Saturday, October 25, 2008

ကမ္ဘာပျက်မည့်နေ့ နှင့် ပါတ်သတ်၍ ကျနော့် အမြင်

အခုလို စိတ်ဝင်တစား ဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီပြဿနာ ဘယ်ကစ ဆိုရင် ကိုအလှတရားကို လက်ညိုး ထိုးရတော့မှာပဲ။ (ဟာ.. မဆီမဆိုင်ဗျာ.. :D ) ။ သူက pole shifting အကြောင်း မေးတော့ ကျနော်လည်း ဗွီဒီယို လင့်လေးများ ချိတ်ပေးလို့ ရမလား ဆိုပြီး YouTube မှာ သွားရှာတာ။ pole shifting တော့ မတွေ့ဘူး။ အဲဒါကြီးကို သွားတွေ့တာပဲ။ တွေ့စက တော်တော် စိတ်လှုပ်ရှား သွားသေးတယ်။ မကျေနပ် တာနဲ့ အကုန် လိုက်ရှာတယ်။ အချက်အလက် နည်းနည်း စုံမှ စိတ်အေးသွားတယ်။ ဒီအကြောင်းကို တင်သင့် မတင်သင့် ချိန်နေတာ တော်တော် ကြာသွားတယ်။ ဒါပေမယ့် ဒါတွေက YouTube မှာ ပလူပျံနေတာ ဆိုတော့ တစ်ကြိမ်မဟုတ် တစ်ကြိမ် မြန်မာတွေ တွေ့သွားမှာပဲ။ ကျနော် ကြိုရှင်းမထားရင် စိတ်ဒုက္ခ ရောက်နေနိုင်တယ်ဆိုပြီး တင်ဖို့ ဆုံးဖြတ် လိုက်တာပါ။ မနေ့တုန်းက တခါတည်း မရှင်းတာက အားလုံးရဲ့ အမြင် တွေ လိုချင်လို့ တစ်ရက် စောင့်တဲ့ သဘောပါ။ အခု ကျနော့် အမြင်ကို ပြောပါမယ်။

ဒီပြဿနာရဲ့ အစက ၁၉၇၆ ခုနှစ်မှာ Zecharia Sitchin ရေးသားထုတ်ဝေ ခဲ့တဲ့ The Twelfth Planet ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီ စာအုပ်မှာ Nibiru ဆို တဲ့ ဂြိုဟ်ရှိကြောင်း၊ ellipse ပုံ လမ်းကြောင်းနဲ့ နေကို ပါတ်ကြောင်း၊ နှစ် ၃၆၀၀ မှာ တစ် ပါတ်ပြည့်ပြီးတော့ နေ နဲ့ အဝေးဆုံး အဖြစ် ပလူတို ဟိုဘက် အဝေးဆုံး နေရာ ကို ရောက်ပြီး အနီးဆုံးအဖြစ် ဂျူပီတာဂြိုဟ်နဲ့ မားစ် ဂြိုဟ်ကြားက asteroid belt အထိ ရောက် ကြောင်း ရေးထားပါတယ်။
ဒီ ပြဿနာကို တွန်းအားပေးတာကတော့ အောက်က စာအုပ်တွေ ဖြစ်နိုင်ပါတယ်။

1. Mystery Heavenly Body Discovered, a front page history, Washington Post, 31-Dec-1983
2. Unidentified IRAS sources – Ultrahigh-luminosity galaxies , Astrophysical Journal, Part 2, March 1, 1985, p. L5-L8.
3. Cometary Evidence of a Massive Body in the outer Oort Cloud, Icarus, Volume 141, Issue Icarus, pp. 354-366.
4. A 10th planet may be out there or new object could be the sun’s long lost twin, astronomers say, SETH BORENSTEIN, Oct.11, 1999, 9:02 PM.

