Tuesday, November 18, 2008

နေ၊လ ကမ္ဘာတို့ကြားမှာ ဒီရေဘယ်လိုဖြစ်လာလဲ (၂)

ကျွန်တော် ဒီအကြောင်းအရာရဲ့ ခေါင်းစဉ် (၁) မှာတော့ simple tide theory လို့ခေါ်တဲ့ ဒီရေဘယ်လိုဖြစ်လာရတယ်ဆိုတာကို ဖော်ပြပြီးပါပြီ။ ဒီရေဖြစ်ပေါ်စေတဲ့ အဓိက reason ကတော့ celestial bodies တွေကြားက ဆွဲအားတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့်အဲဒီ ဆွဲအားတွေကို tide producing force လို့ခေါ်ပါတယ်။ အခုကျွန်တော် (၂) မှာ dynamic tide theory ကိုပါဆက်လက် ဖော်ပြသွားပါ့မယ်။ simple tide theory မှာတော့ astronomical tide လို့ခေါ်တဲ့ နေ၊လ ကမ္ဘာတို့ကြောင့် ဖြစ်သော ဒီရေကို assumption များနဲ့ဖော်ထုတ်ထားပါတယ်။ အဲဒါတွေကတော့
(၁) နေ၊လ ကမ္ဘာတို့ဟာ ပြင်ညီ (plain) တစ်ခုထဲမှာပဲ လှည့်ပတ်နေကြတယ်။
(၂) နေ နဲ့ လမှာ မြင့်ထောင့် declination မရှိဘူး။
(၃) ကမ္ဘာ့ မျက်နှာပြင်ကြီးတစ်ခုလုံးကို ရေတွေနဲ့ ပဲဖုံးလွှမ်းထားတယ်


သို့သော် တကယ့်လက်တွေ့မှာတော့ အဲဒီလို မဟုတ်ပါဘူး။ နေ၊လ ဟာကမ္ဘာကို မြင့်ထောင့် declination တွေနဲ့ လှည့်ပတ်နေကြတာပါ။ ကမ္ဘာကြီးမှာလဲ ရေတွေကြီးပဲ ဖုံးလွှမ်းထားတာမဟုတ်ပါဘူး။ အဲဒီ simple tide theory က assumptions တွေကိုဖယ်လိုက်ပြီး နေ နဲ့ လ ဟာ declination အမျိုးမျိုးနဲ့ ကမ္ဘာကိုလှည့်ပတ်နေတယ်။ ပြီးတော့ ကမ္ဘာကြီးမှာ လည်း ကုန်းမြေတွေက ရေတွေကို ကန့်သတ်ထား တဲ့အတွက် simple tide theory ဟာ လက်တွေ့မကျတော့ပါဘူး။ ဒီတော့ အဲဒီအချက်တွေကို ထည့်သွင်းစဉ်းစားပြီး ဒီရေ ကိုလေ့လာ ခန့်မှန်းတွက်ချက်ကြည့်ရအောင်။ အဲဒါကို Dynamic tide thoery လို့ခေါ်ပါတယ်။ (နေနဲ့ လရဲ့ ကမ္ဘာကိုလှည့်ပတ် နေသော ပတ်လမ်းများ နဲ့ declination များအကြောင်း ကိုကျွန်တော် နေ၊လ ကမ္ဘာတို့ရဲ့ လှည့်ပတ်လှုပ်ရှားမှုများ အကြောင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေး ခဲ့ ပြီးဖြစ် ပါတယ်။


အခုကျွန်တော် နေနဲ့ လကို dynamic tide theory ဖြစ်ဖို့အတွက် မြင့်ထောင့်တွေ ပေးပါ့မယ်။ (၁) မှာတုန်းက ကျွန်တော်ဖော်ပြထားခဲ့ တဲ့ simple tide theory မှာ တစ်နေရာထဲမှာပဲ ဒီရေကမြင့်နေတယ်လို့ထင်စရာရှိပါတယ်။ ခုဒီခေါင်းစဉ်အောက်မှာ dynamic tide theory ကိုဆွေးနွေးတဲ့ အခါမှာတော့ ဒီရေကကမ္ဘာ ပေါ်မှာဘယ်လို ပြောင်းလဲနေတယ်။ အတက်အကျတွေ ဘယ်လိုဖြစ်နေတယ်ဆိုတာကို ဖော်ပြသွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့အရင်ဆုံး လရဲ့ declination အပြောင်းအလဲ ကြောင့် ဒီရေဘယ်လိုပြောင်းလဲ တယ်ဆိုတာကို အရင်လေ့လာ ကြည့်ရအောင်။ အောက်မှာ ကျွန်တော် BASIC TIDE THEORY ကိုပုံလေးနဲ့ အကြမ်းဖျင်းဖြော်ပပါထားပါတယ်။




