Sunday, November 1, 2009

စာဖတ်သူများ အားလုံးသို့ ဖြေရှင်းချက် (၂၀၁၂ ပြဿနာ၏ နောက်ဆက်တွဲ)

မင်္ဂလာပါခင်ဗျာ….
မနေ့က တစ်ရက်တည်းမှာ ဒီဘလောဂ့် လေးကို အလည်လာကြသူတွေ စံချိန်တင်အောင် များပြား ခဲ့ပါတယ်။ အဲလို အများကြီး လာဖတ်ကြတာကို ကျနော် အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။ comment တွေနဲ့ cbox မှာ ရေးသွားကြတာတွေ အရ အကြောင်း အရာတစ်ခုတည်းကိုပဲ ဦးတည်ပြီး ဖတ်သွားကြတာကို တွေ့ရပါတယ်။ အဲဒီ ကိစ္စနဲ့ ပါတ်သတ်ပြီး ရေးသားသွားကြတာတွေ အများကြီးကို ကျနော် ပြန်လည် ရှင်းပြဖို့ လိုအပ်ပေမယ့် တစ်ဦးချင်း မရှင်းပြ နိုင်လို့ ဒီပို့စ်လေး တင်လိုက်တာပါ။ ၂၀၁၂ ကိစ္စနဲ့ ပါတ်သတ်ပြီး Youtube video ကို ဘာသာ ပြန်ပေးထားတာကိုသာ ဖတ်မိ ကြပြီးတော့ ကျနော်ပြန် ရှင်းပြထားတဲ့ ပို့စ်ကိုတော့ ဖတ်မိကြဟန် မတူဘူးလို့ ကို အလှတရား သတိပေး တဲ့ အတွက် ဒီပို့စ် တင်ကို တင်မှ ရတော့မယ်လို့ ဆုံးဖြတ်လိုက်တာပါ။ သတိပေးတဲ့ ကို အလှတရားကို အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။ စာဖတ်သူတွေ ဝင်ဆွေးနွေး ကြတဲ့ အကြောင်း အရာတွေကို အများ သုံးသပ်နိုင်အောင် ပြန်လည် တင်ပြလိုက်ပါတယ်။ သူတို့ ဆွေးနွေးချက် တွေနဲ့ အတူ ကျနော် ပြန်လည် ရှင်းပြတဲ့ အချက်တွေကိုပါ ဖတ်ပြီးတော့ ဝေဖန် အကြံပြု ပေးစေလို ပါတယ်ခင်ဗျာ။

တင်နွယ်မောင် said...
ဟုတ်ပါတယ် ကျွန်တော်ကတော့ မယုံနိုင်ပါဘူး ဘာလို့လဲဆိုတော့ မနက်ဖြန်ဆိုတာတောင် မယုံနိုင်စရာ အကြောင်း၇ှိနေလို့ပါ.. ကမ္ဘာပျက် မယ့်အကြောင်း စုံလင်စွာ သိရှိလိုပါက မြတ်စွာဘုရားရှင် ကိုယ်တော် တိုင် ဟောကြား ထားသော စက္က၀တ္တိသုတ် မှာရှင်းလင်း စွာ မှတ်သား နားယူ နိုင်ပါတယ် ခင်ဗျာ ကိုယ့် အတွေးနဲ့ ကိုယ့်ဆိုရင်တော့ အချိန်ကုန်တာ လွဲလို့ အကျိုး ရလာမည့် မဟုတ် ဟု ဆိုချင် ပါတယ် ခင်ဗျာ
November 10, 2008 12:48 PM
min said...
မင်းတို့ ဗုဒ္ဓ က တော်တော် စွမ်းတဲ့ ပုံပဲနော် ဒါပေမယ့် သူများတွေ ဘုရားလို ပြန်ရှင်သန် မြောက်တဲ့နေ့ တွေဘာတွေ ရှိပုံ မပေါ်ဘူး မင်းတို့ အရိမေတ္တယ ကရော ဘယ်တော့ လာမှာလဲ အဆက်အသွယ် ရှိရင် ပြောလိုက်အုံး အမှီ လာပါတော့လို့ ဒါမှမဟုတ်လဲ မြန်မြန် တရားကျင့် ခိုင်းလိုက်ကွာ ငါကြည့်ရတာ အခုခေတ် လူတွေ ဘုန်းကြီးတွေ တရားကျင့် ပုံမျိုးဆို ရင်တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး
November 11, 2008 9:42 PM
11 Nov 08, 01:21
မြင့်မြတ်: ကမ္ဘာမပျက်ခင် နှစ်တစ်သိန်းတမ်းအလိုမှာ စ၍ ကောလဟာလမျိုး ၅-ပါး ပေါ်ပေါက်ပါတယ်။ အဲဒါတွေကတော့- ခုဒ္ဒကပါဌအဋ္ဌကထာ။ ၁၀၁။ သုတ္တနိပါတ်။ ဋ္ဌ။ ဒု-အုပ်။ ၃-တို့၌ ပါရှိသည်မှာ တစ်စုံတစ်ခုသောသတင်းစကား၏ ရှေ့ပြေးနိမိတ် နောက်ခါ
11 Nov 08, 01:22
မြင့်မြတ်: (၁) ဗုဒ္ဓ ကောလာဟလ- ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်က ကျော်ကြားသောပဲ့တင်သံ၊ (၂) ကပ္ပ ကောလာဟလ- ကမ္ဘာမပျက်မီ နှစ်ပေါင်းတစ်သိန်းက ကျော်ကြားသောပဲ့တင်သံ၊ (၃) စက္က၀တ္တိကောလာဟလ- စကြာမင်းမပေါ်မီ နှစ်ပေါင်းတစ်ရာက ကျေ
11 Nov 08, 01:22
မြင့်မြတ်: လောကကြီးတလွဲတချော်ဖြစ်အောင် ပြောသေားစကားမျိုး မဖြစ်သင့်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် မြတ်ဗုဒ္ဓဟောကြားသော ဒေသနာတော်တို့မှာ တစ်ပါး အခြားသော ကောလဟာလများသည် ယုံနိုင်ဖွယ်ရာမရှိပါ။ အခြားဘာသာဝင်ဖြစ်ပါက မပြေ
12 Nov 08, 09:13
ဟေး:ဟေးကောင်သိပ်ပြီးတော့မကဲနေနဲ့..လောကမှာမဖြစ်နိုင်တာမရှိဘူးကွ..မဖြစ်သေးတာပဲရှိတယ်..မင်းကိုမင်းလူတတ်လုပ်ပြီးမစည်းရုံးနေနဲ့
12 Nov 08, 09:17
ငါ: ငါ ပြောမယ် မင်းတခြားဘာသာတွေကို တည့်တည့်ပဲဖြစ်ဖြစ် ကွေ့ကာဝိုက်ကာပဲ ဖြစ်ဖြစ် ဘာမှစော်ကားစရာမလိုဘူး

