Monday, January 5, 2009

With IMAGINARY Spaceship - အတွေး ယာဉ်လေးနဲ့ အတူ


မှတ်ချက်။ ။ ယခုရေးတဲ့ ပို့စ်ကတော့ ညီမလေး
ထွေး က မမရယ် စိတ်ကူးယဉ်ပေးပါ ဆို လို့ ရေးတဲ့စာပါ။ ကျွန်မ အမှန်တကယ် စိတ်ကူးယဉ် ခဲ့မိပါတယ်။ နောက်ဆုံးမှာ မဖြစ်နိုင်တော့တာ ကြောင့် စိတ်ကူးကို စိတ်ကူးထဲမှာ ဘဲ ထားခဲ့ရ တဲ့အတွက် ကျွန်မ အတွက် မှတ်တမ်း မဟုတ်ရင်တောင် မှတ်မှတ်ရရ ဖြစ်ပါရစေလို့.. ....

www.saundoo.blogspot.com


မြန်မာ အာကာသ သိပံ ဌာန.............


ဒေါက်တာခွန်း .. ဘာတွေ တွေးနေတာလဲ. မျက်မှောင်ကြုပ်လိုက် ပြုံးလိုက် တည်လိုက်နဲ့..။

ဟုတ်တယ် မဆောင်းရေ... ကျွန်တော် စစ်တမ်းတွေ အားလုံးကို အောင်မြင်အောင် ကြိုးစားနေတယ်။ ကျွန်တော့် အနစ်နစ်အလလက ရည်မှန်းတာကို ပြည့်ချင်တယ်ဗျာ။

ဒေါက်တာခွန်းရေ.. ဒါကတော့လေ... အားလုံးကတော့ အကောင်းဆုံးကို ရည်မှန်းတာဘဲ။ ရသည် ဖြစ်စေ မရသည် ဖြစ်စေ ကြိုးစားရမှာ က ကျွန်မတို့ တာဝန်မဟုတ်လား။

ဟုတ်ပါတယ် မဆောင်းရေ...
.
.
သြော် ဘာလိုလိုနဲ့ ကျွန်မတို့ တွေ ပွဲဝင်တင့် ဖို့ သင်တန်းတက်နေရတာ ၃နစ်ကျော်လာပါပကော..

လွန်ခဲ့တဲ့ ၃နစ်ခွဲကာလ အတိတ်အစဉ် ကို ပြန်လည် သတိရ သွားမိပါတယ်။ ကျွန်မ အလုပ်လုပ်တဲ့ ဌာနက ဆရာ တစ်ဦးက သတင်းကောင်းလေး တခု သယ်ဆောင်လာခဲ့ပါတယ်။ နံရံကပ်သင်ပုန်းမှာ ကပ်ထားတဲ့ သတင်းလေး တစ်ခုပါ။ အာကာသသိပံပညာရှင်များ ခေါ်ယူနေကြောင်း သတင်းကောင်း ပါ။

လျှောက်လွှာထဲမှာ ပါတာက တော့

အာကာသ သိပံပညာရှင်ဖြစ်ဖို့ အတွက်....
- ပညာရေး
အဆင့်မြင့်မြင့် ဂရိတ်နဲ့အောင်ရပါမယ်။ အနည်းဆုံး ဘွဲ့ တစ်ခုရရှိထားရပါမယ်။ အင်ဂျင်နီယာဘွဲ့၊ ဇီဝသိပံဘွဲ့၊ ရူပသိပံဘွဲ့ ၊ ဆေးပညာ နဲ့ သင်္ချာဘွဲ့ ရထားတဲ့သူတွေသာ လျှောက်ခွင့်ရှိပါမယ်။ ဘွဲ့လွန် မဟာ၊ဒေါက်တာ ဘွဲ့ ရထားသူများ ပိုအခွင့်အရေးရှိပါတယ်။ သို့သော်.. အောက်ပါ ဘွဲ့များကိုတော့ ဆက်နွယ်မှု့ရှိပေမဲ့ လျှောက်ခွင့်မရှိ ဖယ်ထုတ် ထားပါတယ်။

*- Degrees in Technology (Engineering Technology, Aviation Technology, Medical Technology, etc.)
*- Degrees in Psychology (except for Clinical Psychology, Physiological Psychology, or Experimental Psychology which are qualifying).
*- Degrees in Nursing.
*- Degrees in Exercise Physiology or similar fields
*- Degrees in Social Sciences (Geography, Anthropology, Archaeology, etc.).
*- Degrees in Aviation, Aviation Management, or similar fields.