ပထမဆုံး ပြောရရင် Sitchin ရေးတဲ့ စာအုပ်ဟာ သိပ္ပံစာအုပ် မဟုတ်ပါဘူး။ သူက သမိုင်းလို့ ဆိုပေမယ့် ဘာအထောက်အထားမှ မရှိတော့ ပုံပြင် သာသာပါပဲ။ သူ့စာအုပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀၀၀ တုန်းက Nibiru ဂြိုဟ်ပေါ်က Anunnaki မျိုးနွယ်တွေရဲ့ နန်းကျ ဘုရင် Alalu ဟာ ကမ္ဘာကို ထွက်ပြေး ခိုလှုံခဲ့ပါတယ်။ ကမ္ဘာက ရွှေတွေဟာ သူတို့ Nibiru က လေထု ဆုံးရှုံးမှုတွေကို ကာကွယ် နိုင်မှန်းသိတော့ ကမ္ဘာက ရွှေတွေကို တူးဖော်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဏာလု စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀၀ လောက် အရောက်မှာတော့ Anunnaki တွေဟာ ကမ္ဘာပေါ်မှာ ရွှေ တူုးဖော်ဖို့ အလုပ်သမား မျိုးနွယ်စု တစ်မျိုးကို genetic engineering နည်းနဲ့ ဖန်တီးခဲ့ပါတယ်။ အဲဒီ မျိုးနွယ်စုကတော့ homo sapiens ဆိုတဲ့ လူတွေပါပဲ။ နောက်ပိုင်းမှာ လူသားတွေက ကမ္ဘာကို စိုးမိုးသွားပြီး Anunnaki တွေ ထွက်ခွါသွားပါတယ်။ Sitchin ဟာ သူ့စာအုပ်မှာ သမ္မာကျမ်းက အချက်အလက်တွေရော၊ အီဂျစ်ရှေးဟောင်း ပုံပြင်တွေကိုပါ ထည့်သွင်း ခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဒါဟာ Sumerian mythology ပါပဲတဲ့။ သမိုင်း တစ်ခုအဖြစ် ယူဆဖို့ တော်တော်ကို ကလေးကလား နိုင်နေပေမယ့် ယုံကြည်သူတွေက လည်း တော်တော်ကို များခဲ့ပါတယ်။ ယုံကြည်သူ အချို့ထဲက ထပ်မံ တွေးဆ တွက်ချက်မှုတွေ အရ အဲဒီ Nibiru ဂြိုဟ် ကြီးဟာ 2003 နဲ့ 2013 အကြားမှာ ကမ္ဘာနဲ့ အနီးဆုံး နေရာကို ရောက်လာ ဦးမယ် ဆိုတာ ပါပဲ။

အပေါ်က စာအုပ်တွေထဲက နံပါတ် ၁ မှာ ရေးထားတာက အမျိုးအမည် မသိ ကြီးမားတဲ့ အရာဝတ္ထု တစ်ခု တွေ့တယ် ဆိုတာရယ်၊ သူက ကမ္ဘာနဲ့ အနီးဆုံး မိုင် သန်းထောင်ပေါင်း ၅၀ အကွာ လောက်မှာ ရှိတယ်လို့ မှန်းဆ ကြပါတယ်။ သူက ဂြိုဟ်ကြီး တစ်လုံးလား၊ ဥက္ကာပျံ ဘီလူးကြီးလား၊ ကြယ်တစ်လုံး အဖြစ် လုံလောက် အောင် အပူမပေး နိုင်တဲ့ protostar တစ်လုံးလား ဆိုတာ မခွဲခြား နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ၆ လအတွင်းမှာ သူဟာ တည်နေရာကနေ လုံးဝ ရွေ့လျှားခြင်း မရှိတဲ့ အတွက် ဥက္ကာပျံ မဟုတ်သလို ဂြိုဟ်လဲ မဟုတ်ကြောင်း ယူဆခဲ့ပါတယ်။ ဒါပေမယ့် မိုင်သန်း ထောင်ပေါင်း ၅၀ အတွင်းသာ မှန်ခဲ့ရင် နေအဖွဲ့အစည်း ရဲ့ မိသားစု ဝင်ပဲ ဖြစ်ရမယ် ဆိုတာရယ် ပြီးတော့ သူ့ပါတ်လမ်းက ကျနော် တို့ ဆီကို တည့်တည့်ကြီး လာနေတဲ့ ဘဲဥပုံ ပါတ်လမ်း ဖြစ်နေလို့ တည်နေရာ မရွေ့ ဆိုတဲ့ အယူအဆ တချို့ ပေါ်ခဲ့ပါတယ်။ နံပါတ် ၂ စာအုပ်ကတော့ IRAS ရဲ့ data တွေထဲက နက္ခတ်တာရာ ကြည့် မှန်ပြောင်းတွေနဲ့ မမြင်ရပဲ infrared မှန်ပြောင်းနဲ ကြည့်ပြီး မြင်ရတဲ့ အချက်တွေထဲက အဲဒီ အမျိုးအမည် မသိ အရာဝတ္ထုကြီး အကြောင်း ပါလာတာပါ။ နံပါတ် ၃ မှာတော့ ဥက္ကာပျံ တိမ်တိုက် အော့ရ်တာ ရဲ့ ဟိုဘက်မှာ Brown draft တစ်ခု ရှိကြောင်း hypothesis ကို ရေးထားတာပါ။ အရွယ်အားဖြင့် ဂျူပီတာ ဂြိုဟ်ရဲ့ 3 or 2 ဆ ရှိပြီးတော့ သူ့ရဲ့ ပါတ်လမ်းဟာ galactic midplane နဲ့ ၅ ဒီဂရီ စောင်းတယ် လို့ ယူဆကြပါတယ်။ သူ့ကို IRAS ရဲ့ data base မှာ မတွေ့ရပေမယ့် မျိုးဆက်သစ် အနီအောက် မှန်ပြောင်းတွေနဲ့ တွေ့နိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ နံပါတ်၎ ကတော့ ၉၉ မှာ ထုတ်တာ ဖြစ်တဲ့ အတွက် တိကျသွားပါပြီ။ ဂျူပီတာ ဂြိုဟ်ထက် သုံးဆလောက်ကြီးတဲ့ အရာဝတ္ထု တစ်ခု ဟာ 3 trillions miles အကွာလောက် မှာ ရှိနေပါတယ်တဲ့။ အလွန်ဝေးလံလှပေမယ့် ကြီးမားလွန်းတဲ့ အတွက် နေအဖွဲ့ အစည်းရဲ့ မိသားစုဝင် ဖြစ်နေနိုင်ပါတယ်။ သူ့ရဲ့ ပါတ်လမ်းဟာ far-travelling comets တွေလို ဖြစ်နိုင်ပြီးတော့ Brown draft လို့ သတ်မှတ်ခဲ့ပါတယ်။ သူ့ရဲ့ ဖွဲ့စည်းပုံဟာ ကြယ် နဲ့တူပြီး ဂြိုဟ်နဲ့ မတူလို့ပါတဲ့။ ဒါပေမယ့် အချို့ပညာရှင်တွေကတော့ နေကို ပါတ်တဲ့ အတွက် ဂြိုဟ်လို့ပဲ ခေါ်ကြပါတယ်။ သူဟာ မအောင်မြင်တဲ့ ကြယ်တစ်လုံး ဖြစ်ပြီး နေအဖွဲ့အစည်း စတင်စဉ်ကပဲ နေအဖွဲ့ အစည်းထဲကို ဝင်ရောက်ခဲ့ပြီး ၁၀ ခုမြောက် ဂြိုဟ်လား Brown Draft လား မဆုံးဖြတ် နိုင်ခဲ့ ကြပါဘူး။

