိန်တစ်ရက်ဟာ Lunar day ထက် ပိုပြီး တိုပါတယ်။ မြန်မာ clander တွေဟာလပေါ် မူတည်ပြီး သတ်မှတ်ထားသော နေ့များဖြစ်ပြီး တော့ English clander က တော့ sloar day ပေါ် မူတည်ပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
လမှာလည်း နေလိုပဲ ကမ္ဘာနဲ့ အနီးဆုံး ရောက်တဲ့ နေရာ၊ အဝေးဆုံး ရောက်တဲ့ နေရာတွေ ရှိပါတယ်။ အောက်က ပုံမှာ ဖော်ပြ ထားပါတယ်။




လဟာကမ္ဘာနဲ့အနီးဆုံးရောက်တဲ့ position ကို perigee လို့ခေါ်ပြီးတော့၊ အဝေးဆုံးရောက်တဲ့ Position ကိုတော့ apogee လို့ခေါ်ပါ တယ်။ ခုဆိုရင် နေ၊လ နဲ့ ကမ္ဘာဟာဘယ်လိုပတ်သက်ဆက်စပ်ပြီးလည်ပတ်နေကြလဲဆိုတာကို ဖတ်ရှုသူ အကြမ်း တော့နားလည်းသွား လောက်ပါပြီ။ (အသေးစိတ်လှည့်ပတ်မှုများအားချန်လှပ်ထားခဲ့ပါသည်။) အဲဒီတော့ကျွန်တော်ခုဒီထိဖော်ပြပြီး သွားတာလေးက လ၊ နဲ့နေ ဟာကမ္ဘာကိုဗဟိုပြုပြီးလှည့်ပတ်နေကြောင်းကို လ သတ်သတ်၊ နေသတ်သတ် ဖော်ပြထား ခဲ့ခြင်းဖြစ်ပါ တယ်။ ဒါပေမယ့် လက်တွေ့မှာ တော့ နေရော လ ရော ဟာကမ္ဘာကို ဗဟိုပြုပြီး တပြိုင်နက်တည်း လည်ပတ်နေ ကြတာ ဖြစ်ပါ တယ်။ (နေကို ဗဟိုပြုပြီး လည်ပတ်တယ် ပြော၊ ကမ္ဘာကို ဗဟိုပြုပြီး လည်ပတ်တယ်ပြောပြော အတူတူ ပါပဲခင်ဗျာ။ ကျွန်တော်က ဒီနေရာမှာ ကမ္ဘာကို stationary ထားလိုက်တဲ့ အတွက်ဖြစ် ပါတယ်။) အဲဒီတော့ နေ ရယ် လ ရယ် ကမ္ဘာရယ်ဘယ်လိုလည်ပတ် နေကြ လဲဆိုတာ သိသွားပြီး နောက်မှာ....နေ နဲ့လ ရဲ့လည်ပတ်မှု တွေ ဆွဲအားတွေ ကြောင့် ဘာတွေ ဖြစ်လာတယ် ဆိုတာကို ကျွန်တော် နောက် ပို့စ် မှာဆက် လက်ဖော်ပြပါမယ်။ လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ် အဲဒါ တွေနဲ့ ပတ်သတ်ပြီး ဆက်လက် ဖော်ပြ သွားပါ့မယ်။


ငရဲ

Introduction

3 comments

ကျွန်တော်ဒီ myanmarastronomy blog လေးကိုရောက်ဖြစ်တာကတော့ မြန်မာ website လေးတစ်ခုကနေ link ရရာကစပြီးရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ပထမဆုံး ရောက်ဖူးသော မြန်မာ astronomy blog ပဲဖြစ်ပါတယ်။ နောက်ထပ် blog တွေရှိ/မရှိ တော့ကျွန်တော်သေချာမသိပါ။ ဒီ blog လေးရဲ့မူပိုင်ရှင်ကိုခွန်း နဲ့ဆက်သွယ်မိတော့ ကျွန်တော်ပို စိတ်ဝင်စားသွားပါတယ်။ ကိုခွန်းရဲ့ ဒီ blog ပေါ်ထားတဲ့ ရည်ရွယ်ချက်ကလည်း အတော်ပဲကောင်းမွန်ပါတယ်။ အမှန်ကိုဝန်ခံ ရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာတွေဟာ ဒီလို subject၊ အသိပညာတွေနဲ့ ပတ်သက်လို့ ကမ္ဘာနဲ့ ယှဉ်ရင်အတော်ပဲအားနဲ တာကိုတွေ့ရမှာပါ။ ဒါပေမယ့် ဒီနေ့ ကမ္ဘာကိုပြန်ကြည့်လိုက်မယ်ဆိုရင် အခြားနိုင်ငံတွေမှာ ဒီပညာရပ်တွေ၊ လေ့လာမှု တွေဟာအတော်ကို ခရီးပေါက်နေပြီ၊ အတော်ကိုခြေလှမ်းကျဲနေပြီလို့ဆိုရမှာပါ။ ဒီတော့ကျွန်တော်တို့ သူငယ်ချင်းများကို ကျွန်တော်တို့ သိထားသင်ထားဖူးသော အကြောင်းအရာလေးများကို ဒီမှာချပြခြင်းအားဖြင့် ကျွန်တော်တို့ တတ်နိုင်သ လောက် initiate လုပ်ခွင့်ရမယ်လို့ယုံကြည်ပါတယ်။