အပေါ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေ ရေးသွားကြတဲ့ စာဖတ်သူတွေကို ကျနော် ရှင်းပြလိုပါတယ်။ ပထမဆုံး အချက်အနေနဲ့ ကျနော်ဟာ သိပ္ပံပညာကို ဘာသာတရားနဲ့ ဘယ်တော့မှ ရောယှက်မယ် မဟုတ်ဘူး ဆိုတာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ သိပ္ပံပညာ ဟာ အပေါ်ရံပါ။ ဘာသာတရား က အနှစ်သာရပါ။ သိပ္ပံပညာ ဖြင့် လူသားတွေအကျိုးရှိ သည်များကို ဖန်တီးနိုင်၊ အကျိုးယုတ်စေသည် များကို ကာကွယ် နိုင်တာတွေ ရှိသော်လည်း တကယ့်ချမ်းသာ အစစ်ကိုတော့ မပေးနိုင်ပါဘူး။ ဘာသာတရားတွေရဲ့ ဟောကြားချက်များကို သိပ္ပံ ပေတံ နဲ့ လိုက်လံ တိုင်းတာနေခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သိပ္ပံ ပညာနဲ့ ရှင်းပြလို့ မရနိုင်တဲ့ ကိစ္စတွေ အများကြီး ရှိနေလို့ပါ။ အဲဒီလိုပဲ သိပ္ပံတွေ့ရှိချက်များကို ဘာသာတရားနဲ့ ညီမညီ ချိန်ညှိနေခြင်းဟာလည်း မမှန်နိုင် လို့ မြင်ပါတယ်။ ကျနော် ဘယ်ဘာသာ တရားကိုမှ ပုတ်ခတ်လိုသော ဆန္ဒ မရှိပါ။ အချို့သော သူတွေဟာ လူအများရဲ့ မသိနားမလည်မှုကို အသုံးချပြီး ကိုယ်ယုံကြည်သော အရာကို အများ လက်ခံလာစေဖို့ ဖိအား ပေးတတ်ကြပါတယ်။ အဲဒီလို လုပ်လာတဲ့ အခါ မူလ ရှိရင်းစွဲ ဘာသာတရားရဲ့ အနှစ်သာရ တွေ ပျောက်ဆုံးကုန်ပါတယ်။ အဲဒီလို လူမျိုးတွေကို စိတ်ထဲက မနှစ်မြို့ကြောင်း ဝန်ခံ ပါတယ်။ ၂၀၁၂ ခုနှစ် ကိစ္စမှာ ကျနော်ဟာ အကြောင်း အရာကို တင်ပြခြင်းသာ ဖြစ်ပါတယ်။ မည်သည့် ဘာသာတရား ကိုမှ မှားသည် မှန်သည် မဝေဖန်ခဲ့ပါ။ သိပ္ပံဆိုင်ရာ အကြောင်း အရာ တစ်ရပ်ကို ပြောချင်ရင် သိပ္ပံ နည်းကျ ပြောမှ လက်ခံ နိုင်ပါမယ်။ သိပ္ပံ မဟုတ်သော ယုံကြည်ချက်များကို လက် မခံနိုင်ပါ။ အဲလို လက်မခံခြင်းဟာ သိပ္ပံ နှင့် ဘာသာတရားကို သီးခြား ထားလိုတဲ့ ကျနော့် စိတ်ကြောင့်သာ ဖြစ်ပြီးတော့ ဘယ်ဘာသာ ကိုမှ စော်ကား ခြင်းမဟုတ်ကြောင်း အလေးအနက် ပြောပါရစေ။ လာဖတ်တဲ့ အတွက်ရော ထင်မြင်ချက်လေးတွေ ရေးပေးသွားတဲ့ အတွက် ရော အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။