ကျနော့် အမြင်ကို ပြောရရင်တော့ ဒီပြဿနာကို စတင်သူ Sitchin ဟာ သိပ္ပံ ပညာရှင် မဟုတ်သလို သိပ္ပံ ဆိုင်ရာ အချက်အလက် ဘာမှ မတင်ပြနိုင်ခဲ့ပါဘူး။ နောက်ထပ် စာစဉ်တွေမှာလည်း အရာဝတ္ထုဟာ ကမ္ဘာ ဆီကို ရွေ့လျှား လာနေတယ်လို့ မဖော်ပြခဲ့ ပါဘူး။ အဲလိုဆိုတော့ ၂၀၁၂ မှာ အဲဒီ ဂြိုဟ်ကြီး ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာနိုင်စရာ အချက် နည်းနည်းပဲ စဉ်းစား စရာ ကျန်ပါတယ်။ ဘာတွေလဲ ဆိုတော့ - ဆိုက်ဘေးရီးယား မှာ အပူပိုင်း နို့တိုက် သတ္တဝါ အရိုးတွေ တွေ့တယ် ဆိုတော့ တစ်ချိန်က tropical zone များ ဖြစ်ခဲ့မလား၊ အဲလိုဆိုရင် ကမ္ဘာက ဒီထက် ပိုပြီး စောင်းနေရမှာ ဖြစ်တော့ ဘယ်အရာက ကမ္ဘာ့ဝင်ရိုးကို ဆွဲထောင်ပေးခဲ့သလဲ။ ဗီးနပ်စ်က နှေးကွေးစွာနဲ့ clockwise လည်နေတော့ clockwise လည်တဲ့ အရာဝတ္ထု တစ်စုံတစ်ရာက သူ့လည်ပါတ်မှုကို ပြောင်းစေတာလား။ asteroid belt က ဒီလောက် comet ဒီလောက်များနေတာ တစ်စုံတစ်ခု သော impact ကြောင့် ဂြိုဟ်ကြီး တစ်လုံး ကွဲထွက်သွားတာလား။

