Sunday, November 2, 2008

Introduction

ကျွန်တော်ဒီ myanmarastronomy blog လေးကိုရောက်ဖြစ်တာကတော့ မြန်မာ website လေးတစ်ခုကနေ link ရရာကစပြီးရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ပထမဆုံး ရောက်ဖူးသော မြန်မာ astronomy blog ပဲဖြစ်ပါတယ်။ နောက်ထပ် blog တွေရှိ/မရှိ တော့ကျွန်တော်သေချာမသိပါ။ ဒီ blog လေးရဲ့မူပိုင်ရှင်ကိုခွန်း နဲ့ဆက်သွယ်မိတော့ ကျွန်တော်ပို စိတ်ဝင်စားသွားပါတယ်။ ကိုခွန်းရဲ့ ဒီ blog ပေါ်ထားတဲ့ ရည်ရွယ်ချက်ကလည်း အတော်ပဲကောင်းမွန်ပါတယ်။ အမှန်ကိုဝန်ခံ ရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာတွေဟာ ဒီလို subject၊ အသိပညာတွေနဲ့ ပတ်သက်လို့ ကမ္ဘာနဲ့ ယှဉ်ရင်အတော်ပဲအားနဲ တာကိုတွေ့ရမှာပါ။ ဒါပေမယ့် ဒီနေ့ ကမ္ဘာကိုပြန်ကြည့်လိုက်မယ်ဆိုရင် အခြားနိုင်ငံတွေမှာ ဒီပညာရပ်တွေ၊ လေ့လာမှု တွေဟာအတော်ကို ခရီးပေါက်နေပြီ၊ အတော်ကိုခြေလှမ်းကျဲနေပြီလို့ဆိုရမှာပါ။ ဒီတော့ကျွန်တော်တို့ သူငယ်ချင်းများကို ကျွန်တော်တို့ သိထားသင်ထားဖူးသော အကြောင်းအရာလေးများကို ဒီမှာချပြခြင်းအားဖြင့် ကျွန်တော်တို့ တတ်နိုင်သ လောက် initiate လုပ်ခွင့်ရမယ်လို့ယုံကြည်ပါတယ်။

ဒါဆိုရင် မေးလာစရာ ရှိပါတယ်။ astronomy, space အကြောင်း ဘယ်လောက် အရေးကြီးလို့လဲ။ ဘာတွေ အသုံးဝင် လို့လဲ။

Astronomy ဆိုတဲပညာရပ်က space ထဲမှာရှိတဲ့ အရာဝတ္ထုများအကြောင်းကို လေ့လာခြင်းပါ။ space ထဲမှာရှိတဲ့ celestial bodies တွေ ဘယ်လို ရွေ့လျား နေကြ လဲ။ သူတို့ရဲ့ ရွေ့လျား ခြင်းတွေနဲ့ စပ်လျဉ်းပြီး ဘာအကျိုးဆက်တွေ ဖြစ်လာလဲ။ ဒါတွေကို ပထမဆုံးလေ့လာပြီးမှ... အဲဒီဖြစ်လာမယ့် အကျိုးဆက်တွေဟာ လူသား တွေအတွက် အကျိုးရှိ စေမလား။ အကျိုးယုတ် စေမလား။ ဘယ်လို အကျိုးရှိအောင် လုပ်မလဲ။ ဘယ်လို အကျိုးမယုတ်အောင် ကာကွယ်မလဲ စတဲ့ လေ့လာဖော်ထုတ်စမ်း သပ်ချက်တွေ ပါလာပါပြီ။ celestial bodies တွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းမှု ပုံစံတွေကို လေ့လာအခြေခံပြီးတော့ပဲ ကျွန်တော်တို့ လူသားတွေ satellite တွေကိုလွှင့်တင် ကြတယ်။ satellite တွေရဲ့အသုံးဝင်ပုံတွေ။ ပြီးတော့ astronomical tide လို့ ခေါ်တဲ့ ပင်လယ်တွင်း ကဒီရေတွေ ဘယ်လို ဖြစ်ပေါ်လာရသလဲ။ အားလုံးဟာ ဒီဘာ သာရပ်နဲ့ တိုက်ရိုက် သက်ဆိုင် နေကြပါတယ်။ Environmental Science အတွက် weather အပြောင်းအလဲတွေကရော celestial bodies ရဲ့ ရွေ့လျားမှုတွေနဲ့ ဘယ်လို ပတ်သတ် နေပါသလဲ။ စသည်ဖြင့် လေ့လာစရာတွေ အများကြီး တွေ့လာပါ လိမ့်မယ်။

ကျွန်တော့် အနေနဲ့တော့ ကိုယ်သိထား၊ သင်ထားဖူးသော ပညာရပ်အချို့ကိုသူငယ်ချင်း သားချင်း မြန်မာများ သိစေလိုသော စိတ်ကူးမျိုး ထက်သန်မိပါတယ်။ ဒီလိုနေရာ ကနေလူတစ်ယောက်၊ လူငယ်တစ်ယောက်ကို initiate လုပ်နိုင်မယ် ဆိုရင်၊ သူ့ရဲ့ စိတ်ပါဝင်စားလာမှုကို ဖမ်းစားနိုင်မယ်ဆိုရင် အနာဂတ်မြန်မာ astronomy အတွက် အားတက်စရာ ရလဒ်တစ်ခုပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ကျေးဇူးတင်လျှက်

ငရဲ

3 comments:

ခွန်း said...

ကောင်းတယ် ညီလေးရေ။ ညီလေးတို့ ရောက်လာတာ အစ်ကို တကယ်အားရှိတယ်။ အခုလို ရှင်းပြမှ လူတွေ အားလုံး ပိုပြီး နားလည်လာကြမယ်။ astronomy နဲ့ ပါတ်သတ်တဲ့ မြန်မာ အဖွဲ့အစည်းလေးတစ်ခု စပေါ်လာပြီလို့ ခံစားရတယ်။ အစ်ကို အရမ်းဝမ်းသာတယ်။

Michael Ye said...

ဟုတ်ပါတယ် အစ်ကို ကျွန်တော့်စိတ်ထဲမှာအရင်ထဲ ကထက်သန်နေတဲ့ ဆန္ဒလေးတစ်ခုပါ။ အစ်ကိုနဲ့တွေ့မှပဲ အသက်ဝင်သွားတော့တယ်။ ကျေးဇူးပါအစ်ကိုခွန်း။

Anonymous said...

:-) ဟုတ်တယ်ဗျ။ မြန်မာပြည်နဲ့တော်တော်ကို အလှမ်း
ဝေးတဲ့ဘာသာရပ်တစ်ခုပါပဲ။ aeronautical and
aerospace engg: ကလည်း မြန်မာပြည်မှာ
လုံလောက်တဲ့အသိမပေးနိုင်လောက်ဘူး။ ဒါဟာအစ်ကို
တို့ မျိုးစေ့ချပေးတာလို့ ကျွန်တော်မြင်ပါတယ်။

Related Posts Plugin for WordPress, Blogger...