Hot said...
ဟားဟား မကြောက်ဘူးဗျို့  ယုံလည်း မယုံကြည်ဘူး ဖြစ်လာခဲ့၇င်လည်း အေးဆေးပါ ကိုယ်တယောက် ထဲမှ မဟုတ်တာ သေစမ်းပါစေ အကုန်လုံး သေလို့ ကတော့ ကျွန်တော် ပြောချင်တာ ကတော့ လာမယ့် ဘေးကို တွေးကြောက်နေမယ့်အစား လုပ်စရာရှိတာသာ ပုံမှန်လုပ် နေထိုင်စားသောက်စမ်းပါ ခင်ဗျားတို့ ပြောသလို ကမ္ဘာတောင် ပျက်မယ် ဆိုမှတော့ ဘာမှ စုဆောင်း ထားစရာ လည်းမရှိဘူး ကာကွယ် စရာလည်း မလိုဘူး လွှတ်ရာ လွှတ်ကြောင်းလည်း စဉ်းစား တွေးပူမနေနဲ့ သေစမ်း ပါစေဗျာ အင်း စောစော သေတော့လည်း နောက်ဘ၀ တခုမြန်မြန် ရောက်တာဘဲ ကျွန်တော် ကတော့ လုံးဝ မကြောက် သလို လုံးဝ အယုံအကြည်လည်းမရှိပါ
November 11, 2008 11:01 AM
10 Nov 08, 22:50
ဖိုးအောင်: ဟာ အဲ ဒီ အချိန် မိန်းမတောင် မရသေး ဘူး ... စာအုပ်လေး ၀ယ် ဖတ် ပီးနည်းလမ်း ရှာထားဦးမ
11 Nov 08, 01:25
ရင်ခွင်ရိုင်း: ဘုရား တရားလေး လုပ်ထားကြဗျို့..
11 Nov 08, 01:58
ကောင်းကောင်း: ဟာာ အဲလိုကြီးဆိုရင်တော့ မိန်းမအခုယူ တော့မယ်ဗျာ..ဟီးးးးးးးးးးးး
11 Nov 08, 02:43
ဟားဟား: ဗေဒင်က ပြောတယ် နက်ဖြန်တောင်မင်းသေနိုင်တယ်တဲ့
11 Nov 08, 02:44
ဟားဟား: ကဲဘယ်သူစကားကို ယုံရမှာလ
11 Nov 08, 02:44
ဟားဟား: ဟားဟားတို့ ကတော့ဟားတိုက်ပြီးတော့ကို ရည်လိုက
11 Nov 08, 02:45
ဟားဟား: အုံးမယ်ဗျို့
11 Nov 08, 02:45
ဟားဟား: ဟားဟား

အပေါ်က စာတွေ ရေးထားကြသူများကိုလည်း ကျနော် ရှင်းပြချင်ပါတယ်။ ၂၀၁၂ ကိစ္စကို တင်တာဟာ အဲဒီလို တကယ် ဖြစ်လာမယ်လို့ ပြောနေခြင်း မဟုတ်ပါ။ ပို့စ် မှာလဲ သေချာ ရှင်းပြထားပါတယ်။ နိုင်ငံတကာမှာ astronomy နဲ့ ပါတ်သတ်ပြီး hot ဖြစ်တဲ့ အကြောင်းအရာတစ်ခုကို astronomy blog တစ်ခု အနေနဲ့ ဖော်ပြ သင့်တယ်၊ မြန်မာတွေ သိအောင် ရေးပြ ပေးသင့်တယ်လို့ ခံယူလို့ ရေးပြခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေ ဒီလို ပြောလို့ ဒီလို ဖြစ်လာလိမ့် မယ်လို့ ပြောလို့ မရပါဘူး။ ကျနော်တို့ဟာ သူတို့လို အချက်အလက် တွေနဲ့ မပြောနိုင် ပေမယ့် ကျနော်တို့ဟာ စဉ်းစား တွေးခေါ်တတ်ကြပါတယ်။ အဲဒီ ကိစ္စနဲ့ ပါတ်သတ်ပြီး စိတ်ဝင်စား သူတွေ အတွက် ပို့စ် တစ်ခုကို ထပ်ပြီး တင်ပေးခဲ့ ပါတယ်။ အဲဒီပို့စ်မှာ ကျနော် လက်လှမ်းမှီသလောက် အကြောင်း အရာ အချက် အလက် တွေ တင်ပြခဲ့ပါတယ်။ ဖြစ်နိုင်ချေ မဖြစ်နိုင်ချေတွေကို ကျနော် ဥာဏ်မှီသလောက် သုံးသပ် ပြခဲ့ပါတယ်။ မဖတ်ရသေးဘူး ဆိုရင် အောက်က ပို့စ်မှာ ဝင်ဖတ်ပေးပါ ခင်ဗျာ။ ပြီးရင် အဲကိစ္စနဲ့ ပါတ်သတ်တဲ့ အမြင်ကိုလည်း ရေးပေးစေချင်ပါတယ်။
http://myanmarastronomy.blogspot.com/2008/10/blog-post.html