ဒီအပေါ်ကပုံလေးကို လေ့လာကြည့် မယ်ဆိုရင် လတစ်ခုထဲကိုပဲ အရင်ဆုံးစဉ်းစားထားပါတယ်။ လဟာ assumption တစ်ခုဖြစ်တဲ့ ကမ္ဘာနဲ့ပြင်ညီမျက်နှာပြင်တစ်ခုထဲ ကပဲကမ္ဘာကို လှည့်ပတ်နေတယ် လို့ဖန်းဆင်းချက်ပေးထားတဲ့ အတွက် ဒီရေအမြင့် (ရေတက်) ဟာ လလှည့်ပတ်ရာပတ်လမ်း အတိုင်း ဖြစ်တဲ့ equator တစ်လျှောက်မှာပဲဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ရေကျ (ဒီရေကျခြင်း) ဟာလဲဝင်ရိုးစွန်း ဒေသတွေ မှာပဲ ပုံသေဖြစ်နေတာကို တွေ့ရမှာပါ။ ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ လဟာကမ္ဘာနဲ့ ပြင်ညီ မျက်နှာပြင် (equatorial plain) တစ်လျှောက်မှာပဲလှည့်ပတ် နေတာ မဟုတ်ပါဘူး။ အီကွေတာကနေ မြင့်ထောင့် declination ခံဆောင်ပြီးလှည့်ပတ်နေပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ကမ္ဘာ့မျက် နှာပြင်ပေါ်မှာ ဒီရေ အနိမ့်အမြင့်တွေဘယ်လို ပြောင်းလဲတယ် ဆိုတာကိုအောက်မှာ ကျွန်တော်တို့ ဆက်ကြည့် လိုက်ရအောင်။




