Monday, November 2, 2009

၂၀၁၂ မှာ တကယ်ပဲ ကမ္ဘာပျက်မှာလား ( 2012 Dec 21 is really our Doomsday?)

ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြား အကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ် အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။ အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက် ထုတ်ခဲ့ပါတယ်)

ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ် လောက်မှာ ရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်း လူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်း အံ့သြော မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ နိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့် သွားနိုင်ပါတယ်။ ဒါပေမယ့် NASA နဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။
Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။ သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။ Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။ ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။ အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။

အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့ ၂၀၁၂ ဆိုတာ တော့ တော်တော် ကြီးများ စောလွန်း နေမလားလို့။ အခုစာလာ ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ paranormal.about.com မှာ အဲဒီ အကြောင်း pool လုပ်ထားတဲ့ result ကို အပေါ်ကပုံမှာ တွေ့နိုင် ပါတယ်။ ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့် ဆိုတာလေး comment ရေးပေး စေချင်ပါတယ်ဗျာ။ ကျနော့် အမြင်ကိုလည်း ပို့စ် တစ်ခုတင်ပြီး ရှင်းပေးပါ့မယ်။ ကျေးဇူး တင်ပါတယ်ဗျာ။

10/24/2008 2:35PM

44 comments:

Anonymous said...

မင်္ဂလာပါ ကိုခွန်း

ရှာဖွေတင်ပြတာ ကောင်းပါတယ်။ ထိုအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်နော်တို့ စကားဝိုင်းတွေမှာ လွန်ခဲ့တဲ့ သုံးလ လောက်က ပြောဖြစ်တယ်။ ၂၀၁၂ မှာ ကမ္ဘာပျက်မည် အကြောင်းပေါ့။
သိပ္ဖ္ဖံနည်းကျကျတော့ သိပ်မသိဘူး။ ဘာသာရေးကျမ်းအလာ ကမ္ဘာပျက်မည်ဆိုသော ကမ္ဘာ့ ကောလဟာလကြီး သုံးကြိမ် ပေါ်ပေါက်ပြီးမှ ကမ္ဘာဟာ ပျက်စီးခြင်းကို ဆိုက်ရောက်တယ်လို့ ဖတ်ဖူး ကြားဖူးပါတယ်။

ကိုခွန်း တင်ပြထားတဲ့ပုံစံဆို ကမ္ဘာကြီးက လုံးလုံး ပျက်စီးသွားနိုင်တဲ့ အနေအထားတော့ မရောက်သေးဘူး ထင်တယ်။ သဘာဝဘေးကြီးတွေ ဖြစ်နိုင်တယ်။ အင်း စဉ်းစားစရာပဲ။ အကယ်ကို ဒီကမ္ဘာဖျက်ကြီးကို ကမ္ဘာအနီးသို့မရောက်ခင် မိုင်ပေါင်းများစွာ လှမ်းနိုင်တဲ့ ဒုံးကျည်ဖြင့် ပစ်ခတ် လမ်းကြောင်းလွဲ့လို့ မရနိုင်ဘူးလား..။ ဘာဖြစ်ဖြစ်လေ ၂၀၁၂ ဆိုတော့ ကျွန်နော်တို့ မှီပါတယ်။ စောင့်ကြည့်ရတာပေါ့ဗျာ။

ရွှင်လန်းချမ်းမြေ့ပါစေ...

Unknown said...

ကျနော် ကအခုမှဒီကိုရောက်ဘူးပေမဲ့ အများကြီးဗဟုသုတ ရတယ်ဗျာ ကျေးဇူးတင်လိုက်တာ ရေးပါဗျာ များများနော်။

Dream said...

အဲလောက်ကြီး ကမ္ဘာပျက်တယ် ဆိုတာတော့ အဖြစ်နိုင်ပါဘူး... အသေးစား
လေး တွေ လောက်ပဲဖြစ်မှာပါ... ဘာသားရေး သဘောအရဆိုရင်တော့ ကပ်ဆိုက်တယ်ပေါ့လေ.. အဲဒီအကြောင်းကိုမက်မက်လည်းဖတ်ဘူးတယ်...
အခုလည်း 2012 မတိုင်ခင်မှာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ကပ်ဆိုက်နေတာပဲလေ..
တနည်းမဟုတ်တနည်း၊တခုမဟုတ်အခုနဲ့ပေါ့...
ဒါဟာလည်း ကမ္ဘာပျက်ခြင်းရဲ့ တစိတ်တဒေသ ကပ်ဆိုက်တာပဲ...

ဟင့်ဟင့်... ကြောက်တယ်..ကြောက်တယ်.... အခုကစပြီး
ဘုရားတရား ဘက်မှာ ပိုကိုင်းရှိုင်းမယ်.. ၀ိပသနာ တရား ပိုအားထုတ်တော့မယ်...
ဟိဟိဟိ.. တိဖူး..တိဖူး..တိဖူး... 2012 မှာ အနော်မပါဖူး..နော်...ဟိဟိဟိ.. :P :P :P

ဗီလိန် said...

ဒွင်းဒွင်းပြောတာထောက်ခံပါတယ်။ ကမ္ဘာကြီး ကပ်ဆိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လုံးဝကြီးတော့ ပျက်စီးသွားလို့ မရသေးပါဘူး။ ဘာလို့ လဲ ဆိုတော့ ဂေါတမမြတ်စွာဘုရားဟောခဲ့တဲ့ အရိမေတ္တယ ဘုရားရှင်မပွင့်သေးလို့ပါ။ ကျနော်တို့ ကမ္ဘာက ဘဒ္ဒကမ္ဘာပါ။ ဘုရားငါးဆူပွင့်ပြီးမှ ကမ္ဘာပျက်လို့ရပါမယ်။ စိတ်ဝင်စားစရာပဲဗျာ။ စောင့်ကြည့်ရုံပေါ့။

sait phay yar said...

ယု့တယ်မယုံဘူးတော့ မဆိုနိုင်သလို စင်္ကြာလောက ကြီးရဲ့ပြောင်းလည်းမူတွေက မသိနိုင်ဘူးလေ
ဒါလည်းသပံပညာရှင်တွေတွက်ခဲ့တာတွေက တော်တော်များများလည်းမှန်ခဲ့သလို မှားခဲ့တာတွေလည်းရှိခဲတာဘဲ ဆိုတော့ ဖြစ်လာရင်လည်းဖြစ်လာသလိုလက်ခံယုံပါဘဲ ကိုယ်ကဘာမှမ မတတ်နိုင် တားဆီးလို့လည်းမရ သက်တန်းကုန်တဲ့နေ့ ကုန်ကြရမယ် လေ. အဲဒါတွေစဉ်းစားပြီးကြောက်နေမဲအစား ကိုရောက်ရာနေရာ မှာ အကောင်းဆုံးလုပ်ပြီး ကျန်ရှိတဲ့ ဘ၀ကို အကောင်းဆုံးနေထိုင်သွားရတာကောင်းပါတယ်

Dr Phyo Wai Kyaw said...

