မားစ် ဂြိုဟ် အကြောင်း အရင်ရေးမယ်လို့ ဆုံးဖြတ်ထားပေမယ့် လ အကြောင်း ရေးပေးဖို့ သူငယ်ချင်း တစ်ယောက် ပြောထားတာ ရှိတာရယ်၊ ပြီးတော့ မားစ် ဂြိုဟ်အကြောင်း အချက်အလက် တချို့ ရှာမတွေ့သေးဘူး ဖြစ်နေလို့ လ အကြောင်း အရင် တင်လိုက်ပါတယ်။
ကျနော်တို့ ကမ္ဘာရဲ့ အနီးဆုံး အိမ်နီးချင်း၊
စကြာဝဠာ အသိုက်အ၀န်းထဲက ကျနော်တို့ ကမ္ဘာရဲ့ အဖွဲ့ဝင်၊ ကျနော်တို့ ညတွေရဲ့ အလှဆုံး ကောင်းကင်တန်ဆာ၊ ကျနော်တို့နဲ့ အနီးဆုံး အာကာသ အရာဝတ္ထု လမင်းကြီး ကို အားလုံးသိကြမှာပါ။ သူက ကျနော်တို့နဲ့ ဘယ်လောက်တောင်နီးလဲ ဆိုရင် သူ့ဆီကို လူသား ၁၂ ယောက်လောက် သွားပြီးတော့ အသေအပျောက် အပျက်အစီး မရှိ ပြန်လာနိုင်ခဲ့ ပါတယ်။ လ ဆိုတာ ကျနော် တို့ကမ္ဘာရဲ့ နောက်လိုက် ငယ်သား တစ်ယောက်လို့ ပြောကောင်း ပြောနိုင်မှာ ဖြစ်ပေမယ့် ကမ္ဘာအပေါ် သူ့ရဲ့ သက်ရောက်မှုကတော့ အင်မတန်ကြီးမားပါတယ်။ ပင်လယ် လိပ်တွေဟာ လဆန်းစ ဒါမှမဟုတ် လပြည့် နေ့တွေမှာပဲ ဥချတတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ လိပ်လေးတွေ ပေါက်လာတဲ့ အခါ ဒီရေ အမြင့်ဆုံး ဖြစ်နေမှ ပင်လယ်ထဲကို ဆင်းရတာ လွယ်မှာ မို့လို့ ဖြစ်ပါတယ်။ လရဲ့ သက်ရောက်မှုဟာ သက်ရှိတွေ အပေါ်မှာ တင်မဟုတ်ပါဘူး။
အချိန်ကာလ အတိုင်းအတာ ပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ကမ္ဘာက မိမိဝင်ရိုးပေါ်မှာ တစ်ပါတ် ပြည့်အောင် လည်ပါတ်ချိန် (၁ရက်) ဟာ လက ကမ္ဘာကို တစ်ပါတ် ပါတ်တဲ့ အချိန် (၂၇.၃၂၁၇ ရက်) ထက် အများကြီး ပိုမြန်ပါတယ်။ လက ကမ္ဘာ လည်တဲ့ နှုန်းအတိုင်း လိုက်မှီအောင် မပါတ်နိုင်တဲ့ အခါ မျက်နှာပြင် နှစ်ခုကြားက ဆွဲငင်အင်ရဲ့ သက်ရောက်မှု ပေါ်လာတာပါ။ မာကျောတဲ့ မြေပြင်က မသိသာပေမယ့် fluid ဖြစ်တဲ့ ရေကတော့ လမျက်နှာပြင်ရဲ့ ဆွဲငင်မှုမှာ ကျန်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီရေမြင့်တက်မှု ဖြစ်လာရတာပါ။ အဲဒီလိုပဲ အဲဒီ ဆွဲငင်မှုဟာ ကမ္ဘာ့ axial spin ရဲ့ အသားတင် torque