11 Nov 08, 11:53
ဇော်ကြီး: ဘာတွေလျှောက်ပြောနေတာလဲ ဦးနှောက်တောင်ကောင်းသေးလားမသိဘူး .. သူ ကို သူ များ အိုင်းစတိုင်း မှတ်နေလားမသိဘူး ..ဟဟဟဟဟ

အပေါ်ကစာကို ရေးသွားတဲ့ ကိုဇော်ကြီး ဆိုသူကို ကျနော် တစ်ခု တောင်းဆိုပါရစေ။ ကျနော့် ရေးသားချက် တွေနဲ့ ပါတ်သတ်ပြီး မနှစ်သက် ကြောင်း သိရပါတယ်။ အဲလို မနှစ်သက် သူတွေ ရှိနေကြောင်း သိရတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျနော် ရေးသားချက်တွေနဲ့ ပါတ်သတ်ပြီး ဘာတွေ မနှစ်သက် ဘူးလဲ၊ ဘာတွေ ပြုပြင်သင့်လဲ.. အပြုသဘော ဆောင်တဲ့ ဝေဖန်မှုမျိုး ပေးပါလို့ တောင်းဆိုပါရစေ။

စာလာဖတ်သူများ အားလုံးကိုရော ကျနော့်ဘလော့ဂ်လင့် လေးကို အများထံ ဝေငှ ပေးကြသူများကို ရော အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ယခု ကျနော် ရေးလိုက်တဲ့ ပို့စ်ဟာ တစ်စုံတစ်ယောက်ကို ထိခိုက် စေမယ် ဆိုရင် ရှင်းပြလိုတဲ့ စေတနာ အမှား ကြောင့်သာ ဖြစ်ကြောင်း ကြိုတင်တောင်းပန် ပါရစေ။

အားလုံးပဲ.. ချမ်းမြေ့ပါစေခင်ဗျာ။
11/12/08 6:54 AM


20 comments:

thihanyein said...

ကိုခွန်းရေ ခင်ဗျားရဲ့ဒီပို့စ်ကိုဖတ်လိုက်ရတော့ ကျနော် ဥက္ကံရပ်မှဝီလျှံ( ၁၂၉၀--၁၃၄၉)ဆိုသူကို သတိရလိုက်မိတယ်ဗျာ ...ခုကိုခွန်းတွေးပြီးရေးခဲ့တာလေးက တစ်ထပ်တည်းမကျပေမယ့် တော်တော်လေးကိုသွားတူနေတဲ့ဗျ...ဥက္ကံဝီလျှံရဲ့ ယုတ္တိဗေဒကျမ်းမှာ အထင်ရှားဆုံးအတွေးအခေါ်ဖြစ်တဲ့ သင်တုန်းဓါး ခေါ်တဲ့အတွေးအခေါ်လေး "အကြောင်းအရာကို လိုအပ်သည်ထက်ပိုပြီး ပုံကြီးမချဲ့ သင့်..နည်းနည်းပြောရုံဖြင့်ပြီးနိုင်သော ကိစ္စကို များများပြောခြင်းသည် အချည်းအနှီးအကျိုးမဲ့ ဖြစ်သည်"..လို့ပြောခဲ့တာကို ခုခေတ်ကမ္ဘာ့ပညာရှင်များက လက်ခံနေကြတုန်းပဲဗျ....ကိုခွန်းက ၀ီလျှံလိုပဲ ...ဆင်ခြင်ခြင်းသည် ဒဿနပညာ သိပ္ပံပညာတို့နှင့်သာဆိုင်သည် ဘာသာရေးနှင့်မဆိုင်လို့ ဆိုလိုက်တာပဲ ...ဘာသာရေးဆိုတာကတော့ သက်ဝင်ယုံကြည်မှုနှင့်သာ ဆိုင်တယ် ...ယုတ္တိရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကြောင်းကျိုးဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ လူတွေက မိမိယုံကြည်ချင်ရာကို လွတ်လွတ်လပ်လပ်ယုံကြည်နိုင်သည်...ကိုးကွယ်ခြင်းကိုဆင်
ခြင်ခြင်းနှင့်မရောထွေးသင့်ပေါ့ဗျာ....လောကီ နှင့်လောကုတ္တရာ တစ်ကန့်စီထားသင့်တယ်ပေါ့ဗျာ...ကိုခွန်းရဲ့အတွေးလေးကလည်း
ဝီလျှံလိုအတွေးမျိုးပဲဗျ ..ပြဿနာကို ပြေလည်ရေးအတွက် အထောက်အပံ့ဖြစ်ပြီး ရှောင်ရှားလိုက်တဲ့အတွေးအခေါ်လေးပါပဲဗျာ ....ချီးကျူးမိတယ်ကိုခွန်းရေ ခင်ဗျားပြောခဲ့တဲ့စကားလေးလိုပေါ့ဗျာ လေးစားနေတာကြာပါပြီ ဒီထက်ပိုပြီး ရေးသားနိုင်ပါစေဗျာ....