ဒါဆိုရင် မေးလာစရာ ရှိပါတယ်။ astronomy, space အကြောင်း ဘယ်လောက် အရေးကြီးလို့လဲ။ ဘာတွေ အသုံးဝင် လို့လဲ။

Astronomy ဆိုတဲပညာရပ်က space ထဲမှာရှိတဲ့ အရာဝတ္ထုများအကြောင်းကို လေ့လာခြင်းပါ။ space ထဲမှာရှိတဲ့ celestial bodies တွေ ဘယ်လို ရွေ့လျား နေကြ လဲ။ သူတို့ရဲ့ ရွေ့လျား ခြင်းတွေနဲ့ စပ်လျဉ်းပြီး ဘာအကျိုးဆက်တွေ ဖြစ်လာလဲ။ ဒါတွေကို ပထမဆုံးလေ့လာပြီးမှ... အဲဒီဖြစ်လာမယ့် အကျိုးဆက်တွေဟာ လူသား တွေအတွက် အကျိုးရှိ စေမလား။ အကျိုးယုတ် စေမလား။ ဘယ်လို အကျိုးရှိအောင် လုပ်မလဲ။ ဘယ်လို အကျိုးမယုတ်အောင် ကာကွယ်မလဲ စတဲ့ လေ့လာဖော်ထုတ်စမ်း သပ်ချက်တွေ ပါလာပါပြီ။ celestial bodies တွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းမှု ပုံစံတွေကို လေ့လာအခြေခံပြီးတော့ပဲ ကျွန်တော်တို့ လူသားတွေ satellite တွေကိုလွှင့်တင် ကြတယ်။ satellite တွေရဲ့အသုံးဝင်ပုံတွေ။ ပြီးတော့ astronomical tide လို့ ခေါ်တဲ့ ပင်လယ်တွင်း ကဒီရေတွေ ဘယ်လို ဖြစ်ပေါ်လာရသလဲ။ အားလုံးဟာ ဒီဘာ သာရပ်နဲ့ တိုက်ရိုက် သက်ဆိုင် နေကြပါတယ်။ Environmental Science အတွက် weather အပြောင်းအလဲတွေကရော celestial bodies ရဲ့ ရွေ့လျားမှုတွေနဲ့ ဘယ်လို ပတ်သတ် နေပါသလဲ။ စသည်ဖြင့် လေ့လာစရာတွေ အများကြီး တွေ့လာပါ လိမ့်မယ်။

ကျွန်တော့် အနေနဲ့တော့ ကိုယ်သိထား၊ သင်ထားဖူးသော ပညာရပ်အချို့ကိုသူငယ်ချင်း သားချင်း မြန်မာများ သိစေလိုသော စိတ်ကူးမျိုး ထက်သန်မိပါတယ်။ ဒီလိုနေရာ ကနေလူတစ်ယောက်၊ လူငယ်တစ်ယောက်ကို initiate လုပ်နိုင်မယ် ဆိုရင်၊ သူ့ရဲ့ စိတ်ပါဝင်စားလာမှုကို ဖမ်းစားနိုင်မယ်ဆိုရင် အနာဂတ်မြန်မာ astronomy အတွက် အားတက်စရာ ရလဒ်တစ်ခုပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ကျေးဇူးတင်လျှက်