အဲဒီ ချွင်းချက်တွေက လွဲရင် ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ ကိစ္စ ကျနော် လုံးဝ ငြင်းပါတယ်။
၁။ နှစ်ပေါင်း ၃၆၀၀ ဆိုတဲ့ Circle သည် လုံးဝ မဖြစ်နိုင်ပါ။ နှစ်ပေါင်း ၃၆၀၀ ဟာ ဇီဝ ဆင့်ကဲ ဖြစ်စဉ် အတွက် မဖြစ်နိုင်လောက် အောင် နည်းလှပါတယ်။ လူ့သမိုင်း တစ်ခုတည်းကပဲ နှစ် တစ်သန်း ကျော်ခဲ့ ပြီဖြစ်ပါတယ်။
၂။ သိပ္ပံ ယူဆချက် မဟုတ်ပဲ မာယန် တွေရဲ့ ပြက္ခဒိန် ၊ The Bible နဲ့ Egyptian တို့ရဲ့ အယူအဆ တွေနဲ့ ဆုံးဖြတ် ထားခြင်းဟာ လက်ခံ နိုင်စရာ မရှိပါ။
၃။ ဂြိုဟ်ကြီး ဝင်ရောက်လာတဲ့ အခါ ကမ္ဘာ လည်ပါတ်မှု သုံးရက် တိတိ ရပ်သွားမည် ဆိုခြင်းဟာ The Bible မှာ ပါတဲ့ The Three Days of Darkness ကို ရည်ညွှန်းချင်း ဖြစ်ပြီးတော့ သိပ္ပံ သဘောအရ မဖြစ်နိုင်ပါ။ ရပ်ပြီးသွားရင် အားသက်ရောက်မှု တစ်ခုခု မရှိပဲ ပြန်မလည်နိုင်ပါဘူး။ သိပ္ပံကို ခရစ်ယာန်ဇာတ် သွင်းခြင်းသာ ဖြစ်ပြီး လက်ခံ နိုင်စရာ မရှိပါ။
၎။ အဲလောက်ကြီးမားတဲ့ ဂြိုဟ်ကြီး တစ်ခု ဝင်လာခဲ့ရင် နေစကြာဝဠာ တစ်ခုလုံး stability out သွားမှာ ဖြစ်ပြီးတော့ ယခုကဲ့သို့ စံနစ်ကျနေခြင်းမျိုး မရှိနိုင်။
၅။ NASA ကလျှို့ဝှက်တယ် ထားဦး။ အာကာသ လေ့လာမှု အဖွဲ့အစည်းဟာ သူတစ်ခုပဲ ရှိတာ မဟုတ်ပါဘူး။ 1983 ကတည်းက NASA သိနေရင် အခြားသော ESA, RKA, CNSA တို့လို အဖွဲ့ အစည်းတွေက မသိစရာ အကြောင်း မရှိပါဘူး။ အချိန်ဒီ လောက် နီးလာတဲ အထိ တညီတညာထဲ လျှို့ ဝှက် ထားဖို့ဆိုတာ ယုတ္တိတန်တဲ့ ကိစ္စ မဟုတ်ကြောင်း ထင်ရှားပါတယ်။
၆။ အစက 2003 လို့ ပြောထားတဲ့ ကိစ္စက 2003 မှာ မဖြစ်လို့ 2012 လို့ ပြောင်းလိုက်တာ ဖြစ်ပြီးတော့ 2012 မှာ မဖြစ်ရင်လည်း နောက်တစ်မျိုး ပြောင်းပြောဦးမယ် လို့ ထင်ပါတယ်ဗျာ။

ကျနော့် ယူဆချက်တွေ အပေါ်မှာ ဘယ်လို မြင်လဲ ဆိုတာ ကွန့် ပေးစေချင်ပါတယ်။ တကယ်လို့ ကျနော့် ယူဆချက်တွေက မှားနေခဲ့ ရင်တော့……….

23 comments:

mgngal said...

ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့ ။ ကံကြီးပေလို့ သာပေါ့ ။
ထင်တော့ထင်သားပဲ တကယ်တာဆို သိပ္ပံပညာရှင်တွေ
ဘယ်နေလိမ့်မလဲ ။ :D
ပြီးတော့ ကျနော်က မိန်မရသေးဘူး ။ ဟီးဟီး

sait phay yar said...

ကိုခွန်းရဲ့ အယူကဖြစ်နိုင်ပါတယ်
အဲလိုလေးတွေ ရှင်းပြမှဘဲ လူတွေလည်းသက်ပြင်းချနိုင်မှာ
အထူးသဖြင့် ဟိုမြွေမင်းသားတော့အတော်ပျော်ရှာမှာပါ
ဘာလို့လည်းဆိုတော့ အဲဒီနေ့ဟာသူမိန်းမယူမဲ့နေ့နဲ့တရက်ထဲဖြစ်နေလို့ အခုတော့ သူလည်းပျော်နိုင်တော့ မှာပါ သူပြန်လာရင် မပြောနဲ့နော်။ :P

Dr Phyo Wai Kyaw said...

