Wednesday, October 8, 2008

ကမ္ဘာ့ဝင်ရိုးစွန်းများ ရွေ့လျှားခြင်း (poles shifting) - ၁

ဟိုတလောက cbox မှာ မေးသွားတဲ့ အကြောင်းအရာ၊ ကျနော် ပို့စ်တင်ပြီး ရှင်းပေးပါမယ် လို့ ပြောထားခဲ့ ပေမယ့် ရုတ်တရက် အလုပ်တွေ အများကြီး ပေါ်လာတဲ့ အတွက် အခုမှပဲ ကျနော် ရေးပေးနိုင်ပါတယ်။ မေးတဲ့သူက မေးထားတဲ့ အတွက် ဒီအကြောင်း အရာကို အရင် တင်ရတာပါ။ အားလုံး ပို့စ် ၃ ခုလောက် တင်ရမယ် ထင်ပါတယ်။ အဲဒါတွေ ပြီးသွားရင် လအကြောင်းကို ပြန်ဆက်ပါမယ်။ မေးတဲ့ အကြောင်းအရာက ကမ္ဘာ့ဝင်ရိုးစွန်း (poles) တွေ ပြောင်းလဲတဲ့ အကြောင်းပါ။ အဲဒီကိစ္စကို ကျနော် တိတိကျကျ ရှင်းပြနိုင်မှာတော့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်က astronomy မှာ ဝါသနာရှင် သက်သက် ဖြစ်ပြီးတော့ စံနစ်တကျ လေ့လာခဲ့ရတာမျိုး လုံးဝ မရှိခဲ့လို့ပါ။ ကျနော် ရှင်းပြတာ မှားနေနိုင်ပါတယ်။ မှားနေတာ တွေ့ရင် ထောက်ပြ ပေးဖို့ တောင်းဆို ပါရစေ။
ကမ္ဘာ့ဝင်ရိုးစွန်းများ ရွေ့လျှားမှု (poles shifting) အကြောင်းကို မပြောခင်မှာ ဝင်ရိုးစွန်း (pole) ဆိုတာ ဘာလဲ ဆိုတာ အရင် ပြောရမှာပါ။ ဝင်ရိုးစွန်း ဆိုတာတော့ ဝင်ရိုး (axis) တွေရဲ့ အစွန်းတွေ ပေါ့လေ။
ဝင်ရိုးစွန်း ဆိုတဲ့ နေရာမှာ လူတွေက ပထဝီဝင် သဘော အရ သတ်မှတ်ထားတဲ့ ဝင်ရိုးစွန်း တွေကို ပထဝီ ဝင်ရိုးစွန်းများ (geographic poles) တွေ လို့ ခေါ်ပါတယ်။ အဲဒီ poles တွေကို ချိတ်ဆက်ပေးတဲ့ ဝင်ရိုးကိုတော့ ပထဝီ ဝင်ရိုး (geographic axis) လို့ ခေါ်ပါတယ်။ လက်ရှိ အဲဒီဝင်ရိုး ကို မြောက် ဘက်ကို ဆက်ဆွဲမယ် ဆိုရင်တော့ Polaris ဆိုတဲ့ ကြယ်ကို ရောက်ပါမယ်။ အဲဒီလို လူတွေ သတ်မှတ် ထားတဲ့ အတိုင်း တည့်တည့် မတ်မတ် ရှိနေရမယ့် ပထဝီ ဝင်ရိုး ကိုတော့ Axis of instantaneous rotation လို့ ခေါ်ပါ တယ်။ Axis of maximum moment of inertia ဆိုတာ ရှိပါ သေးတယ်။ ကျနော်တို့ ကမ္ဘာက စက်လုံး ပုံစံ အတိအကျ မဟုတ် ပါဘူး။ ကမ္ဘာကို လိမ္မော်သီး ခွဲသလို အမြှောင်း လေးတွေ ခွဲထုတ် ကြည့်ရင် တစ်ခုစီ ရဲ့ mass က တူမယ် မဟုတ်ပါ။ အဲဒီ လို distribution of mass က ခြားနားတဲ့ အတွက် Axis of maximum moment of inertia က ပေါ်လာတာ ဖြစ်ပါတယ်။ သူ့ကို ဖြစ်စေတဲ့ အခြား အကြောင်းအရာတွေက