ခင်မင်လျှက်
သီဟညိမ်း

ခွန်း said...

အင်း.. အဲဒါတွေ ပြောတာပေါ့ဗျာ။ ကိုသီဟ တို့ကို ကျနော် လေးစားတယ်ဆိုတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဝီလျှံ ဆိုတာတော့ ကိုသီဟ ပြောမှာ ကျနော် ကြားဘူးတာပါ။ ကိုသီဟ ပြောသလိုပါပဲ။ ကျနော်က သိပ္ပံကို ပညာရပ် အနေနဲ့ သီးသန့် ထားချင်တာပါ။ မိမိရဲ့ ကိုးကွယ် ယုံကြည်မှုကို မှန်ကန် ကြောင်း သိပ္ပံနဲ့ အတည် ပြုဖို့ ကြိုးစားချင်ကြတယ်။ တကယ် ဟုတ်နေရင် ဘာမှ မပြောလိုပေမယ့် မဟုတ်တာကြီး ကို အဟုတ် ဖြစ် အောင် ရတတ်သမျှ အချက်အလက်နဲ့ သိုင်းဝိုင်းထားတဲ့ အခါ ယုံတဲ့သူက ယုံသွားပေမယ့် တကယ်မဟုတ်ဘူး ဆိုတာ သိသွားတဲ့ အခါကျတော့ မူလ ဘာသာတရားရဲ့ အနှစ်သာရ က ပျက်သွားပါတယ်။ ကျနော် ကိုးကွယ် ယုံကြည်တဲ့ ဗုဒ္ဓဘာသာ အကြောင်း မေးလာခဲ့ရင်လည်း ဘယ်လို သိပ္ပံ နည်းကျ တယ်လို့ ပြောမှာ မဟုတ်ပဲ အဘိဓမ္မာတရားတော်ရဲ့ အနှစ်သာရကို နားလည်သလောက် ရှင်းပြ မှာပဲ ဖြစ်ပါတယ်။ သိပ္ပံဟာ ဘာသာတရား အတွက် ပေတံ တချောင်း မဟုတ်ဘူး ဆိုတာ ကို ပြောချင်တာပါ။ ကိုသီဟ အခုလို ကွန့်ပေးသွားတာ အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။

John said...

မင်္ဂလာပါခင်ဗျား...ကျွန်တော် ဒီနေရာလေးကို မကြာခဏရောက်ပါတယ်...တစ်ခါမှတော့ မကွန့်ဖူးပါဘူး...ကျွန်တော် အရမ်းစိတ်ပါဝင်စားတဲ့ အကြောင်းအရာလေးတွေကို အစဉ်တစ်စိုက်လေ့လာဖော်ပြထားတဲ့ နေရာလေးဖြစ်လို့ အရမ်းနှစ်သက်မိပါတယ်....မျှဝေပေးသော သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျား...."သိပ္ပံဆိုင်ရာ အကြောင်း အရာ တစ်ရပ်ကို ပြောချင်ရင် သိပ္ပံ နည်းကျ ပြောမှ လက်ခံ နိုင်ပါမယ်။ "ဒီစကားကို အပြည့်အ၀ထောက်ခံပါတယ်...
ဘာသာရေးကို သိပ္ပံပညာ နဲ့ တိုင်းတာ ခြင်းဟာ မှားယွင်းပါတယ်...သိပ္ပံဟာ ရုပ်လောကတစ်ခုတည်းကိုသာ စံထားတဲ့ပညာရပ်ဖြစ်ပါတယ်....ရုပ်လောကအကြောင်းကို ရုပ်လောကရဲ့ သဘောသဘာဝနဲ့ သတ်မှတ်ချက်အရ ဆွေးနွေးမှသာ မှန်ကန်ပါမယ်...ယုတ္တိ တန်ခြင်းမတန်ခြင်းကတော့ ကိုယ်ပိုင်ဥာဏ်နဲ့သာ ဆင်ခြင်ယူကြရပါလိမ့်မယ်.....ကမ္ဘာကြီး ပျက်စီးသည်ဖြစ်စေ မပျက်စီးသည်ဖြစ်စေ ကျွန်တော်တို့ တစ်တွေ မုချ ပျက်စီးကြရမှာကတော့ သေချာပါတယ်......နောက်ထပ်သိပ္ပံဗဟုသုတများကို စောင့်မျှော်အားပေးနေပါတယ်ခင်ဗျား...

JulyDream said...

