Friday, December 19, 2008

The difficult road to Mars

1 comments
The Difficult Road to Mars
ဒီတပတ်တော့ စာဖတ်သူများကို စိတ်ဝင်စားစရာကောင်းတဲ့ Space Exploration နဲ့ပတ်သက်တဲ့ history book လေးတစ်ခုမျှဝေပေးလိုက်ပါတယ်။ NASA History Division က ၁၉၉၉ခုနှစ်မှာ ထုတ်ဝေခဲ့ တာပါ။ Soviet Union ခေတ်တုန်းက Mars Exploration နဲ့ ပတ်သက်ပြီး ကြိုးစားခဲ့ပုံအကြောင်းကို V.G.Perminov က ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်။
ဒီစာအုပ်ကို မျှဝေပေးဘို့ စိတ်ကူးရတာက ဟိုအရင်အပတ်က ESA ကနေ Mars500 mission နဲ့ပတ် သက်ပြီးရွေးချယ်ခံရတဲ့သူ ၅ဦး ထုတ်ဖော်ကြေငြာတဲ့သတင်း ဖတ်ပြီးစိတ်ကူးရတာပါ။ Mars500 mission က ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရက် ၅၀၀ ကြာခရီး Mars ကိုလူလွှတ်ဖို့ပါဘဲ။ အဲဒီခရီးကိုသွားချင်သူများ လျောက် လွှာခေါ်တဲ့ နေရာမှာ ဥရောပနိုင်ငံအသီးသီးမှ စိတ်ပါဝင်စားသူ ၅၆၀၀ လျှောက်ခဲ့ရာမှာ လွန်ခဲ့တဲ့အပတ်ကမှ ရွေးချယ်ခံရသူ ၅ ဦးကိုထုတ်ဖော်ကြေငြာခဲ့ပါတယ်။ပြင်သစ်၃ဦး၊ ဆွိဒင်၁ဦး နဲ့ ဂျာမန် ၁ ဦး ရွေးချယ် ခံရပါတယ်။အဲဒီထဲကမှ ၂ ဦးက Russian ၄ဦးနဲ့ အတူ ၂၀၀၉ မတ်လမှာ Moscow Institute of Biomedical Problem မှာရှိတဲ့ သီးခြားအခန်းထဲမှာ ၁၀၅ ရက်ကြာ အပိတ်ခံပြီး လေ့ကျင့်ကြတော့မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို ESA ကနေ တာဝန်ယူပြီးတော့ Russian Space Agency က technology support လုပ်မှာဖြစ်ပါတယ်။
ကျွန်တော် ဆိုလိုချင်တာက ၁၉၉၉ ခုနှစ်လောက်တုန်းက The difficult road to Mars လို့ ရေးခဲ့တဲ့ အကြောင်းအရာတစ်ခုဟာ ၂၀၀၉ ခုနှစ်မှာ တကယ်ဖြစ်လာတော့မှာပါ။ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးပါစေလို့လဲဆုတောင်းပါတယ်။ အဲတော့ စိတ်ပါဝင်စားရင် ဒီစာအုပ်လေးကို ဖတ်ကြည့်ကြပါ။ Mars Exploration နဲ့ ပတ်သက်တဲ့ history အပြင် Mars နဲ့ပတ်တဲ့ အချက်အလက်တွေ space technology development တွေကိုပါ လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။
mtssnrty

The difficult road to Mars

0 comments
Difficult Road to Mars

Wednesday, December 3, 2008

Asteroid ဧ။် ပတ်လမ်း ပြောင်းယူခြင်း

2 comments
Act Pre Mad Gtoc1 Mai

Asteroid ဧ။် ပတ်လမ်း ပြောင်းယူခြင်း

0 comments
အခုတပတ်တော့ စာဖတ်သူများကို ၂၀၀၅ ခုနှစ်က European Space Agency က ကြီးမှူးကျင်းပခဲ့တဲ့ 1st Global Trajectory Optimization Competition က Problem အကြောင်း ပြောပြချင်ပါတယ်။ အရင်အ ပတ်ရေးခဲ့တဲ့ Planetary Defense နဲ့လဲ ဆက်စပ်လို့ရအောင်လို့ပါ။ Problem ကို Advanced Concept Team ကနေ ထုတ်ပြီးတော့ တစ်ကမ္ဘာလုံးက ပညာရှင်အုပ်စုတွေ ဝိုင်းပြီးတွက်ကြတဲ့ပြိုင်ပွဲပါ။ Problem description ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Problem Description:
The main objective of the optimization is to maximize the change in the semi-major axis of the Asteroid 2001 TW229 subsequent to the impact of an electric propelled spacecraft.

1-The target
Consider the asteroid 2001 TW229 and its osculating orbital elements in the J2000.0
heliocentric ecliptic reference frame:
Asteroid 2001TW229
a (semi-major axis, AU): 2.5897261
e (eccentricity): 0.2734625
i (inclination, deg.): 6.40734
(argument of pericenter,deg.):264.78691
Ω (Right Ascension of the Ascending Node, deg.):128.34711
M (mean anomaly at epoch53600 MJD, deg.):320.47955

2-The spacecraft
Consider a nuclear electric propelled spacecraft with a wet mass of 1500 kg (dry mass can be
considered to be zero) and equipped with a thruster with the following capabilities: specific
impulse Isp=2500 sec., maximum thrust level T=0.04 N.

