Friday, January 9, 2009

အတွေးယာဉ်လေးနဲ့ အတူ 2


With IMAGINARY Spaceship - အပိုင်း၂


အာကာသထဲထွက်ဖို့ အတွက် ကြိုတင် ပြင်ဆင်ဖို့ အများကြီး ထဲ့သွင်းစဉ်းစားရပါတယ်။ ပြောရရင် အစစ အရာရာ မသိတာ တွေကို စမ်းသပ် ရှာဖွေလေ့လာ စရာ အများကြီးပါဘဲ။

အာကာသ ပညာရှင်အဖြစ် ရွေးချယ်ခံရပြီဆိုရင် အာကာသထဲမှာ တွေ့ကြုံရမဲ့ အခြေအနေတွေ အခက်အခဲ တွေ ဖြစ်ပေါ်နိုင်မှု့တွေကို ကြိုတင် မှန်းဆပြီး လေ့ကျင့်ရပါတယ်။ အာကာသထဲသွားတယ် ဆိုတာ ကမ္ဘာ့အပြင်ဘက် ထွက်တာလေး တစ်ခုထဲ မဟုတ်ပါဘူး။

- နိုင်ငံတစ်ခုလုံး နိုင်ငံပေါင်းစုံအားလုံး ပါဝင်နေတဲ့ တကမ္ဘာတခုလုံးရဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်လို့ ရနေပါတယ်။ ကမ္ဘာအပြင်ဘက်မှာ ရှိနေတဲ့ မသိနိုင်သေးတဲ့ စင်္ကြာဝဌာ နှင့် ဂြိုလ်များ ကြယ်တာရာများ ကြယ်တံခွန်များ လများ အစရှိတာတွေ ကိုလည်း ထောက်လှမ်းလေ့လာ နိုင်ပါတယ်။ ကျွန်မတို့ ကမ္ဘာအပြင် အခြားသော နေရာတွေမှာ သက်ရှိသတ္တ၀ါ ရှိနိုင် မရှိနိုင် လေ့လာဖို့ ကြိုးစားနိုင်ပါတယ်။ တခြားဂြိုလ်တွေရဲ့ သက်ရောက်မှု့ကြောင့် ကမ္ဘာမှာ ပြောင်းလဲမှု့တွေ အကြောင်း လေ့လာနိုင်ပါတယ်။

- သို့အပြင် ကမ္ဘာပေါ်မှာ သာမာန် လက်တွေ့စမ်းသပ်ချက်တွေ သမရိုးကျ လုပ်ဆောင်ချက်တွေ တနည်းအားဖြင့် သက်ရှိသက်မဲ့ အရာတွေရဲ့ ကမ္ဘာပေါ်မှာ ပုံမှန် ဖြစ်ပျက် နေမှု့ဟာ အာကာသ ထဲ ရောက်သွား တဲ့အခါ ဘယ်လိုပြောင်းလဲနိုင်တယ် ဘယ်လိုကောင်းကျိုး ဆိုးကျိုးရရှိနိုင်မလဲ ဆိုတာ စမ်းသပ်နေဆဲပါ။ ဆေးဘက်ဆိုင်ရာ သုတေသနတွေ အာကာသထဲမှာ စမ်းသပ်ရင် ဘယ်လို ကမ္ဘာပေါ်မှာ အသုံးဝင်နိုင်မလဲ ဆိုတာ ရှာဖွေနိုင်ပါတယ်။

- ပုံမှန် သဘာဝ ဇီဝဓါတ်တွေ ကမ္ဘာအပြင်ထွက်ပြီး ကမ္ဘာထဲ ပြန်ဝင်လာရင် ဘယ်လို ပြောင်းလဲမှု့ရှိသလဲ ဆိုတာ စမ်းသပ်နေပါတယ်။ ပြောင်းလဲမှု့ရဲ့ အကျိုးအမြတ် တချို့တွေ ကို ယ္ခု လက်ရှိ ခံစားနေကြပါတယ်။