ကိုခွန်းရေ
အားထုတ်ကြိုးပမ်းမှု ရှာဖွေနိုင်မှု တွေက သုတေသီတစ်ဦးနဲ့ တူတယ်..နောက်ဆို ကျနော်တို့မဖတ်နိုင်တာတွေကို ခင်ဗျားကို လာဖတ်ခိုင်းရမယ်..အမှန်က အရင်ပို့စ် ကွန့်မန့်ကို ၂၀လောက် စောင့်လိုက်ရမှာ..အဲဒါမှ ပိုပြီး သင်္ခန်းစာ ရသွားမှာ..ဒါကတော့ နံပါတ် ၁ သင်္ခန်းစာပဲ (အနော်ကိုယ်တိုင် ကိုရလိုက်သဗျ.)
အချို့ အချို့သော ဘာသာ(အဖွဲ့အစည်း) က အနည်းငယ်သော ပုဂ္ဂိုလ်တွေဟာ ဒီလိုပဲ မသင့် မလျော် စည်းရုံးမှုတွေ ပြုတဲ့ အတွက် မူလဘူတ ရှိခဲ့တဲ့ မြင့်မြတ်တဲ့ လုပ်ငန်းကြီးတွေရဲ့ ဂုဏ်သိက္ခာ ကိုထိခိုက်ညှိုးနွမ်းစေတယ်..
ကျန်တာတော့ ကျနော် မရေးတော့ ဘူးနော် ဘယ်နေရာမဆို အရမ်းအရေးကြီးလာရင် 0pen mind လေးကို မမေ့ရင် သိပ်အကျိုးရှိပါတယ်..

I appreciate ur effort.
Congratulation!!!!!

မောင်ဖားကြီး said...

ကျွန်တော် မနေ့က ဖတ်ပြီင်္းကတည်းက ထင်သားပဲ။ အလင်းနှစ်သန်းပေါင်းများစွာက ကြယ်တွေကိုတောင် nasa မှမဟုတ်ဘူး တခြား
ဂျပန်တို့လို့ နိုင်ငံကြီးတွေကနေကြည့်နိုင်ပြီး၊ ဒီနားရောက်နေတဲ့ ကြာသာပတေးဂြိုလ်နီးပါး Nibiru ဆိုတာကြီးကို ဘာလို့ မတွေ့တာပါ
လဲလို့ တွေးမိပါတယ်။ ဒီလောက်သာကြီးရင် နက္ခတ်ကြည့်မှန်ပြောင်းတွေ တွေ့နိုင်မှာပေါ့လို့။ ဘာပဲဖြစ်ဖြစ်ဗျာ သိပ္ပံအတွေးဆိုတာ
အမြဲဆန်းသစ်နေတာကောင်းပါတယ်။ အမြင်သစ်လေးရတာပေါ့... ကျေးဇူးဗျာ...စိတ်ရှည်လက်ရှည် ရှင်းပြတာကို ..
အမြဲလာအားပေးနေတဲ့....။

Anonymous said...

အော်.... ကိုယ့်ဆရာကတော့ လုပ်ပြီဗျာ ဒွန်းဒေးတော့မယ်ဆိုလို့ တနေ့ကလဲစပြီး ဘုရားရှိခိုးနေတာ အခုတော့ မဟုတ်ပြန်ဘူးတဲ့
သွားလူဆိုးရေလဲမချိုးဘူး
ဒါနဲ့ ပတ်သက်ပြီးတောင် ကဗျာ ရေးထားသေးသဗျ
အကြောင်းအရာတော့ သိပ်မတူးဘူးပေါ့ ခပ်ဆင်ဆင်ပေါ့
ဖတ်ချင်ရင်တော့ မကြာမီလာမည်မျှော်

ခွန်း said...

ဝင် ကွန့်တဲ့ သူတိုင်းက ကျနော် နဲ့ အမြင်တူကြတယ် ဆိုတော့ တော်သေးတာပေါ့။ မဟုတ်ဘူးလို့ အတိ အကျ ပြောတာ မဟုတ်ဘူးနော်။ ဟိုက ပရော်ဖက်ဆာ တွေပါ ပါတယ်။ ကျနော်က ဘာမှ ဟုတ်ဖူး။ ဟုတ် ချင်လဲ ဟုတ်နေမှာ။ :D
ကိုအိမ်.. ဒွန်း မဒေးတော့ဘူးလို့ ပြောတာ ဟုတ်ဝူးနော်..။ ဘုရား ဆက်ရှိခိုးဦး။ ကုသိုလ် ရအောင် ပါ။ :D

Unknown said...

အစ်ကိုရေ...အစ်ကိုအမြင်ကိုအခုမှဖတ်ဖြစ်တယ်။ ကျွန်တော်တို့သူငယ်ချင်းတွေ အကို့ပိုစ်ဖတ်ပြီး
စကားဝိုင်းဖြစ်သွားသေးတယ်။ :D ဘာမှသိလို့တော့ မဟုတ်ဘူးရယ်။ ဒီလိုပဲ တောင်ရောက်၊ မြောက်ရောက်။
နောက်တော့ မြတ်စွာဘုရားဟောကြားခဲ့တာနဲ့အဆုံး
သတ်တယ်။ မဖြစ်နိုင်ဘူးပေါ့။ အခုတော့ အစ်ကိုက
အချက်အလက်နဲ့မဖြစ်နိုင်ဘူးပြောတော့ စိတ်အေးရပြီ ပေါ့ဗျာ။ :)

မသက်ဇင် said...