အင်မတန် ကောင်းပါတယ် ကိုခွန်း
ကွန်မန့်ရေးဖို့ အင်မတန် ချင့်ချိန်နေရတယ်
ဒီ အကြောင်းအရာ မှာ သိပ္ပံ နဲ့ ဘာသာရေး စည်းရုံးမှု ရောထွေး ပါဝင်နေတာ
ကိုတွေ့နေရတယ်..သိပ္ပံ အချက်အလက် တွေမှာ မဆီမဆိုင်(သံသယ၀င် စရာ ဖြစ်သွား တယ်)..အဲဒါကို ကိုခွန်းသတိထားမိလားမသိဘူး...
၁)Tzolkin ပြက္ခဒိန် အကြောင်းကို သမိုင်းနဲ့ အမြင် နဲ့ ရှင်းလင်းစေချင်တယ်
၂)holy bible ကသတိပေး တယ်ဆိုတာကို ဖတ်လိုက်ရတော့ တော်တော်လေး သံသယ ဖြစ်သွားတယ် ..ဘာကြောင့်လည်းဆိုတော့ ကမ္ဘာ တည်တဲ့ အချိန် လို့ သူတို့ပြောဖူးတဲ့ BC (... ၁၀ရာစု..)ခန့်မှန်းချေ ပဲ မှတ်မိတော့တယ်...မှားရင်ပြင်ပေးပါ.)မှာ ယာဉ်ကျေးမှု မြင့်တဲ့လူတွေတောင်ပေါ်နေပြီ။ အဲဒီ အချက်ကို အမြဲ လျစ်လျူရှုပြီး သာသနာဖက်က လူတွေဟာ ၂၀၀၀မှာ ကမ္ဘာပျက်မယ် လို့ တစ်လျှောက်လုံးပြောလာကြပြန်တယ်...မဟုတ်တော့လည်း
ဘာမှ မပြောကြပြန်ဘူး..ဒီတော့ holy bible နဲ့ သိပ္ပံ အထောက်အထား အချို့ကို ဗန်းပြပြီး မသင့်တော် တဲ့စည်းရုံးမှု ပြုမှာ ကိုစိုးရိမ်တယ်( သိပ္ပံ ကိုသတ်သတ် ထားသင့်တယ်။)အဲဒီ စာအုပ်ကို ထပ်ဖတ်ပေးပါ။ အချို့ က အကြမ်းဖက်ဖို့ စည်းရုံးတာတွေ လည်း ရှိတတ်တယ်။ (ဒီ၂ကို ခင်ဗျား ဖျက်လို့ရရင် ဖျက်ပေးပါ)
၃)NASA နဲ့ တိုက်ရိုက် ဆက်သွယ်ပြီး အချက်အလက် ကို ဖြေရှင်းခိုင်း တဲ့သူဟာ မုချ ရှိရပါမယ်...NASA က အရေးတယူ မဖြေရှင်း ဘူးလား...ဖြေရှင်း ခိုင်းတဲ့သူ မရှိတာလား ကို ထပ်လေ့လာဖို့လိုပါတယ်...
၎) အချက်အလက်တွေ အားလုံး မှန်ကန် ရင်တောင်မှ.... ကမ္ဘာတစ်ခုလုံး ကိုဖျက်ဆီးနိုင်စွမ်း မရှိတာကို မြင်သာထင်သာ ကြီး ၇ှိနေရက်နဲ့ ကမ္ဘာ ပျက်ဖို့ ကို ထပ်တလဲလဲ ပြောနေတာဟာ အင်မတန် ဆိုးတယ်။ (မုသားတစ်ဝက် အမှန်တစ်ဝက် သတင်း ဖြစ်မှာ စိုးရတယ်)
၅)သာမန်လူစဉ်းစား ရင်တောင် သဘာဝဘေးတွေပဲ ဖြစ်နိုင်မှန်း ထင်ရှားနေတဲ့ အပြင် သတင်း ဆိုးတွေကို ရည်ရွယ်ချက်နဲ့ ဖြန်းဖြူးတတ်တဲ့ အဖွဲ့ အစည်းတွေ ရှိတာ ကြောင့် ယုံကြည်ရတဲ့ သတင်း ဌာန တစ်ခု ရဲ့ ကြေညာ ချက် မထွက်ပေါ်မချင်း ဒီသတင်း ကို အတည်ပြု စဉ်းစားဖို့ သိပ်မဖြစ်နိုင်ဘူး

ကိုခွန်း အနေနဲ့ နံပါတ် ၁၂၃၄ အချက်တွေကို ထပ်မံလေ့လာပြီး ပိုစ့် အသစ်တင်ဖို့ ကြိုးစားပေးပါဦးလို့ တိုက်တွန်းချင်တယ်။
၅ အချက်ကိုတော့ မျက်ခြေ မပြတ်စောင့်ကြည့်နေဖို့ပါ။
သိပ္ပံ ကိုလေ့လာတဲ့ အခါ ဘာသာ အစွဲကို ခဏ ဖြုတ်ထားအပ်လို့ ဘာသာတရားနဲ့ ပတ်သက်တာကို မဆွေနွေးလိုဘူး။
ကိုခွန်း ခင်ဗျား..ပိုစ့်နဲ့ ပတ်သက် တဲ့ အများနဲ့ဆိုင်တဲ့ အချက်တွေကြောင့် အားနည်းနည်း စိုက်လိုက်ပါဦး..ကျနော်တို့ ကိုယ်တိုင်လည်း..ဒီနယ်ပယ်ကို မကျွမ်းကျင်ဘူးလေ။

(ဒါနဲ့ ကိုလူလ ပြောသလိုပဲ.ကမ္ဘာ လုံးလုံး ပျက်မဲ့ အနေ အထား မရှိဘူးလေ...သဘာဝဘေး တွေတော့ ကြုံကောင်းကြုံနိုင်တယ်)

အမှားပါရင်ခွင့်လွှတ်ပါခင်ဗျ
ခင်မင်လျက်

Anonymous said...

ကိုခွမ်းကတော့ အိမ့်ကိုစိတ်ခြောက်ခြားအောင်လုပ်နေပြန်ပါပြီ။
မသေခင်၁၀ရက်အလိုဆိုတဲ့တက်ထက်ဆိုးနေပြီ
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ဖြစ်လာရင်တော့ခံရမှာပေါ့ ပြေးစရာမြေမှမရှိတာ။
ဖြစ်သမျှအကြောင်း အကောင်းချည်းပေါ့

ဟိန်းညီ said...

အစ်ကိုရေ.....လန့်သွားတာပဲဗျ။
ဘုရားဟောထားတာတော့အများကြီးလိုသေးတယ်။
နောက်ထပ်ဘုရားတစ်ဆူတောင်ပွင့်ဦးမှာ။ဟီးဟီး
အဲဒီအတိုင်းသာဆို တရားအားထုတ်တောင်မှီလောက်တော့ဘူးထင်တယ်။
တော်ပြီ။ကျွန်တော်တော့ယုံတဲ့ထဲမှာပါဘူး။ဟဟဟ

မောင်ဖားကြီး said...