- ဖြစ်နိုင်ရင် ကမ္ဘာကြီး ပျက်ခဲ့သော် ဘယ်နေရာကို ထွက်ပြေးနိုင်မလဲ တခြား ဘယ်ဂြိုလ်မှာ ပြောင်းရွှေ့နေနိုင်မလဲ ဆိုတဲ့ အချက် တွေပါ လေ့လာနိုင်ပါသေးတယ်။

- တကယ်လို့များ စစ်ကျူးကျော်ခံရရင် ကြိုသိနိုင်ဖို့ လျှို့ဝှက်စုံစမ်းမှု့တွေကို အာကာသယာဉ်တွေ စက်တလိုက်တွေက တဆင့်ဓါတ်ပုံရိုက်လေ့လာနိုင်ပါတယ်။

-ဘယ်နေရာမှာဘယ်လို သယံဇာတတွေ ရာသီဥတုအခြေအနေ အစရှိသမျှကို ကမ္ဘာ့အပြင်ဘက်ကနေ ထောက်လှမ်းလို့ရနေတဲ့ အတွက် အာကာသယာဉ်ဟာ အလွန်မှ အရေးကြီးတဲ့ လျှို့ဝှက်ချက် တွေ ဖော်ထုတ်ရာ နေရာ ဖြစ်နေပါတယ်။

- လူသားတွေ နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ ဆက်သွယ်ရေးတွေကို ပိုမိုလွယ်ကူ မြန်ဆန်အောင် လေ့လာစမ်းသပ်ချက်တွေ လုပ်ဆောင်နိုင်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့အပြင်ဘက်ထွက်ပြီး လေ့လာရမဲ့ အာကာသပညာရှင်တွေဟာ ကိုယ့်ဆိုင်ရာနယ်မှာ ကျွမ်းကျင်တတ်မြောက်ရပါလိမ့်မယ်။

ကိုယ့်တတ်ကျွမ်းတဲ့ အကြောင်းအရာ အပြင် ဘက်စုံနီးပါး သိတတ်ထားရဖို့လိုအပ်ပါတယ်။ လူများများ မတင်လွှတ်နိုင်တဲ့အတွက် လူတစ်ဦးတည်းက လိုအပ်တဲ့ လူ၁၀ယောက် ရဲ့ အတတ်ပညာ အသိပညာလောက် ကို ယေဘူယျနီးပါး တတ်ထားပါမှ ကြိုတင် ကာကွယ်မှု့ တွေ လုပ်ဆောင်နိုင်ပါမယ်။

ဖြတ်ထိုးဥာဏ်သုံးနိုင်တဲ့သူ စိတ်ရှည်တဲ့သူ မှတ်ဥာဏ်ကောင်းတဲ့သူ စိတ်ဓါတ် ရေးရာ ကြံခိုင်တဲ့သူ ဖြစ်မှသာ လူနည်းနည်းနဲ့ ကြဲကြဲဝိုင်းရတဲ့ အာကာသ ခရီးမှာ အရွေးခံရပါမယ်။

သို့အတူ ပညာရှင်တွေဟာ အသက်ဘေးနဲ့လဲ စက္ကန့်ပိုင်းအကွာမှာ နေနေရသူတွေဖြစ်ပါတယ်။ အခုထိ တရားဝင် ထုတ်ပြန်ကြေငြာတဲ့ ဆုံးရှုံးမှု့တွေနဲ့ ဖုံးကွယ်ထားတဲ့ ဆုံးရှုံးမှု့တွေဟာ ဘယ်လိုမှ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု့တွေဖြစ်ပါတယ်။

ဒါဟာ နည်းပညာပိုင်းဘဲ ရှိပါသေးတယ်။ ကျဉ်းကြပ် လှတဲ့ အာကာသယာဉ်ထဲက အဖွဲ့သားတွေနဲ့ အပေး ယူမျှဖို့ လိုပါတယ်။ ကမ္ဘာ့ အပြင်ဘက်မှာ တွေ့ကြုံရမဲ့ အခြေအနေတွေ အခက်အခဲတွေကို ခံနိုင်ရည် ရှိဖို့ အတွက် ကျန်းမာရေး အတော် ကြံ့ခိုင်တဲ့ သူဖြစ်ဖို့လိုပါသေးတယ်။