အပေါ်မှာဖော်ပြထားတဲ့ ပုံမှာကြည့်ရင် လဟာကမ္ဘာရဲ့ အီကွေတာကနေ ၂၀ ဒီဂရီ မြင့် ထောင့်ခံဆောင်ထားတဲ့ နေရာမှာ ရောက်နေတယ်လို့ ဥပမာပေးထားပါတယ်။ လရဲ့ မြင့် ထောင့် (declination) ဟာ နေပတ်လမ်း(ecliptic) ကနေ ၅ ဒီဂရီ မှ ၅ဒီဂရီ ၁၇.၅ မိနစ်ကြားမှာ အပြောင်းအလဲ ရှိနေပါတယ်။ သူ့ရဲ့ လပတ်လမ်း တစ်လမ်းတိုင်းမှာ နေရာတစ်ခုကို declination တစ်မျိုးနဲ့ ဖြတ်ပါတယ်။ အဲဒီဖြစ်စဉ်ဟာ regression of nodes လို့ခေါ်တဲ့ ဖြစ်စဉ်ကြောင့် ဖြစ်ရတယ်ဆိုတာကို ကျွန်တော် နေ၊လ ကမ္ဘာတို့ရဲ့ လှုပ်ရှားလှည့်ပတ်မှုများ အကြောင်းဆိုတဲ့ ခေါင်းစဉ်အောက် မှာဆွေးနွေးထားခဲ့ပါတယ်။ အဲဒီတော့ လဟာကမ္ဘာ့နေရာဒေသ တစ်ခုကို မြင့်ထောင့်တူနဲ့ ပြန်ရောက်ဖို့ ၁၈.၆၁ နှစ်ကြာပါတယ်။ အဲဒါကတော့ regression of nodes တစ်ပတ်ပြည့် လို့မူလ Node နေရာကိုပြန်ရောက်ခြင်း ပဲဖြစ်ပါတယ်။ လဟာကမ္ဘာကို ပတ်နေတဲ့ orbit တစ်ခုပြည့်ဖို့ အကြမ်းဖျင်းတစ်လ ၂၉ ရက်ကြာပါတယ်။ တစ်နှစ်မှာတော့ သူ့ရဲ့ ပတ်လမ်း ၁၃ ပတ်လှည့်ပတ်ပါတယ်။
အခုဒီဥပမာမှာတော့ လဟာကမ္ဘာ့ အီကွေတာကနေ ၂၀ ဒီဂရီ မြင့်ထောင့်ခံဆောင်ထားတဲ့ နေရာကိုရောက်ရှိနေပါတယ်။ ဒါဆိုရင် ဒီရေ ဖြစ်စဉ်ကို normal tide theory ကနေဘယ် လိုပြောင်းလဲသွား စေလဲ ဆိုတာကိုလေ့လာကြည့်ရအောင်။ ပုံမှာ ၂၀ ဒီဂရီ လတ်တီကျုအ ရပ်မှာရှိတဲ့ ကမ္ဘာ့နေရာတွေမှာ ရေမြင့် (ဒီရေတက်ချိန်) ဖြစ်နေတာကိုတွေ့ ရမှာပါ။ မြောက် လတ်တီကျု ၂၀ ဒီဂရီ နဲ့ တောင်လတ်တီကျု ၂၀ ဒီဂရီအရပ်ဒေသ တွေမှာ (ဒီရေတက်ချိန်) ဖြစ်နေတာကိုတွေ့ ရမှာပါ။ ပုံမှာတော့ Y နဲ့ C အမှတ်ပြထားတဲ့ နေရာတွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ၂၀ ဒီဂရီ declination ရဲ့ co-declination ဖြစ်တဲ့ A-A’ မျဉ်းတစ် လျှောက်မှာ ဒီရေကျချိန် ဖြစ်နေတာကိုတွေ့ ရမှာဖြစ်ပါတယ်။ နောက်တစ်ခါ ပုံမှာ F – H မျဉ်းတစ်လျှောက်ရှိတဲ့ လတ်တီကျု ဒေသတွေကိုကြည့်မယ်ဆိုရင် F အမှတ်နဲ့ H အမှတ် ဟာလတ်တီကျု တစ်လိုင်းထဲပေါ်မှာ ရှိပြီးဒီရေတက်ချိန် ဖြစ်သော်လည်း ဒီရေ အမြင့်ချင်း မတူတော့တာကို တွေ့ရ မှာဖြစ်ပါတယ်။ ၀င်ရိုးစွန်းနေရာတွေမှာတော့ ဒီရေအပြောင်း အလဲဟာ ရေတက်ချိန်နဲ့ ရေကျချိန် သိပ်ထူးထူးခြားခြား ပြောင်းလဲမှုမရှိတာကို တွေ့နိုင် ပါတယ်။ ၆၀ ဒီဂရီ ထက်အပေါ်ရောက်သောလတ်တီကျု အမြင့်ပိုင်းနေရာတွေမှာ ဒီရေ အတက်အကျဟာ တစ်နေ့(၂၄) နာရီကို အတက် တစ်ကြိမ် (၁၂နာရီ)၊ အကျတစ်ကြိမ် (၁၂နာရီစီ)ပဲ ဖြစ်တာကို တွေ့ရမှာ ဖြစ်ပြီး ဒါကို diurnal tide လို့ခေါ်ပါတယ်။ လတ်တီကျု အနိမ့်ပိုင်း ဒေသတွေနဲ့ equator တစ်လျှောက်မှာတော့ ဒီရေ အတက် အကျဟာ တစ်ရက် (၂၄) နာရီမှာ အတက် ၂ ကြိမ် အကျ ၂ ကြိမ် (၆ နာရီစီ) ဖြစ်ပါတယ်။ ဒါကိုတော့ semi-diurnal tide လို့ခေါ်ဆိုပါ တယ်။
ဒီပုံမှာလေ့လာကြည့်မယ်ဆိုရင် ရေတက် ရေပြည့်ချိန်ချင်း တူသော်လည်း တစ်နေရာနဲ့ တစ်နေရာ ဒီရေ အမြင့်ချင်းမတူ တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော် နောက်ထပ်အ သေးစိတ် ချဲ့ကားဆွေးနွေးစရာတွေ ရှိသော်လည်း ဘာသာရပ် ပိုင်းဆိုင်ရာကြီး လုံးလုံးလျား လျားဖြစ်သွားပြီး ငြီးငွေ့စရာဖြစ် သွားမှာစိုးတဲ့အတွက် ဒီ diurnal tide၊ semi-diurnal tide၊ range of tide (ဒီရေအမြင့်) တွေကိုဒီလောက်နဲ့ ပဲရပ်ထားလိုက်ပါတယ်။ ဆက်လက်ပြီး မေးမြန်းခြင်း၊ အပြန် အလှန်ဆွေးနွေးချင်း များရှိရန်လည်း ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန် တော်နောက်ထပ် ပို့စ်မှာတော့ နေ၊ လ တို့ ရဲ့ combination effect နဲ့ phases of Moon (လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်) စတာတွေကိုဖော်ပြသွားပါ့မယ်။
ကျေးဇူးတင်ပါတယ်။

