Saturday, September 20, 2008

မာကျူရီဂြိုဟ် (mercury) -၁

နေစကြာဝဠာရဲ့ သမိုင်းအစမှာ နေစကြာဝဠာရဲ့ အ၀န်းအ၀ိုင်းတစ်ခုလုံး လည်ပါတ်နေတဲ့ ဓါတ်ငွေ့ တွေ ရှိနေခဲ့ပါတယ်။ အချင်းချင်းဆွဲငင်စုစည်းကြရာက အစိတ်အပိုင်းသေးသေးလေးတွေ၊ ပိုပြီးကြီးတဲ့ အစိတ် အပိုင်းတွေ ဖြစ်လာရာကနေ နောက်ဆုံးမှာ ဂြိုဟ်တွေ ဖြစ်လာခဲ့ကြပါတယ်။ မာကျူရီဂြိုဟ် ကတော့ လွန်ခဲ့တဲ့ နှစ်သန်း ၄၅၀၀လောက်က နေနဲ့ အနီးဆုံး ဂြိုဟ်အဖြစ် စတင် ဖြစ်ပေါ်လာခဲ့တာပါ။ မာကျူရီ ရဲ့ နောက်မှာ သေးငယ်တဲ့ ဂြိုဟ်တွေဖြစ်တဲ့ ဗီးနပ်စ်၊ ကမ္ဘာ နဲ့ မားစ် ဂြိုဟ် တို့ ရှိကြပါတယ်။ အဲဒီနောက်မှာတော့ ဓါတ်ငွေ့ ဂြိုဟ် ဘီလူးကြီးတွေ ဖြစ်တဲ့ ဂျူပီတာနဲ့ စေတန် ဂြိုဟ်တို့ ရှိကြ ပါတယ်။ အဲဒီနောက်မှာ outer planets တွေဖြစ်ကြတဲ့ ယူရေးနပ်စ် နဲ့ နက်ပ်ကျွန်း၊ အဲဒီနောက်မှာ ပလူတိုနဲ့ ကွေပါ ခါးပါတ်(Kuiper belt) ၊ ဒီထက်ပိုဝေးသွားတဲ့ နေရာ မှာတော့ comet သန်းထောင်ပေါင်း များစွာ ရှိတယ်လို့ ယုံကြည်ကြတဲ့ Oort comet cloud ရှိပါတယ်။ နေအဖွဲ့အစည်းမှာ စွန့်ထုတ်မှု အများအပြား ရှိတဲ့ အနက်ကလေးလံတဲ့ ပစ္စည်းတွေဟာ အတွင်းဘက်ဂြိုဟ်တွေမှာ အနည်ကျပြီး ပေါ့ပါး တဲ့ ပစ္စည်းတွေကတော့ အနည်းဆုံး ဂျူပီတာ အထိ လွင့်ပါး ပြီးတော့ အပြင်ဘက် ပိုင်းဂြိုဟ် တွေမှာ အနည်ထိုင်ပါတယ်။ မာကျူရီဂြိုဟ် ဟာ အတွင်းဘက် အကျဆုံးဖြစ်တဲ့ အတွက် အလေးလံ ဆုံးသော ပစ္စည်းအများစုဟာ မာကျူရီဂြိုဟ်မှာပဲ အနည် ကျပါတယ်။ နှစ်သန်းထောင်ပေါင်း များစွာ ဖြစ်လာတဲ့ အဲဒီဖြစ်စဉ်က မာကျူရီ ဂြိုဟ်ကို ကျောက်သားလို မာကျောတဲ့ ဂြိုဟ် ဖြစ်လာ စေခဲ့ပါ တယ်။ မာကျူရီဂြိုဟ်ကို ကြည်လင်တဲ့ ကောင်းကင်ရဲ့ ဆည်းဆာ အချိန်တွေမှာ ဗီးနပ်စ် ဂြိုဟ်ရဲ့ ညာဘက် အောက်ပိုင်း ခပ်ကျကျ နေရာမှာ တွေ့နိုင် ပါတယ်။ သူတို့တွေ ဟာ မိုးကုပ်စက်ဝိုင်းရဲ့ အလွန်နိမ့်တဲ့ အပိုင်းတွေမှာ ခဏလေးထွက်လာပြီး ပြန်ဝင် သွားပါတယ်။ သေးငယ်လှတဲ့ မာကျူရီကို နေ၀င်ပြီး ကာစ ဆည်းဆာ အချိန်နဲ့ နေရောင်ပျောက်ပြီး မှောင်စပျိုးချိန်တွေမှာသာ တွေ့နိုင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ဟာ ဂြိုဟ်တွေရဲ့ အလင်းပြန်တဲ့ နေ့ဘက်ခြမ်း ကိုပဲ မြင်နိုင် ကြလို့ပါ။ ဗီးနပ်စ်ဂြိုဟ်က