အလှတရား ထောက်ပြဝေဖန်သွားတာကို တော်တော်သဘောကျတယ်ခင်ဗျ။ ဟုတ်တယ်လေ
သူတို့ တင်ပြထားတာက holy bible ကိုပါဆွဲထည့်ထားတော့ ကျွန်တော်ရေးတဲ့ ပို့စ်လိုမှီရာ
လှမ်းဆွဲတဲ့သဘောတွေပါတယ်ဗျ။ stonehenge နဲ့ easter island တင်မကဘူး ဘီးမပေါ်ခင်လို့
သတ်မှတ်ထားတဲ့ အချိန်တည်းက ပိရမစ်တွေကိုတောင် ဘယ်လိုဆောက်လည်းဆိုတာသေသေ
ချာချာ မဆုံးဖြတ်နိုင်သေးဘူးလို့ ထင်ပါတယ်။ ဒီတော့ နားမလည်တာတွေဆွဲထုတ်ပြလည်း
နားမလည်တာပေါ်ပဲ ထပ်ဆင့်သွားမယ်ထင်ပါတယ်။

nasa ကမပြောတာကတော့ သူ့ကိစ္စနဲ့သူရှိမှာပေါ့ bruce willes ပါတဲ့ ကားထဲကလို အာကာသထဲ
အနျူမြူဗုံးလွှတ်ပြီး ခွဲဖို့ကျန်နေသလားမှမသိတာ။ :-) ပြီးတော့ ဒီမှာရေးသွားတဲ့ တခြားမောင်နှမ
တွေပြောသလိုပဲ ဘုရားဟောကလည်း ရှိသေးသကိုး။ ဘာပဲဖြစ်ဖြစ်ဗျာ တကယ်ဖြစ်ခဲ့မယ်ဆိုရင်တောင်
ရှောင်လို့မှမရတာ။ တွေးပူနေမယ့်အစား ရင်ဆိုင်ဖို့ပဲအကြောင်းရှိတယ်ဗျ။ မဲပေးခိုင်းရင်တော့ ကျွန်တော့်
အနေနဲ့မယုံဘူးလို့ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတာ you tube လိုsite များက အထိမ်းအကွပ်မှ သိပ်မရှိတာကိုး။
အမြင်သစ်ရအောင် ဘာသာပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...။
အမြဲတမ်းလာဖတ်နေတဲ့..........

ခွန်း said...

ကောင်းတယ်ဗျာ။ ဝင်မန့်ထားတာလေးတွေ ကြည့်ပြီး အားရတယ်။ ကျနော်တို့ မြန်မာတွေ တွေးခေါ်တဲ့ နေရာမှာ သူများထက်သာတယ်။ youtube က comment တွေမှာ ကိုယ့်ကိုယ်ကို သတ်သေဖို့ စဉ်းစားတဲ့ လူတောင် ရှိတယ်။ ကမ္ဘာက လူတွေ နဲ့ယှဉ်ရင် မြန်မာတွေ စဉ်းစားတာ မညံ့ဘူးဆိုတာ သိလိုက်ရလို့ ကျနော် အများကြီး ဝမ်းသာပါတယ်။ အချက်အလက်တွေ ကျနော် စုံစမ်း ပြီးပါပြီ။ ပြီး ရင် ကျနော် ပို့စ် တင်ပြီး ရှင်းပေးပါ့မယ်

mgngal said...

ရှင်းပြမယ့်  ပို့ စ်အသစ်ကို စောင့်မျှော်နေပါတယ် ။
စိတ်ပူလို့  ။ :D

ငှက်ငယ်လေး said...
This comment has been removed by the author.
Unknown said...

ခွန်းရေ

နင့်ပို့စ်ကို ငါ နှစ်ခါတိတိဖတ်ကြည့်တယ် … ဘာလို့လဲဆိုတော့ ငါက ဒီအကြောင်းတွေနဲ့ပတ်သတ်လို့ ဗဟုသုတနည်းတော့ ပထမတစ်ခါဖတ်တုန်းက ငါဘာမှသေချာမသိဘူး … တစ်ကြိမ်ဖတ်ပြီးတော့ မှ နင့်ပို့စ်မှာပါတဲ့ ငါမသိတဲ့အကြောင်းအရာတွေကို ငါ လိုက်ရှာဖတ်ကြည့်တယ် …
အဲ့ဒီတော့စိတ်ဝင်စားလာပြီး နောက်တစ်ကြိမ်ပြန်ဖတ်ပြီး ကွန်မန့်ရေးဖြစ်တယ် …
ဒီကိစ္စကြီးကို ယုံသလားမေးရင် ငါ့မှာအဖြေမရှိဘူး … ယုံတယ် မယုံဘူးဆိုတာက မဝေးတော့တဲ့တစ်နေ့မှာ ငါတို့သိမှာပဲလေ … စောင့်ကြည့်ယုံပေါ့ …. ဒီပိုစ့်ဖတ်ပြီးတဲ့အချိန်မှာ ထွေထွေထူးထူး ဘာမှမခံစားရဘူး …
ဖြစ်ရင်လဲ တစ်ယောက်တည်းမှမဟုတ်တာ … ဖြစ်လာရင်လဲ ရှောင်လို့မှမရတာ ….
သာသနာထွန်းကားပါတယ်ဆိုတဲ့ ငါတို့နိုင်ငံမှာတောင် ကပ်အမျိုးမျိုးဆိုက်နေသေးတာပဲ …
အဲ့ဒါမို့လို့တွေးလဲ မပူမိပါဘူး … ပစ္စုပ္ပန်တည့်တည့်ကြည့်တာ အကောင်းဆုံးပါပဲ …

Unknown said...

ဒီအကြောင်းကို တော်တော် စိတ်ဝင်စားတယ်ဗျာ။ ကိုယ့်ရက်ကွက်ထဲတင် ထမင်းစားဖို့ ကြံနေရတာနဲ့
အဲလို စကြာဝဠာထဲက ကိစ္စတွေဘက် မလှည့်အားတာ တော်တော် ကြာနေပီ။
အစ်ကို ရေးမှပဲ လွယ်လွယ်ကူကူ ပြန်ဖတ်ဖြစ်တော့တယ်။
ဒါပေမယ့် အဲလို ပျက်မှာလား ဆိုတာကိုတော့ မလန့်ဘူး။ စိတ်လဲ လုံးဝ မပူဘူး။
ကျွန်တော့်အသိနဲ့ လက်လှမ်းမှီတာထက် ကျော်နေတဲ့ ကိစ္စမို့လဲပါတယ်။
တစ်ခုချင်းသာ တွေးကြောက်ရကြေးဆိုရင်လဲ လိပ်ပြာတောင်ပံခတ်တာတောင် မုန်တိုင်းကျဖို့ ဖြစ်စေသေးတာပဲ၊ ဘာမှကိုရစရာ မရှိတော့ဘူး။
ဒါပေမယ့် ကြိုက်တယ် ဖတ်ရတာကို။
ဖတ်ပီးရင်လဲ ကိုယ်ပဲ အကုန်သိတာလိုလို၊ အတိအကျပဲ ဖြစ်မှာလိုလိုနဲ့ သူများကို လှန့်ရတာ ဝါသနာပါတယ် ဟီး။
ဒီတော့ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ ရှေးဟောင်း ဆန်တဲ့ ပုံပြင် ဒဏ္ဍာရီတွေ၊ ခေတ်လွန် စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွေကို ကြိုက်တယ်။
ဟီး ဟီး...၊ ကလေးပီပီ ဟန်ချီချီပဲ။
များများတင်ပါဦး၊ ဆက်စပ်နေတဲ့ ဖတ်စရာနေရာလေးတွေလဲ လမ်းညွှန်ပါဦး။

Michael Ye said...