ငရဲ

Saturday, November 1, 2008

တွင်းနက် (Black Hole) - ၁

14 comments
မားစ်အကြောင်းကို အရင်တင်မယ်လို့ စဉ်းစားထားပေမယ့် black hole အကြောင်း သိချင်တဲ့သူတွေ များနေတဲ့ အတွက် black hole ကို တင်ပေးလိုက်ပါတယ်။ အမှန်တော့ အခု ကျနော် ရေးမယ့် အကြောင်းအရာက ပဒုမ္မာ ဖိုရမ်မှာ တော့ပစ် တစ်ခု အနေနဲ့ ဆွေးနွေး ခဲ့ပြီးပါပြီ။ engineer4mm.com မှာလဲ အပိုင်း တော်တော် များများ တင်ပြီး ပါပြီ။ အဲဒီမှာ မဖတ် ရသေးတဲ့ သူတွေ အတွက် ဒီမှာ တင်ပေး လိုက်ပါတယ်။
Black Hole ဆိုတာ သီအိုရီအရ အင်မတန် သိပ်သည်းဆ ကြီးလှတဲ့ အာကာသ အတွင်းက အရာ ဝတ္ထု တစ်ခု ဖြစ်ပါတယ်။ အင်မတန် ပြင်းထန် လှတဲ့ ဆွဲငင် အားကြောင့် ဘယ်လို အရာ မဆို (electromagnetic radiation တွေက အစ) သူ့ဆီ ကနေ လွတ်ထွက် မသွား နိုင်ပါဘူး။ စကြာဝဠာ ထဲမှာ အလျှင်မြန် ဆုံးဖြစ်တဲ့ အလင်းရောင် တောင် သူ့ဆီ ကနေ လွတ်ထွက် မလာနိုင်တဲ့ အတွက် ပိန်းပိတ် အောင် မှောင်နေတဲ့ အရာ တစ်ခုပဲ ဖြစ်ပါတယ်။
Black Hole theory ကို စတင် ခဲ့တဲ့ သူကတော့ ဂျာမန် နတ္ခတ္တဗေဒ ပညာရှင် Karl Schwarzschild ဖြစ်ပါ တယ်တဲ့..။ အိုင်စတိုင်းရဲ့ ရီလစ်တီဗတီ သီအိုရီ ပေါ်မှာ အခြေ ခံတယ်လို့ ဖတ်ဘူး ပါတယ်..။ ဘေးက ပုံက Stellar Evolution ရဲ့ပုံပါ..။ ကြယ်တစ်စင်း မွေးဖွား ချိန်ကနေ သေဆုံး ချိန်အထိ အဆင့်ဆင့် ပြောင်းလဲ ပုံကို ပြထား တာပါ...။ အဲဒီပုံ အရ ဆိုရင်တော့ black hole ဆိုတာ ကြယ်ကြီး တစ်လုံးရဲ့ ရုပ်အလောင်း လို့ ပြောရင် ရမလားပဲ..။ ကြယ်တစ်စင်း မွေးဖွားခြင်းရဲ့ လက်သည် ကတော့ ဒြပ်ဆွဲအားပါ..။ နက်ဗြူလာ ဆိုတဲ့ ဓာတ်ငွေ့ တွေ ဖုန်မှုန့်တွေ ပါဝင်တဲ့ တိမ်တိုက် ကြီးထဲမှာ အခြင်းခြင်း ဆွဲငင် ရာကနေ အစုအဝေး တစ်ခု ဖြစ်လာ ပါတယ်..။ အဲဒီ အစု အဝေးရဲ့ အလယ် ဗဟိုဟာ တဖြည်းဖြည်း သိပ်သည်း လာတဲ့အခါ ဖိအားလည်း များပြား လာပါတယ်..။ များပြား လာတဲ့ ဖိအားကြောင့် အပူချိန် တဖြည်း ဖြည်းချင်း မြင့်တက် လာပါတယ်..။ အဲဒီ အဆင့်ဟာ protostar ပါပဲ..။ protostar ရဲ့ အတွင်းဘက် အပူချိန်ဟာ 10 million degrees C (18 million degrees F) ကို ရောက်တဲ့ အချိန်မှာ သူဟာ star အဖြစ်ကို ရောက်သွား ပါပြီ..။ ပုံမှာ protostar ဖြစ်လာပုံ အဆင့်ဆင့်ကို ပြထားပါတယ်။
