Saturday, September 13, 2008

နေ (The Sun) - ၃

coronal loop တွေက နေရဲ့ chromospheres အလွှာထဲမှာပဲ ဖြစ်တာ ဆိုရင်တော့ ionized gases တွေဟာ လမ်းကြောင်းကွေး တွေအတိုင်းပဲ နေရဲ့ မျက်နှာပြင်ပေါ်ကို ပြန်ရောက်ပါတယ်။ လမ်းကြောင်းကွေးတွေရဲ့ အမြင့်ဟာ ကီလိုမီတာ ၅သောင်း ကျော်သွားခဲ့ရင်တော့ စကြာဝဠာထဲကို solar prominences လို့ခေါ်တဲ့ solar mass တွေလွင့်စင်ထွက်ပါတယ်။ လွင့်စဉ်သွားတဲ့ အရာတွေကတော့ plasma လို့လူသိများတဲ့ hot ionized gases တွေပါပဲ။ တကယ်လို့ လမ်းကြောင်းတွေရဲ့ အမြင့်ဟာ ကီလိုမီတာ တစ်သိန်း ကျော်သွားခဲ့ရင်တော့ ကွေးမသွားတော့ပဲ အတန်းလိုက် ဆန့်ထုတ်လိုက်သလို solar mass တွေ စကြာဝဠာထဲကို အများကြီး လွင့်စဉ်သွားပါလိမ့်မယ်။ အဲဒီ solar flux cube ရဲ့ အချင်းနဲ့ ယှဉ်လိုက်ရင် ကမ္ဘာက တော်တော် သေးနေပါလိမ့်မယ်။ ဒါပေမယ့် solar flare ကတော့ သူ့ထက် အများကြီး ပိုမိုပြင်းထန် ပါတယ်။ အင်မတန် ပြင်းထန်တဲ့ အပူချိန်ကြောင့် ပေါက်ကွဲ လွင့်စဉ် ထွက်တာမျိုးပါ။ သန်းဆယ်ဂဏန်းလောက် ရှိတဲ့ ဟိုက်ဒရိုဂျင် ဗုံးတွေကို တပြိုင်တည်း စုပြုံ ဖောက်ခွဲ လိုက်သလို ပြင်းထန်ပါတယ်။ နေပေါ်မှာ လှုပ်လျှား ပြောင်းလဲ နေတတ်တဲ့ ခပ်မဲမဲ အရိပ်လေးတွေဟာ solar flare ကြောင့် ဖြစ်လာတာပါ။ နေရဲ့ အပြင်ဘက် အလွှာ မှာတော့ corona ရှိပါတယ်။ corona ကို ဒီအတိုင်း ကြည့်ရင် မသိသာပါဘူး၊ နေကြတ်ချိန်မှာ လက နေကို ကွယ်သွားတဲ့ အချိန်မှာတော့ corona ကို ကောင်းကောင်း မြင်သာပါတယ်။ corona ရဲ့ အပူချိန်ဟာ ၂သန်း ဒီဂရီ လောက် အထိ ရောက်တတ်ပါတယ်။ corona တွေမှာ လည်း သူ့ရဲ့ လျွှို့ဝှက်ချက်နဲ့ ပါ။ လက နေကိုကွယ်သွားတဲ့ အချိန်မှာ အမည်းရောင် အ၀ိုင်းရဲ့ ပါတ်ဝန်းကျင်မှာ မြင်ရတဲ့ corona ရဲ့ တောက်ပမှု ဟာ တပြေးညီ မဟုတ်ပါဘူး။ လင်းတဲ့ နေရာလင်း ပြီး မှိန်တဲ့ နေရာ မှိန်ပါတယ်..။ နေရာ အလိုက် တောက်ပမှုဟာ တသတ်မတ် ရှိနေတာမျိုးလည်း မဟုတ်ပဲ အချိန်နဲ့ လိုက်ပြီး ပြောင်းလဲပါတယ်..