supergiant တွေ ပြိုပျက်တဲ့ အချိန်မှာ ဖြစ်ပေါ် လာတာ ကတော့ supernova ပါ..။ supernova နဲ့ ပါတ်သတ်ပြီး စိတ်ဝင်စားရင် ကြည့်နိုင်တဲ့ animation ကို ဒီနေရာ ကို click ပြီး ကြည့်နိုင်ပါတယ်။
ကျနော်တို့ နေ ထက် အနည်းဆုံး ၈ ဆ လောက်ကြီးတဲ့ ကြယ်ကြီး တွေ ပြိုပျက်လို့ ဖြစ်လာတဲ့ supergiant တွေက စပါတယ်..။ supergiant တွေမှာ အပြင်ဘက် ပိုင်းတွေမှာ ဖြစ်နေ တဲ့ nuclear reaction ဟာ atomic number ငယ်တဲ့ ဒြပ်တွေကို ကြီးတဲ့ ဒြပ်တွေ ဖြစ်လာ အောင် ပြောင်းလဲ ပစ်နေ ပါတယ်..။ nuclear fusion ဖြစ်စဉ် ပါ..။ ဟီလီယမ် ကနေ ကာဗွန်၊ အောက်ဆီဂျင်၊ အိုင်ရွန်း စသည် ဖြင့်ပေါ့..။ သာမာန် redgiant တွေမှာတော့ ကာဗွန် မှာပဲ အဆုံး သတ်တဲ့ အတွက် ကာဗွန်ပဲ ကျန်ပါ တယ်..။ supergiant ကြယ်ကြီး တွေ မှာတော့ iron အဆင့် ရောက်မှ stable ဖြစ်ပါတယ်..။ fusion ဖြစ်စဉ်ဟာ iron ထက်ပိုလေးတဲ့ ဒြပ်တော့ မလုပ်ပေး နိုင်တော့ပါဘူး..။ ဒါနဲ့ iron တွေ ဖြစ်လာတာ များလာ တဲ့အခါ.. သူ့ရဲ့ ဒြပ်ထုကို သူ မနိုင် တော့ပဲ အတွင်း ကို ပြိုကျ ပါတယ်..။ အဲဒီပြိုကျတဲ့ အရှိန်နဲ့ ပေါက်ကွဲ ပါတယ်..။ ပေါက်ကွဲမှု အ ရှိန်ကြောင့် ဖြစ်ပေါ် လာတဲ့ shock wave ဟာ material shell နဲ့အတူ စကြာဝဠာ ထဲကို ပျံ့လွင့် သွားပါတယ်..။ အဲဒီလို ဖြစ်နေတဲ့ ကြယ်ပျက်ကြီးကို supernova လို့ခေါ်ပါတယ်..။
ပေါက်ကွဲမှု တွေကြောင့် အပြင်ကို မှုတ်ထုတ် ခံလိုက်ရတဲ့ ဒြပ်ပစ္စည်း တွေဟာ နောက်ထပ် ကြယ်သစ် တစ်လုံး.. ဒါမှမဟုတ် ဂြိုဟ် တစ်လုံး အဖြစ် ပေါင်းစည်း ကြပါတယ်...။ ဘေးမှာ ပြထား တဲ့ ပုံကတော့ ၁၉၉၄ ခုနှစ်မှ Hubble Space Telescope က တွေ့ခဲ့တဲ့ Supernova 1987 A ရဲ့ ပုံ ဖြစ်ပါ တယ်..။ supernova တစ်ခုဟာ သူ့ရဲ့ အပြင်လွှာ တွေ အတွင်း ဘက်ကို ပြိုပြို ကျရာ ကနေ နောက်ဆုံး မှာ အလယ်က core မှာ အင်အား ကောင်းတဲ့ ဆွဲငင်အားကို ဖြစ်စေ ပါတယ်..။ mass က ပိုပို ကြီးလာ တဲ့အခါ gravity က ပိုပို များလာတဲ့ သဘော ပါ..။ ဒီလို အနေအထား ရှိလာတဲ့ supernova မှာ ဆက်ဖြစ် လာနိုင်စရာ အလားအလာ နှစ်ခု ရှိပါတယ်..။


Neutron star
neutron star ဖြစ်လာမယ့်ကြယ်ဟာ အစက supernova ရဲ့ core ဖြစ်ခဲ့ပါတယ်..။


Black Hole