ခွန်းရေ-----
အစ်မ မှတ်ထားတာလေးကို ပြောပြမယ်---
နှစ်သန်းပေါင်းများစွာ လူ့ဆက်ပေါင်း သောင်း
ပေါင်းများစွာကုန်လွန်သွားကြပြီးနောက်---
ကမ္ဘာဂြိုလ်နှင့် ကြမ္မာသည်--သဘာဝဓါတ်--
နိယာမ ဓမ္မများနှင့်မလွဲသာ မရှောင်သာ---
နေဝန်းသည် တနေ့တွင် စွမ်းအင်များကုန်ခမ်း
သွားလိမ့်မည်-- တဲ့-----------------
ခင်မင်လျက်
မသက်ဇင်

pyayzin said...

ကျန်တော်က ကမ္ဘာပျက်မယ့်နေ့ကိုစောင့်ကြည့်ချင်တာဖြစ်
နိုင်ရင်ပေါ့ ဘာကြေင့်လည်းဆိုတော့ ဟောင်တတ်တဲ့ခွေးတွေ ဘယ်ပြေးမလဲ သိချင်လို့

JulyDream said...

အခုလို စနစ်တကျ ဖော်ထုတ်သွားတာကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အင်တာနက်မှာ စာတွေဖတ်ရင် ကျွန်တော်ကတော့ ကာလာမသုတ်ကိုပဲ ဦးတည်ထားလိုက်တယ်။ အင်တာနက်မှာ ဖတ်ရတာတွေမှာ အမှန်တွေ ပါသလို အမှားကို အမှန်ထင်အောင် အတင်း တွန်းရေးထားတာတွေလည်း အများကြီး ပါပါတယ်။ ရေးတဲ့လူက ရေးချင်သလို ရေးထားတော့ ဖတ်တဲ့လူအနေနဲ့ ချင့်ယုံဖို့က ကိုယ့်တာဝန်ပါပဲလေ။

ခွန်း said...

ဟုတ်ကဲ့ ။ အရာရာကို ချင့်ချိန်ပြီးမှာ ယုံကြတာပေါ့ဗျာ။ ဟုတ်မဟုတ် အတိအကျ မပြောနိုင်ပေမယ့် တွေ့ရသလောက် အချက်အလက်တွေ အရ မဖြစ်နိုင်ပါတူး။ မသက်ဇင်ပြောတဲ့ နေမှာ စွမ်းအင် ကုန်ခမ်းမယ် ဆိုတဲ့ ကိစ္စ ကို အောက်က လင့်မှာ ရေးခဲ့ ဖူးပါတယ်။
http://myanmarastronomy.blogspot.com/2008/09/sun.html
အဲအကြောင်း lifequest ပြီးရင် ဆက်ပြီး ရှင်းပြပါဦးမယ်။ လာဖတ်ပေးကြပါဗျာ။ ကျေးဇူး..။

ဗီလိန် said...

သိပ်မှန်တယ်ဗျာ။ လုံးဝလက်ခံတယ်။ မေနော် ဟွန်း ဘာတွေ အတင်းလာပြောနေတာလဲဗျ။
ကမ္ဘာကြီးသာ ၃နာရီရပ်သွားရင် လူတွေ အကုန်အာကာသထဲလွင့်သွားမှာပေါ့ဗျ။ ကမ္ဘာကြီးလည်နေတာ နည်းတဲ့ အရှိန်မှ မဟုတ်တာ။ ဟုတ်ပါတယ်။ တကယ်တော့ သိပ္ပံပညာဆိုတာ ဗုဒ္ဓဟောခဲ့သမျှ အကုန်ထပ်တူကျနေတဲ့ ကိစ္စပါ အရိမေတ္တယ ဘုရားရှင် မပွင့်သေးဘဲ ဘယ်လိုမှ ကမ္ဘာပျက်လို့မရသေးပါဘူးဗျာ။

Dream said...

ဟယ်.. တဘာဂျီးပျက်ဒေါ့ဖူးရား.. ဟွန်း.. ကျည့်ချင်
ပါတယ်ချိုနေမှဖဲ.. ရဖူး..ရဖူး..ကျည့်ချင်တယ်..
:P :P :P

ဦးဦး၇ရေ.. အခုလိုအချက်အလက်အပြည့်အစုံနဲ့
ကြိုးစားရှာဖွေ တင်ပြပေးတာ ကျေးဇူးအထူတင်ပါတယ်
နော်....