။ ဘာကြောင့် အဲဒီလို ဖြစ်ရတာလည်း ဆိုတာ ဘေး ကပုံကို ကြည့်လိုက်ရင် ရှင်းသွားမှာပါ။ အဓိက လက်သည်က တော့ solar flare ပါ။ အင်မတန်ပြင်းထန်တဲ့ solar flare တွေကြောင့် ကြီးမားတဲ့ ပေါက်ကွဲလွင့်စင်မှု တွေလည်း ဖြစ်တတ်ပါတယ်။ နေကနေ အမြဲမပြတ် လွင့်စင် ထွက်လာနေတဲ့ particles လေးတွေ လည်း ရှိပါတယ်။ solar wind လို့ ခေါ်ပါတယ်။ အဲဒီ solar wind တွေဟာ ကမ္ဘာ့ဆွဲငင်အားကြောင့် တောင် နဲ့ မြောက် ၀င်ရိုးစွန်း တွေရဲ့ လေထုအလွှာပေါ်မှာ ကမ္ဘာရဲ့ မော်လီကျူးတွေ အက်တမ်တွေနဲ့ တိုက်မိပါတယ်။ solar wind ဟာ charges ဆောင်တဲ့ particles တွေဖြစ်တဲ့ အတွက် အဲလိုတိုက်မိခြင်း ကနေ အလင်းရောင် ဖြစ်စေပါတယ်။ အဲဒီလိုနဲ့ တောင်နဲ့ မြောက် ၀င်ရိုးစွန်းတွေ မှာ တွေ့ရတဲ့ aurora ဆိုတဲ့ လှပတဲ့ ၀င်ရိုးစွန်း ရောင်ခြည်တွေ ဖြစ်စေတာ ဖြစ်ပါတယ်။ aurora အများစုရဲ့ အရောင် က အနီနဲ့ အစိမ်းရောင် ဖြစ်ပြီး oxygen ကနေ ထုတ်တာဖြစ်ပါတယ်။ တကယ်လို့ nitrogen နဲ့ nitrogen ions တွေက ထုတ်တာဆိုရင်တော့ အနီဖျော့ဖျော့ ဒါမှမဟုတ် တောက်ပတဲ့ အပြာရောင်၊ ခရမ်းရောင်တွေကို ဖြစ်စေပါတယ်တဲ့။ နေ မှာလည်း လျှို့ဝှက်ချက်တွေ နဲ့ပါ။ ဥပမာ ဘာကြောင့် corona ရဲ့ အပူချိန်က ဒီလောက် မြင့်ရသလဲဆိုတဲ့ အချက်။ နေရဲ့ ဗဟိုမှာ၁၅ သန်း ဒီဂရီ စင်တီဂရိတ် ရှိပေမယ့် မျက်နှာပြင်မှာကျတော့ ၆၀၀၀ ဒီဂရီပဲ ရှိပါတော့တယ်။ မျက်နှာပြင်ကို ကျော်ပြီး အပြင်မှာ ရှိနေတဲ့ corona ရဲ့ အပူချိန်က ဒီဂရီ နှစ်သန်းလောက် ဖြစ်နေတာဟာ စိတ်ဝင်စားစရာပါ။ ဖြစ်နိုင်တဲ့ အကြောင်း အရင်းကတော့ magnetic energy ပါတဲ့။ နေမင်းဟာ နေရာအလိုက် အချိန်အလိုက် မတူညီတဲ့ တောက်ပနူန်းတွေနဲ့ pulse တွေ ဖြစ်နေတတ်တာကို ပညာရှင်တွေ သိကြပါတယ်။ ဒါပေမယ့် ဘာကြောင့် လဲဆိုတာတော့ မသိကြသေးပါ ဘူး။ အဲဒီလို တောက်ပမှု အနိမ့်အမြင့် ပြောင်းလဲမှုတွေဟာ နေမင်းရဲ့ အတွင်းဘက်က ဖြစ်ပျက်ပြောင်းလဲ မှုတွေ ကိုပြပါတယ်တဲ့။ သူတို့ကို လေ့လာခြင်းအားဖြင့် နေမင်းရဲ့ အသွင် ပြောင်းလဲနေမှု ကို သိနိုင်ပါတယ်။ ပညာရှင်တွေက တစတစ ပိုပြီး နားလည်လာကြပါတယ်။ နေမင်းရဲ့ မျက်နှာပြင်ကဓါတ်ငွေ့တွေရဲ့ ရွေ့လျှားမှုတွေ ထက် မျက်နှာပြင်အောက် ဘက်ပိုင်းမှာ ပိုပြီးမြန်မြန် လည်ပါတ်ပါတယ်။ အတွင်းဘက်ကို ရောက်သွားလေလေ ပိုပြီး မြန်လေလေပါပဲ..။ နေပေါ်မှာ တော်နေဒိုလည်း ရှိပါတယ်။ ကမ္ဘာ အရွယ်အစား ရှိပါတယ်တဲ့။ သူတို့ဟာ ၀င်ရိုးစွန်းတွေ အနီးမှာ တနာရီကို မိုင်သန်းဝက် နှုန်းနဲ့ လည်ပတ်ပါတယ်တဲ့။ နောင် နှစ်သန်းငါးထောင် လောက်ကြာရင်တော့ နေရဲ့ nuclear fusion process အတွက် ဟိုက်ဒရိုဂျင်လောင်စာ လုံလောက်မယ် မဟုတ်တော့ပါဘူး။ သူရဲ့အရွယ်အစားဟာ တဖြည်းဖြည်းကျယ် ပြန့်လာပါလိမ့်မယ်။ လက်ရှိအရွယ်အစားထက် အဆ ၂၀၀ လောက် ပိုကြီးတဲ့ Red Giant Star တစ်လုံး ဖြစ်လာပါလိမ့်မယ်။ မာကျူရီ၊ ဗီးနပ်စ် နဲ့ ကမ္ဘာ ဂြိုဟ်တို့ကို ၀ါးမြိုသွားပါလိမ့်မယ်။ အင်္ဂါဂြိုဟ်က အတွင်းဘက် အကျဆုံးအဖြစ် နေကို ပါတ်ပါမယ်။ အဲဒီနောက်မှာ တော့ နေဟာ စပြီးပေါက်ကွဲပါလိမ့်မယ်။ ပေါက်ကွဲမှုက ဖြစ်လာတဲ့ လှိုင်းတွေကြောင့် သူ့ရဲ့ ဓါတ်ငွေ့တွေဟာ စကြာဝဠာထဲကို အမြဲလွင့်စင်ထွက် နေပါလိမ့်မယ်။ အဲဒီလို material losses တွေကြောင့် နေမင်း ဟာ ဒြပ်သားတွေ တဖြည်းဖြည်းပါး လာပြီးတော့ ကျန်နေတဲ့ ဒြပ်သားတွေဟာလဲ အလယ်ဗဟိုက core ဆီကို ကျုံဝင်သွားပါလိမ့်မယ်။ နေဟာ ကမ္ဘာအရွယ်အစား အထိ ကျုံ့ဝင်သွားပြီး တော့ ကြယ်ပုဖြူ (white draft star) အဖြစ် ပြောင်းသွားပါလိမ့်မယ်။ အဲဒီ လို အတွင်းဘက် အကျဆုံး အဖြစ် အင်္ဂါဂြိုဟ် ပါတ်နေတဲ့ ကြယ်ဖြူလေး တစ်လုံးအဖြစ်နဲ့ ကျန်နေသေးတဲ့ လောင်စာတွေကို လောင်ကျွမ်းရင်း နောက်ဆုံးမှာ အေးစက် မဲမှောင်နေတဲ့ အစိုင်အခဲအဖြစ် တဖြည်းဖြည်း ပြောင်းလဲ ပြီး နေဘ၀ကနေ သေဆုံးသွားပါလိမ့်မယ်။

ကျမ်းကိုး

၁။ BBC Discovery, Space
၂။ http://www.wikipedia.org
၃။ Encarta Encyclopedia premium 2006

0 comments:

Related Posts Plugin for WordPress, Blogger...