Sunday, November 9, 2008

၂၀၁၂ တွင် အသက်ရှင် ကျန်ရစ်ရေး နည်းလမ်းများ စာအုပ်

ပို့စ် အသစ်လဲ မတင်နိုင် အတူတူ ၂၀၁၂ ကိစ္စ စိတ်ဝင်စားသူတွေ အတွက် စာအုပ်လေး တစ်အုပ် ကြေငြာ ပေးလိုက်ပါတယ်။ amazon အတွက် အခမဲ့ ကြေငြာ ပေးလိုက်ရသလိုပဲ။ :P
ဒီစာအုပ် အလကား ရနိုင်မယ့် နေရာ ကျနော် ရှာတွေ့ ရင် ထပ်တင် ပေးပါ့မယ်။ သူတို့ကတော့ အတည်ပေါက် ကြီးနဲ့ လုပ်ကုန်ကြပြီဗျို့..။ ဝယ်ဖတ်ထား ရကောင်းမလား မသိဘူး။ :P


Planet X Forecast and 2012 Survival Guide

by Jacco van der Worp (Author), Marshall Masters (Author), Janice Manning (Editor) );
See all 22 customer reviews

List Price
: $19.95
Price: $17.95 & eligible for FREE Super Saver Shipping on orders over $25. Details
You Save: $2.00 (10%)
Special Offers Available

In Stock.
Ships from and sold by Amazon.com. Gift-wrap available.

Want it delivered Tuesday, November 11? Order it in the next 30 hours and 26 minutes, and choose One-Day Shipping at checkout. See details

14 new from $17.95 5 used from $23.52

7 comments:

thihanyein said...

ဝယ်ဖတ်ရင်တော့အကောင်းဆုံးပဲပေါ့ခင်ဗျာ ကိုခွန်းရေ
နက္ခတ္တပညာရှင်တွေက လူသားတွေက သေးငယ်ပြီးအရေးမပါတဲ့ ဂြိုလ်ငယ်တစ်လုံးပေါ်မှာ အစွမ်းသတ္တိမဲ့ပြီးတော့ တွားသွားလှုပ်ရှားနေရတဲ့ ယုတ်ညံ့တဲ့ ကာဘွန်ဓါတ် ရေဓါတ်တို့နဲ့ဖွဲ့စည်းထားတဲ့ အစိုင်အခဲ တစ်ခုလို့ ယူဆခဲ့ကြတာ ဟုတ်သလားဗျာ
အဲဒီအကြောင်းက ဘယ်အကြောင်းအရာပေါ်မှာ အခြေခံပြီး တွေးမြင်လာကြတာလဲ အဲဒီယူဆချက်ကကော မှန်နေသလားဗျာ သဘာဝနိယာမတရားကို နက္ခတ္တပညာရှင်တွေက ဘယ်လိုမြင်ကြသလဲ
အဲဒါလေး ရှင်းပြပါပေးပါဦးကိုခွန်းရေ
မေးခွန်းတော့မမေးတတ်ဘူးဗျာ မေးတာမှားရင်လည်းခွင့်လွတ်ဦးနော့်

ခွန်း said...

အတွေးအခေါ်တွေများ ပါလာပြီလား မသိဘူး။ အဲဒီလို ယူဆကြတယ်လို့တော့ ကျနော် မဖတ်ဘူးသေးဘူးဗျ။ အမှန်တော့ ကမ္ဘာ လို အဖက်ဖက်က ပြည့်စုံတဲ့ ဂြိုဟ်တစ်ခု ကို နောက်ထပ် ရှာတွေ့ဖို့ အင်မတန် ခဲယဉ်းပါတယ်။ အသက်ဇီဝ ဖြစ်တည်နေတဲ့ ဂြိုဟ်ကို ရှာတွေ့ဖို့က အဲဒီထက် ပိုပြီး ခဲယဉ်းပါတယ်။ လူသားတွေလို အသိဥာဏ် ရှိတဲ့ ဂြိုဟ်ဆိုတာတော့ ဘယ်တော့များမှ တွေ့နိုင်မလဲ မသိရလောက်အောင် ခဲယဉ်းပါတယ်။ အဆင့်မြင့် သက်ရှိတွေရဲ့ ဖွဲ့စည်ပုံ စံနစ်တကျ ရှိပုံတွေကို လေ့လာဖူးမယ် ဆိုရင် ဒီခန္ဓာကိုယ်တွေဟာ အော်ဂဲနစ် ဒြပ်ပေါင်း သက်သက် တွေ ဆိုတာ လောက် မရိုးရှင်းကြောင်း တွေ့ရမှာပါ။ ကျနော်က အသက်ဆိုတာကို တော်တော် အံ့သြောမိသလို သက်ရှိခန္ဓာ ဖွဲ့စည်းပို့တွေကိုလည်း တော်တော် အံ့သြောမိပါတယ်။ ကို သီဟန်ငြိမ်း ပြောလို ယူဆကြသူတွေလည်း ရှိနိုင်ပါတယ်။ အဲဒီလို အတွေးအခေါ်၊ အဆိုအမိန့်၊ ဒဿန တွေမှာ ကျနော် တော်တော် အားနည်းပါတယ် ခင်ဗျာ။ လေ့လာပြီး သိရင် ပြန်ဖြေပေးပါမယ့်။ ကွန့်ပေးတာ အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။

WWKM said...