သမုဒ္ဒရာ ဒီရေ (လ အကြောင်းမှာ ရေးပြထားပါတယ်) ၊ လေထု နဲ့ ကျောက်ချပ်ကြီးများ ရွှေ့လျှား ခြင်း တို့ ဖြစ်ပါတယ်။ အဲဒီလို section အလိုက် မတူညီတဲ့ mass တွေဟာ ကမ္ဘာရဲ့ gravity ၊ centrifugal နဲ့ orbital velocity တွေရဲ့ vector forces တွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါ ကမ္ဘာရဲ့ အခုလက်ရှိ လည်ပါတ်နေတဲ့ ဝင်ရိုး ဖြစ်လာပါတယ်။ တကယ်လို့ ကမ္ဘာက စက်လုံး ပုံ အတိအကျ ဖြစ်နေခဲ့ ရင်တော့ အဲလိုမျိုး ဝင်ရိုး မဖြစ်ပဲ တည်ငြိမ်တဲ့ astronomical axis ပဲ ရှိမှာပါ။ အခု လည်ပါတ်နေတဲ့ ကမ္ဘာရဲ့ ဝင်ရိုးနဲ့ astronomical axis တို့ အကြား ခြားနားတဲ့ ထောင့် ကိုတော့ nutation လို့ ခေါ်ပါတယ်။ ရလာဒ် အဖြစ် ကမ္ဘာဝင်ရိုးဟာ ပုံမှာ ပြထားသလို လည်ပါတ်ပါတယ်။ ကမ္ဘာဟာ နေကို ပါတ်နေရင်း၊ သူ့ဝင်ရိုးပေါ်မှာ လည်နေရင်း နဲ့ ကမ္ဘာ့ဝင်ရိုးကလည်း ပုံက အဝါရောင် စက်ဝိုင်း အတိုင်း ပါတ် နေတာ ဖြစ်ပါ တယ်။ (စဉ်းစား ကြည့်လို့ ရမယ်လို့ မျှော်လင့် ပါတယ်။ animated gif နဲ့ ပြချင် ပေမယ့် အချိန်မရလို့ ဒီတိုင်းလေးပဲ တင်လိုက် ရပါတယ်။) အဲဒီလို လည်ပါတ်တဲ့ ဖြစ်စဉ်ကို wobble effect လို့ ခေါ်ပါတယ်။ ကမ္ဘာရဲ့ အီကွေတာဟာ နေကို ပါတ်နေတဲ့ လမ်းကြောင်း ရဲ့ ပြင်ညီ နဲ့ တထပ်တည်း မကျပါဘူး။ ပုံမှာ အပြာရောင်နဲ့ အစိမ်းရောင် အဖြစ် ခွဲပြီး ပြထားပါတယ်။ အဲဒီ ပြင်ညီ နှစ်ခုကြားက angle of inclination ဟာ အခု လက်ရှိတော့ ၂၃.၅ ဒီဂရီ ရှိပါတယ်။ ဒါပေမယ့် အဲဒါဟာ တသတ်မတ် မဟုတ်ပါဘူး။ အပေါ်မှာ ရှင်းပြခဲ့တဲ့ orbital dynamics ဖြစ်စဉ်ကြောင့် အဲဒီ angle of inclination ဟာလည်း ပြောင်းလဲနေပါတယ်။ ၂၁ ဒီဂရီ ၃၉ မိနစ်ကနေ ၂၄ ဒီဂရီ ၃၆ မိနစ် အတွင်းမှာ ပြောင်းလဲ ပါတယ်။ အဲဒီလို နည်းရာကနေ များများ သွားပြီး များရာကနေ ပြန်နည်းသွားတဲ့ ပြောင်းလဲမှု တပါတ် ပြည့်ဖို့ နှစ်ပေါင်း ၄၁၀၀၀ ကြာပါတယ်။ လက်ရှိ တိုင်းတာ ချက်တွေ အရ ရာစုနှစ် တစ်ခုမှာ ၀.၁၃ ဒီဂရီ ပြောင်းလဲ ပါတယ်တဲ့။ အဲဒီလို ပြောင်းလဲမှုဟာ tropic of cancer နဲ့ tropic of capricorn တွေရဲ့ တည်နေရာကို ပြောင်း လဲ စေမှာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ ရာသီဥတု အပေါ်မှာ အပြောင်း အလဲ ဖြစ်စေမှာ ဖြစ်ပါတယ်။