3-The mission
The spacecraft has to be transferred from Earth to the asteroid 2001 TW229 with a launch in
[3653-10958] MJD2000 (Modified Julian Date 2000), corresponding to years 2010 to 2030. The
maximum time of flight is 30 years. At arrival the quantity J=m_f*‖U ̂_(rel )*υ ̂_ast ‖ has to be
maximized, where f m is the final mass of the spacecraft, Urel is the velocity of the spacecraft
relative to the asteroid at arrival and ��ast is the heliocentric velocity of the asteroid. The launcher
available for the mission is able to provide a 2.5 km/sec escape velocity to the spacecraft with no
constraint on the escape asymptote direction. Consider also a constraint on the minimum allowed
heliocentric distance of 0.2 AU.

Probem ကတော့ Asteroid 2001 TW229 ရဲ့ ပတ်လမ်းကို နှစ် ၃၀ အတွင်း ကျွန်တော်တို့ လွှတ်တင် ထားတဲ့ Spacecraft ရဲ့ ဝင်တိုက်တဲ့ အရှိန်နဲ့ ပြောင်းလဲပစ်ဖို့ပါဘဲ။ ဒီနေရာမှာ အဲဒီ Asteroid ရဲ့ Orbital Elemtents တွေ ပေးထားတယ်။ အသုံးပြုလို့ရမယ့် Spacecraft ရဲ့ datas တွေပေးထား တယ်။ ပြီးတော့ mission design ပြုလုပ်ရာမှာ သုံးရမယ့် ကန့်သတ်ချက်တွေ ပေးထားပါတယ်။
ဒီပြိုင်ပွဲကို ကမ္ဘာအရပ်ရပ်ရှိ Space Agencies များ တက္ကသိုလ်များမှ ပညာရှင် ၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ JPL NASA က အသင်းက ပထမ၊ Spain က ၂ သင်းက ဒုတိယ နဲ့ တတိယ၊ ကျွန်တော့ဆရာရဲ့ အသင်းက စတုတ္ထ ရရှိပါတယ်။ ဒီနေရာမှာ စာဖတ်သူများထဲမှ စိတ်ပါဝင် စားသူများအတွက် အဒီတုန်းက လုပ်ခဲ့တဲ့ ကျွန်တော့်ဆရာရဲ့ Presentation ကို မျှဝေပေးလိုက်ပါ တယ်။ အမတန်မှ ရှုပ်ထွေးတဲ့ Trajectory Design ဖြစ်ပါတယ်။ ပထမဆုံး ကမ္ဘာ ကို ပတ်မယ်။ ပြီရင် Venus အနား ကို သွားမယ်။ Venus ကနေ ကမ္ဘာအနားကို ပြန်လာမယ်။ ပြီးရင် Venus အနားကို ပြန် သွားမယ်။ Venus ကနေ ကမ္ဘာအနားကို ပြန်လာမယ်။ ပြီးရင် နောက်တစ်ကြိမ် ကမ္ဘာကို ထပ်ပတ် မယ်။ နောက်ဆုံး Asteroid 2001 TW229 ကို အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောက်ပြီး အဲဒီ Asteroid ရဲ့ လမ်း ကြောင်းကို ပြောင်းပစ်မယ်ပေါ့။ အဲဒီ Trajectory design မှာ အသုံးပြုတဲ့ တချို့ methods တွေရဲ့ algorithms တော့ ကျွန်တော့မှာ ရှိနေပါပြီ။ ဒါပေမယ့် ကိုယ့် Thesis နဲ့ ကိုယ်ဆိုတော့ အဲလောက်ရှုပ် ထွေးတဲ့ Problem မျိုး Formulate လုပ်ပြီး Solve မလုပ်ဖူးသေးပါဘူး။ ဒီနေရာမှာ Earth and Venus ကို အကြိမ်ကြိမ်ပတ်တယ်ဆိုတာက သူတို့ရဲ့ ဆွဲအားတွေကို လွဲအားအဖြစ် ပြောင်းလဲအသုံးချတာပါ။
မလွယ်တော့ မလွယ်ဘူးပေါ့နော။ အမတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ Problem တစ်ခုဖြစ်ပါတယ်။
လေ့လာကြည့်ပါ။ စိတ်ဝင်စားလို့ further study အတွက်ဆိုရင်တော့ အောက်ပါ Internet webpage ဆီကို သွားလည်ကြည့်ပေါ့။
http://www.esa.int/gsp/ACT/mad/pp/GTOC1/gtoc1.htm
Questions တွေရှိလာလို့ မေးစရာရှိလာမယ်ဆိုရင်လဲ ဆက်သွယ်နိုင်ကြ ပါတယ်။ အတတ်နိုင်ဆုံး သိသလောက်တော့ ကြိုးစားဖြေကြည့်တာပေါ့။
ကမ္ဘာအရပ်ရပ်မှ ပညာရှင်များ ဝိုင်းဝန်း တွက်ချက်ထားတဲ့ အန္တရာယ်ဖြစ်နိုင်မယ့် asteroids, comtes တွေရဲ့ ပတ်လမ်းတွေကို ပြောင်းပစ်နိုင်မယ့် trajectory design တွေ Facilities တွေ ရှိပါတယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
နောက်ဆုံးအနေနဲ့ ကမ္ဘာကြီးကို Asteroids, Comets တို့ ဝင်တိုက်လို့ မီးလောင်မှာတို့ ရေကြီး မှာတို့ တွေးပြီးပူပင်နေသူတွေအားလုံး ကြောင့်ကြခပ်သိမ်း ဝေးကြပါစေ လို့ ဆုမွန်ကောင်းတောင်းရင်း အဆုံးသတ်လိုက်ပါတယ်။

mtssnrty
Related Posts Plugin for WordPress, Blogger...