မောင်လေးခွန်း ရေးတဲ့ပို့စ်တွေကို လာဖတ်ဖြစ်တယ်.
စိတ်ဝင်စားစရာတွေဖြစ်ပေမယ့် အမ ကတော့ဥာဏ်မမှီ
တော့ မဆွေးနွေးတတ်ဖူး မောင်လေး ရေ..
မောင်လေးတို့ က အသက်ငယ်ငယ်လေးတွေနဲ့ ဗဟုသုတ ကြွယ်ဝကြပါပေတယ်။
ဟို..မောင်အလှတရား နဲ့ မောင်သီဟ တို့ နှစ်ယောက်ဆိုလည်း နေရာတကာ သူတို့မသိတာမရှိကြ
ဘူး။ ၀င်ဆွေးနွေးနေကြတာပဲ.. ..
**********************
မောင်သီဟ နဲ့ မောင်လွမ်းဝေ တို့ရေ...
လေးစားပါတယ်...
ငါးနဲ့ မြှောက်....
ပြီးရင် သုံး နဲ့ပြန်ပေါင်း....
ပြီးတော့ နှစ် ကို နှုတ် လိုက်ရင်...
အဖြေ ကတော့ .. ဆရာကြီးတွေဖြစ်ပါတယ်ကွယ်။း)
ဟဟဟား

ခင်တဲ့ အမ၀ါ

Anonymous said...

ကိုယ့်ဆရာကတော့ လုပ်ပြီဗျာ ကြောက်ပါတယ်ဆိုနေမှ
ဘာဖြစ်ဖြစ်လေ ကိုယ်တယောက်ထဲမှမဟုတ်တာ
ပျော်ပျော်ကြီး သေခြင်းဆိုးနဲ့ သေကြတာပေါ့ဗျာ ဟိဟိ

ခွန်း said...

ကျနော့်ဆီမှာ ကွန့်ပေးသွားတာ ကျေးဇူးပါ အစ်မဝါရေ။ သိပ္ပံ အကြောင်း အရာတွေ ဖြစ်တဲ့ အတွက် အကုန်လုံး နားလည်သွားဖို့ မလွယ်ကြောင်း ကျနော် သိပါတယ်။ တကယ့် သိပ္ပံ သမားတွေ အတွက် ကျနော် ရေးတာတွေက ကလေးကလား နိုင်ပေမယ့် အခြား ဘာသာရပ် နယ်ပယ်က လူတွေ အနေနဲ့ နည်းနည်းပဲ နားလည်ကြမှာပါ။ ဒါတွေကို ဖတ်လိုက်လို့ အရင်ထက် နည်းနည်း လေး ပိုသိသွားတယ် ဆိုရင် ကျနော် ကျေနပ်ပါပြီ။ ကိုအလှတရား တို့ ကိုသီဟ တို့ကိုတော့ ကျနော်လေးစားတာ ကြာပါပြီ အစ်မရေ။ အစ်မ ပြောသလို သူတို့က ဆရာကြီးတွေပါ။ :P

ခွန်း said...

အဲလိုစာအုပ်တွေ အများကြီး ကိုအိမ်ရ။ ကျနော်က ဒီ တစ်အုပ်ပဲ ပြတာ။ စိတ်ဝင်စားသေးရင် အမေဇုံမှာ ရှာကြည့်လေ။ အများကြီးပဲ။ :P

ROCKER said...

ကိုခွန်းရေ... အကိုပဲ အဲစာအုပ်တွေဝယ်ဖတ်ပြီး အကိုပဲ ပို့ တင်ပေးပါလား.... ဟီးဟီး.... အကိုအရေးအသား က တစ်ကယ်ကိုဖတ်လို့ တအားကောင်းတာပါ။ ဒါဆို.. သူတို့ အနောက်တိုင်းက... ဒွန်းစ်ဒေးစ်ကို အတည်ယူကြပြီပေါ့ နော်.. အကို.. ဟင့်... ဇွတ်ပါလားနော်..

Related Posts Plugin for WordPress, Blogger...