ကမ္ဘာကတော့ပျက်တော့ပျက်ပေးရမှာပဲလေ...ဒါပေမယ့်
မက်မက်တို့ရဲ့ဘ၀ နှစ်ပေါင်းများစွာ ဖြစ်တည်တာသွားတာတောင် ကြုံရဦးမှာ မဟုတ်သေးပါဘူး....
တကယ်တော့ဗုဒ္ဓဟောတဲ့တရားတော်တွေကို
ခုခေတ်သိပ္ပံပညာရှင်တွေတောင် လိုက်နာနေရပါပြီ....
ဘုရားရှင်ဟောကြားထားတာတွေ ကသိပ္ပံပညာရပ်မှာ
အထင်အရှားကို ကိုက်ညီနေတာတွေ တွေ့နေရတယ်လေ။

Unknown said...

အစ်ကိုရေ အရောက်နောက်ကျတာခွင့်လွတ်ပါ၊ဘာပဲဖြစ်ဖြစ်
အခု အစိကိုရေးထားတာတွေကို ကျနော် ကြိုက်တယ်၊တချို့စင်္ကြ၀ဠာအကြောင်းရေးထားတဲ့ စာအုပ်တွေကို ဖတ်ဖူးပါတယ် ကျနော့် အနေနဲ့ဝေါဟာရမကြွယ်တဲ့ အတွက် တော်တော်ဒုက္ခရောက်တယ် အခု လို တကယ်ကျွမ်းကျင်တဲ့သုသေတေသီတစ်ယောက်က ရေးတော့ အများကြီးသိရတယ နောက်လည်းရေးပါဗျာ။်

ခွန်း said...

အခုလို လာပြီး comment ရေးပေးကြတာ အများကြီး ကျေးဇူးတင်ပါတယ်။
ကျနော် သုတေသီ မဟုတ်ပါဘူးဗျာ။ ဝါသနာရှင် သက်သက် ဖြစ်တာတောင် ကျောင်းက တစ်ဘက်နဲ့ ဆိုတော့ ကောင်းကောင်း လဲ မလေ့လာနိုင်ပါဘူး။ ကျနော် အတည်ပေါက်နဲ့ ရေးထားတာတွေဟာ ဖြစ်နိုင်မယ် ထင်တာကို ရမ်းရွှီးထားတောတွေ ဖြစ်လို့ မှန်ချင်မှ မှန်မှာ ဖြစ်ပါကြောင်း။
:P

Michael Ye said...

ကျွန်တော် ကိုခွန်းရဲ့ မူလပို့စ် စာမျက်နှာမှာလည်းဝင် ပြီး ဆွေးနွေးထားခဲ့ပါတယ်။ သိပ္ပံကျကျ ပြောရမယ်ဆိုရင် တော့အများကြီး ငြင်းဆို စရာ အထောက်အထားတွေရှိပါသေးတယ်။ ကျွန်တော့် အနေနဲ့လည်း(သိပ္ပံ ကျောင်းသား တစ်ယောက်အနေနဲ့) ဒီဖြစ်ရပ်ကို ဖြစ်လိမ့်မယ်လို့ မထင်မိပါ။ ဂြိုလ်အဖွဲ့အစည်းအားလုံးကို မူလလည်ပတ်မှုပုံစံ လမ်းကြောင်းများမှာ ဖြစ်မြဲအတိုင်းရှိနေစေဖို့ အဓိကလိုအပ်ချက်က Gravity ပါပဲ။ Gravity မှာတောင်မှ အရာဝတ္ထု နှစ်ခုရဲ့ center ကိုဦးတည်ပြီး သက်ရောက်တာပါ။ တန်ပြန်ခွာအား centrifugal force ဆိုတာလည်း ရှိပါသေးတယ်။ ၃၆၀၀ နှစ်မှာ orbit တစ်ပတ်ပြည့်တယ်ဆိုတယ့် သက်တမ်းဟာ tetonic တွေပြတ်ရွေ့ ခဲ့တာ...၊ sea level မြင့်တက်လာခဲ့တာ စတဲ့ သမိုင်း ရှာဖွေတွေ့ရှိချက်နှစ်များနဲ့ ယှဉ်ရင် အရမ်းကို နည်းတဲ့ ]အချိန်ကာလပါ။ တကယ်သာ အဲဒီလို လှည့်ပတ်ပြီး နှစ် ၃၆၀၀ တစ်ကြိမ်ရောက်လာမယ့် အန္တရာယ် အတွက် သိပ္ပံကျကျ သမိုင်း အထောက်အထားဆိုတာတော့ ရှိမှာ အမှန်ပါ။
နောက်တစ်ချက်တွေ့ရှိရတာက... ကိုခွန်းပြောသလိုပါပဲ။ မူလ စတင်ပြောကြားသူရဲ့ သက်သေဖော်ပြချက်အားလုံးဟာ... ပုံပြင်ဆန်ပါတယ်။ ယုတ္တိ မတန်ပါဘူးခင်ဗျာ။
လေးစားလျှက်....
ငရဲ

ဟိန်းညီ said...