ဒီနေရာမှာ star ရဲ့ စွမ်းအင် ထုတ်ပေးပုံကို နည်းနည်း ရှင်းပြဖို့ လိုပါ လိမ့်မယ်..။ ကျနော်တို့ နေ အဖွဲ့အစည်း က နေဟာ ဘယ်လိုနည်းနဲ့ အပူနဲ့ အလင်း ကို ထုတ်ပေး နေပါသလဲ..။ ကျနော်တို့ သုံးစွဲနေတဲ့ ရေနံ၊ ကျောက် မီးသွေး ဆိုတာတွေ လောင်ကျွမ်း နေတဲ့ မီးဘောလုံး ကြီးပဲလား..။ အဲလို ရုပ်ကြွင်း လောင်စာ မျိုးသာဆိုရင် နေဟာ နေ့စဉ် ဒီလောက် စွမ်းအင် ထုတ်ပေးဖို့ သူ့ရဲ့ ဒြပ်ထု ပမာဏဟာ အလွန်ဆုံး နှစ် ၂၀၀၊ ၃၀၀ ပဲ ခံပါ လိမ့်မယ်..။ ဒါပေမယ့် နေအဖွဲ့ အစည်း တည်ရှိနေခဲ့တာ နှစ်သန်း ထောင်နဲ့ ချီပြီး ကြာခဲ့ပါပြီ..။ ဒီလောက် အကြာ ကြီး စွမ်းအင် တွေပေးဖို့ နေဟာ ဘယ်လို အရင်း အမြစ် ကိုများ သုံးပါသလဲ..။ သိပ္ပံ ပညာရှင် တွေက စပက်ထရို စကုပ်မှာ နေကလာတဲ့ အလင်းရောင်ကို ရောင်စဉ် ခွဲကြည့် တဲ့အခါ.. ကမ္ဘာပေါ်မှာ တွေ့နေကျ မဟုတ်တဲ့ လိမ္မော်ရောင် မျဉ်းကြောင်း တစ်ခုကို တွေ့ရ ပါတယ်တဲ့..။ အဲဒီကနေ အဲဒီ အရောင်ကို ဖြစ်စေတဲ့ ဟီလီယံ ဓာတ်ငွေ့ဟာ နေပေါ်မှာ အများအပြား ရှိကြောင်းနဲ့ နေရဲ့ စွမ်းအင် အရင်း အမြစ် ကိုပါ သိခဲ့ကြပါတယ်..။ နေဟာ nuclear fussions ဖြစ်စဉ်နဲ့ စွမ်းအင်တွေ ပေးနေတာပါ..။ ဟိုက်ဒရိုဂျင်ကို ဟီလီယမ် အဖြစ်ပြောင်းပြီး ထွက်လာတဲ့ စွမ်းအင်ကို အပူနဲ့ အလင်းအဖြစ် ပေးနေတာ ဖြစ်ပါတယ်..။ (ဒီ အကြောင်းကို နေ (The Sun) ပို့စ်တွေမှာ ရေးခဲ့ ပြီးပါပြီ၊ မဖတ် ရသေးတဲ့ သူတွေ အတွက် ပြန်ရေး ပေးတာပါ)။ ပရိုတိုစတား တစ်လုံးရဲ့ အလယ်မှာ nuclaear fussion ဖြစ်စေဖို့ လုံလောက်တဲ့ အပူချိန်ကို ရတဲ့ အခါမှာတော့ သူဟာ စတား တစ်လုံးဘ၀ကို ရောက်ရှိပြီး သူ့ပါတ်ဝန်းကျင်ကို အပူနဲ့ အလင်းတွေ ပေးပါတော့တယ်..။
အဲဒီ စတား ဟာ အပေါ်မှာ ရေးခဲ့သလိုပဲ ဟိုက်ဒရိုဂျင်ကို ဟီလီယမ် အဖြစ် ပြောင်းပြီး စွမ်းအင် ပေးပါတယ်။ သူ့ရဲ့ အီကွေးရှင်းက ဘေးမှာ ပြထားတဲ့ အတိုင်းပါပဲ။ အီကွေးရှင်းမှာ ပြထားတဲ့ အတိုင်း deuteron ( အလယ်တွင် ပရိုတွန်တစ်လုံး နယူထရွန် တစ်လုံး ပါသော ဟိုက်ဒရိုဂျင် အက်တမ်) နှစ်လုံး ပေါင်းတာဟာ ဟီလီယမ် တစ်လုံး နယူထရွန် အလွတ် တစ်လုံးနဲ့ 3.2MeV ရပါတယ်..။ 3.2 MeV ဆိုတာ ဟိုက်ဒရိုဂျင် အက်တမ်လေးနဲ့ စာလိုက်ရင် ကြီးမားတဲ့ ပမာဏပါ..။ အက်တမ် ပမာဏ နည်းနည်းနဲ့ စွမ်းအင် များများ ထုတ်နိုင်ပါတယ်..