ကျွန်တော် ကတော့ သိပ်မထင်တဲ့ ဘက်မှာ ရှိပါတယ်။

Michael Ye said...

အဲဒီ ဧည့်သည် ဂြိုလ်ဟာ.. ဘဲဥပုံ orbit မှာလှည့်ပတ်နေတယ် ဆိုပါတယ်။ များသေအားဖြင့် ကျွန်တော် လေ့လာဖူးသလောက်ပေါ့ gravity တွေနဲ့ ဖွဲ့စည်းထားတဲ့ သက်ဆိုင်ရာ နေအဖွဲ့ အစည်းတိုင်းမှာ celestial body တွေကသူတို့ ရဲ့ပုံမှန်ပတ်လမ်းမှာပဲ လည်ပတ်ကြပါတယ်။ နေအကြောင်းပြန်လေ့ လာမယ်ဆိုရင်လည်း Equinoxes တွေကြောင့်ဖြစ်တဲ့ declination အပြောင်းအလဲဟာ တစ်ပတ်ပြည့်ပြီး မူလ Equinoxes နေရာကို ပြန်ရောက်ဖို့ (Precession of Equinoxes) နှစ်ပေါင်း ၂၆၀၀၀ ကြာပါတယ်။ ( Refer to Admiralty manual of tide and tidal stream) ညီမျှသော ဆွဲအားတွေကြောင့် celestial body တစ်ခုဟာ မူလပတ်လမ်းကနေသွေဖယ်သွားဖို့ ဆိုတာ ခက်ခဲပါတယ်။ ဒီမူလ ပတ်လမ်းပုံသေရှိတဲ့ အတွက်ပဲ celestial body တွေကြားက ဆွဲအားတွေကြောင့် ကျွန်တော်တို့ ကမ္ဘာမှာ tide ဆိုတာဖြစ်လာပါတယ်။ တစ်ခြားတစ်ဘက်ကို ကြည့်မယ်ဆိုရင်လည်း ညီမျှသော ဆွဲအား gravity between celestial bodies တွေကြောင့်ပဲ satellite တွေကို ကျွန်တော်တို့ ပုံသေပတ်လမ်းပေါ်မှာ လွှတ်တင်ထားနိုင်တာပေါ့။ ကျွန်တော် အမြင်ကိုဆွေးနွေးချင်တာကတော့ လွန်ခဲ့သော နှစ်ပေါင်း 3600 အတွင်းက ဒီလိုကမ္ဘာ ပျက်တဲ့ ဖြစ်စဉ်မျိုး ဘာအထောက်အထားမှ မရှိခဲ့ပါဘူး။ ပုံသေပတ်လမ်းမှာ လှည့်ပတ်နေတဲ့ ဒီ planet X ဟာ... တကယ်သာ အဲဒီလိုတည်ရှိလှည့်ပတ်နေရိုးမှန်ရင်.... လွန်ခဲ့သော နှစ်ပေါင်း ၃၆၀၀ ကလည်း ဒီနေရာသို့ အနည်းငယ်သွေဖယ်သော declination နဲ့ နေနဲ့ ကမ္ဘာကြားကို ၀င်ရောက်ခဲ့မှာပါပဲ။ ဒါပေမယ့် ခုထိတော့ ကျွန်တော် သိရသလောက် အထောက်အထား မရှိပါခင်ဗျာ။ ခန့်မှန်းချက်များ ဖြစ်တဲ့အတွက် ကျွန်တော်တို့လို ပမွှားများ အနေနဲ့ လည်း ၁၀၀% သေချာ ပေါက်ပြောရဲပါ။ သို့သော် ကျွန်တော့် အမြင်အရ ဖြစ်နိုင်ချေနည်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ Moon,Sun နဲ့ Earth Gravity ဖွဲ့စည်းမှုဟာ.... နောက်ထပ်ဂြိုလ်တစ်လုံးဝင်ရောက်လာမယ်ဆိုရင်တော့ မူလ တော့ပစ် မှာတင်ထားသလို ကြောက်စရာ အကောင်းဆုံးဖောက်လွဲ ဖောက်ပြန်မှုတွေ ကြုံရမှာတော့ မလွဲကြောင်းပါ။

ခွန်း said...

ကို ju ပြောသွားတာလေးတွေ တော်တော် ကောင်းပါတယ်။ ကျနော်လည်း အဲလိုပဲ မြင်ပါတယ်။ ဒီပို့စ်ကို ဖတ်ပြီးပြီ ဆိုတော့ ဒီကိစ္စနဲ့ ပါတ်သတ်ပြီး ကျနော် ပြန်ဖြေရှင်းထားတဲ့ ပို့စ်လေးကို ဖတ်ပြီး အဲမှာလဲ comment ရေးပေးစေချင်ပါတယ်။ ကျေးဇူးပါဗျာ။

Hsu said...

အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်.. ယုံကြည်တယ် မယုံကြည်ဖူး ဆိုတာကတော့ သေသေချာချာတော့ မသိသေးပါဘူး.. နောက်တစ်ခု စိတ်ဝင်စားဖို့ ကောင်းတာက တချို့  website တွေမှာဆို countdown တောင်လုပ်နေကြတယ်.. ကမ္ဘာပျက်ဖို့ ဘယ်နရက် ဘယ်နနာရီ ဘယ်နမိနစ် ဘယ်နစက္ကန့် ဆိုပြီးတော့..
အကိုလူလ ပြောသွားသလိုဘဲ ၂၀၁၂ ဆိုမှီတယ်.. စောင့်ကြည့်ချင်တယ်

Unknown said...

ကိုခွန်း ...
နေကောင်းတယ်နော် ....

Anonymous said...

တကယ်ဖြစ်လာမယ်မဖြစ်လာဘူးဆိုတာထက်
စိတ်ဝင်စားစရာကောင်းတာလေးကတော့အမှန်ပါပဲ
ဒီလို ရှာဖွေရေးပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်
လူငယ်တွေကြားမှာတော့ ဒီကိစ္စလေးဟာ အငြင်းပွားဖွယ်
လေးပါ..ဘုရားရှင်ရဲ့အဆုံးအမရဆိုရင် ဖြစ်မယ်၊ပျက်မယ်ပေါ့.ပျက်မယ်ဆိုတာ အကြောင်းအရာ
အမျိုးမျိုးနဲ့  ပျက်စီးမှာပါ..၂၀၁၂မှာမဟုတ်ပါဘူး
မြန်မာမှာတောင်နာဂစ်ကြောင့်ပျက်နေသလို ဗီယက်နမ်၊တရုတ် ကျွန်နော်တို့ အိမ်နီးချင်းတွေမှာတောင်နည်းနည်းနဲ့ ပျက်စီးနေကြပါတယ်
တကယ်ပျက်မယ်ဆိုရင်
သဘာဝဘေးအန္တ၇ယ်တွေကြောင့်ပျက်စီးကြမှာပါပဲ
ပို့စ်လေးကောင်းပါတယ်ခင်ဗျာ အားပေးလျက်

တင်နွယ်မောင် said...

