Saturday, October 11, 2008

ကမ္ဘာ့ဝင်ရိုးစွန်းများ ရွေ့လျှားခြင်း (poles shifting) - ၂

နောက်ထပ် pole တစ်မျိုးက Geomagnetic poles ဖြစ်ပါတယ်။ သူကတော့ geographic poles လို တည်နေရာလိုက် သတ်မှတ်ထားတာ မဟုတ်ပဲ သံလိုက်စက်ကွင်း တွေ ရဲ့ အနေအထား နဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သူဖြစ်လာရတဲ့ အကြောင်းရင်းက ကမ္ဘာ့ အလည် သံနဲ့ နီကယ် ပါဝင်တဲ့ အနှစ်ပိုင်းနဲ့ အဲအနှစ်သားပေါ်က သတ္တုရည်ပူ ပင်လယ်ကြီး ရဲ့ လည်ပါတ်မှု ကြောင့် ကမ္ဘာ ကြီးဟာ လျှပ်စစ် သံလိုက် ချောင်းတစ်ချောင်းလို ဖြစ်ပြီး သံလိုက် ရဲ့ အားလမ်းကြောင်းတွေ ထွက်ပါတယ်။ အဲဒီ သံလိုက် အားလမ်းကြောင်း တွေကြောင့် magnetosphere ဆိုတဲ့ အလွှာကြီး တစ်ခု ဖြစ်လာပြီးတော့ ကျနော်တို့ သက်ရှိတွေကို solar storm, solar flare နဲ့ solar wind တွေရဲ့ ဘေးရန်ကနေ ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။ geographic poles နဲ့ geomagnetic poles တွေဟာ လည်း တထပ်တည်း မကျ ပြန်ပါဘူး။ သူတို့တွေရဲ့ ခြားနားခြင်းက ၁၁ ဒီဂရီ ရှိပါတယ်တဲ့။ ကမ္ဘာကြီးရဲ့ magnetic poles တွေက အတိတ်က အနေ အထားနဲ့ ပြောင်းပြန် ဖြစ်အောင် ပြောင်းလဲ နေတယ်လို့ ပညာရှင် တွေက သက်သေပြခဲ့ ကြပါတယ်။ ကမ္ဘာ့ရဲ့ magnetic poles တွေဟာ အစဉ် လှုပ်လျှားပြောင်းလဲ နေပါတယ်။ Geological records တွေ အရ ကမ္ဘာကြီး ရဲ့ poles တွေဟာ နှစ်ပေါင်း ၃၀၀၀၀၀ လောက်မှာ တောင်နဲ့ မြောက် တစ်ကြိမ် ပြောင်းလဲ ပါတယ်တဲ့။ Carl Freidrich Gauss စပြီးတော့ design လုပ်ခဲ့တဲ့ instruments တွေနဲ့ ပညာရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်အတွင်းက ကမ္ဘာ့ magnetic poles တွေရဲ့ တည်နေရာတွေကို တိုင်းတာ နိုင်ခဲ့ပါတယ်။ ပုံမှာ ပြထားတာကတော့ Canadian artic ဒေသ အတွင်း ၁၈၃၁ ကနေ ၂၀၀၁ အတွင်း ပြောင်းလဲ ခဲ့တဲ့ magnetic poles တွေရဲ့ တည်နေရာတွေ ဖြစ်ပါတယ်။ အဲဒီ တိုင်းတာချက် တွေအရ ကမ္ဘာ့ သံလိုက် ဝင်ရိုးစွန်း တွေဟာ နှစ်ဆယ်ရာစု အတွင်းက တစ်နှစ်မှာ ၁၀ ကီလိုမီတာ လောက် ရွေ့လျှားပြီးတော့ အခု ရာစု မှာတော့ ကီလိုမီတာ ၄၀ လောက် ရွေ့လျှားကြောင်း တွေ့ရ ပါတယ်တဲ့။ နောက်တစ်ချက်က ကမ္ဘာ့ရဲ့ magnetic field strength ဟာ လွန်ခဲ့တဲ့ ၁၉ ရာစုက ထက် ၁၀% လျော့နည်းလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ သံလိုက် အိမ်မြှောင်တွေဟာ မြောက် အရပ်ကို တည့်တည့် မညွှန်ပြပဲ ၁၀ စုနှစ် တစ်ခုမှာ ၁ ဒီဂရီလောက် စောင်းလာ နေတယ် လို့လဲ ဆိုပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ ဆိုတာတော့ ကမ္ဘာ့ အတွင်းပိုင်းကို သွားကြည့် ရ မလိုပါပဲ။ ကမ္ဘာ့ အတွင်းပိုင်းရဲ့ ဗဟိုချက်မ မှာ လရဲ့ ၇၀% လောက် အရွယ်အစား ရှိတဲ့ သတ္တုလုံးကြီး ရှိပါတယ်တဲ့။ သူဟာ နေရဲ့ မျက်နှာပြင် အပူချိန်လောက် ပူပြင်းနေပြီးတော့ သူ့ အပြင်က သတ္တုရည်ပူ ပင်လယ် ကြီးထဲမှာ လည်ပါတ် နေပါတယ်တဲ့။ သူ့ရဲ့ လည်ပါတ်မှု အရှိန်ဟာ ကမ္ဘာ့ အပေါ်ရံ မျက်နှာပြင် ထက် တစ်နှစ်မှာ ၀.၂ ဒီဂရီ လောင်ဂျီကျူ လောက် ပိုပြီး မြန်မြန် လည်ပါတယ်တဲ့။ magnetic poles တွေ ပြောင်းလဲ နေတဲ့ အချိန်အတွင်းမှာ ဘာတွေ ဖြစ်မလဲ ဆိုတာလဲ လေ့လာ နေကြဆဲပါ။ နှစ်ပေါင်း သိန်းနဲ့ ချီပြီး ကြာမှ တပါတ်ပြည့်ပြီးတော့ ပြောင်းလဲ နေချိန်မှာ magnetic field တွေကတော့ ပျောက်ကွယ် သွားကြမယ် မဟုတ်ပါဘူးတဲ့။ ဒါပေမယ့် သူတို့ဟာ ကွေးလိမ်သွားပြီးတော့ နေရာလည်း သတ်သတ်မှတ်မှတ် ရှိမယ် မဟုတ်ပါ။ ပုံမှာ ပြထားတာက သံလိုက် ဝင်ရိုးစွန်းတွေ ပြောင်းလဲ ချိန်မှာ ဖြစ်ပေါ်လာမယ့် magnetic field တွေကို simulation လုပ်ထားတာ ဖြစ်ပါတယ်။ တောင် နဲ့ မြောက် ဝင်ရိုး စွန်းက field တွေကို အရောင်နဲ့ ခွဲ ပြီး ပြထားပါတယ်။ သံလိုက် တောင်ဝင်ရိုးစွန်းဟာ အာဖရိက လောက်မှာ ရောက်နေပြီးတော့ မြောက် ဝင်ရိုး စွန်းက တဟီတီ မှာ ဖြစ်ရင် ဖြစ်နေပါ လိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ planetary magnetic field တွေအဖြစ် ဆက်ရှိနေပြီး ကမ္ဘာကိုလည်း ဆက်ပြီး အကာအကွယ် ပေးနေဦး မယ် ဖြစ်ပါတယ်တဲ့။