အဲဒီ ကမ္ဘာပျက်မဲ့ပို့စ်က အီးမေးလ်တွေမှာ forward လုပ်နေတာကို တွေ့နေရတယ်။ ပြန်ဖြေရှင်းထားတဲ့ စာရေးသူ အမြင်ကိုကျတော့ forward လုပ်တာ မတွေ့မိဘူး။ အဲဒါနဲ့ပဲ နားလည်မှုတွေ လွဲကုန်ပြီး မလိုဒေါသတွေ ပွားများကုန်တာပဲဗျို့။ forward ပို့ရင် စာ နှစ်စောင်လုံးကို တွဲပြီး ပို့သင့်တယ်လေဗျာ။ အခုတော့ တို့မီးရှို့မီး လုပ်သလို ဖြစ်နေတယ်ဗျာ။ ဆိုးလှပါပေတယ်။

လူတွေကလည်း ခက်ပါတယ်။ ကိုယ်လိုရာလေးပဲ ကောက်ချင်ရာ ကောက် နှုတ်ချင်ရာ နှုတ်ပြီး အပြစ်တင် စောကြသကိုး။ ဖြစ်ကြောင်းကုန်စင် စာကို အကုန်မဖတ်ပဲ ပြောချင်ဇောတွေက တယ်များလှတယ်။

လူလ said...

မင်္ဂလာပါ ကိုခွန်း
မနေ့တုန်းက ဒီပို့စ်ကို သေသေချာချာ မဖတ်ဖြစ်ဘူးဗျ။ မဖတ်ဖြစ်တာက ခင်ဗျားရေးထားတဲ့ အပေါ်ဆုံးစာပုဒ်က စံချိန်တင်အောင် လာတယ်ဆိုတာကို စဉ်းစားပြီး ရှာလိုက်တာ Gat Clicky ကို တွေ့လို့ လှည့်ပြန်သွားပြီး ဘလောဂ်မှာ ပြန်သွားထည့်နေလို့ အခုမှ ပြန်လာ ဖတ်တယ်ဗျ။ get clicky မဆိုးဘူး ကျေးဇူးပဲဗျို့

ပိုစ့်နဲ့ ပတ်သက်ပြီးတော့ ကျွန်နော်အမြင်က ထူးထူးခြားခြားမရှိပါဘူး။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည် သဘောပဲ လက်ခံတယ်လေ။ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ တင်ပြတယ်။ လူအမျိုးမျိုးရှိတယ်လေ အမြင်အမျိုးမျိုးပေါ့။ ကွိုင်မရှိပါဘူး။ ဂျော်ဒန်နို ဘရှုနိုတောင် နေ ကို ကမ္ဘာက ပတ်တယ် ပြောလို့ အသတ်ခံလိုက်ရတယ်လေ။ ဖြစ်တတ်ပါတယ်။
ဘာဖြစ်ဖြစ်လေ ရေးသာရေးပါ၊
ကောင်းတာ ယူမယ်။ မကောင်းတာ ပယ်မယ်။ မရှင်းတာ ကွိုင်စားမယ် ဟဲဟဲ ။ ဟုတ်တယ် ဟုတ်

ရွှင်လန်းချမ်းမြေ့ပါစေ...

Younggun said...

ကျနော်ဆို ဘာမှ ပြန်မငြင်းတော့ဘူးဗျာ အကုန်ဆဲလွှတ်တယ် ဟားဟား။။။ နောက်တာပါ။ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ဘလော့ကိုတော့ အထိခိုက်မခံပါနဲ့။ လေသမားက လေပဲတတ်နိုင်ပါတယ်။ လုပ်သာလုပ်၊ ရေးသာရေး။

mgngal said...

အစဉ်အားပေးလျက် ။ မှတ်သားနေလျက်ပါ ။ ဆက်လက်
ရေးသားမယ့် အကြောင်းအရာတွေကို စောင့်မျှော်နေပါတယ်

ခွန်း said...

ဝင် ကွန့်ပေးကြသူတွေ အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။ ကျနော့်ကို အားပေးကြတဲ့ အတွက်လည်း ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်။ astronomy နဲ့ ဆိုင်တဲ့ အကြောင်း အရာတွေ တတ်အားသလောက် ရှာဖွေ တင်ပြသွားပါမယ်ဗျာ။

Anonymous said...