ရက်အတန်ကြာတဲ့ အထိ ကမ္ဘာ့ ဆွဲအား မရှိပေမဲ့ ဂြိုလ်တွေရဲ့ ဆွဲငင်အား အနည်းငယ် ရှိပြီး လွှင့်မျှော နေရတဲ့ လေဟာနယ်ထဲက ပတ်ချာလည်နေမှု့တွေ မတူညီတဲ့ ပြောင်းလဲမှု့တွေကို စိတ်ဓါတ်ခိုင်ခိုင်နဲ့ ခံနိုင်ရည် ရှိနိုင်မဲ့ သူလည်း ဖြစ်ရပါအုန်းမယ်။ သယ်ဆောင်နိုင်မဲ့ ပါလာတဲ့ အစားအသောက်ကိုလည်း တာရှည် ခံအောင် တနေ့တာ သတ်မှတ်တဲ့ အစားအသောက်ကိုလည်း တင်းတိမ်နိုင်အောင် လေ့ကျင့်ရပါတယ်။ တဲ့တဲ့ပြောရရင် အစားအသောက်မှာ ချေးမများရပါဘူး။ သယ်ဆောင်နိုင်တဲ့ ရေပမာဏဟာ ကန့်သတ်ချက် ရှိတဲ့ အတွက် တချို့ရေတွေဟာ ပြန်လည် အသုံးချရ ပါတယ်။ မရွံ့ရှာဘဲ သိပံနည်းကျ သန့်စင်ထားတဲ့ သန့်ရှင်းတဲ့ ရေ လို့ သတ်မှတ်နိုင်ရပါမယ်။ အရာရာကို အမြင်အားဖြင့် ခန္တီသဘောနဲ့ လက်ခံ စားသောက်နေထိုင် နိုင်ရပါမယ်။

ဒီလို ထိန်းချုပ်မှု့တွေ များလွန်းလှတဲ့ အတွက်ကြောင့် အာကာသသိပံပညာရှင် ဖြစ်ဖို့ စိတ်ရှည်တဲ့ သူကိုသာ ရွေးရပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။

ကမ္ဘာ့ အပြင်ဘက်မှာ အပူအအေး မမျှတပါဘူး။ သံလိုက်စက်ကွင်း လျှပ်စစ်စက်ကွင်း နဲ့ မသိနိုင်တဲ့ မမြင်နိုင်တဲ့ စက်ကွင်းတွေ ဘေးအန္တရယ်တွေဟာ ထိပ်တိုက် ကြုံတွေ့ရမှာ ၁၀၀% ဖြစ်ပါတယ်။ ဒါ့ကြောင့် အာကာသသိပံပညာရှင်တွေဟာ ကမ္ဘာပေါ်ပြန်ရောက်လာရင် အဲဒီ အန္တရယ်တွေရဲ့ အကျိုးဆက်ကို ခံစားရမှာပါ။ ပြောရရင် မြန်မြန်သေဖို့ ကြိုတင် လက်မှတ် ယူထားသလိုပါဘဲ။

သို့သော်...

ကျွန်မတို့ အတွက်ကတော့ ကိုယ့်ရဲ့ ယုံကြည်မှု့ အတွက် သံဓိဌာန်ချထားတဲ့ အတိုင်း ဖြစ်လိုရာ ဖြစ်စေတော့ အသက်ပါစွန့်မယ် ဆိုပြီး ရဲရဲဝံ့ဝံ့ နောက်မဆုတ်တမ်း စိတ်ဓါတ်ခိုင်ခိုင်နဲ့ ရှေ့ ဆက်လျှောက်မဲ့ သူတွေပါဘဲရှင်....


နောက်ပိုင်းပို့စ်တွေမှာ အထက်က တင်ပြထားတဲ့ သုတေသနလုပ်ငန်းတွေရဲ့ အဖြေရခဲ့သော အဖြေမရသေးသော ရလာဒ်တွေကို အနည်းငယ်စီ တင်ပြသွားပါမယ်



Thank you for visiting to my blog and enjoy exploring with my IMAGINARY spaceship.

To be Continue.....

0 comments:

Related Posts Plugin for WordPress, Blogger...