6 comments:

Dr Phyo Wai Kyaw said...

ဒုတိယ ပုံကို ကောင်းကောင်း မမြင်ရဘူးဗျ...
၁၈၃၁ကနေ ၂၀၀၁ အတွင်း magnetic poles တွေဟာ ၁၀-၁၅ ဒီဂရီလောက်ပြောင်းလဲ နေသလိုပဲ...
ပြီးတော့ poles တွေအားလုံးက( west)အနောက်ဖက်ရောက်တယ်နော်...
သံ သတ္တုကြောကြီးရှိလို့ သံလိုက်အိမ်မြှောင် မြောက်အရပ်ကို ညွှန်ပြတယ် ဆို တဲ့ အယူအဆ ကို သဘောမကျတာကြာပြီ။ ကိုခွန်း ပြောတာကို ပို သဘောကျတယ်။ရေးပါ...လာလာဖတ်ပါတယ်...

ခွန်း said...

ဟုတ်တယ်ဗျ။ အဲပုံက သိပ်မရှင်းဘူး။ အမှန်တော့ ဒီပုံတွေက google image search နဲ့ ရှာပြီး ယူသုံးထားတာ တွေပါ။ ကျနော့် ကိုယ်ပိုင် မဟုတ်တော့ တချို့ ဟာတွေ လိုချင် သလို မရဘူး။ ဒီအကြောင်းက ရေးသာပြရတာ။ ကျနော်လဲ အခုမှ လေ့လာဆဲပါ။ သံလိုက်အိမ်မြှောင်တွေ မြောက်အရပ်ကို ညွှန်ပြတာက သံကြောနဲ့ မဆိုင်ပါဘူး။ north pole က ထွက်တဲ့ magnetic flux တွေက south pole ကို ဝင်တယ်လေ။ မြောက်ကထွက်ပြီး တောင်ကဝင် ၊ အဲလို flow ရှိနေတာ။ အဲflow အတိုင်း ညွှန်ပြတာပါ။ comment ရေးပေးသွားတာ ကျေးဇူးပါဗျာ။

Anonymous said...

အစ်ကိုပြောမှပဲ သံလိုက်အိမ်မြှောင် ဘာလို့ မြောက်အရပ်ကို ညွှန်ပြလဲ ဆိုတာ အတိအကျသိတော့တယ်
အရင်က ဓူဝံကြယ်ကြောင့်လို့ ထင်ထားတာ အစ်ကိုရ
အစ်ကို့ဆီလာလည်ရတာ မသိတာတွေ တော်တော် သိရတယ်ခင်ဗျ ကျေးဇူးတင်ပါတယ် အစ်ကိုရေ

ခွန်း said...

အစ်ကို ပြောတိုင်းလဲ ယုံမနေနဲ့ဦး ညီလေး မိုးသောက်ရေ။ မှားချင်လဲ မှားနေမှာ။ :D
ရေစီးနေတဲ့ ချောင်းလေးမှာ အပ်ချည်ကြိုးလေး ချကြည့်ရင် အပ်ချည်ကြိုးက ရေရဲ့ လားရာကို ညွှန်ပြတယ်လေ။ အဲလိုက့ကဲ။ သံလိုက်အိမ်မြှောင်က သံလိုက်အားလမ်းကြောင်း (magnetic flux) လားရာကို ညွှန်ပြတယ်လို့ ထင်ပါတယ်ညီလေးရေ။

Anonymous said...

အစ်ကို့ရဲ့ တင်စားချက်က သဘာဝ ကျလိုက်တာ အစ်ကိုရာ .. ချက်ချင်းကို သဘောပေါက်သွားတယ်
ကျေးဇူးအစ်ကိုရေ အခုလို ရှင်းပြပေးတဲ့ အတွက်

Unknown said...

ယူ ပုံစံသံလိုက်အရမ်းလိုနေလို့ပါ
ရနိုင်မယ့်နေရာ သိရင် ညွန်ပြပေးကြပါခင်ဗျာ

Related Posts Plugin for WordPress, Blogger...