စကြာဝဠာက အရမ်းကျယ်ဝန်း နက်ရှိုင်းသလို ရေးစရာ တွေကလည်း အများကြီးပဲ ပေါ့။ ဒါပေမယ့် စိတ်ကူးထဲ တွေ့ရာ တောင်စဉ် ရေမရ လိုက်တင်နေရင် အစီအစဉ်မကျသလို ဖတ်တဲ့သူတွေလည်း မျက်စေ့ လည်သွားနိုင် ပါတယ်။ အဲလိုဆိုတော့ ပထမဆုံး ကျနော်တို့ရဲ့ နေအဖွဲ့အစည်း အကြောင်း အရင်ဆုံး စရေးမယ်လို့ စဉ်းစားမိ ပါတယ်။ ကျနော်တို့ ငယ်ငယ်လေးကတည်းက နေအဖွဲ့အစည်း နဲ့ ရင်းနှီးနေခဲ့ ပြီးသားပါ။ အထွေထွေသိပ္ပံမှာ စကြာဝဠာနှင့် နေအဖွဲ့အစည်း ဆိုတဲ့ chapter နဲ့ နှစ်တိုင်းသင်ခဲ့ ဖူးပါတယ်။ နေအဖွဲ့အစည်း အကြောင်း ထူးပြီး လေ့လာနေစရာ မရှိလို့ ထင်ထားပေမယ့် တကယ်လေ့လာကြည့်မိတော့ မသိသေးတာတွေက အများဆိုမှ အများကြီးပါ။ စာဖတ်သူတွေ ထဲမှာလည်း ကျနော့်လို လူမျိုးတွေ ပါနေနိုင်ပါတယ်။ ဒါကြောင့် နေအဖွဲ့အစည်း အကြောင်းကို အရင်ဆုံး စရေးပါ့မယ်။ ပြီးရင် outer universe က အံ့သြောဖွယ်ရာ အားလုံးကို ရေးပါ့မယ်။ လိုအပ်တာတွေ၊ မှားနေတာတွေ ရှိရင် ထောက်ပြပေးဖို့ တောင်းဆိုပါရစေ။ ကျေးဇူးတင်ပါတယ် ခင်ဗျား။
Tuesday, August 26, 2008
Subscribe to:
Post Comments (Atom)
1 comments:
အရမ်းကိုကောင်းပါတယ် :D တကယ့်ကို ဗဟုသုတ ရစရာတွေ ပါဘဲ :D ဟီးး
Post a Comment