- မြန်မာနာဆာမှ ရူပသိပံ အာကာသ သင်တန်း သို့မဟုတ် စစ်ဘက်ဆိုင်ရာ သို့မဟုတ် နိုင်ငံတကာ ရူပလေယာဉ် သင်တန်း အောင်မြင်သူဖြစ်ရပါမယ်။
-အသက် ၂၇-၃၇နစ် အတွင်း
- ကျန်းမာရေး ကောင်းမွန်သူဖြစ်ရပါမယ်။
- မှတ်ဥာဏ်ကောင်းသူ၊ အလုပ်ကို အာရုံစိုက်လုပ်နိုင်သူ ဖြစ်ရပါမယ်။ ( ဘာ့ကြောင့်လဲ ဆိုတော့ အာကာသထဲမှာ အရာအားလုံးဟာ လေထဲလွှင့်မျှောနေသလို ပတ်ချာလည်နေနိုင်တဲ့အတွက် ခေါင်းမူးပြီး ဘာမှ အာရုံ မစိုက်နိုင် အလုပ်မလုပ်နိုင်ဖြစ်မှာ စိုးလို့ပါဘဲ။ အတော် အကြမ်းခံနိုင်ရည်ရှိသူ ဖြစ်ရပါမယ်။)
- ရန်လိုသူ၊ စိတ်ဒေါသကြီးသူ၊ စိတ်အားငယ်သူ လုံးဝ လက်မခံပါဘူး။ (အာကာသထဲသွားနေတုန်း မိသားစုကို လွမ်းတာကို ရှေ့တန်းမတင်စေရ။ အာကာသယဉ် ကျဉ်းကျဉ်းလေးထဲမှာ လွင့်မျှောနေတဲ့ အဖွဲ့သားတွေနဲ့ ရန်မဖြစ်စေရ။ )
- အုပ်စုအဖွဲ့ နဲ့ အပေးအယူမျှ ကူညီ လုပ်ကိုင်တတ်သူ ဖြစ်ရပါမယ်။
- သိပံပညာနှင့်ပတ်သက်၍ မိမိ လုပ်ကိုင်နေသော ပညာနယ်ပယ်ကို အသေးစိတ် တတ်ကျွမ်းသူ၊ ကွက်ကျော်မြင်သူ၊ မှန်းဆ လုပ်ကိုင်တတ်သူ ဖြစ်ရပါမယ်။

အာကာသ သိပံပညာရှင်မှာ ၄နေရာ လျှောက်ထားနိုင်ပါတယ်
  • Commander/pilot အုပ်ချုပ်ရေးမှုး ၊ အာကာသယဉ်မှုး
  • Mission specialist ဆက်သွယ်ရေးပညာရှင်
  • Payload specialist အာကာသယာဉ်ပညာရှင် တို့ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှုး အဖြစ်ကတော့ ယာဉ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ၊ အဖွဲ့သား နဲ့ ဆက်သွယ်ရေး အားလုံးကို တာဝန်ကြီးစွာ ယူထားရသူပေါ့။ လေယာဉ်မှုး ကတော့ ဆက်တလိုက်ဂြိုလ်တု တပ်ဆင်ဆက်သွယ်မှု့ နဲ့ အာကာသယာဉ် တစ်ခုလုံး လုံခြုံရေး စက်ပစည်းများ မချို့ယွင်းရေး က အစ တာဝန်ယူရပါတယ်။

ဆက်သွယ်ရေး ပညာရှင်ကတော့ အုပ်ချုပ်ရေးမှုး၊ လေယာဉ်မှုးနဲ့ အတူ ယာဉ်စက်ပစည်း ထိမ်းသိမ်းရေး၊ အာကာသတွင်း လမ်းလျှောက်ပြီးလေ့လာရေး သုတေသနလုပ်ဆောင်ရေးတို့ ဖြစ်ပါတယ်။

အာကာသယာဉ် ပညာရှင်ကတော့ ဆက်သွယ်ရေးပညာရှင်အတွက် အာကာသယာဉ်အတွင်းမှ ပံ့ပိုးပေးရသူ ဖြစ်ပါတယ်။ အဲဒီနေရာမှာ နိုင်ငံခြားသားတွေကိုလက်ခံနိုင်ပါတယ်။ သူက သိပ်အရေး မပါလှပါဘူး။