2 comments:

Dr Phyo Wai Kyaw said...

တော်တော်လေးကောင်းတဲ့ပိုစ့်ပဲဗျ
ခုလိုသိပ္ပံနည်းကျသိဖို့ဆိုတာ မလွယ်ဘူး
ရှင်းပြတဲ့သူရှိတော့ အလွယ်တကူ သိရပါတယ်
ကျေးဇူးတင်ပါတယ်။

"လရဲ့ မြင့် ထောင့် (declination) ဟာ ဒီဂရီ ကနေ ဒီဂရီကြားမှာ အပြောင်းအလဲ ရှိနေပါတယ်။ "

အဲစာကြောင်းမှာဒီဂရီ နံပါတ်တွေကို ကျနော် မမြင်ရဘူးဖြစ်နေတယ်ခင်ဗျာ.။

နောက် diurnal/semidiurnal tide ဘာလို့ဖြစ်ရလည်းဆိုတာကို
တမင်ချန်ထားခဲ့တာလားခင်ဗျာ။


အဲနှစ်ချက်တော့ မရှင်းဘူး။

အဆင်ပြေပါစေခင်ဗျာ။

Michael Ye said...

ိကိုအလှတရားခင်ဗျာ ကျေးဇူးတင်ပါတယ်။ စိတ်ဝင်စား မှုအတွက်လည်း ၀မ်းသာပါတယ်ခင်ဗျာ။ လပတ်လမ်း ရဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံး declination တွေကကျွန် တော်သိပ်မသေချာလို့ စာအုပ်မှာ ပြန်ရှာဖို့ ချန်ထားခဲ့ ရာကိုကျန်သွားခြင်းဖြစ်ကြောင်းဝန်ခံပါတယ် ခင်ဗျာ။ ပြန်ဖြည့်လိုက်ပါပြီ။
diurnal နဲ့ semi-diurnal tide ကိုကျွန်တော်ကို အလှ တရားအတွက် ပို့စ်တစ်ခုသက်သက်ပြန်တင်ပေးပါ့မယ်။
ဒီမှာ ကျွန်တော်ကစာဖတ်သူငြီးငွေ့သွားမှာစိုးတဲ့ အတွက် အသေးစိတ်မရှင်းထားခဲ့တာပါ။
စိတ်ဝင်စားမှုအတွက်တကယ်ပဲ ၀မ်းမြောက်ပါတယ် ခင်ဗျာ။ ဒီအကြောင်းအရာနဲ့ ဆိုင်တာကို ပြီးအောင်ဆွေးနွေး ပြီးသွားမှ စိတ်ဝင်စားသူများ အသေး စိတ်လေ့လာနိုင်အောင် ကျွန်တော် စုဆောင်း ထားတဲ့ e_books တွေကို upload link နဲ့ တင်ပေးပါ ဦးမယ်ခင်ဗျာ။
လေးစားလျှက်....

Related Posts Plugin for WordPress, Blogger...