ဘယ်သူဘာပြောပြော ကိုယ်လုပ်စရာရှိတာလုပ်ပါ။
လူဆိုတာကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ရှင်သန် နေကြတာပါ
ပြီးတော့ လောကကြီးမှာ မဖြစ်နိုင်တာ ဘာတခုမှမရှိပါဘူး
မဖြစ်သေးတာပဲရှိပါတယ်။ဥပမာ .. အရင်က လကမ္ဘာကိုလူတွေသွားနိုင်ဖို့ဆိုတာ ယုံးတမ်းပုံပြင်တပုဒ်လိုပါပဲ၊ အဲဒီလိုပဲ အရင်က ဘယ်သူမှ
အိမ်မက်တောင်မမက်ဖူးခဲ့တဲ့ လေလှိုင်းထဲကနေ လိုချင်တာ အကုန်ရနေတာအခု ဖြစ်နေပြီ(အီးမေး၊သီချင်း၊ရုပ်ရှင်စသည်ဖြင့်ပေါ့)
ဆိုတော့ဗျာ... ကမ္ဘာမပျက်နိုင်ဘူးလို့ရော ဘယ်သူအာမခံနိုင်မှာလဲ အခုခေတ်မှာ ကမ္ဘာပျက်ဖို့ဆိုတာ ပိုလို့တောင်လွယ်ကူတဲ့ကိစ္စဖြစ်နေပါပြီင်္(နူကလီးယားစစ်
ပွဲ)
ယုံကြည်တာ မယုံကြည်တာ နောက်ထား လောလော
ဆယ်မှာ ဗဟုသုတရတယ်၊ဖြစ်လာရင် ဘယ်လိုအသက်ရှင်ခွင့်ရမအလဲဆိုတဲ့ သင်ခန်းစာရမယ်
အတွေးအခေါ်တခုတိုးတယ်၊ နောက်ဆုံးဗျာ ဒီစာဖတ်ခြင်းအားဖြင့် အပြင်းပြေတယ်၊ အချိန်ကုန်လွန်စေတယ်။
ဘယ်သူဘာပြောပြော ဆက်ရေးဗျာ အားပေးတယ်
ဒီလိုရေးနိုင်တာလဲ ကိုခွမ်းပဲရေးနိုင်တာ များသောအားဖြင့်ဘလော့တွေက အချစ်နဲ့ ကိုယ်ရး
ကိုယ်တာပဲရေးနေကြတာ(အပြစ်ပြောတာတော့မဟုတ်ပါ
မြင်တာလေးပြောမိတာပါ စိတ်ဆိုးနဲ့ဟိဟိ)ဆိုတော့ဗျာ
အခုလိုမျိုး ပညာရတဲ့ဘလော့လ်ကို ပိုအားပေးပါတယ်

မသက်ဇင် said...

ခွန်းရေ---
လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်--
ခွန်းလုပ်စရာရှိတာဆက်လုပ်ပါ---

ဟိန်းညီ said...

အစ်ကိုရေ...
ကျွန်တော်တော့ ကိုလူလှပြောတာသဘောကျတယ်။
ဟုတ်တယ်လေ။
အစ်ကိုတင်တဲ့ရည်ရွယ်ချက်က သတင်းအချက်အလက်ပေးရုံသက်သက်ပဲလေ။
သူများတွေဘာတွေပြောနေကြလဲဆိုတာကို ကိုယ့်လူတွေလည်းသိအောင်ပြောပြတာပဲ။
မသုံးတတ်ရင်တော့ ဘယ်ဟာပဲဖြစ်ဖြစ်ဘေးပါပဲ။
ကျွန်တော်ကတော့ရှင်းတယ်။သြော်...ကမ္ဘာမှာဒီလိုပြောနေကြပါလားလို့
သိလိုက်တယ်။ဒါပဲလေ။ဒီထက်ပိုပြီးကောဘာလုပ်ရမှာလဲ။
အစ်ကိုကျေးဇူးကြောင့်ဒါလေးသိရတာမို့အစ်ကို့ကိုကျေးဇူးတင်မိတယ်။
ဒါပါပဲ။ရှင်းရှင်းလေးပါ။ :)

Andy said...

ဟုတ်ပါတင်ခင်မျာ... ကျွန်တော်လဲ အဲဒီအကြောင်းတွေ တွေ့လိုက်ရပြီး လိုက်ဦးနှောက်စားခဲ့တာ... ကိုခွန်းနဲ့ကျနော်နဲ့ အမြင်ခြင်းတူပါတယ်...။

ဗုဒ္ဓဘာသာအရရော ကျန်တဲ့ အရှေ့တိုင်း ဒဿနတွေ မှတ်တမ်းမှတ်ရာတွေအရပါ အဲဒါမျိုးမဖြစ်နိုင်ပါဘူး... (ဖြစ်ဖို့တော်တော်ကြီးကိုစောသေးတယ်ပေါ့)

နောက်ပြီး ၃၆၀၀ ဆိုတဲ့ Life Cycle ဟာ အရမ်းတိုပါတယ်... ပြက္ခဒိန်မှာ ဂဏန်းတွေ ကုန်သွားတာနဲ့ ကမ္ဘာက လိုက်ပျက်ရတော့မှာလားဗျာ...
တကယ်တော့ ကမ္ဘာအပြင်က အရာတစ်ခုခုထက် ကျနော်တို့လူသားတွေကြောင့် ကမ္ဘာပျက်နိုင်ချေက ပိုများနေတယ်လေ..။
လေးစားပါတယ်ဗျာ။

ဒါပေမယ့် အယူအဆသစ်အမြင်သစ်တမျိုးကိုတော့ ဖွင့်ထားတဲ့စိတ်နဲ့ကြည့်ပြီး ဖြစ်နိုင်မဖြစ်နိုင်ဆန်းစစ်တာ အမှန်ဆုံးပဲ မဟုတ်လား...။

အလင်းစေတမန် said...

ပထမဆုံး အချက်အနေနဲ့ ကျနော်ဟာ သိပ္ပံပညာကို ဘာသာတရားနဲ့ ဘယ်တော့မှ ရောယှက်မယ် မဟုတ်ဘူး ဆိုတာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ သိပ္ပံပညာ ဟာ အပေါ်ရံပါ။ ဘာသာတရား က အနှစ်သာရပါ။
ဒီစကားကို သဘောကျတယ်ဗျာ။

Michael Ye said...