အာကာသယာဉ်မှုးလိုအပ်ချက်
- ဂျက်လေယာဉ် ကို အနည်းဆုံး ၁၀၀၀ နာရီ မောင်းခဲ့ဖူးရပါမယ်။ ခရီးသယ်တင် လေယာဉ်ကိုလည်း မောင်းဖူးရပါမယ်။
- မျက်လုံး အမြင်ကောင်းသူဖြစ်ရပါမယ်။ ၂၀-၇၀ အကွာအဝေးမြင်ကွင်း ကို တိကျ ပြတ်သားစွာ မြင်သူဖြစ် ရပါမယ်။ သို့မဟုတ် မျက်လုံးတစ်ဖက်စီ ၂၀-၂၀ မြင်ကွင်းကို မြင်နိုင်သူဖြစ်ရပါမယ်။
- သွေးဖိအားနုန်း ထိုင်သည့်အချိန်တွင် တိုင်းသော ပမာဏ၁၄၀-၉၀ ရှိရပါမယ်။
- အရပ်အမောင်း ၆၄ -၇၆ လက်မ အတွင်းရှိရပါမယ်။

ဆက်သွယ်ရေး ပညာရှင် အတွက်လိုအပ်ချက်
- လုပ်ငန်းအတွေ့အကြုံ ရိုးရိုးဘွဲ့ဖြစ်လျှင် ၃နစ်။မဟာဘွဲ့ဖြစ်လျှင် - ၁နစ်။ ဒေါက်တာဘွဲ့ ဖြစ်ပါက - ၃နစ်။
- မျက်လုံး အမြင်ကောင်းသူဖြစ်ရပါမယ်။ ၂၀-၂၀၀ အကွာအဝေးမြင်ကွင်း ကို တိကျ ပြတ်သားစွာ မြင်သူဖြစ် ရပါမယ်။ သို့မဟုတ် မျက်လုံးတစ်ဖက်စီ ၂၀-၂၀ မြင်ကွင်းကို မြင်နိုင်သူဖြစ်ရပါမယ်။
- သွေးဖိအားနုန်း ထိုင်သည့်အချိန်တွင် တိုင်းသော ပမာဏ၁၄၀-၉၀ ရှိရပါမယ်။
- အရပ်အမောင်း ၅၈.၅ -၇၆ လက်မ အတွင်းရှိရပါမယ်။

အုပ်ချုပ်ရေးမှုးနဲ့ အာကာသယာဉ် ပညာရှင်အတွက်က အာကာသယာဉ်မှုး လိုအပ်ချက် အတိုင်း ဖြစ်ပေမဲ့ အရပ်အမောင်းကို သတ်မှတ်ထားခြင်းမရှိပါ။


လျှောက်လွှာ ပိတ်ရက်ရောက်တဲ့ အထိ လျှောက်လွှာပေါင်း သောင်းနဲ့ချီ တဲ့ အထဲမှာ ကျွန်မ ရဲ့ လျှောက်လွှာလေး က အပါအ၀င်ပေါ့ရှင်။ ကျွန်မမှာ ရက်ပေါင်းများစွာ မျှော်လင့်ကြီး ကြီးစွာနဲ့ စောင့်စား ခဲ့ရ ပါတယ်ရှင်။

ရွေးချယ်သူတွေအနေနဲ့ က အတော် စိစစ်ရွေးချယ်ရတဲ့ အတွက် အချိန်ပေးရပါတယ်။ တစ်ရက်ကို လျှောက်လွှာ ၂၀စောင် ဖတ်တယ်ဘဲထား အစောင်ပေါင်း ၉၉၉၉၉ လောက်ရှိတဲ့ လျှောက်လွှာတွေ ဖတ်ဖို့ လနဲ့ချီ ကြာတာ မဆန်းပါဘူးရှင်..

To be continue.....


http://www.pbs.org/spacestation/station/training.htm
http://www.esa.int/esaHS/ESASSE0VMOC_astronauts_0.html
http://nasajobs.nasa.gov/astronauts/content/broch00.htmp
http://people.howstuffworks.com/question534.htm

2 comments:

GHOSTBELL said...

အစ်မရေ
သမီးလဲ လိုက်မယ်။ အာကာသသွားရင်။ လိုအ်ပတဲ့ အချက်အလက်ကတော့ တစ်ခုမှအရည်အချင်းမှီဘူး။ အဲဒီကိုသွား၇ဖို. အကပ်တွေ၊ ကျူရှင်တွေရှိလား။ ဟီး။

စိုင်းစိုင်းလားရှိုး said...

မဆောင်းရေ လိုက်တော့လိုက်ချင်ပါတယ် အရည်အချင်းမမှီဘူးဗျာ

Related Posts Plugin for WordPress, Blogger...