ကျွန်တော်ဒီပို့စ်ကိုဒီနေ့မှဖတ်ဖြစ်တယ် အစ်ကိုရ။
ဖတ်မယ့်ဖတ်တော့စုံအောင်ပေါ့လေ။
ကျွန်တော်ကတော့ပထမပို့စ်ဖတ်ပြီး
ဒီပို့စ်မဖတ်ဖြစ်တာတောင်ဘာမှဖြစ်ဘူး။
အေးဆေးပဲ။ဟီးဟီး။
ဘာလို့လဲ....ဘာလို့လဲ...ဘာလို့လဲဆိုတော့
း)
သိပါဘူးဗျာ။

DJ Lynnᴸᵎᵑ said...

အကိုရေးခဲ့တဲ့ထဲက ကမ္ဘာကြီးရပ်သွားပြီးရင် ပြန်မလည်နိုင်ဘူးဆိုတာနဲ့တင် ဒီကိစ္စရုပ်တိမတန်ဘူးဆိုတာ Physics ကိုကောင်းကောင်းနားလည်တဲ့သူတိုင်းသိပါတယ်။
အကို့ ဘလောစ့်ကတော့ကျွှန်တော် Bookmarks ထဲမှာပါသွားပါပြီ။ အဆင်အဲပေးနေပါ့မယ်။

ပီတိ(စိတ်ပညာ) said...

အခုလို ရှင်းပြတာကျေးဇူးပါပဲ။ အဲဒီ ပို့စ်ကို မေးလ် ရပေမယ့် သူများတွေလန့်ကုန်မှာစိုးလို့ ဘယ်သူ့ကိုမှ မပြောဖြစ်ဘူး။ ကိုယ့်ဘာကိုယ်တော့ အချက်အလက်တွေ ရှာဖြစ်တယ်။ အစ်ကိုရယ် ဘေဘီလုံ တည်တာတောင် ဘီစီ ၄၀၀၀ ကျော်တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆၀၀ က ဒီလိုဖြစ်ခဲ့တာ ယုံစရာမရှိဘူး ။ ဘာသာရေး Psy-war တစ်ခုလို့ပဲ မြင်ပါတယ်။

ကိုအောင် said...

ကျနော့်ဆီမှာ ဒီပို့စ်ကို ထပ်ဆင့် ကူးယူ ဖော်ပြခွင့်
ပြုပါ၊ ကျေးဇူးပါ။

Anonymous said...

အကိုရေ

ကျွန်တော့်ကိုလည်းကူးယူဖော်ပြခွင့်ပြုပါဒီအကြောင်းကိုလိုချင်လွန်းလို့လိုက်ရှာနေတာကြာပြီခင်ဗျ။

ကျွန်တော့်ရဲ့ဒီ http://www.cyberbravo.co.cc site မှာအကို post နှစ်ခုလုံးကိုတင်ထားလိုက်တယ်နော်

Unknown said...

အကိုရှင်းပြထားတာ အကြောင်း၊အကျိုး ဆီလျှော်ပါတယ်။အဲဒီ အတွက်အထူးကျေဇူးတင်ပါတယ်။ဘယ်ဘာသာတရားမှ ယုံယုံကြည်ကြည် မကိုးကွယ်ပဲ၊အရာရာ သည်းသည်လှူပ်ဖေါ်ပြတ်ကြ
တဲ့ ဂျပန်လူမျုးနဲ့မီဒီယာတွေ ဆိုရင် စိတ်တောင်မဝင်စားဘူး။ဒါပေမယ့်ရုပ်ရှင် တော့ကြည့်ကြတယ်။ကောင်းတယ်လို့တော့ပြော
တယ်။၂၀၁၃ ခုနှစ်မှာကမ္ဘာပျတ်တော့မှာနော် လို့ပြောရင် *အိမီနိုက်* တဲ့။*အိမီနိုက်* ဆိုတဲ့ဂျပန်စကားရဲ့အဓိပ္ပါယ်ကတော့ *အဓိပ္ပါယ်မရှိဘူး* ဖြစ်ပါတယ် ခင်ဗျာ။

Unknown said...

အမှားပြင်ဆင်ချက်။. ။အထက်ပါ comment တွင်ဖေါ်ပြထားသော
* ဖေါ်ပြတ်ကြ* ကို *ဖေါ်ပြတတ်ကြ* ဖြင့်
အစားထိုး ဖတ်ရှု့ကြပါရန် မေတ္တာရပ်ခံအပ်ပါ
သည်။

Related Posts Plugin for WordPress, Blogger...