4 comments:

Dr Phyo Wai Kyaw said...

ကမ္ဘာ့ အပူချိန် ပြောင်းလဲ မှုကြောင့် ဂရင်းလန်ကျွန်းကရေခဲတွေ အရည်ပျော်ရင်
ကမ္ဘာ့ ရေမျက်နှာ ပြင် မြင့်တက်လာမယ်
လို့ဆိုထားတာ... အခုမဟုတ်တော့ ပြန်ဘူးဆို
အဲဒီအကြောင်းလေး ကြုံရင်ရေးပေးပါဦး

ခွန်း said...

အဲကိစ္စက astronomy နဲ့ သိပ်မဆိုင်ပါဘူး။ အဲဒါက သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေးနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။ သစ်တော ပြုန်းတီးမှု၊ ဖန်လုံအိမ် အာနိသင်နဲ့ CO2 ထုတ်လွှတ်မှုတွေ နဲ့ သက်ဆိုင် ပါတယ်။ လမ်းကြောင်းလွဲသွားမှာ စိုးလို့ astronomy နဲ့ ပါတ်သတ်တဲ့ ရှုထောင့်ကနေ ပြီးတော့ ပဲ အဲဒီ အကြောင်း ကို ဆွေးနွေးပေးပါမယ်။ အခု လူတွေ စိတ်ဝင်စားနေကြတဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ဟာ ကမ္ဘာပျက်မယ့်နေ့ (Doomsday) လားဆိုတဲ့ အကြောင်း ကျနော် ရေးပါမယ်။ အဲဒီကျရင် ဂြိုဟ်တွေ ရဲ့ သက်ရောက်မှု အကြောင်း ဖတ်ရမှာ ပါ။ comment ရေးပေးတာ ကျေးဇူးပါဗျာ။

Michael Ye said...

sea level changes ဆိုတဲ့ ဖြစ်စဉ်ဟာ နှစ်ပေါင်းများစွာ ကသမိုင်းခံပြီးတော့ ဖြစ်ပျက်နေခဲ့ ပါတယ်။ ကိုခွန်းပြောသလိုပဲ ဒီကိစ္စက astronomy နဲ့တော့မဆိုင်ပါဘူး။ သို့သော် environmental science ပါ။ Oceanography ဘာသာရပ်နဲ့တော့ တိုက်ရိုက်သက်ဆိုင်တာပေါ့။ ကျွန်တော်တို့ ဒီနေ့ မြင်နေရတဲ့ sea level ကလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာနဲ့ ယှဉ်လိုက်မယ်ဆိုရင်.....အများကြီးမြင့်တက်လာခဲ့ပါပြီ။ sea level changes ဟာချက်ခြင်းမြန်မြန်ဆန်ဆန် ပြောင်းလဲလာတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ နှစ်သန်းပေါင်း များစွာ ကြာပြီးမှ ၁ မီတာ အမြင့်လောက်ဖြစ်လာတာပါ။ sea level ဟာပြန်ကျသွားတယ်ဆိုတာတော့ နှစ်ပေါင်းများစွာရဲ့ record တွေအရ ဖြစ်တောင့် ဖြစ်ခဲပါ။ ဆိုချင်တာကတော့ sea level ဟာဆက်လက်မြင့်တက်လာနေဆဲပါ။ sea level မြင့်တက်ရတဲ့ အကြောင်းအရင်းတွေကတော့....
၁။ ရေထုမျက်နှာပြင်ပေါ်က atmospheric pressure
၂။ rain fall
၃။ သမုဒ္ဒရာတွင်းကရေစီးကြောင်းများ
၎။ ကမ္ဘာ့မြေလွှာများ တွန်းတိုက် ရွေ့လျားမှု
၅။ Global warming ကြောင့် ရေခဲများ အရည်ပျော်လာမှု
စတဲ့ အချက်တွေကြောင့် ပဲဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ချက်ခြင်းဆီကို ပြန်ရှင်းမယ်ဆိုရင်....
ရှင်းစရာတွေအများကြီးရှိပေမယ့်..... ကျွန်တော်အကျယ်မချဲ့လိုတော့ပါ။ Ozone လွှာပေါက်ပြဲမှု ကြောင့် Global warming မြင့်တက်လာရတဲ့ ဖြစ်စဉ်ဟာ... sea level မြင့်တက်လာမှုကို ကောင်းကောင်း အထောက်အကူပေးနိုင်တဲ့ အချက်လို့ သိပ္ပံပညာ ရှင်အတော်တော် များများကလက်ခံထားကြပါတယ်။ ဒါကြောင့် ရေခဲများ အရည်ပျော်ခြင်းကြောင့် sea level မြင့်တက်လာခြင်းဟာ မှန်ကန်တယ် လို့ ဆိုနိုင်ပါတယ်။
လေးစားလျှက်
ငရဲ

Michael Ye said...

sea level changes အကြောင်း လေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော် စာအုပ် ၂ အုပ် ညွှန်းပေးလိုက်ပါတယ်။ e_book တော့ကျွန်တော့်မှာ မရှိပါ။

1. sea level changes, EUGENIE LISITZIN, ELSEVIER OCEANOGRAPHY SERIES.
2. THE RISE AND FALL OF THE SEAS, RUTH BRINDZE

Related Posts Plugin for WordPress, Blogger...