Tuesday, August 26, 2008

နေ (The Sun) - ၂


photosphere လို့ခေါ်တဲ့ နေမင်းရဲ့ အ၀ါရောင် မျက်နှာပြင်ပုံပါ။ သူ့ရဲ့ မျက်နှာပြင် အပူချိန်ဟာ 6000 degree Celsius လောက်ရှိပါမယ်။ အောက်မှာပြထားတဲ့ ပုံက sunspot တစ်ခုရဲ့ ပုံဖြစ်ပါတယ်။


ဒီလို sunspot မျိုးတွေ အခါအားလျော်စွာ နေမျက်နှာပြင်မှာ ပေါ်တတ်ပါတယ်။ သူကတော့ ပါတ်ဝန်းကျင်က အ၀ါရောင် မျက်နှာပြင်ထက် အပူချိန် နိမ့်ပါတယ်။ sunspot တစ်ခုရဲ့ အရွယ်အစားဟာ ကမ္ဘာထက် သိသိသာသာ ပိုကြီးပါတယ်။ သူတို့ဟာ ၁၀ ရက်လောက် အတွင်း ကြီးထွား လာကြပြီးတော့ ၂ပါတ်လောက် အတွင်းမှာ ပျောက်ကွယ် သွားတတ် ပါတယ်။ တကယ်တော့ sunspot ဆိုတာ နေရဲ့ magnetic activity ကို ပြတဲ့ ကြေးမုံပြင်တွေပါပဲ။ သူတို့ဟာ နေမင်းရဲ့ သံလိုက်အားလမ်းကြောင်း ဘယ်နေရာမှာ ပေါ်လာပြီးတော့ ဘယ်နေရာမှာ နောက်တစ်ကြိမ် ထပ်ပေါ်မယ် ဆိုတာကို ဖော်ပြကြပါတယ်။ နေဟာ ကျယ်ပြန့်တဲ့ စွမ်းအင်စက်ကွင်းတွေ အမြဲ ထုတ်လွှင့်နေတတ်ပါတယ်။ ၁၁ နှစ်ကြာတိုင်း သူ့ရဲ့ magnetic pole တွေ ပြောင်းလဲပါတယ်။ ပြောင်းလဲနေတဲ့ ကြားကာလတွေမှာ သူ့ရဲ့ စွမ်းအင်စက်ကွင်းတွေ ထုတ်လွှတ်မှုဟာ အမြင့်ဆုံးပါပဲ။ သူ့ရဲ့ ဓါတ်ငွေ့တွေက ထုတ်လွှတ်တဲ့ အဲဒီ စွမ်းအင်လမ်းကြောင်းတွေ ဟာ သူ့ရဲ့ မျက်နှာပြင် တစ်လျှောက်မှာ အဓိက သက်ရောက်ပါတယ်။ အဲဒီလို စွမ်းအင် စက်ကွင်းတွေကြောင့် သူ့ရဲ့ မျက်နှာပြင်မှာ နေရာ အလိုက် မတူညီတဲ့ speed တွေနဲ့ လည်ပါတ်ပါတယ်။ Equator မှာ တပါတ်လည်ဖို့ ၂၆ ရက်ကြာပေမယ့် ၀င်ရိုးစွန်းတွေမှာကြတော့ ၃၇ ရက်ကြာမှ တပါတ်လည်ပါတယ်။ အဲဒီလို မတူညီတဲ့ လည်ပါတ်နုန်းတွေက သူ့ရဲ့ magnetic field တွေကို ကွေးလိမ်ပြီး အပေါ်ကို တွန့်ထွက်လာစေပါတယ်။ အောက်က ပုံမှာ magnetic field တွေ ဘယ်လို တွန့်ထွက်လာသလဲဆိုတာ ပြထားပါတယ်။


ရလာဒ်ကတော့ နေရဲ့ မျက်နှာပြင်ဟာ လှိုင်းတံပိုးထန်နေတဲ့ စွမ်းအင် သမုဒ္ဒရာကြီးတစ်ခုလို coronal loop လို့ခေါ်တဲ့ မီးလောင်နေတဲ့ ဓါတ်ငွေ့တွေရဲ့ ဂငယ်ကွေး လမ်းကြောင်းတွေ ပေါ်လာတာပါပဲ။

1 comments:

Hsu said...

ကြယ်တွေဟာ လောင်စာနဲ့ လင်းနေတာ.. နေဟာလဲ လောင်စာနဲ့ လင်းနေတာ.. ကြယ်တွေ လောင်စာကုန်သွားရင် ပေါက်ကွဲပြီး black hole သို့ မဟုတ် neutron star ဖြစ်ပေါ်တယ်လို့ ဖတ်ဖူးပါတယ်..
နေရဲ့ လောင်စာကုန်သွားရင် ဘာဖြစ်လာနိုင်မလဲလို့ .. သူလဲ လောင်စာ ကုန်သွားရင် ကြယ်တွေလို ပေါက်ကွဲနိုင်မလား မသိဘူးနော်..

အဲဒါတွေ တွေးမိ စဉ်းစားမိတိုင်း.. သြော် .. စကြာဝဏာကြီး ကတယ် အံ့သြစရာကောင်းပါလားလို့  :D

Related Posts Plugin for WordPress, Blogger...