အဓိက အကြောင်းအရာ black hole ဖြစ်လာရတဲ့ အကြောင်းကို ရောက်ပါပြီ..။

တကယ်လို့ supernova ဟာ တော်တော် ကြီးနေခဲ့မယ် ဆိုရင်တော့ neutron star အဆင့်နဲ့ မရပ်တော့ပါ..။ အပြင်လွှာတွေ ပြိုကျ၊ သိပ်သည်းဆ ကြီးသည်ထက် ကြီးပြီးတော့ နောက်ဆုံး နယူထရွန် ဖြစ်ပါမယ်..။ ဒါပေမယ့် ဒြပ်ထုက အင်မတန် ကြီးနေ ရင်တော့ နယူထရွန် လည်း ချမ်းသာရာ မရတော့ပါ..။ နယူထရွန် အဖြစ် ဆက်လက် တည်မြဲ နိုင်ခြင်း မရှိပဲ ဘာ လို့ နာမည်တပ်လို့ မရနိုင်တဲ့ ဒြပ်သား သန့်သန့် ဖြစ်သွား ပါတော့တယ်..။ နယူထရွန် တွေ အများကြီး စုဝေး နေတာမျိုး မဟုတ်ပဲ တဆက်ထဲ၊


5 comments:
မင်္ဂလာပါ ကိုခွန်း
အခုတကြိမ်ဆိုရင် နှစ်ကြိမ်ရှိပြီ ဖတ်တာ
အခုတကြိမ်က ကိုခွန်း ဖိတ်ကြားလို့။
ပထမအကြိမ်က ကျွန်နော် ဘလောင်္ဂမှာက အသစ်တင်ရင် မြင်တယ်လေ။ ဖတ်ပြီးပြီ ဆိုပါတော့
တွင်းနက်အကြောင်းကို မှတ်သား လေ့လာတုန်းပဲ။ ကိုခွန်း ရှင်းပြမှ တချို့ဟာတွေ သိရပါတယ်။
ဖတ်ပြီး ကွန်မင်းမပေးသွားတာက ကျွန်နော်လဲ မသိလို့ မှတ်လိုက်ပါ။ တင်ပြချက်လေးတွေက အကျိုးအကြောင်း ခိုင်လုံတယ်ဆိုတော့ ဘာကို ဘာမှ ပြောစရာမရှိတာ တကြောင်းပေါ့..
ကျွန်နော်သိရင်တော့ ပြောဖြစ်မှာ သေချာပါတယ်။ ဒါအတွက်တော့ မပူပါနဲ့ ဟ ဟ။
ဘာဖြစ်ဖြစ် အစဉ် အားပေးနေပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ...
မင်္ဂလာပါ ကိုလူလ..
ဘာပဲ ဖြစ်ဖြစ် အခုလို ဝင်ကွန့်ပေးသွားတာ အများကြီး ကျေးဇူးတင် ပါတယ်ဗျာ။ ဒီဘက်နယ်ပယ်မှာ စိတ်ဝင်စားသူ နည်းတာရယ် ၊ နောက်ပြီး ဒါတွေက လူအများနဲ့ သိပ် မနီး စပ်တဲ့ အခါ ကိုလူလ တို့ကိုပဲ ကွန့်ပေးဖို့ ဖိတ်ခေါ်ရတာပါ။ အားပေးတာ ကျေးဇူးပါဗျာ။
ကိုခွန်းရေ
၁) နူကလီးယားပေါက်ကွဲမှုဖြစ်စဉ်တွေကနေ နောက်ဆုံးတွင်းနက်ဖြစ်တယ်လို့ နားလည်ပါတယ်။
၂)နူကလီးယားဖြစ်စဉ်ဆိုတာကို ကျနော်သိတာက
e=mc2(square)ပါ။ အီလက်ထရွန်တွေ ထုတ်လွှတ်တဲ့ အတွက် (mass )နဲ့ (acceleration နှစ်ထပ်ကိန်း) မြှောက်တဲ့ စွမ်းအင်ပဲလို့ သဘောပေါက်ထားပါတယ်။ (ဒီလိုနားလည်ထားတဲ့ အတွက်ပဲ နံပါတ်၎ မေးခွန်းက ဖြစ်လာရတာပါ။ ဒါကြောင့် ဒီနံပါတ်၂ မှာ ကျနော်သိထားတဲ့ အသိဟာ မလုံလောက်ဘူး လား လို့ စဉ်းစားမိပါတယ်။)