ကိုခွန်း ပြောသလိုပါပဲ
ကျွန်တော်တို့ ဒီနေရာမှာ ဒါလေးတွေလာလုပ်နေတာက သိပ္ပံပညာ (သို့) မိမိသိရှိထားသော ဘာသာရပ်တစ်ခု ကိုတတ်နိုင်သလောက် ဖြန့်ဝေ ရင်းဆွေးနွေးမှုတွေလုပ်ချင်လို့ပါ။ ဘာသာတရားနဲ့ပတ်သတ်ပြီး ၀င်ရောက် comment ပေးသွားသူများဟာလည်း သူတို့ရဲ့ view၊ သူတို့ရဲ့ထင်မြင် ယူဆချက်ကိုသာ ရေးသားသွားကြ ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ရည်ရွယ်ချက်နဲ့သက်ဆိုင်သည် ဖြစ်စေ မသက်ဆိုင် သည်ဖြစ်စေ၊ ၀င်ရောက်ဖတ်ရှုသွားတဲ့ သူငယ်ချင်းမှာ ကျွန်တော်တို့ (ကျွန်တော်တို့ ဆိုတာထက်အဓိကကတော့ ကိုခွန်းပါ) လုပ်ထားတဲ့ စေတနာနဲ့ ၀ါသနာလေးပေါ်မှာအားပေးရာရောက်တယ် လို့ကျွန်တော်ထင်ပါတယ်။ အပြုသဘောဆောင်သော မည်သည့်ဝေဖန်ရေးသားချက်မျိုးမဆို ရေးသား သူရော၊ ဝေဖန်ခံရသူပါအကျိုးရှိပါတယ်။ ဘာသာရေးအနေနဲ့ ၀င်ရောက်စော်ကားသွားမှုမျိုးအ တွက်ရေးသားသူမှာသာတာဝန်ရှိပါတယ်။ ကျွန်တော် အနေနဲ့တော့ မည်သည့် ပြန်လှန်တုံ့ပြန်စော်ကား မှုမျိုးမှ ရှိမည်မဟုတ်ပါ။ ပြန်လည်ခွန်းတုံ့ပြန်ရန်မသင့်ဟုယူဆတဲ့ အတွက်ဖြစ်ပါတယ်။ (ဒီ blog သည်ဘာသာရေးတိုက်ခိုက်မှုအသွင်ဆောင်ဆောင် သော blog မဟုတ်ဆိုတာကိုတော့ ကိုမင်းဆိုသူ သတိချပ်မိဖို့ သင့်ပါတယ်)
ကျေးဇူးတင်ပါတယ်

WWKM said...

"အကြောင်းအရာကို လိုအပ်သည်ထက်ပိုပြီး ပုံကြီးမချဲ့ သင့်..နည်းနည်းပြောရုံဖြင့်ပြီးနိုင်သော ကိစ္စကို များများပြောခြင်းသည် အချည်းအနှီးအကျိုးမဲ့ ဖြစ်သည်"..ဆိုတဲ့ ဆရာ
ကြီးမောင်သီဟပြောသွားတဲ့ စကားလေးကို
ကြိုက်ပါတယ်။
ပြီးတော့ အစ်မ မသက်ဇင်ပြောသလိုပဲ....
ခွန်းရေ---
လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်--
ခွန်းလုပ်စရာရှိတာဆက်လုပ်ပါ--

ခင်တဲ့
အမ၀ါ

ခွန်း said...

ဟုတ်ကဲ့.. အခုလို ကျနော့််ကို လာအားပေးတဲ့ အတွက်ရော၊ အမြင်လေးတွေ တင်ပြတဲ့ အတွက်ပါ အများကြီး ကျေးဇူးတင် ပါတယ်ဗျာ။ ကျနော် ရော ညီလေး ငရဲရော မအားတဲ့ အတွက် ပို့စ် အသစ် တွေ မတင်နိုင် ပေမယ့် ပုံမှန် လာလည်ကြသူတွေ အားလုံးကို လဲ အများကြီး ကျေးဇူး တင်ကြောင်း ပြောပါရစေ..။

LT.ZAWKO said...

ခွေးဟောင်လို့တောင်မ Move ကြေးလေ..
ိတိုးတက်ရာတိုးတက်ကြောင်းတွေပဲ..
ကောင်းတယ်.
ဆက် do ဗျာ..

လေးစားတယ်...

Kaung Kin Ko said...

ခုလို တကန့် စီထားတာ အကောင်းဆုံးပဲဗျာ။ ထောက်ခံ အားပေးနေမယ်ဗျို့ ။

anglecolour-collection said...

ကိုခွန်းေ၇ဆက်ေ၇းပါ။ကောင်းပါတယ်။မနာလိုတဲ့ သူတွေဝေဖန်တာဝေဖန်ပလေ့ စေ။သူတို့ တောင်ဒီလောက်ဗဟုသုတ၇ှိလို့ လား။အသိတာတွေအများကြီးဖတ်၇လို့ ကျေးဇူးပါ။

mycreatorsite said...
This comment has been removed by the author.
Related Posts Plugin for WordPress, Blogger...