
photosphere လို့ခေါ်တဲ့ နေမင်းရဲ့ အ၀ါရောင် မျက်နှာပြင်ပုံပါ။ သူ့ရဲ့ မျက်နှာပြင် အပူချိန်ဟာ 6000 degree Celsius လောက်ရှိပါမယ်။ အောက်မှာပြထားတဲ့ ပုံက sunspot တစ်ခုရဲ့ ပုံဖြစ်ပါတယ်။

ဒီလို sunspot မျိုးတွေ အခါအားလျော်စွာ နေမျက်နှာပြင်မှာ ပေါ်တတ်ပါတယ်။ သူကတော့ ပါတ်ဝန်းကျင်က အ၀ါရောင် မျက်နှာပြင်ထက် အပူချိန် နိမ့်ပါတယ်။ sunspot တစ်ခုရဲ့ အရွယ်အစားဟာ ကမ္ဘာထက် သိသိသာသာ ပိုကြီးပါတယ်။ သူတို့ဟာ ၁၀ ရက်လောက် အတွင်း ကြီးထွား လာကြပြီးတော့ ၂ပါတ်လောက် အတွင်းမှာ ပျောက်ကွယ် သွားတတ် ပါတယ်။ တကယ်တော့ sunspot ဆိုတာ နေရဲ့ magnetic activity ကို ပြတဲ့ ကြေးမုံပြင်တွေပါပဲ။ သူတို့ဟာ နေမင်းရဲ့ သံလိုက်အားလမ်းကြောင်း ဘယ်နေရာမှာ ပေါ်လာပြီးတော့ ဘယ်နေရာမှာ နောက်တစ်ကြိမ် ထပ်ပေါ်မယ် ဆိုတာကို ဖော်ပြကြပါတယ်။ နေဟာ ကျယ်ပြန့်တဲ့ စွမ်းအင်စက်ကွင်းတွေ အမြဲ ထုတ်လွှင့်နေတတ်ပါတယ်။


ရလာဒ်ကတော့ နေရဲ့ မျက်နှာပြင်ဟာ လှိုင်းတံပိုးထန်နေတဲ့ စွမ်းအင် သမုဒ္ဒရာကြီးတစ်ခုလို coronal loop လို့ခေါ်တဲ့ မီးလောင်နေတဲ့ ဓါတ်ငွေ့တွေရဲ့ ဂငယ်ကွေး လမ်းကြောင်းတွေ ပေါ်လာတာပါပဲ။

1 comments:
ကြယ်တွေဟာ လောင်စာနဲ့ လင်းနေတာ.. နေဟာလဲ လောင်စာနဲ့ လင်းနေတာ.. ကြယ်တွေ လောင်စာကုန်သွားရင် ပေါက်ကွဲပြီး black hole သို့ မဟုတ် neutron star ဖြစ်ပေါ်တယ်လို့ ဖတ်ဖူးပါတယ်..
နေရဲ့ လောင်စာကုန်သွားရင် ဘာဖြစ်လာနိုင်မလဲလို့ .. သူလဲ လောင်စာ ကုန်သွားရင် ကြယ်တွေလို ပေါက်ကွဲနိုင်မလား မသိဘူးနော်..
အဲဒါတွေ တွေးမိ စဉ်းစားမိတိုင်း.. သြော် .. စကြာဝဏာကြီး ကတယ် အံ့သြစရာကောင်းပါလားလို့  :D
Post a Comment