၃)fate of supergiant ဟာ supernova ။ fate of supernova ကတော့ neutron star or black hole/လို့နားလည်ရပါတယ်။
၎) တွင်းနက်(black hole) တွေမှာ နူထရွန်အဆင့်ထက် ကျော်လွန်တဲ့ ဖြစ်စဉ်တွေရှိတာ ကိုမမှန်းဆ တတ်ပါဘူး။ (နူထရွန် (neutron star) အဆင့်မှာကတည်းကနူကလီးယား ဖြစ်စဉ် ဘယ်လို ဆက်ဖြစ်သလဲဆိုတာကို သဘောမပေါက်တာပါ။နူထရွန်နဲ့ ဟို equation ကို မဆက်စပ်တော့ပဲ ခေါင်းရှူပ်သွားပါတယ်။ ၂ မှာရေးခဲ့သလို ပါပဲ။ equation ပြောင်းလဲမှုရှိလား ဒီတိုင်းပဲလား သဘော မပေါက်တာပါ)
၅)ဒီနေရာမှာ စကြာဝဠာဟာ မျဉ်းကွေးအတိုင်းရှိသည် ဆိုတဲ့ ရီလေတီဗီတီနဲ့ တွင်းနက် ခရီးသွားလာရေးကို နည်းနည်းထပ်ရှင်းပေးပါဦး။ ပုံထဲမှာ အချုပ်လောက် ပြထားတော့ စိတ်ဝင်စားမိပါတယ်။
၆)တွင်းနက် သဘောတရားဟာ ခိုင်ခိုင်မာမာ မသိရသေးတဲ့ သီအိုရီတစ်ခုများလား?
ဒါကတော့ မေးခွန်းမဟုတ်ပါဘူး။တွေးမိတာပါ။
ကိုခွန်းရေ
ကျနော့်ရဲ့ နားလည်မှုမလုံလောက်တဲ့ အတွက် မေးခွန်းတွေမေးသွားတာကို စိတ်မရှိပါနဲ့။ (မေးခွန်းတွေက ရယ်စရာများ ဖြစ်နေမလားပဲ)
အားထုတ်မှုကို အမြဲ အသိအမှတ်ပြုပါတယ်။ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီလိုရေးသားဖို့ ဆိုတာ။
သပ်သပ်ရပ်ရပ်နဲ့လည်း ရေးတတ်တယ်။ ပိုစ့်တိုတိုလေးမှာ ခြုံ့ရေးရတာ မလွယ်ပါဘူး။
ဒီ့ထက် ပိုပြည့်ပြည့် စုံစုံလေးရေးနိုင်ရင် (အခြေခံလေးတွေကို နည်းနည်းပါးပါး သာမန်လူနားလည် အောင်ပိုပြီးရေးနိုင်ရင်) ကျနော့် အတွက်တော့ ပိုကောင်းမယ်ဗျ။ ဒါပေမဲ့ ခုအတိုင်းလဲ ကောင်းတဲ့ ပိုစ့် ဆိုတာကို ငြင်းလို့ မရပါဘူး။
အဆင်ပြေပါစေဗျာ။
မိုက်တယ်ဗျာ... ပို့စ်တွေတင်မကဘူး.. ကွန့်မန့်တွေကပါ
သုတတွေအများကြီးပေးနိုင်တယ်... ကျွန်တော်က အဲ့လောက်တော့
မသိတော့ဘူးဗျ... ဒီတော့ အစ်ကိုတို့စီက လာဖတ်ပြီးပဲ မှတ်သားနေပါတယ်။
တွင်းနက်ကြီးဆိုရင် စတီဖင်ဟော့ကင်းလောက်ပဲ သိတာဗျ.. ဒါနဲ့ ဒီပို့စ်တွေထဲ
မှာ စတီဖင်ဟော့ကင်း ပြောခဲ့တဲ့ သီအိုရီတွေရော ပါလားဆိုတာ သိချင်ပါတယ်
အစ်ကို...
အမြဲ ဖတ်နေပါတယ်
ကောင်းတယ် ညီအကိုတို့ရေ
ဒီပညာရပ်ကို အကိုကလဲ ဝါသနာပါလို့သာ
ဝင်လာတာ ကောင်းကောင်းနားမလည်သေးဘူး ညီအကိုတို့
ဆီမှာ လေ့လာပြီး နာလည်အောင် ကြိုးစားနေပါတယ်
Post a Comment