ဟုတ်ပါတယ် ကျွန်တော်ကတော့ မယုံနိုင်ပါဘူး ဘာလို့လဲဆိုတော့ မနက်ဖြန်ဆိုတာတောင် မယုံနိုင်စရာ အကြောင်း၇ှိနေလို့ပါ..
ကမ္ဘာပျက် မယ့်အကြောင်း စုံလင်စွာ သိရှိလိုပါက မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားသော စက္က၀တ္တိသုတ် မှာရှင်းလင်းစွား မှတ်သား နားယူနိုင်ပါတယ်ခင်ဗျာ ကိုယ့်အတွေးနဲ့ကိုယ့်ဆိုရင်တော့ အချိန်ကုန်တာလွဲလို့ အကျိုးရလာမည့် မဟုတ်ဟု ဆိုချင်ပါတယ်ခင်ဗျာ

Unknown said...

သူရိန်
ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာကတော့ တကယ့်ဖြစ်မယ့်နေ့မရောက်ခင်မှာ အရာဝတ္ထုကိုအရင် တွေ့ရမယ်လို့ပြောထားပါတယ်။အဲ့ဒိတော့ ဘယ်နေ့ဘယ်ရက်မှာ ဘယ်နေရာကနေ ဘယ်အတိုင်းအတာထိမြင်နိုင်မယ်ဆိုတာကို ပြောထားတဲ့အတွက်စောင့်တော့ကြည့်ချင်သေးတယ်ဗျာ။အဓိကပြောချင်တာကတော့ ယခုလိုထွန်းကားနေတဲ့သိပံခေတ်ကြီးမှာ အဲ့ဒိ အရာကို ဒုံးကျဉ်လိုမိုး လက်နက်တစ်ခု နဲ့ ပစ်ပြီးဖြိုခွင်းလို့ရောမရနိုင်ဘူးလား ?နောက်တစ်ခု က ပစ်ခွင်းဖျက်စီးလို့မ၇လောက်အောင်ကို မားနေမယ်ဆိုရင် projectile
အပုဒ်စာများတွက်ချက်မှုများနဲ့ဆက်စပ်စဉ်းစားကြည့်မယ်ဆိုရင် အရာဝတ္ထုရဲ့လမ်းကြောင်းကိုပြောင်းလဲသွားအောင်ရောလုပ်ကြည့်ယူလို့မ၇ဘူးလား?

ကျွန်တော် said...

မင်္ဂလာပါ ကိုခွန်း
တင်ပြထားတာက ဖြစ်နိုင်မဖြစ်နိုင်ဆိုတာထက် ကျွန်တော်စဉ်းစားမိတာလေးပြောပြချင်လို့ပါ။လူဆို
တာသေရမှာကို တော့ကြောက်ကျတာချည်းပဲလေ။ပိုက်ဆံရှိတဲ့လူဆိုရင် ပိုဆိုးသေးတယ်။ဒီကိစ္စက တကယ်ဖြစ်လာခဲ့မယ်ဆိုရင် ကမ္ဘာကျော်မီလျံနာ သူဌေးကြီးတွေက သူတို့ပုန်းဖို့ ရှောင်ဖို့ နေရာလုပ်နေကျရောပေါ့။၂၀၁၂ ဆိုတာလိုမှ မလိုတော့တာ။အဲလိုလုပ်ပြီဆိုရင် မီဒီယာတွေက လဲအတိအလင်းဖော်ပြကြလိမ့်မယ်လို့ထင်တယ်။
အစိုးရအဖွဲ့အစည်းတွေကရော ဘာဖြစ်လို့အခုချိန်အထိ ဘာမှမလုပ်သေးတာလဲ။ တကယ်ဖြစ်လာတော့မယ်တာသေချာရင် အင်အားကြီးနိုင်ငံတွေ ပေါင်းပြီး တစ်ခုခုတော့
လုပ်မယ်လို့ထင်တာပဲ။ တတ်စွမ်းသရွေ့လေးပေါ့။
ဘာပဲဖြစ်ဖြစ်ပေါ့... တကယ်ဖြစ်လာသည်ဖြစ်စေ တကယ်ဖြစ်မလာဘူးဖြစ်စေ ကမ္ဘာကတော့ပျက်စီးမသွားဘူး။

Unknown said...
This comment has been removed by the author.
Unknown said...

ကမ္ဘာပေါ်က သတ္တဝါတွေဟာ တစ်နေ့တခြား လောဘ ဒေါသတွေ တိုးနေကြပါတယ် ။ ဒါကြောင့် ဒုက္ခပေါင်းစုံဟာ ကမ္ဘာနေရာပေါင်းစုံမှာ
ကျရောက်နေတာကို သိရှိကြမှာပါ ။ ယခုလက်ရှိအချိန်မှာတောင် အရွယ်မရောက်ပဲ သေကြေရသေးတာပဲဗျာ ။ သင်္ခါရကတော့ရှောင်လို့မ
ရပါဘူး ။ ဒါပေမဲ့ ကမ္ဘာကြီးတစ်ခုလုံးပျက်စီးတဲ့ အထိတော့ မဖြစ်နိုင်ပါဘူး ။ ဗုဒ္ဓဟောကြားပြီးသားပါ ။ အဲ အခုလိုနေရာတိုင်းမှာ ဖြစ်နေတဲ့
ကပ်တွေဟာ လူတွေလောဘ ဒေါသ တွေအားကြီးလာလို့ပါ ။ ဘေးအန္တရာယ်တွေက ရှောင်လွဲချင်ရင်တော လူတိုင်းက လောဘ ဒေါသ
တွေ ကင်းအောင်နေပေးမယ် ဆိုရင်တော့ ဘယ်ဘေးမှမကျရောက်ပါဘူးဗျာ ။ စမ်းသပ်ကြည့်ပါ အစမ်းသပ်ခံနိုင်တဲ့ ဘာသာတရားပါ ။
ဗုဒ္ဓပေးခဲ့တဲ့ အကာအကွယ်ပဲဗျို့ ............................................

NatShinNaung said...