။ ဒါပေမယ့် ကြယ်တွေ ပိုင်ဆိုင် ထားတဲ့ မရေမတွက်နိုင်တဲ့ ဟိုက်ဒရိုဂျင် ဆိုတာလည်း အကန့်အသတ် မရှိတဲ့ အရာ မဟုတ် ပါဘူး.. တစ်နေ့တော့ ကုန်သွားမှာပါပဲ..။ ဟိုက်ဒရိုဂျင် လောင်စာ ကုန်ကာနီးရင် ကြယ်ရဲ့ အလယ်က core ဟာ ကြုံ့ဝင် သွားပါ လိမ့်မယ်။ အလယ်မှာပဲ ဟိုက်ဒရိုဂျင်က ကျန်တော့တာကိုး..။ အပြင်လွှာ ကတော့ အပြင်ဘက်မှာရှိနေတဲ့ ဟိုက်ဒရိုဂျင် တွေကို လိုက်လံ လောင်ကျွမ်းရင်း ကျယ်ပြန့် လာပါလိမ့်မယ်..။ အပြင်လွှာရဲ့ အပူချိန်ဟာ နိမ့်ကျတဲ့အတွက် အနီရောင် ဖြစ်နေ ပါလိမ့်မယ်..။ သူ့ရဲ့ အရွယ် အစားဟာ ကျနော်တို့ နေရဲ့ အဆ ၁၀၀ ကနေ အဆ ၁၀၀၀ အထိ ကြီးပါလိမ့်မယ်..။ ကျနော်တို့ရဲ့ နေလည်း နောင်နှစ်သန်း ၅၀၀၀ ကြာရင် အဲဒီလို ပေါက်ကွဲ ပါလိမ့်မယ်..။ နေကဖြစ်လာတဲ့ red giant ရဲ့ အ၀န်း အ၀ိုင်းဟာ ကမ္ဘာပါတ် လမ်းကို ငုံမိတဲ့ အထိ ကြီးပါ လိမ့်မယ်..။ ကမ္ဘာက နေထဲကို ရောက်သွား မှာပါ..။
Red giant ဘ၀ကနေ နောက်ထပ် ဆက်ဖြစ် နိုင်တာက နှစ်မျိုး ရှိပါတယ်..။ တစ်မျိုးက planetary nebula ဖြစ်ပါတယ်..။ ကြယ်ဘ၀က အရွယ်အစား သိပ်မကြီး ခဲ့တဲ့ ကြယ်တွေပါ..။ ကျနော်တို့ နေလိုပေါ့..။ red giant ဖြစ်သွား ပြီးတဲ့အခါ သူ့ရဲ့ သိပ်သည်းဆ အရမ်း နည်းပြီး အရွယ်အစားက အရမ်းကြီးနေတဲ့ အတွက် unstable ဖြစ်လာပါ တော့တယ်..။ သူရဲ့ အပြင်ပိုင်း အလွှာတွေကို ဆွဲငင်အားနဲ့ ဆက် ထိမ်း မထား နိုင်တော့တဲ့ အတွက် တဖြည်းဖြည်းနဲ့ လွင့်ပါး ပျောက်ဆုံး ကုန်ပါတယ်..။ အဲဒီလိုနဲ့ အထဲမှာ ဂြိုဟ်တွေ ပါတ်နေတဲ့ ဓာတ်ငွေ့ တိမ်တိုက်ကြီး ဘ၀ကို ရောက်သွားပါတယ်..။
နောက်တစ်မျိုး ကတော့ အလွန်ကြီးမားတဲ့ ကြယ်ကြီးတွေ ပေါက်ကွဲတဲ့ အခါမှာ ဖြစ်တာမျိုးပါ..။ သူကတော့ ပြန့်ကား ထွက်သွားတဲ့ အပြင်လွှာမှာ ဟီလီယမ် တွေသာမက ဟိုက်ဒရိုဂျင် လောင်စာတွေပါ ပါသွားတာ ဖြစ်ပါတယ်..။ အဲဒီ လောင်စာတွေက ထက်ပြီးတော့ nuclear fusion reaction ဖြစ်တဲ့အခါ Supergiant လို့ခေါ်တဲ့ မဟာကြယ် ဘီလူး ကြီးတွေ ဖြစ်လာ ပါတော့တယ်..။ သူ့ရဲ့အ၀န်းအ၀ိုင်းဟာ ကျနော်တို့ နေအဖွဲ အစည်းလောက် ရှိမယ်လို့ ထင်ပါတယ်..။ အဲဒီကြယ်ဘီလူးကြီးတွေဟာ black hole ရဲ့ အလောင်းလျှာတွေပါပဲ..။
Related Posts Plugin for WordPress, Blogger...