နေကိုတစ်ပါတ်ပါတ်ဖို့ ၂၂၅ ရက်ကြာပေမယ့် မာကျူရီကတော့ ၈၈ ရက်နဲ့ ပါတ်တာပါ။ တခါတရံ မာကျူရီက နေနဲ့ ကမ္ဘာအကြားမှာ ဖြတ်တဲ့အခါ၊ နေမင်းရဲ့ အ၀န်းအ၀ိုင်းကို မာကျူရီ ဖြတ်သွား တာ တွေ့နိုင်ပါတယ်။ မာကျူရီဂြိုဟ်ရဲ့ အပြင်လွှာဟာ လ နဲ့ တော်တော် ဆင်တူ ပါတယ်။ မာကျောပြီး တောင်တန်း ချိုင့်ဝှမ်းမရှိ၊ ညီညာ တဲ့ မျက်နှာပြင် ရှိပါတယ်။ ဒါပေမယ့် အတွင်းပိုင်းမှာတော့ ကမ္ဘာလိုပဲ core ရှိပါတယ်။ core ရဲ့ အရွယ်အစားဟာ ကမ္ဘာရဲ့ လနဲ့ အရွယ်အစား အတူတူလောက်ပါပဲ။ အဲဒီcore ရဲ့ ၇၀% လောက်ဟာ သံ နဲ့ ဖွဲ့စည်းထားတာပါ။ အဲဒီလို လေးလံတဲ့ core ရှိတဲ့ အတွက် မာကျူရီဟာ နေအဖွဲ့အစည်းမှာ မျက်နှာပြင် အညီညာဆုံး ဂြိုဟ် ဖြစ်နေပါတယ်။ နေကနေ မာကျူရီ အထိ အကွာအဝေး ဟာ ကီလိုမီတာ သန်း၅၀ ပါ။ ကမ္ဘာကနေ တိုင်းရင်တော့ အဲထက် အများကြီး ပိုပါတယ်။ ၁၉၇၃ ခုနှစ် နိုဝင်ဘာ လက မာရီနာ ၁၀ ဂြိုဟ်တု ကို နေနဲ့နီး နိုင်သမျှ နီးနီးကို သွားဖို့ လွှတ်ခဲ့ပါတယ်။ ၃ လ အကြာမှာ ဗီးနပ်စ်ဂြိုဟ်ကို ရောက်ရှိပြီးတော့ ဗီးနပ်စ် ရဲ့ သံလိုက် အားလမ်းကြောင်း တွေကို သုံးပြီး မာကျူရီကို ဦးတည်ခဲ့ပါတယ်။ မာကျူရီ အကြောင်း ပထမဆုံး သတင်းပို့ချက်ကို ၁၉၇၄ ခုနှစ် မတ်လမှာ ရရှိခဲ့ပါတယ်။ မာရီနာ ဂြိုဟ်တုဟာ မာကျူရီကို ၃ ပါတ် ပါတ်ပြီး ဓါတ်ပုံတွေ ကမ္ဘာကို ပို့ခဲ့ပါတယ်။ ဓါတ်ပုံတွေ မှာတော့ အနှစ်နှစ်အလလ မာကျူရီ ပေါ်ကို ကျလာတဲ့ ဥက္ကခဲတွေ ထိမှန်တဲ့ ဒါဏ်ရာတွေကို တွေ့ရမှာပါ။ အချင်း ကီလိုမီတာ ၁၃၀၀ လောက် ရှိတဲ့ အမှတ်အသား တစ်ခုကို တောင် တွေ့ရပါတယ်။ အဲဒါ ကတော့ ဂြိုဟ်တစ်လုံးစာ အရွယ်ရှိတဲ့ ဥက္ကာပျံ အကြီးစား ကြီး တစ်ခု ၀င်တိုက်မိရာက ဖြစ်ခဲ့တာပါ။ မီးတောင် ပေါက်ကွဲမှု တွေဟာ လွန်ခဲ့တဲ့ နှစ်သန်း တစ်ထောင် လောက်မတိုင်ခင် အထိတော့ ဖြစ်နေသေးတယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် နှစ်သန်း တစ်ထောင် အတွင်းမှာတော့ မီးတောင် လှုပ်လျှားမှု လုံးဝ မရှိခဲ့ပါဘူး။ သူ့ရဲ့ မျက်နှာပြင်ကို ပြောင်းလဲ နိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရာကတော့ စကြာဝဠာအတွင်းက ရောက်လာ တဲ့ မတော်တဆ တိုက်မိခြင်းတွေပဲ ဖြစ်ပါတယ်။

0 comments:

Related Posts Plugin for WordPress, Blogger...