21.12.20012 ဆိုတဲ့ 1,2 ဂဏန်းတွေကိုယူပြီးတော့ သက်သက်ခြိမ်းခြောက် ဘာသာရေးသိမ်းသွင်းမှုတွေလုပ်ကြမယ်လို့ထင်တာပဲ.. ဒီလို ဗျူးလုံးတွေ ဂဏန်းလှလှတွေအများကြီး. ဒီလို ဂဏန်းလှလှတွေကြုံတိုင်း လူတွေတစ်ခုမဟုတ် တစ်ခု လုပ်ကြတာမဟုတ်လား.. 8.8.88./ 08.08.2008 / ဒါမျိုးတွေကို ဘလော့တွေမှာ ပေါ်ပင်လိုက်ရေးကြတာ ဘလော့ဖတ်သူတိုင်းသိပါတယ်။ ယုံပေါင်ဗျာ။ ဒီစာကို မဖတ်ခင် youtube မှာကြည့်ထဲက စိတ်တော့ ကသိကအောင့်ဖြစ်တယ်ဗျာ။ ၀မ်းချုပ်သလိုကြီး . :D youtube က video တွေ clip လေးတွေ ဘာသာပြန်စုရေးပေးထားတာ ကျေးဇူးတင်ပါတယ်။

Unknown said...

ဟားဟား မကြောက်ဘူးဗျို့  ယုံလည်းမယုံကြည်ဘူး ဖြစ်လာခဲ့၇င်လည်း အေးဆေးပါ ကိုယ်တယောက်ထဲမှ မဟုတ်တာ သေစမ်းပါစေ အကုန်လုံးသေလို့ ကတော့ ကျွန်တော်ပြောချင်တာကတော့ လာမယ့်ဘေးကို တွေးကြောက်နေမယ့်အစား လုပ်စရာရှိတာသာ ပုံမှန်လုပ် နေထိုင်စားသောက်စမ်းပါ ခင်ဗျားတို့ ပြောသလို ကမ္ဘာတောင်ပျက်မယ်ဆိုမှတော့ ဘာမှ စုဆောင်းထားစရာလည်းမရှိဘူး ကာကွယ်စရာလည်း မလိုဘူး လွှတ်ရာလွှတ်ကြောင်းလည်း စဉ်းစားတွေးပူမနေနဲ့ သေစမ်းပါစေဗျာ အင်း စောစောသေတော့လည်း နောက်ဘ၀ တခုမြန်မြန်ရောက်တာဘဲ ကျွန်တော်ကတော့ လုံးဝ မကြောက်သလို လုံးဝ အယုံအကြည်လည်းမရှိပါ

Unknown said...

မင်းတို့ဗုဒ္ဓကတော်တော်စွမ်းတဲ့ပုံပဲနော် ဒါပေမယ့်သူများတွေဘုရားလိုပြန်ရှင်သန်ထမြောက်တဲ့နေ့
တွေဘာတွေရှိပုံ မပေါ်ဘူး မင်းတို့အရိမေတ္တယ ကရောဘယ်တော့လာမှာလဲ အဆက်အသွယ်ရှိရင်ပြောလိုက်အုံး အမှီလာပါတော့လို့
ဒါမှမဟုတ်လဲမြန်မြန်တရားကျင့်ခိုင်းလိုက်ကွာ
ငါကြည့်ရတာအခုခေတ်လူတွေဘုန်းကြီးတွေတရားကျင့်ပုံမျိုးဆို
ရင်တော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး

Unknown said...

မင်းတို့ဗုဒ္ဓကတော်တော်စွမ်းတဲ့ပုံပဲနော် ဒါပေမယ့်သူများတွေဘုရားလိုပြန်ရှင်သန်ထမြောက်တဲ့နေ့
တွေဘာတွေရှိပုံ မပေါ်ဘူး မင်းတို့အရိမေတ္တယ ကရောဘယ်တော့လာမှာလဲ အဆက်အသွယ်ရှိရင်ပြောလိုက်အုံး အမှီလာပါတော့လို့
ဒါမှမဟုတ်လဲမြန်မြန်တရားကျင့်ခိုင်းလိုက်ကွာ
ငါကြည့်ရတာအခုခေတ်လူတွေဘုန်းကြီးတွေတရားကျင့်ပုံမျိုးဆို
ရင်တော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး

mabaydar said...

သိပ္ပံပညာနဲ့ ပတ်သတ်တဲ့ပိုစ့်မှာ ဘာသာရေးလာတိုက်ခိုက်ထားတဲ့ အပေါ်ကလူကရှိသေး.. ယုံချင်ယုံ မယုံချင်နေ.. ကိုယ်မယုံတာနဲ့ ဘာမှ ဗုဒ္ဓဘာသာတွေ နောက်ပွင့်မဲ့ဘုရားတွေကို ဘာမှ လာထိခိုက်နေစရာကိုမလိုဘူး.. ငါတို့လဲငါတို့ယုံကြည်မှုနဲ့ငါ.. ပြောရရင် သေပြီးမှ ပြန်လည်ရှင်သန်တယ်ဆိုတာကရော ဘယ်လောက် အခြေအမြစ်ရှိလဲ.. ဖန်ဆင်းရှင်ဆိုတာကရော.. တော်ပါပြီ.. off topic ဖြစ်နေပြီ.. ဘာသာရေးနဲ့ပတ်သတ်ပြီး အငြင်းအခုန်လဲမဖြစ်ချင်ဘူး.. ပြောချင်တာကတော့ ခင်ဗျားလဲ ယုံချင်ယုံ မယုံချင်နေ.. ကျုပ်လဲယုံချင်ယုံ မယုံချင်နေမယ်.. ဘယ်သူမှမထိခိုက်ကြနဲ့.. ပိုစ့်က ကမ္ဘာပျက်မှာမဟုတ်ပဲ.. ကပ်ဆိုက်ယုံလောက်ပါပဲ.. ယုံတော့မယုံဘူး. ဒါပေမဲ့ ဖြစ်လာတော့လဲဘာမှမတတ်နိုင်ဘူး..
ခုလို ဘာသာပြန်ပေးတဲ့ ကိုခွန်းကိုတော့ ကျေးဇူးတင်ပါတယ်..

minmyatkha(mufl) said...

ဟေ့ကောင် Min မင်းတို့ဘာသာကရှင်သန်ထမြောက်တယ်ဟုတ်လား နွားတင်းဂုတ်မှာမွေးပြီးလူဖြစ်လာတဲ့ကောင်ကို လှံနဲ့ထိုးသတ်ပြီးကျက်သရေမရှိသေတဲ့
ကောင်ကိုကိုးကွယ်နေတဲ့ကောင်ကများကွာ ခွေးစကားကနတ်စကားမထွက်နဲ့ မင်းတို့ရှင်သန်ထမြောက်တယ်ဟလား
ကောင်းကင်ဘုံတဲ့ ဟားဟား လူဆိုတာစဉ်းစားချင့်ချိန်ပြီးမှယုံရတယ်ကွ မင်းကခွေးမို့လို့ သူများပြောတာမျက်စိမှိတ်ယုံတာ ပါးစပ်သနတယ်ကွာ ဒီခွေးကိုဂရုစိုက်မနေကြနဲ့

Unknown said...

အေး မင်းမယုံရင် မယုံသလိုနေ ဘာမှသူများဘာသာရေးကိုထိခိုက်နေစရာမလိုဘူး ဟေ့ကောင် ငါတို.ဘာသာက မင်းတို.လို သူများတွေယုံကြည်အောင် လိုက်ဆွဲဆောင်ဟောပြောနေတာမဟုတ်ဘူး ငါတို.ဘုရားကရှင်းတယ် သူ.ကိုယုံကြည်မှကိုးကွယ်ဒါပဲ
အဲ့လောက်ဆိုသဘောပေါက်

ROCKER said...