ကို လျော့ကျစေပြီးတော့ တစ်ချိန်တည်းမှာပဲ လရဲ့ orbital angular momentum ကိုလည်း မြင့်တက် စေပါတယ်။ အဲဒီလို ကမ္ဘာ့ လည်ပါတ်နှုန်း လျော့ကျနေမှုဟာ တစ်ချိန်မှာ ကမ္ဘာ့ရဲ့ တစ်ရက်ဟာ တစ်လ နဲ့ အတူတူ ဖြစ်သွားပါလိမ့်မယ်။ နောင် နှစ်သန်းရာပေါင်း အနည်းငယ် အကြာမှာ ကမ္ဘာနဲ့ လရဲ့ အကွာအဝေးဟာ လက်ရှိ 383000 km ကနေ 434000 km အထိ ဝေးသွားပါလိမ့်မယ်။ လဟာ အရွယ်အစား အားဖြင့် ကမ္ဘာရဲ့ အားဖြင့် ကမ္ဘာရဲ့ လေးပုံ တစ်ပုံခန့် ရှိပြီးတော့ ဒြပ်ထုအားဖြင့် အပုံ ၈၀ ပုံ တစ်ပုံပဲ ရှိပါတယ်။ ကမ္ဘာကနေကြည့်ရင် လရဲ့ မျက်နှာပြင် တခြမ်းကိုပဲ မြင်ရပါတယ်။ အခြား တစ်ဘက်က အမှောင်ဘက်မှာ ရောက်နေလို့ပါ။ လဟာ သူ့ရဲ့ မျက်နှာပြင် တစ်ဘက်ကိုပဲ ကမ္ဘာကို မျက်နှာမူထားတဲ့ အတွက် အခြားဘက်ခြမ်းကို မမြင်ရပါ။
မြင်ရတဲ့ တခြမ်းကတော့ ပုံမှာ ပြထားသလို နေ့စဉ်နဲ့ အမျှ ပုံစံတွေ ပြောင်းလဲနေပါတယ်။ ဒီရေ မြင့်တက်မှုဟာ တခါတရံ နေကြောင့်လဲ ဖြစ်တတ် ပေမယ့် အဓိက အားဖြင့်ကတော့ လ ရဲ့ သက်ရောက်မှုတွေပါ။ ဒီရေ မြင့်တက်မှုနဲ့ နိမ့်ကျမှုတွေ ရဲ့ အပိုင်းအခြား ကာလဟာ ခြောက်နာရီ ပတ်ဝန်း ကျင်လောက် ဖြစ်ပါတယ်။ ဒီရေ မြင့်တက်မှုဟာ ကမ္ဘာတစ်ခုလုံးက သမုဒ္ဒရာတွေမှာ တပြိုင်ထဲ ဖြစ်နေတာ ဖြစ်ပြီးတော့ လရဲ့ ဆွဲငင်အား တိုက်ရိုက် ခံရတဲ့ နေရာနဲ့ ဆန့်ကျင်ဘက် ခြမ်းတွေမှာ မြင့်တက်လာတာပါ။ ပုံမှန်အတိုင်း ဆိုရင်တော့ တစ်နေရာထဲမှာ စုပြီး မြင့်တက် လာရမှာ ဖြစ်ပေမယ့် ကမ္ဘာက ကိုယ့်ဝင်ရိုး ပေါ်မှာ လည်နေတော့ မြင့်တက် လာတဲ့ ရေက ဖြန့်ပြီး စီးပါတယ်။ အဲဒီ အတွက် ကမ်းခြေ တွေမှာလဲ ဒီရေ တက်ပါတယ်။
ဒါပေမယ့် မြင့်တက်မှုနဲ့ နိမ့်ကျမှုတွေဟာ mechanically systematic ဖြစ်ပါတယ်။ အဲဒီ ဆွဲငင်မှု တွေ ကြောင့် တစ်ချိန်မှာ ကမ္ဘာ နဲ့ လဟာ ယခုထက် ပိုမို ဝေးကွာသွားကြမှာ ဖြစ်ပြီးတော့ တစ်ပါတ် ပါတ်ဖို့ ၄၇ ရက် ကြာ သွားမှာ ဖြစ်ပါတယ်။ လက ကမ္ဘာကို သက်ရောက် တဲ့ အခြား အချက်တစ်ခု ရှိပါ သေးတယ်။ လက ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှုရဲ့ တည်နေရာကို ပြောင်းလဲ စေပါတယ်။ ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှုရဲ့ တည်နေရာဟာ နေ့စဉ် ပြောင်းလဲ နေတာ ဖြစ်ပြီးတော့ နှစ်ပေါင်း ၂၆၀၀၀ မှာ ပြောင်းလဲမှု တစ်ပါတ် ပြည့်ပါမယ်။
ကျနော်တို့ ကမ္ဘာရဲ့ အနီးဆုံး အိမ်နီးချင်း၊





2 comments:
လအကြောင်း တော်တော်လေးကို သိရပြီဗျ။ ဆက်ရေးဦးနော်၊ အားပေးနေမယ် ။
ကိုခွန်းရေ...
ကျွန်တော်လည်း ဒီမှာ လအကြောင်းလေးတွေ ဆက်ရေးချင်ပါတယ်ဗျာ။ အစ်ကိုလည်း အဖော်ရသွားအောင်...
Post a Comment