အေး.. တစ်ချို့ ကခက်တော့ခက်သား... ဒီမှာ.. သိပ္ပံ သဘောတရား လေး တွေဆွေနွေးနေကြပါတယ်ဆိုမှ... ဘာသာရေးလာတိုက်ခိုက်နေတဲ့လူကရှိသေးတယ်ဗျို့ .. ငါတို့ ကမင်းဒုက္ခရောက်မှာဆိုးလို့ ပြောတာပါ.. .... ငါတို့ လဲ မင်းတို့ ဘာသာကို မစော်ကားပါဘူး... မင်းလဲ.. ငါတို့ ဘုရားကို ဘာမှပြစ်မှားစရာ မလိုဘူး.. ..... တို့ ဘာသာဝင်တွေ က တော့ တို့ ယုံကြည်မှုတွေနဲ့ သုံးသပ်ကြတာပေါ့.. ထားလိုက်ပါ.. ဒါတွေပြောနေရင်... topic နဲ့ စာသားလွဲကုန် တော့မယ်.. ကျနော်ကတော့.ဘုရားဟောတဲ့.. မမြဲခြင်းတရားကိုယုံတယ်.. ဒါကြောင့် ဖြစ်ရင်လဲ ဖြစ်မယ်... မဖြစ်ရင်လဲမဖြစ်ဘူး.. ဒါပေမယ့် ကျနော်အမြင်ကတော့ ဒါလူတွေကို.. ထိတ်လန့် တကြားလုပ်ရုံသက်သက်ပဲ ဖြစ်မယ်လို့ ထင်တယ်... အဲလောက် serious problem ကြီးဖြစ်မဲ့ဟာကိုတော့အပေါ်က... ညီအကိုတွေ ပြော သလို.. ခိုင်လုံတဲ့သတင်းငှာနက မကြေညာ မချင်း မတည်မယူသင့်ဘူးထင်တာပဲ...

ကလောသား said...

ကိုခွန်းကိုတော့အားနာပါတယ်ဗျာ။ ဒါပေမယ့်ပြောပါရစေဗျာ။ဟေ့ကောင်(min)
မင်းတို့ဘုရားသခင်ကိုဘယ်သူစော်ကားနေလို့လဲ။
ဒီပို့စ်နဲ့ပတ်သက်ပြီး ဆိုင်တာကိုပဲပြောပါ။မဆိုင်တဲ့ကျွန်တော်တို့ဘုရား
ကိုလာမစော်ကားနဲ့မင်းထက်ပိုပြီးပြောတတ်တယ
်။အေးငါတို့ပါးစပ်ကမင်းလိုစော်ကားတဲ
့စကားမျိုးပြောမထွက်လို့မပြောတာပဲရှိတယ်
မင်းဒီထက်ဆိုးလာရင် ငါတို့ အဆိုးမဆိုးနဲ့။
(လူမိုက်လေးများအဖွဲ့)

Unknown said...

အဲ့ဒီအကြောင်းကို မြန်မာလို ဖတ်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ ရေးမလို. စာစုနေတုန်း အစ်ကို ရေးတာ ပို ပြီး သဘာဝကျ ပီပြင်လှပါတယ်။

ကိုအောင် said...

ကျနော့်ဆီမှာ ဒီပို့စ်ကို ထပ်ဆင့်ကူးယူ ဖော်ပြထားပါ
တယ်၊ ကျေးဇူးပါ။

နေ့အိပ်မက် said...

ခုမှဖတ်ရလို့ ခုမှမန့်ပါတယ်.. နေ့အိပ်မက်က အပေါ်က တချို့လူတွေပြောသွားသလို လုံးဝမယုံပါဘူး.. ဘာလို့ဆိုတော့ ဘုရားဟောမို့လို့ပါ.. “ဘာလို့ ဘုရားဟောကိုယုံတာလဲ.. ဘုရားက ရှေးရှေးက ပွင့်ခဲ့တာ ကမ္ဘာက ခုပျက်မှာ”လို့ မေးလာခဲ့မယ်ဆိုရင်တော့ တိုးတက်လှပါပြီဆိုတဲ့ နည်းပညာတွေကိုသုံးပြီး ရှာဖွေနေတဲ့ ခုခေတ်သိပ္ပံပညာရှင်တွေ ခုမှသိရ နားလည်ရတဲ့ အဏုမြူတို့ ပရမဏုမြူတို့အကြောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က ဘုရားရှင်က အကုန်ဟောခဲ့ပြီလေ..

မောင်မိုက် said...

ကျနော်ဒီကိစ္စကို ကြားဖူးတာကြာပါပြီ ... ဟိုတလောတွေက The Last Symbol ထွက်ပြီးတဲ့နောက်မှာ မီဒီယာတော်တော်များများကလည်း ဒီအကြောင်းကိုဖော်ပြလာတာတွေ့ရပါတယ် ..ကမ္ဘာပျက်မယ်ဆိုတာကတော့ ဘာသာရေးနဲ့လည်းဆိုင်သလို သိပ္ပံပညာနဲ့လည်းမကင်းနိုင်တဲ့ လူတိုင်းသာမက ကမ္ဘာကြီးတစ်ခုလုံးတဲ့သက်ဆိုင်လို့ အားလုံးစိတ်ဝင်ကြမယ်လို့ထင်လို့ ကျနော့် ဒီ post ကို ကျနော်တို့ဆိုက်ကနေ လင့်ထားပါတယ် ... ကျေးဇူးလည်းတင်ပါတယ် ...

DGF21 NEWS said...

ဒီမှာတော့ဒီလိုရှင်းထားပါတယ်
http://www.first-11.com/wdet.php?id=14
ဖတ်ကြည့်ပါအုန်းဗျာ

mya sandi htun said...

ဒီအကြောင်းကို အရင်ထဲက ဖတ်ခဲ့ပြီးပါပြီ။ဖတ်ဖတ်ပြီးချင်းတုန်းကတော့ ကမ္ဘာပျက်မယ်ဆိုတာထက် ကပ်ဘေးကြီးတွေပဲကျရောက်နိုင်မယ်လို့ ထင်ခဲ့ပါတယ်။ငါတို့ကမ္ဘာကြီးတော့ဘာမှဖြစ်မှာ မဟုတ်ပါဘူးလို့လဲထင်ခဲ့ပါတယ်။ ကမ္ဘာပျက်တော့လဲဘာဖြစ်လဲ အထူးအဆန်းတစ်ခုတောင်ဖြစ်သေးတယ်ပေါ့။အပေါ်မှာပေးထားတဲ့ comment တော်တော်များကလည်း အဲဒိအတိုင်းပဲထင်ကြပါတယ်။ ဒါပေမယ့် ဒီနေ့2012 ဆိုတဲ့ကားရုံတင်လို့သွားကြည့်မိပါတယ် ရိုက်ထားတာရော ဘာရောအားလုံးကတော်တော်ကြည့်လို့ကောင်းပါတယ် အဲဒိမှာလည်းဘာကိုသွားတွေ့လည်းဆိုတော့ ဟုတ်တယ်ကမ္ဘာတစ်ခုလုံးပျက်သွားတယ်ဆိုတာထက် ကမ္ဘာကြီးပူလာတယ် ဒီတော့ငလျင်တွေလှုပ်မယ် ငလျင်တွေလှုပ်ရင် ရေတွေကြီးမယ် မီးတောင်တွေပေါက်ကွဲမယ် ဒါတွေကဖြစ်နိုင်တဲ့အရာတွေပါဘဲ။ ဒီတော့ကမ္ဘာကြီးပျက်သွားတာ မပျက်သွားတာကနောက် အဲလိုကပ်ဆိုးကြီးတွေကျရောက်လာရင်ဘဲတော်တော် ကြီးကြောက်စရာကောင်းပါတယ် အဲ့ဒိကားထဲမှာလည်း ပြည်သူလူထုကို အသိမပေးဘဲ အစိုးရကပဲ ကျိတ်ဖြေရှင်းဖို့ကြိုးစားတယ် သူတို့လည်းအဲဒိသတင်းတွေမှားမှာပါလို့ နောက်ဆုံးချိန်ထိယုံကြည်ကြတယ်။ ဒါပေမယ့်အဲလိုတွေဖြစ်တော့မယ်ဆိုတဲ့အချိန်မှာ သူတို့က ship ကြီးတစ်ခုတိတ်တဆိတ်ဆောက်လုပ်ထားကြတယ် အဲဒိ ship ကြီးပေါ်မှာတော့ ကမ္ဘာထိပ်သီး president တွေပညာရှင်တွေဘဲလိုက်ပါခွင့်ပြုမယ် တရုတ်ပြည်ကနေ ထွက်ပြေးမယ်ဆိုပြီး ရိုက်ပြထားပါတယ်။ အမေရိကန် president ကတော့မလိုက်ဘဲ သူရဲ့အိမ်ဖြူတော်မှာဘဲ အသေခံသွားခဲ့ပါတယ်။ ဒါပေမယ့်သူရဲ့နောက်ဆုံးဇာတ်သိမ်းကိုတော့ မကြိုက်ပါဘူး။ အဲ့ဒိကားကြည့်ပြီးတဲ့ အချိန်မှာတော့ ၂၀၁၂ ဆိုတာကြီးကိုတွေးပြီးလန့်လာပါတယ် ကမ္ဘာပျက်တယ် ဆိုတာပြီးပြီးရော ကန့်လန့်ကာချထားလိုက်သလို မဟုတ်ဘူးဆိုတာလဲတွေးမိသွားတယ် ကမ္ဘာကြီးတစ်ခုလုံးရေအောက်ထဲရောက်သွားတာထက် အဲလိုကပ်ဆိုးကြီးတွေကျလာတဲ့အခါမှာ သေသွားတဲ့လူတွေ အိုးမဲ့အိမ်မဲ့လူတွေ ပျောက်ဆုံးသွားမဲ့လူတွေအများကြီးဖြစ်ပေါ်လာဦးမှာပါ။အဲဒီအခါကျရင် အဝေးရောက်နေတဲ့ကျွန်မတို့လိုလူတွေကရော ဘယ်အမျိုးစားထဲမှာပါပြီး မိသားစုနဲ့ရောဘယ်အချိန်မှာ ဘယ်လိုပြန်တွေ့နိုင်မှာလဲ။ပြီးတော့ ကျွန်မတို့ကဟို ship ကြီးထဲမှာပါမယ့်လူစားမျိုးလည်းမဟုတ်ဘူးလေ ဒီတော့သေရမှာကြောက်တာ မကြောက်တာထက် အဲလိုချိန်မျိုးမှာ လူတွေရဲ့စိတ်ထဲမှာဖြစ်ကြတဲ့ crisis ကတော်တော်ကြောက်ဖို့ကောင်းပါတယ်။ ပြီးတော့ကိုယ်ကမသေဘဲကျန်ခဲ့တယ်ပဲထားပါတော့ မိသားစုနဲ့အဆက်အသွယ်ရဖို့တော်တော်ကြီးကိုခက်ခဲပါတယ် nargis ဖြစ်ပြီးခါစမှာ မြန်မာပြည်ကိုပြန်ဆက်သွယ်ရတာ အရမ်းကိုခက်ခဲပါတယ် ဒီတော့ကမ္ဘာကြီးပျက်သွားတာထက် အဲဒိအရေးတွေပိုပြီးလန့်မိပါတယ်လို့...

Unknown said...

အမယ်လေးဗျာ နိုင်ငံ ခြားသားတွေများ မြန်မာစာ ဖတ်လို့ တတ် ပီး ဒီpost တွေကိုဖတ်ဖြစ်သွား ရင် တော့ မြန်မာတွေ ကိုတော်တော် အထင်သေးသွားဖို့ ရှိတယ်ထင်တယ် ဗျာ
ဘာသာရေး တိုက်ခိုက်တာတွေရော တယောက်က လဲ မြန်မာတွေ တွေးခေါ်တာ သူများတွေ ထက်သာတယ် တဲ့
အဲဒါ တွေက တကယ်ဆိုရင် ရေတွင်းထဲက ဖားလိုဖြစ်နေဘီ ဗျ မဖြစ်သင့် ဘူး တကယ့်  သိပ္ပံ ပညာရှင်တွေ ကိုမြောင်းထဲ ပို့ ရာ ရောက်သွားမှာပေါ့ နော် ၊ တကယ်တော့ မနက် ဖြန်မှာ ဘာဖြစ် မလဲ ဆိုတာ လူ (Any Kind of Human) တွေ ဘယ်လိုမှ သိနိုင်မှာ မဟုတ်ပါဘူးဗျာ ဘာဖြစ် ဖြစ် ရင် ဆိုင် ရမှာ က လူတွေ ရဲ့ တာဝန်ပဲ မဟုတ်လားဗျာ

Unknown said...

မင်္ဂလာပါ။ ဒီဆောင်းပါးဟာ ကောလဟာလ ဆန်နေတယ်လို့ ခံစားမိပါတယ်။ သိက္ခာသမာဓိရှိတဲ့ မီဒီယာ တစ်ခုခုကနေ အတည်ပြု ထုတ်ပြန်ထားချက်ကို မတွေ့မိလို့ပါ။ တွေ့မိတဲ့သူများရှိရင် လက်တို့ပေးပါ။

Kyaw Zaw said...

i m browsing all over the internet for this topic and try to read comment and i found out that this kinda thing just end up with arguing between religions...damn...instead of arguing do ur research and just don't trust all of ur holy books, ppl may change it...and don trust scientist they always kept secrets...i my self is a buddhist and also believe in God. who know all those literature can be change by rulers...their goal is just power... i m not saying about not only myanmar gov but also world wide leader... reality is hidden by them...we r just living in the dark...broaden ur mind...may peace be upon u guys... cheers

Lyn Lyn said...

Nothing bad will happen to the Earth in 2012. Our planet has been getting along just fine for more than 4 billion years, and credible scientists worldwide know of no threat associated with 2012.

Related Posts Plugin for WordPress, Blogger...